တွေ့ဆုံပွဲ တက်လာတဲ့ ဒါ့ပုံထဲက လူတွေ ဘယ်သူတွေလဲ ???

=============================

ဒုတိယအကြိမ် ဂဇက်ကွန်ဖရင့် တက်လာသူတွေ (အကုန်မဟုတ်)

=============================

ကိုင်း … ကိုင်း …

ပွဲ မတက်တဲ့ လူဒွေနဲ့ မမြင်ဖူးတဲ့ လူဒွေ ဒီပုံထဲက ဘယ်သူတွေလဲဆိုတာ ပြောပြမယ် … နားထောင်ဂျ ….။

ညာမှဘယ် ကို သွားမယ်နော် …။

ပထမဆုံး ရှေ့ဆုံးမှာ တစ်ယောက်တည်း ငုတ်တုတ်လူက ကိုအာဂ လို့ ခေါ်ဘာဒယ် ….။

ပြီးရင် … ဟိုးး ညာဖက်ဆုံးက ခရမ်းရောင် အိန်းဂျီနဲ့ အညိုးသမီး ကနေ စပြောမယ် …။ သေဂျာ ကြည့်ဂျ။

ရှေ့တန်း …….

ရေငါး (WaterFish)၊ အန်တီမှီ (Hmee)၊ ကျုပ်ရဲ့ မတော်ရတဲ့ ယောက်ခမ မနိုဗွီ (Novy)၊ အန်တီအိ (MaEi)၊ အန်တီပဒုမ္မာ (Padonmar)၊ အန်တီနီလာစိန်၊ ဦးဦးပါလေရာ၊ ဘဖော (Foreign Resident)၊ ဦးကြီးမိုက် (Kyeemite)၊ ဦးစွယ်တော်ရွက် (Swal Taw Ywat)၊ ဦးနွေဦး

ဒုတန်း …..

အောင်ရဲလင်းနဲ့ မတူတဲ့ အလင်းဆက်၊ ဒက်ဒီတိုက် (ရွှေတိုက်စိုး)၊ ရွှေတိုက် နောက်ကပ်လျက်က သိကြားမင်း (Mr.Marga)၊ ဦးဆာမိ (Surmi)၊ မောင်ဘလှိုင်၊ မျက်မှန်နဲ့ ဦးလေးကြီးက ကိုမျိုးသန့်၊ အိန်းဂျီ အနီနဲ့ အန်တီက အန်တီဆူး၊ ဒီဘက်က အန်တီဝေ (Wei Wei)၊ ဘေးက အန်းတီ အဖြူနဲ့က မမိုချို၊ အိန်းဂျီ အနက်နဲ့က မအိတုံ (Etone)၊ ဘေးက ငြိမ်းငြိမ်း (Nyein Nyein)၊ မနွယ်ပင်၊ လုံမလေး မွန်မွန်၊ မရွှေအိ (Shwe Ei)၊ မဂရင်းရို့စ် (GreenRose)၊ လူကလေး၊ ဟိုဘက် တစ်ယောက်ကတော့ ပြတ်နေလို့ ဘူမှန်း သိဝူးဂျာ …။

နောက်ဆုံးတန်း ….

အိန်းဂျီ အနက်နဲ့ ရီကျဲကျဲ လုပ်နေတဲ့ လူက ရွာ့သူပုန် ကိုရဲစည်၊ သူ့ဘေးက ၊ မမိုချိုနဲ့ မအိတုံရဲ့ နောက်က ဒေါက်ဒေါက်ကြီး AKKO၊ သူ့ဘေးက ကော်ဘရာ ဖြစ်မယ်ထင့် ….။

အမတ်မင်းရယ်၊ မှော်ဆရာရယ်၊ ကိုကောင်းကင် တို့ကတော့ ကျန်နေသေးတယ် …။ ဦးခင်ခကြီးက ခဏပဲ လာသွားတယ်။ ကိုအောင်မိုးသူ က ဝါးဒီးပီးတော့ ပြန်သွားတယ်။ လောလောဆယ် ဂလောက်ပါပဲ။

======================

မရှင်းရင် အခမ်းအနားမှူး ကျုပ်ဒက်ဒီ တိုက်ကိုသာ မေးဂျဘာကုန်လော့။

======================

46 comments

  • Crystalline

    July 23, 2013 at 2:56 pm

    လူနဲ့နာမည်တွေနဲ့တွဲသိသွားတော့ လမ်းတွေ့ရင် အကူအညီတောင်းလို့ရတာပေါ့.. ကျေးဇူးပါ.. 🙂

    • ကိုရင်စည်သူ

      July 23, 2013 at 4:32 pm

      ခရစ်စတယ်လေး.. ဒို့ကို မမြင်ဖူးဘူးထင်တယ်… ဒို့လေ.. ဒို့
      ခရစ်စတယ်လေး.. အကူအညီလိုတာနဲ့ သိအောင် ကိုရင်စည်သူနာမည်ကို နဖူးထိပ်ကော..
      ခြေသလုံးမှာပါ တက်တူး ထိုးထားတယ်… တွေ့တာနဲ့ အကူအညီတောင်းနော်.. မတွေ့လဲ ဖုန်းဆက်တောင်းလို့ရတယ်..
      ဒီက ဘွတ်..အဲ့.. ပဲ… 😆

      • TNA

        July 23, 2013 at 9:33 pm

        ဘုရား ဂိုဏ်းချုပ်လားဟေ့။

  • Myo Thant

    July 23, 2013 at 3:00 pm

    ဪ ငါ့ ဂဇက်မှတ်တမ်းစာအုပ်မှာ ယောက္ခမကြီးလို့ ခေါ်သွားတဲ့သူ
    ခုမှမိပြီ ၊ ငါ့သားကို မြင်လို့ ခေါ်တာထင်ပါရဲ့ ၊
    ငါ့သားကလည်း အနက်ဝတ်လာ ၊ သူကလည်း အနက်နဲ့ဆိုတော့ 🙂

  • အလင်း ဆက်

    July 23, 2013 at 3:13 pm

    ဟွန်းးး
    အောင်ရဲလင်းနဲ့ တူတဲ့အလင်းဆက် လု်ိ့ပြောပါဟ
    😆

    • KZ

      July 24, 2013 at 9:13 am

      ချောတယ် လို့ ပြောပေးပါ့မယ်ကွယ်။
      အောင်ရဲလင်းလေးတော့ ချမ်းသာပေးပါ။ :mrgreen:

  • Ma Ma

    July 23, 2013 at 3:20 pm

    နာမည်ကြီးတဲ့သူကျတော့ ပြောစရာမလိုတော့တာမို့…
    သူ့ဘေးက …. ဆိုတာနဲ့တင်။ 😆

  • ခင် ခ

    July 23, 2013 at 3:32 pm

    ပွဲကိုခဏရောက်ချိန် လှိုက်လဲစွာနှုတ်ဆက်ကြတဲ့ ဦးပါလေရာ၊ ဦးကြီးမိုက်၊ ဦးဆာမိ၊ ဦးစွယ်တော်ရွက်၊ ကိုအမတ်မင်း၊ ကိုရွှေတိုက်စိုး၊ ကိုမဟာရာဇာ အံစာတုံး၊ မောင်မာဃ၊ ငြိမ်းငြိမ်း၊ ရေငါး၊ လုံမလေးမွန်မွန် နှင့် လူကလေး တို့အား ကျေးဇူးပါဗျ၊
    ပွဲတက်လာသော အခြားရွာသူားများ ခင်ခ အခြားကိစ္စလေးရှိလို့ အချိန်မရတဲ့အတွက် စောင့်ဆိုင်းကာ မနှုတ်ဆက်ခြင်းကို တောင်းပန်လျှက်ပါဗျ။

    • Mr. MarGa

      July 23, 2013 at 6:43 pm

      လေးခ ကို မဆုံ ဆုံအောင် တမင် ချောင်းထားရတာ
      (ဒါမှ လက်မှတ် ရမှာကိုး :mrgreen: )

  • kai

    July 23, 2013 at 3:40 pm

    အားလုံးအပြုံကိုယ်စီနဲ့မို့.. မင်္ဂလာရှိပါတယ်..
    ထင်သလောက်တော့.. လူမများဖူးပေါ့နော…

    ဆိုတော့…
    မင်းသမီးနဝရတ်ကားကို… ဒီနှစ်အယ်လ်အေမြန်မာရုပ်ရှင်ပွဲတော်မှာပြဖို့.. မြန်မာရုပ်ရှင်ပွဲသွင်းတဲ့အသင်းက.. ရွေးထားပါတယ်..
    အဲဒါ..
    နောက်ဆို… မင်းသား/မင်းသမီးတွေကို.. ယူအက်စ်မလာခင်.. ဂဇက်ပွဲတက်သွားဖို့.. ညွှန်းမှ…
    :mrgreen:

    • ခင် ခ

      July 23, 2013 at 4:11 pm

      သဂျီးရေ လူများဘူးဆိုတာ မိုးတွင်းကာလ ရန်ကုန်မှာ မိုးတွေ ဖွဲလိုက် သဲလိုက် တိတ်လိုက် အချိန်အခါ ဖြစ်တဲ့ဂျုလိုင်လအခါရယ်၊ ပြီးတော့ အခုကျင်းပတဲ့ ရက်က အစိုးရရုံးပိတ်ရက်ဖြစ်တဲ့ အာဇာနည်နေ့ရယ် စနေ၊ တနင်္ဂနွေနေ့ နဲ့ ဝါဆိုလပြည့်နေ့ စတဲ့ ပိတ်ရက်ဆက် ၄ ရက်မို့ တစ်ချို့တွေက ခရီးသွားကြတာရယ် ကြုံသွားတာရယ် ဝါဆိုလပြည့်ရက်နဲ့ကပ်နေတော့ ဗုဒ္ဓဘာသာအများစု ဝါဆိုသင်္ကန်း ကပ်အလှုတွေ အချိန်မှီလုပ်ကြတာမို့ရယ်ကြောင့် ဖြစ်မှာပါ။
      ပထမကြိမ်ပွဲက ပွင့်လင်းရာသီဆောင်းအခါမို့ နဲ့ ဦးဆုံးတွေ့ဆုံပွဲမို့ ပိုလည်းစိတ်ဝင်စား တက်ရောက်ဖြစ်ကြတယ် ထင်ပါရဲ့ဗျာ။

    • ရွှေတိုက်စိုး

      July 24, 2013 at 9:00 am

      တကြီးရယ်.. မင်းသားမင်းသမီးတွေ လာပါတယ်ဂျာ…
      ဟိုဘက် ညာအစွန်က အင်္ကျီအဖြူနဲ.ဟာ မင်းမော်ဂွန်း လေးဂျာ…….တေတေချာချာကြည့်. ခိခိခိ 😛

      • KZ

        July 24, 2013 at 9:11 am

        ဟယ်။ မင်းမော်ကွန်း လေထိုးလေးတော်။
        :mrgreen:

        • GARFIELD

          July 25, 2013 at 10:10 am

          မင်းမော်ဂွမ်း… မိန်းမရလို့ ဂွမ်းသွားပြီ…

          ဂါဂါး

  • Shwe Ei

    July 23, 2013 at 4:18 pm

    ခိခိ ဒီတခေါက်လူပိုများမယ်ထင်လို့…..ရေးပေးပါ ဗီနို်င်းပေါ်က ကွန်မန့်ကို
    ပြန်စင်းစားပီး ရီချင်နေဒယ်..

    မှားတဲ့အခါလဲ မှားပေမပေါ့လေ…

  • kyaw hteik

    July 23, 2013 at 5:03 pm

    ရွာသူားများရဲ့ ဓာတ်​ပုံနှင်​့တကွ အမည်​များကို​ဖော်​ပြ​ပေးတဲ့ ညီ​လေးအံစာတုံးကို​ကျေးဇူးတင်​ပါ​တယ်​။

  • ဦးဦးပါလေရာ

    July 23, 2013 at 5:50 pm

    ငြိမ်းငြိမ်းကို တွေ့တိုင်း အခြားသူနဲ့ အမြဲမှားတယ် … တကယ်တော့ လူနဲ့နာမည်နဲ့ မတွဲမိတာ..
    နောက်တစ်ခါဆုံမှ မုန့်ကြွေးပြီးတောင်းပန်ရတော့မှာပဲ.. 🙂

    မဆုံဘူးတဲ့ မနီလာစိန် ၊ မမှီ ၊ မိုချို ၊ ကိုမျိုးသန့်၊ ကိုခင်ခ ၊ ကော်ဘရာ၊ ကောင်းကင်၊ မှော်ဆရာ တို့နဲ့ ဆုံရတာလဲ ဝမ်းသာမိတယ်။

    ဒီပွဲမှာ-
    ပျော်လဲပျော်ရ ..
    မိတ်ဆွေတွေလဲတိုး ..
    ကုသိုလ်လဲရ ..
    ဝမ်းလဲဝ .. (နှစ်ခါထည့်စားတာ)

    နောက်တစ်ခါ ဆုံချင်ပါသေးတယ်….
    …..

    • Nyein Nyein

      July 25, 2013 at 6:47 pm

      မဝယ်ကျွေးလည်း ရပါတယ်။ ဝယ်ကျွေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ :mrgreen:
      မုန့်ဝယ်ကျွေးရင်လည်း လူမှားပြီး မကျွေးနဲ့ဦးနော် ဦးပါ……..

  • DEPARKO DEPARKO

    July 23, 2013 at 6:05 pm

    အားလုံးကိုတွေ့ဘူးသွားပြီ နောက်လမ်းတွေ့လို့ကတော့ မုန့်ကျွေးခိုင်းမှာ လုံမလေးမွန်မွန်တို့ အလင်းဆက်တို့ သတိသာထား ထွက်ပြေးလို့ကတော့ သဂျီးနဲ့တိုင်ပြောမှာ

    • အလင်း ဆက်

      July 23, 2013 at 8:55 pm

      အဟိ ။
      မုန် ့ကျွေးဖို ့..လူရွေးလိုက်တာ…
      လုံမလေးနဲ ့.. အလက်ဆင်း..ပဲလား..။
      ===========
      အောင်ရဲလင်းနဲ ့..တူတယ်ပြော ရင် ပြီးတာပဲ
      မုန့်ကျွေးရတာက ပြဿနာမရှိ ။
      အဟိ ။

  • ဦး ကြိမ်

    July 23, 2013 at 7:44 pm

    20.3.2014 နောက်ပိုင်းဆို…..လာနိင်အောင်ကြိုးစားဗျာ…..ခုလောလောဆယ်တော့
    စိတ်ကူးနဲ့ပဲ…. ပုံဖေါ်ကြည့် နေရတယ်ဗျို ့……။

  • TNA

    July 23, 2013 at 9:30 pm

    မြင်ဖူးသူတွေကိုထပ်မှတ်မိအောင်ကြည့်သွားပါတယ်။ မမြင်ဖူးသူတွေကိုလဲမှတ်မိအောင်အလွတ်ကျက်ထားပါ တယ်။ ဒါမှလမ်းတွေ့ရင် အတင်းနှုတ်ဆက်ပီးမုန့်ကျွေးခိုင်းမို့။ လောလောဆယ်တော့မဝေကျေးဇူးနဲ့ စာအုပ် ကလေးရလို့ပျော်ရပါတယ်။

  • koyinmaung

    July 23, 2013 at 9:32 pm

    အခြေအနေမပေးသေးလို့ရွာသူရွာသားတွေနဲ့အပြင်မှာ
    မဆုံကြသေးပေမဲ့ ရင်းနှီးနေမိတဲ့ရွာသူရွာသားတွေ
    ပြုံးပြုံးရွင်ရွင်တွေနဲ့တွေ့ရတာ ကြည်နူးမိပါရဲ့…..
    ဒါနဲ့တွေ့နေကြကြောင်ဝတုတ်ကြီးလဲမတွေ့မိပါလား….
    ဓါတ်ပုံတွေထပ်တင်ပါအုံး…ကိုအံစာတုံးရေ…..

  • Crystalline

    July 23, 2013 at 10:10 pm

    ဦးဆာမိက နန္ဒာလှိုင်အမျိုးသားနဲ့ရုပ်ဆင်တယ်.. ဦးပါလေရာနဲ့ ဦးကြီးမိုက်ကိုမှန်းတာပြောင်းပြန်ဖြစ်သွားတယ်.. 🙂

    • ဦးကြောင်ကြီး

      July 24, 2013 at 9:21 am

      ခရစ်စတယ်လေးဂ ဦးကြောင် အိမ်မက်ထဲက ရီးဂျားဂလေးနဲ့ တူတယ်…. ထပ်ပေါမယ်.. တူတာဟုတ်ဖူး.. တကယ်ကို ဟုတ်နေတာ… ဦးကြောင်ကိုရော အိမ်မက် မက်ဖူးလားဟင်.. နောက်တပွဲကြရင် ခရစ်စတယ်လေး ပေါင်ပေါ်မှာ ထိုင်ပီး အုပ်စုဓာတ်ပုံ အရိုက်ခံမယ်…. နောက်တပုံဂ ခရစ်စတယ့် ရင်ခွင်ထဲမှာ…. အဟင့် သိပ်ဖက်မထားနဲ့ကွာ… အသက်ရှုကြပ်တယ်… သူသိပ်ကဲတာပဲ….။ ဒါနဲ့ အန်တီနိုဗွီဆိုတာ လေကံစမ်းမဲပေးတဲ့ ဂျီးဒေါ်လား…. လက်မငါးဆယ် ဖလက်အယ်စီဒီ ဆိုနီတီဗွီဂျီး ပေါက်တယ်ဆို….

  • uncle gyi

    July 23, 2013 at 11:37 pm

    ကိုအံကလူနဲ့နာမည်နဲ့တွဲပြီးအတိအကျ
    သတင်းပေးပေမဲ့
    လမ်းတွေ့ရင်ရုတ်တရက်မှတ်မိမယ်မထင်
    နောက်များမှကိုယ်တိုင်ရောက်အောင်ကြိုးစားပြီး
    မိတ်ဆက်တော့မယ်

  • မဟာရာဇာ အံစာတုံး

    July 23, 2013 at 11:39 pm

    ကျန်ဒဲ့လူဒွေ …..
    ဒါ့ပုံတွေ လုပ်ဂျဘာအုံးဂျ ….
    ဒီမှာ မဖြစ်ညစ်ကျယ် တစ်ပုံတည်းကို အားမလိုအားမရ ကိုးကားနေရဒါ …

    ဒါ့ပုံတွေ ချိဒဲ့လူဒွေ .. ကျုပ်မေးလ်ကို ပို့ဂျဗျာ …
    ကျန်ဒဲ့လူဒွေ ကျိရအောင် တင်ပေးမယ် …
    ကျုပ်မေးလ်က anzartone@gmail.com ဒါပဲ ….။
    ပလိ … ပို့ပေးဂျ …. အာဟ .. အာဟ …

  • မှော်ဆရာ

    July 24, 2013 at 7:08 am

    အနော့မှာ ချိတယ် ။။ ယူချင်တယ် ဟုတ် ….
    ခုပုံက အနော်လဲ ပါဘူး ..

    • manawphyulay

      July 24, 2013 at 11:10 am

      အနော်တို့မိသားစုက လာတာတောင် အသံမပေးဘူးနော်… နေနိုင်တယ် တော်ပြီ ခေါ်တော့ဘူး။ ချိတ်ချိုးတယ်… 🙁

    • ဂန္ဓာရီ ဆြာအုပ်

      July 24, 2013 at 12:50 pm

      ကမှော်
      ကျုပ်ကိုပါအောင်ရိုက်ပေးပါချိုတာကို ပါလဲပါဝူး
      ခင်ညားက ပညာချိုထားတယ်ပေါ့

    • အလင်း ဆက်

      July 24, 2013 at 7:31 pm

      ယူဂျင်ဘာဒယ်…။
      တားတားပုံ …ပါတဲံ့ပုံတွေ ..အားလုံးရော..
      ဂဇက် အဖွဲ ့ဝင်အားလုံး…ပါတဲ ့ပုံတွေရော..
      လိုချင်ပါတယ်ခညာ…။

  • water fish

    July 24, 2013 at 11:10 am

    တော်သေးတယ် ………အန်တီဂျီး မဖြစ်တွားလို့…ခိခိ 🙂
    ရှေ့ဆုံးမှာထိုင်နေရတာဆိုတော့ …..

  • မယ်နိုဗွီ လူတွေတောင်မှားလို့ပါဗျာ ကျုပ်မှာမြင်ဘူးသလိုလိုဆိုပြီးကြည့်လိုက်ရတာ။
    ရွာထဲကလူတွေကို အတော်များများတွေ့ဘူးပြီထင်နေတာ ကျနော်မတွေ့ဘူးသူတွေအများကြီးကျန်နေပါသေးတယ်ဆိုတာ ခုမှသိရတော့တယ်။

  • ရွာစားကျော် မင်းနန္ဓာ

    July 24, 2013 at 12:48 pm

    ခေါ်မယ် ပြောမယ် လမ်းမှာတွေ့ရင် ပိုက်ဆံချေးမယ်.. အဲ နှုတ်ဆက်မယ် နော်..

  • အရီးခင်လတ်

    July 24, 2013 at 1:58 pm

    ကျေးကျေး မောင်အံ ရေ။ 😛

  • we R one

    July 24, 2013 at 5:04 pm

    အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်…။ အန်တီပဒုန်မာ ကိုတော့ MYiA ဓါတ်ပုံပြပွဲနေ့ ကတွေ့ဖူးတယ်..။ နှတ်မဆက်လိုက်ရဘူး..။ ပြန်သွားတော့မှ သိတာ.. 😀

    • padonmar

      July 24, 2013 at 11:09 pm

      ဟယ်..ဂယ်လား။
      အဲဒီနေ့က ဓာတ်ပုံပြပွဲလုပ်တဲ့ ကလေးတွေကို ရိုက်ထားတဲ့ပုံရှိတယ်။
      လူပုံတွေ မတင်ချင်တာနဲ့ ပို့စ်ထဲမထည့်တာ။
      We R One ကို ပြန်ရှာကြည့်အုံးမယ်။

  • Don Juan Ronald

    July 24, 2013 at 9:45 pm

    ဆရာ ကိုပါ နဲ့ ဆရာ ကို ဖေါ ကို ကြည့် ပြီး အံ့ဩော နေ ပါ တယ် ။

    လူ ငယ် တွေ ဘဲ ရှိ သေး တာ ကိုး ~~~

    အား လုံး နုပျို ချော မော လှပ ကြ ပါ တယ် ။

    အား လုံး ရွှင် လန်း ချမ်း မြေ့ ကြ ပါ စေ ~~~

    • ဦးဦးပါလေရာ

      July 26, 2013 at 1:19 pm

      ကိုဖေါက ကျွန့်တော့် ညီ အရွယ်ပေါ့..
      ကျွန်တော်ကတော့ ကိုပေါ်ဦး ရဲ့ ညီ အရွယ်လောက်ဖြစ်မယ်ထင်တယ်…
      ဂဇက်ထဲက ညီအကို တွေလို သဘောထားပါနော..
      တွာကိုးလဲ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..
      🙂

  • အရီးခင်လတ်

    July 25, 2013 at 7:46 pm

    ဒီတစ်ခါလဲ မှားပြန်ပြီ။
    ဂဂ ကို မိန်းကလေး တစ်ယောက်လို့ မှတ်လို့။
    မနို ကိုလဲ မမှတ်မိ လိုက်ဘူး။
    ပိုပြီး ချောလာတယ်။ 😛

  • kai

    July 26, 2013 at 4:56 pm

    ပြောရရင်…
    .. ကလေးတွေပုံမပါလို့… မေးချင်နေတာ…
    နောက်ဆို… ကလေးပိပိတို့တတွေကို… နေရာပေးပါကွယ်…

    မဲဖောက်လက်ဆောင်ကိုလည်း.. ကလေးတွေအတွက်ထည့်ပို့ပေးဖို့.. တေးထားလိုက်ပါကြောင်း…။ :hee:

  • padonmar

    July 26, 2013 at 7:30 pm

    ကလေးလေးတွေကို ခေါ်ပါတယ် သူကြီးရယ်။
    ကိုမျိုးသန့်သား ကောင်းကောင်းကလည်း ရှက်နေတယ်။
    မှီ့သားလေးကလည်း သူငယ်ချင်းမွေးနေ့သွားမယ်ဆိုပြီး အတင်းပြန်မယ်လုပ်နေလို့ သူ့အဖေ ဂျူးမလေးချီပြီး ထွက်ထိန်းနေရတယ်။
    မှီ့ကိုတောင် ဂရုပုံရိုက်ဖို့ အတင်းဆွဲထားရတာ။
    မှော်လေဒီ နဲ့ မှော်သားသားလေးက ခေါ်လို့ကိုမရ။
    နောက်တစ်ခေါက်ဆို ရွာထဲ ကလေးတွေ တိုးမှာတော့ အမှန်။
    မိုချို+အုပ်အုပ်+နွေးသီး မွေးပြီးလောက်ပြီ။

Leave a Reply