ဇူလိုင်လ ၂၁ ရက်

မိုးကာလ ထုံးစံမို့ ကောင်းကင်က အုံ့အုံ့အေးအေး၊ ကွေးလို့ကောင်းနေတုန်း ဖေကြီး- ထတော့တဲ့၊ သားတော်မောင်အသံ၊

နာရီကြည့်တော့ ခြောက်ခွဲ၊ မင်းကလည်း အစောကြီးပဲ ရှိသေးတယ်ဆိုတော့……..မရဘူး ထ၊ ရေချိုး………တဲ့၊

အေးပါကွာ…..ဆိုပြီး သားတော်မောင် အမိန့်အတိုင်း ရေမိုးချိုး……..အင်္ကျီလဲ၊ အောက်ကိုဆင်းပြီး လဘက်ရည်ဆိုင်မှာ ခဏထိုင်ကြပါတယ်၊

သွားမယ်လေ သွားမယ်လေ လို့ စိတ်စောနေတဲ့ သားရဲ့စကားတွေကြောင့် ၈ နာရီကျော်ကျော်မှာ

ပြည်ရိပ်မွန် နာနတ်တောလမ်းကနေ ကားတား..၊ ကန်တော်ကြီးမျော်စင်ကျွန်း အပေါက်….ဆိုတော့ ၂၅၀၀ တဲ့၊

အိုကေ……တက်ပေါ့၊

ရွှေတိဂုံကိုဖြတ်မောင်းလာလို့ စောစောစီးစီး လက်အုပ်ချီမိ၊ မရောက်တာကြာလှပါပကော…..၊

ဒီလိုနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ဘက်ကနေ ပတ်လာတော့ အင်း….. အာဇာနည်နေ့က အကြောင်းတွေ သတိရမိပြန်ရဲ့၊

ခဏနေတော့ ရောက်ပြီတဲ့….၊ ဒါမျော်စင်ကျွန်းဝင်ပေါက်တဲ့၊ ဟုတ်သေးပါဘူး….လမ်းညွှန်ပိုစ့်ထဲက၀င်ပေါက်နဲ့လည်း မတူဘူးပေါ့…၊

ဒါပေမယ့် ကားသမားကလည်း ထွက်လာတဲ့ကားငှားမယ့်သူကို တွေ့နေပြီမို့ ကျနော်ကပဲ မသေချာတဲ့စိတ်ကြားထဲကပဲ ဆင်းလိုက်ပါတယ်၊

လမ်းညွှန်ပိုစ့်ထဲက ၀င်ပေါက်က အတော်ကျယ်ကျယ်၊ ဒီအပေါက်ကခပ်သေးသေး၊ ၀င်ကြေးကောက်တဲ့နေရာလည်းမရှိ၊

ကဲ…သားရေ….ရှေ့ကိုလျှောက်ကွာ……

နောက်တစ်ပေါက်တွေ့ပြန်တော့လည်း စားသောက်ဆိုင်တစ်ခုအတွက် သီးသန့်ဝင်ပေါက်ဖြစ်နေပြန်ရော.၊

အင်းဟုတ်တော့ ဟုတ်နေပြီ….ဒါဆို မင်္ဂလာဈေး ရောက်ခါနီးက အပေါက်များလား…….

ကိုမိုက်ဆီဖုန်းဆက်မေးတော့မှ အဲဒီမင်္ဂလာဈေး မီးပွိုင့်နားက အပေါက်ဆိုတာ သေချာသွားခဲ့တယ်၊

ဝင်ပေါက်မှာ ၃၀၀စီပေး…၊ ကဲ ရွှေအိုးကြီးတွေ တွေ့အောင်ရှာ…ငါ့သားရာ….၊

အင်း…ဟိုးရှေ့မှာတွေ့ပြီ P3 က ဘယ်မှာပါလိမ့်၊ ဘယ်ကွေ့ရမလို…၊ညာကွေ့ရမလိုေ၀၀ါးဝါးဖြစ်နေတုန်း…ကိုမျိုးသန့်…ဆိုတဲ့ အော်ခေါ်သံကြားမှ….ရောက်ခဲ့ပါပြီဗျာ…၊

ဝင်မိရင်ပဲ…ကဲ..စာအုပ်လေးတွေ အားပေးနိုင်ပါပြီတဲ့…၊(လုံမကြီး မဟုတ်သေးတဲ့) လုံမလေးမွန်မွန်နဲ့ စတွေ့ပါတယ်၊

ကွန်းမန့်တွေထဲမှာ ရင်းနှီးနေပေမယ့် လူချင်းက အခုမှ စတွေ့ဘူးတာပါ၊ နောက် သူ့ဘေးမှာ ငြိမ်းငြိမ်း၊

ငြိမ်းငြိမ်းကိုတော့ ပြည်သူ့ဥယျာဉ် ဒါဇင်ပလပ်စ်ပွဲမှာ တွေ့ဘူးပြီးသားပါ…

ကိုဆာမိ၊ ဦးဦးပါလေရာ၊ အဘဖော၊ အံဇာ၊ အလင်းဆက်၊ ကိုရွှေတိုက်၊ ကော်ဘရာ၊ အောင်မိုးသူ Green Rose၊

လူ့ပြည်ရောက်မောင်မာဃ စတဲ့သူတွေနဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့ကြရပါပြီ…၊

အမျိုးသမီးလို့ထင်ထားတဲ့ ( ကို ) စွယ်တော်ရွက်ကိုလည်း တွေ့ခဲ့ပါတယ် ၊

အလုပ်ရှုပ်နေတဲ့ အန်တီပဒုမ္မာတို့နားမှာ ကျနော်က ငုတ်တုတ်၊ ဘာလုပ်ပေးရမှန်းလည်းမသိ၊

ကိုအမတ်မင်းတို့ကလည်း မဲနှိုက်ဖို့ ကိစ္စတွေနဲ့ ဟိုးခပ်ဝေးဝေးက စားပွဲမှာ…

အခမ်းအနားကို အန်တီပဒုမ္မာရဲ့ စကားနဲ့ စဖွင့်ပါတယ်၊

ပြီးတော့ အန်တီဒုံဆီကနေ တာဝန်တွေကို ပခုံးပြောင်းယူရတော့မယ့် ကိုမိုက်က ၀မ်းသာအမှာစကား(ခပ်တိုတိုပါပဲ) ပြောသွားခဲ့ပါတယ်၊

ဆုပေးတဲ့အခါမှာတော့ ဇန်န၀ါရီအကောင်းဆုံး လုံမလေးမွန်မွန်ကနေ တစ်လချင်းစီပေးသွားခဲ့ပြီး စာပေဆုပြီးတော့ ကဗျာဆု ပေးပါတယ်၊

ကဗျာဆရာ ဈာန်ဆိုတာကိုလည်း တွေ့ခဲ့ရပါရဲ့ဗျာ၊ နောက် ….အထူးခြားဆုံးဆုတစ်ခုကို အဘဖောက ရခဲ့ပါတယ်၊

ဘာဆု ဆိုတာ…စဉ်စားဖို့ ချန်ထားပါတယ်…၊

ဒီနောက်…ဆုရသူတွေရဲ့ ကျေးဇူးစကား…၊နောက်တစ်ခါက ဘူဖေးပေါ့၊

အဲဒီအချိန်မှာ လုံမလေးမွန်မွန်က ပိုက်ဆံ ၂၅၀၀ ကိုင်ရင်း ဦးမျိုး ဆုရတဲ့သူတွေက စာအုပ်မဝယ်ရပါ ၊ လက်ဆောင် ဆိုပြီး ပြန်လာပေးပါတယ် ၊

ကျနော်က အာ ပြန်မယူပါဘူး ဒီလိုလုပ် နောက်တစ်အုပ်ပေးလိုက်ပါ ဆိုပြီး ယူခဲ့ပါတယ် ၊

အဲဒါလည်းပြီးရော…ကံစမ်းမဲနှိုက်ကြမယ်…ဗလာမရှိစေရတဲ့၊

ကိုအမတ်မင်းက မဲလိပ်ထည့်ထားတဲ့ စက္ကူအိတ်လေးနဲ့ လိုက်ဝေ ၊

ပထမဆုံး.. ကိုကြီးမိုက်

ဒုတိကနှိုက်လိုက်သူ ကျနော်

ဖြစ်ချင်လို့ ကြိုးစားတာတောာင် ခဏခဏလွဲ..လွဲနေရတဲ့ ကျနော်ဟာ ကံစမ်းမဲမျိုးနဲ့ ပိုလို့တောင် အကျိုးမပေးပေမယ့် ဒီတစ်ခါတော့…..

သြော်….အိမ်သူမရှိတဲ့ဘ၀၊ ရုံးအပြန်ဈေးဝယ်၊ ထမင်းဟင်းချက်လုပ်နေရတဲ့ ကျနော့်အတွက်

မဲပေါက်ခဲ့တာက…(လက်ခု)တဲ့၊ လက်နှီးလိုမျိုးပေါ့လေ၊ ထမင်းအိုး…ဟင်းအိုးတွေ မပူအောင် ကိုင်ရတဲ့ အ၀တ်စလေးပါ၊

ဒဲ့ (တည့်တည့်ကို ပေါက်ခဲ့တာပါလားကွယ်….)

ကိုမိုက်ကတော့ လိုချင်တာကြာပြီလို့ ကြွေးကြော်ရင်း မန်မိုရီစတစ်တဲ့..၊

အန်တီဒုံကတော့ အသည်းလေး…ဆိုလား၊

ဒါလည်း ဒဲ့…ထင်တယ်…ဟီး..ဟီး

ပြီးတော့ တက်ရောက်ခဲ့တဲ့ ရွာသူရွာသားတွေ အားလုံးစုပြီး ဓါတ်ပုံရိုက်ပါတယ်…၊

အချိန်က ၁၂ နာရီကျော်နေပါပြီ၊

သားက သူ့သူငယ်ချင်းတွေနဲ့ ဂျန်းရှင်းစကွဲယားမှာ ရုပ်ရှင်ကြည့်မှာမို့ ပြန်မယ် တကဲကဲ.ကြောင့်…

ပစ္စည်းတွေသိမ်းရင်း အလုပ်ရှုပ်နေတဲ့ ကိုမိုက် ၊ ကိုရွှေတိုက်တို့ကို နူတ်ဆက်ပြီး ပြန်ခဲ့ပါတယ် ၊

တကယ်တမ်းတော့ ကျနော်က  အခုမှ စရောက်ဘူးသူဆိုတော့ ဘာမှလည်း သိပ်မကူခဲ့ရ၊ ဘာမှလည်း သိပ်မပါခဲ့ရဆိုတော့… အားနာတာ အမှန်ပါ

ရင်ထဲမှာတော့ ဆွေမျိုးပမာပါပဲဗျာ၊

ဒါကြောင့်လည်း ကျေးဇူးတင်စကား ပြောခဲ့တဲ့ အထဲမှာပါသလို

(ကျနော်က ဇန်န၀ါရီ ၂၂ မှာမှ ရွာသား စဖြစ်တာမို့ ဒီကနေ့ (၂၁.၇.၂၀၁၃)ဟာ ရွာသားသက် ၆ လ ပြည့်ဖို့ တစ်ရက်အလိုပါ

ဒါပေမယ့် ရင်ထဲမှာတော့  မိသားစုတွေလိုပဲမို့ ဖြစ်နိုင်ရင် ၆ လကနေ ၆ ဘ၀အထိ တွေ့ဆုံခွင့် ရှိချင်လှပါတယ်…) လို့သာ ….။

( MICT ဝင်းထဲမှာတောင် ကိုးနတ်ရှင်က ဆိုးလှသမို့ ကဗျာကယာ တင်လိုက်တာပါ ၊ မရေးမိတာတွေရှိရင် ခွင့်လွှတ်ပါ )

We are the family

လွမ်းတတ်တဲ့ မျိုးသန့်

 

12

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..