သူငယ်ချင်းသို့ စိတ်မဆိုးကြေး

DEPARKO DEPARKOJuly 23, 20131min1367

အမြင်ချင်းမတူယုံနဲ့ ရန်သူအဖြစ်သတ်မှတ်မယ်ဆိုရင်မင်းမလွန်ပေဘူးလား။                                                                                                                             တစ်ဘက်ထဲနေဘို့ရာမကြိုးစားချင်နေပါမျက်နှာမာမာနဲ့ စကားလုံအကြီးကြီးတွေနဲ့ ပစ်ပေါက်
တောက်လျှောက်ဆန့်ကျင်တဲ့စကား မင်းကိုသနားလိုက်တာသူငယ်ချင်း။
ငြင်းခုန်ရလို့မောပန်း မင်းစိတ်မှာပင်ပန်းရတာ မင်းရတာနဲ့မတန် အဲဒါအမှန်တရားတဲ့လား။
အကျိုးမရှိတဲ့အပြောသမား တိုင်းပြည်အတွက်ခွန်အားလဲမဖြစ် မဖြစ်ညစ်ကျယ်စကားနဲ့
မင်းတကယ်စွမ်းအားရှိရင် ပြောင်းလဲဘို့ရာကြိုးပန်း မင်းအစွမ်းပြစမ်းပါ။
လေကိုဖမ်းလို့ ဝရမ်းချည် လေထဲတိုက်ဆောက် လမ်းတကယ်ဖေါက်တော့မင်းမပါ လက်နာနေလို့ဟုတ်စ။
တိုင်းပြည်အတွက်ဆိုတာဘေးဖယ်ထား မင်းအိမ်သားတွေ ဝမ်းဝအောင်အရင်ကြိုးစား မင်းရဲ့ခွန်အားနဲ့ရှာ
လက်ဗလာနဲ့အပြောသမား လမ်းပေါ်မှာသိပ်များနေလေရဲ့။
(ငါဝန်ထမ်းကောင်းမဟုတ်ပေမည့် တိုင်းပြည်အတွက်တထောင့်တစ်နေရာက အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ယောက်ပါ)

7 comments

  • Mr. MarGa

    July 23, 2013 at 8:50 pm

    လူပြောမသန် လူသန် မပြော ဆိုလား…..

  • DEPARKO DEPARKO

    July 23, 2013 at 9:19 pm

    ဦးမာဃရေ ဘေးထိုင် ဘုပြော ဘေးလွယ်အိတ်တွေများလာလို့ မချင့်မရဲဖြစ်လွန်းလို့ပါ။

  • uncle gyi

    July 23, 2013 at 11:18 pm

    ခေတ်အဆက်ဆက်ဘယ်တော့မှမပျောက်တဲ့လူတွေ
    ဒါပေမဲ့သူတို့အတွက်တနေရာတော့အမြဲရှိတယ်နော်
    စိတ်မပျက်ပါနဲ့ကိုဒီပါ
    လွယ်အိတ်လည်းထည့်တတ်ရင်ပစ္စည်းပါပါတယ်

  • Ma Ma

    July 24, 2013 at 9:05 am

    Hard liner နဲ့ Soft Liner ၂ယောက်ကို ပီပြင်အောင် သရုပ်ဖော်ထားသလိုပဲ။

  • ဦးကြောင်ကြီး

    July 24, 2013 at 9:52 am

    ဆိတ်မဆိုးဂျေး
    ထိပ်ထိုးပြေး
    လိပ်သိုးခွေး
    သိပ်အိုးသေး
    ချိတ်မျိုးကွေး
    ဝိတ်တိုးဂွေး
    ရိပ်ဖြိုးတေး
    နှိပ်ကိုးဈေး…

Leave a Reply