အာတီဒုံ စိတ်ကောက်နေပါတယ်။

padonmarJuly 23, 20132min99881

ဟုတ်တယ်၊
အာတီဒုံ စိတ်အကြီးကြီးကောက်နေတာ။
အစောကြီးထဲက ပွဲလာတက်ကြပါလို့ ဖိတ်စာဝေထားတယ်။
ကြွားလည်းထားလိုက်သေးတယ်။
လာမယ့်လူ ၆ဝ လောက်ရှိနေပြီ။
ဘူဖေးတောင် လောက်ပါ့မလား….အိုမလောက်လည်း ဒို့တွေမျှတစားကြတာပေါ့။
အဲလိုတွေ တွေးလို့။
တကယ်လာတော့ လူ ၃၆ ယောက်ထဲ။
ဒီကြားထဲ ကိုခင်ခနဲ့ ကိုချိုကြီးက ပြန်သွားရတယ်။
(ကိုချိုကြီးရေ ..ပြန်လာမယ်ဆိုပြီး ပြန်မလာနိုင်တော့တဲ့ အကြောင်းသိရတာ စိတ်မကောင်းပါဘူး)
အဲဒီတော့
အလှူရှိလို့ပါဆိုပြီး ပန်းတနော်ပြန်သွားတဲ့ အမွှာညီအမကိုလည်း စိတ်ကောက်တယ်။
(အမယ်…သူက သိလို့ ဉာဏ်ပွင့်တွေမြင်ရင် သတိရပါတယ်လို့ ချော့လာသေး။
တကယ့် ဉာဏ်ပွင့်ချဉ်လည်း မပါဘဲနဲ့ ဓာတ်ပုံနဲ့ချော့တာတော့ မပျော့ပေါင်)

ခြေထောက်နာတယ်ဆိုပြီး ရန်ကုန်မှာ ရှိရက်နဲ့ မလာတဲ့ ကိုနေးချားကိုလည်း စိတ်ကောက်တယ်။

ဒီတစ်ခါတော့ လာဖြစ်မှာပါပြောပြီး အနားကျမှ ဓာတ်ပုံတွေပဲ ပို့လိုက်တဲ့ ကိုပေါက်ကြီးကိုလည်း စိတ်ကောက်တယ်။

မလာလာအောင်လို့ ခင်ဝမ်းအမှတ်တရ စာအုပ်လေးပေးပါမယ်လို့ သွေးဆောင်တာတောင် မလာတဲ့ ကိုဘလက်ကြီးကိုလည်း စိတ်ကောက်တယ်။

လာတော့လာပါရက် ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး အဖွဲ့က ထွက်ပါမယ် တကဲကဲ လုပ်နေတဲ့ ဦးပါကိုလည်း စိတ်ကောက်တယ်။

အိမ်မှာ အလှူရှိတာတောင် ခဏလေးထွက်လာပြီး မျက်နှာလာပြတဲ့ ဘော်ကဒို ချာတူးလေးဆို သဂျီးသမီး ဘယ်လောက်ပီသလဲ။

နောက်တစ်ပွဲမသွားခင် မျက်နှာလာပြသွားတဲ့ ဘကြီးအောင်(အောင်မိုးသူ)နဲ့

ဆေးရုံ ဂျူတီက ခွင့်တောင်းပြီး ပွဲအမီ ခဏပြေးလာတဲ့ မောင်ကြေးအိုးရော ဘယ်လောက် လိမ္မာလဲ။
(စိတ်ကောက်နေတဲ့ တေးကလုံနဲ့ အိုအောင်မင်းအောင် ပေါင်းရပါစေ)

မန်းလေးကနေရောက်ပြီး အလှူမလုပ်ခင် ပွဲကိုလာ စာအုပ်အားပေးသွားတဲ့ ကိုခင်ခ၊

ဓာတ်ပုံလက်ဆောင်တွေ လာပို့သွားတဲ့ ကိုချိုကြီး တို့ဆို ဘယ်လောက်ခင်ဖို့ ကောင်းသလဲ။

နတ်ပြည်ကနေ နတ်ရထားစီးပြီး တစ်ဖက် ၅၀ဝ ကို ခဏထားလို့ ပွဲလာတက်တဲ့ သိကြားမင်းရော ဘယ်လောက် ချစ်ဖို့ကောင်းသလဲ။

ဝါဆိုသင်္ကန်းအရောင်းရဆုံးအချိန် ဆိုင်ကိုပစ်ပြီးလာတဲ့ ရွာတော်ရှင် အပျိုကြီးရော ဘယ်လောက် ချစ်စရာကောင်းလဲ။

ကျုုပ်တူလေး သဗုံဘို ကယွဲစီဆို စိနတိုင်းကတောင် အပြေးလာတာ၊

လက်ဆောင်အပင်တွေ တကူးတကသယ်လာပေးတဲ့ ဝေဝေနဲ့ မွအိ၊
မြန်အောင်ကနေ မှော်သားသားလေးနဲ့ မှော်ချစ်ချစ်ရယ်၊ မှော်တပည့် ဗိုက်ကလေးရယ် ခေါ်ပြီး ဘီဒိုလာရိုက်ပေးတဲ့ မှော်ဖေဖေဂျီး၊
စာအုပ်ကူရောင်းပေးကြတဲ့ ရွာ့ကွမ်းတောင်ကိုင်တွေ၊
ဒါဇင်ပလပ်စ်တွေ၊အီးဇီးကွတ်တွေ၊
ကံစမ်းမဲတွေယူလာပေးတဲ့ မနီလာစိန်နဲ့ မနိုဗွီ၊
ပွဲလာတက်တဲ့ သူတွေအားလုံး ဘယ်လောက်ချစ်ဖို့ ကောင်းလဲ။

ခုတော့ ဒါ့ပုံထဲဆို လူ ၃၂ ယောက်ထဲပါတယ်။
ဟိုအဖိုးကြီး ဦးပါက တိတ်တိတ်လေး ရီနေမှာ။
သူစီစဉ်တုံးက လူ ၅ဝ ကျော်လာတယ်လေ။
ဒီအဖွားကြီး အစီအစဉ်တွေ ညံ့မယ်ဆိုတာသိလို့ ရွာသူားတွေ မလာတာပေါ့လို့ ကွယ်ရာမှာ အတင်းပြောနေမှာ သိဒယ်၊သိဒယ်။
ဒါ့ဂျောင့် မလာတဲ့သူတွေကို စိတ်ကောက်လို့ ပွဲအကြောင်း မပြောတာ၊မပြတာ။

အခု သနားလို့ ဒါ့ပုံအမြည်းပေးမယ်၊ဘယ်သူက ဘယ်သူဆိုတာ ကိုယ့်ဖာသာ ရှာကြည့်ကြ။
ကွန်ဖရဲင့်စ် အပြည့်အစုံကို လုံမလေးမွန်မွန်ကရေးပေးပါလိမ့်မယ်။

ကလေးတွေလည်း အရင်တစ်ခေါက်က ကြိမ်လုံးပြထားတော့ အကြောက်လွန်ပြီး ဒါ့ပုံတွေတောင် မတင်ရဲ၊ပွဲအကြောင်း မပြောရဲဖြစ်နေပြီ။
(တကယ်တော့ မထူးတော့ပါဘူး။ဒီပွဲတက်တဲ့သူတွေက မျက်နှာဖုံးတွေချွတ်ရဲကြပါပြီ)

အခုတော့ ကချော်ကချွတ်ပုံတွေပဲ အမြည်းပေးလိုက်ပါတယ်။
လှလှပပပုံတွေနဲ့ ဗွီဒီယိုကတော့ မှော်ဆရာ တင်ပေးပါလိမ့်မယ်။

စိတ်ကောက်တာပြေစေချင်ရင် တစ်ယောက်ကို ရွာ့စာအုပ် ၁ဝ အုပ်စီ ရောင်းပေးရမယ်။ဒါဗျဲ။

လူစုံပါတဲ့ ဂရုပုံ၊မှော်ဆရာဆီက ပိုကောင်းတဲ့ပုံထပ်လာပါမယ်။
လူစုံပါတဲ့ ဂရုပုံ၊မှော်ဆရာဆီက ပိုကောင်းတဲ့ပုံထပ်လာပါမယ်။

ပဲပေးနေတဲ့သူနဲ့ ဒါ့ပုံဆြာကို ချောင်းမြောင်းလုပ်ကြံခြင်း
ပဲပေးနေတဲ့သူနဲ့ ဒါ့ပုံဆြာကို ချောင်းမြောင်းလုပ်ကြံခြင်း

ရောင်းသူ ဝယ်သူ အသံတူ
ရောင်းသူ ဝယ်သူ အသံတူ
ရေပက်မဝင် ကြက်ပျံမကျ
ရေပက်မဝင် ကြက်ပျံမကျ
ရေပက်မဝင် ၂
ရေပက်မဝင် ၂
အလုပ်ရှုပ်နေကြတဲ့ ကလေးတွေ
အလုပ်ရှုပ်နေကြတဲ့ ကလေးတွေ

81 comments

  • DEPARKO DEPARKO

    July 23, 2013 at 9:15 pm

    နောက်တစ်ခါကြရင်တကယ်လာမှာ အခုတော့ သားသားကိုခွင့်လွှတ် နေမကောင်းသေးလို့

  • အလင်း ဆက်

    July 23, 2013 at 9:29 pm

    အောက်ဆုံးပုံ
    အလုပ်ရှုပ်နေကြတဲ ့ခလေးတွေ မှာ….
    ကျောပေးထိုင်နေတဲ ့..မမကြီးအရှေ့မှာ..
    ခေါင်းလေးငုံ ့နေတဲ ့…
    အနက်ရောင်နဲ ့.. ကောင်လေးက..ဘယ်သူလဲ…
    🙂
    —————–
    ပွဲ မလာဖြစ်သူများ.
    .ဖြေနိုင်လျှင်..
    သားချစ်သူ ဒေါ်ဖွားမေ ရောင်းနေတဲ ့..
    အကြော်စုံတစ်ခု ကျွေးပါမည် ။
    😆

  • ကျနော်က ကပ်လွဲပါ အာတီဒုံရာ
    မနှစ်ကလဲ ရန်ကုန်ကပြန်တဲ့ရက်နဲ့ ပွဲရက် ကပ်လွဲ။
    ဒီတစ်ခေါက်လဲ လာမယ် လို့ တွေးထားပေမယ့် လေးရက်ပိတ်တော့ ခွင့်ယူသူတွေရှိတော့လွဲ
    ကျနော်ကလဲစိတ်ပြန်ကောက်မယ်ဗျာ။
    မနှစ်ကဆို ပွဲလုပ်နေတုန်း သတိတရနဲ့ဖုန်းဆက်ပေးတော့ ကျနော်က ဖုန်းနဲ့ပြန်ပြီး
    ဘော်ဘော်တွေကို နုတ်ဆက်လို်က်ရတယ်။
    ဒီနှစ်တော့ ဖုန်းမျှော်နေပေမယ့် ဖုန်းကမလာဘူး။
    စိတ်ဆိုးဒယ်။
    ဘယ်သူတွေက ဘယ်ဓါ်တ်ပုံလေးရတယ်ဆိုတာပြောပါဆိုလဲ တစ်ချို့တစ်လေဘဲ ပြောတယ်။
    ကျုပ်မှာဖြင့် လက်မှတ်ထိုးလိုက်ရတာ လက်တွေတောင်ညောင်းလို့။
    ိစိတ်ဆိုးဒယ်
    အစက စာအုပ်ထုတ်မလို့ ပလိုကြူဆာ ရှာမလို့ လုပ်နေတာ အခုတော့ အဲဒီအစီအစဉ်ဖျက်လိုက်ပြီ.။
    တော်ကြာ ပရိုမိုးရှင်းပွဲမှာအရမ်းရောင်းနေရရင် လက်မှတ်ထိုးပေးရင် ညောင်းမှာစိုးလို့ဗျာ။
    ကျနော်ပေးလိုက်တဲ့ ဓါတ်ပုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးတဲ့ ကိုချိုကြီးနဲ့ မိတိုက်တို့ကိုကျေးဇူး
    ကုတင်ကတာပါဗျာ။

    • padonmar

      July 23, 2013 at 10:16 pm

      ဟင်
      မနှစ်က ကိုပေါက်က ရွှေတိုက်ဆီ ခေါ်လာတာ မဟုတ်ဘူးလား။
      ခုနှစ်တောင် ကိုပေါက်ကြီး ဖုန်းခေါ်မယ်ပြောပြီး မေ့သွားပြီထင်တယ်လို့ တွေးမိသေးတယ်။
      ဓာတ်ပုံက အန်တီမမတွက် မေ့ပြီးမယူမိလို့ ကိုယ့်ပုံကို သူ့ကိုပေးလိုက်တာ။အစားပြန်ပေး။

      • အို သူစိတ်ကောက်တာ ဒီဘက်လှည့်မလာခင် ကြံဖန်ပြီးရန်ုလုပ်ပြရတာအေ့
        ဓါတ်ပုံကတော့ မိတိုက်ဆီ ဓါးပြထပ်တိုက်ရင် ရနို်င်တယ်နော

      • ရွှေတိုက်စိုး

        July 24, 2013 at 9:07 am

        သများခေါ်တာပါတော်…. ဒီနှစ်တော့ မိုးကလဲရွာတော့ သိတယ်မို.လား ဖုန်းလိုင်း…….ဟွင်းဟွင်းဟွင်း မပြောတော့ဘူး မပြောတော့ဘူး ပြောာာာာာာာကိုမပြောချင်ဘူး…………
        တော်ကြာ ဟလို ဟလိုနဲ ဘာမှ မပြောလိုက်ရဘူးဖြစ်မယ် ခွိ

  • padonmar

    July 23, 2013 at 10:17 pm

    အခန်းဆက်ကိုမှ မဆုံးနိုင်အောင်ရေး မွန်မွန်ရေ။

  • Ko chogyi

    July 23, 2013 at 10:44 pm

    အစ်မရေနောက်တစ်ကြိမ်
    ဆုံကြမှာပါ။

  • uncle gyi

    July 23, 2013 at 11:02 pm

    ဖြစ်တတ်ပါတယ်လေ
    မထင်ပဲစည်ကားသွားတာမျိုး
    ထင်ထားပြီးမစည်တာမျိုး
    အခုကဘယ်သူစီတယ်ရယ်လို့မဟုတ်ပဲ
    အကြောင်းတိုက်ဆိုင်သွားကြလို့ဖြစ်မှာပါ
    စိတ်လျော့ဒုံဒုံရေ
    ဒါပေမဲ့တတ်ရောက်သူတွေအားလုံးပျော်နေ
    ပုံကတော့အားရသဗျာ

  • uncle gyi

    July 23, 2013 at 11:48 pm

    ပိုနေတဲ့စာအုပ်တွေအတွှက်
    အကျံပေးရရင်
    မန်းလေးအတွက်ဆိုပြီး
    ကိုပေါက်ဆီကိုတချို့ပို့
    ကိုပေါက်ကလူတွေဖိတ်ပြီးရောင်းပေး
    မန်းလေးကလူတွေလည်းဆုံပြီးဖြစ်
    ကျံတဲ့စာအုပ်ကိုပေါက်ကအကုန်ဖြတ်ဝယ်မယ်တဲ့

  • ဦးဦးပါလေရာ

    July 23, 2013 at 11:51 pm

    အခု ဒီပွဲက လူနဲပေမယ့် စည် ပါတယ်..။
    ပထမအကြိမ်တုန်းက ကိုယ့်စားပွဲကိုယ်ထိုင်ပြီး အစည်းအဝေးကြီးနဲ့ တူနေတယ်..
    ဒီပွဲက ပိုပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ရှိပါတယ်။
    မိုး တချက် သည်းသည်းရွာလိုက်လို့ …
    ခြောက်သွေ့ရာသီသာဆို ဒါထက်ပိုကောင်းမှာ…။

  • မဟာရာဇာ အံစာတုံး

    July 23, 2013 at 11:54 pm

    ဟုတ်ဒယ် …
    ဟုတ်ဒယ် ….
    တီဘုမ်မာ စိတ်ကောက်သင့်ဒလယ် …
    ဘယ့်နှယ်ဂျာ …
    တစ်လ တစ်ခါလည်း မဟုတ်၊ နှစ်လ တစ်ခါတည်း မဟုတ်
    ခဏလေး ဖြစ်ဖြစ် မျက်နှာလေး ထွက်ပြသင့်ပါရဲ့ …
    (ပွဲတက်၍ စိတ်ကောက်မှု ဘေးမှ လွတ်ကင်းနေသူ၏ ဖင်ဂေါင်းကျယ်သော လေသံနှင့် ပြောတီဟု မှတ်ရန်)
    :mrgreen: :mrgreen:

  • ဦးဦးပါလေရာ

    July 24, 2013 at 12:10 am

    ပိုစ့်တင်ပြီး ပြောချင်ပေမယ့် မသေချာလို့ ဒီမှာပဲ ကျေးဇူးစကား ဆိုနှင့်ပါမယ်….

    ဒီပွဲမှာ ပွဲမတိုင်မီကစလို့ အဓိက ပြင်ဆင် လုပ်ကိုင်သွားတာက –
    ကိုကြီးမိုက်၊ ရွှေတိုက်စိုး နဲ့ အမတ်မင်း တို့ပါ။
    ဆုကိစ္စတွေမှာဆို ရွှေတိုက်စိုး အချိန်ပေး စားရိတ်စိုက်ပြီး ဆောင်ရွက်ခဲ့တာပါ။

    ဒီပွဲအတွက် အစောကြီးကတည်းကကြိုပြီး စိတ်ပင်ပန်းခံခဲ့ရတာက ဥက္ကဌကြီး မပဒုမ္မာပါ ..။
    (ဒို့ အမကြီးကို ဝိုင်းချော့ကြပါ 🙂 )

    ဒီပွဲမှာ ထူးခြားတဲ့အစီအစဉ်အဖြစ် အမှတ်တရ အထိမ်းအမှတ်စာအုပ်ကလေးကို အစအဆုံးလုပ်ပြီး
    လိုအပ်သမျှကုန်ကျစားရိတ် အားလုံးစိုက်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး စွမ်းဆောင်ခဲ့တာက Green Rose ပါ…..။
    တကယ်တော့ ကံများဆိုးရင် စားရိတ်တဝက်လောက်စိုက်သွားရနိုင်တဲ့ကိစ္စပါ..
    အခုလဲ တော်တော်စိုက်ထားလိုက်ရပါတယ်။

    ဒီပွဲအတွက် ကုန်ကျစားရိတ် ဆု + အကျွေးအမွေး + လိုငွေ + စာအုပ်ဖိုး
    စုစုပေါင်း နှစ်သိန်းကျပ်လောက် လှူခဲ့ ကူခဲ့ တဲ့ အဘဖေါ နဲ့တကွ
    တတ်အားသရွေ့ နည်းများမဟူ ကူခဲ့ လှူခဲ့ကြသူများကိုလဲ ကျေးဇူးတင်စရာပါ…။
    ဥက္ကဌကြီးလဲ တော်တော် စိုက်ထုတ် လိုက်ရပါတယ်။

    • kai

      July 24, 2013 at 3:26 am

      နောက်ဘဝမကူး.. တိုက်ရိုက်အကျိုးပေးတဲ့.. လုပ်အား..ငွေအလှူများမို့လို့…
      .. လေးလေးနက်နက်..
      သာဓုခေါ်ပါကြောင်း… :mrgreen:

  • nature

    July 24, 2013 at 12:32 am

    အချိန်မှီ စာရင်းမပေးထားမိတော့ ပုဂံဆေးရမှာစိုးလို့။
    စိတ်ကောက်ရင်ရေးချင်တာရေးပြစ်လိုက်။ 😛
    စိတ်ထဲပေါ့သွားအောင်လို့။
    စာအုပ်ဝိုင်းရောင်းပေးထားတယ်နော်။ ၅အုပ်လောက်ရောင်းပြီးပြီဆိုတော့ နဲနဲပဲလိုတော့တယ်။ 😛
    ကျနော့်အမြင်တော့ အဲဒီစာအုပ်ထဲမှာ နိုင်ငံကိုတကယ်မချစ်လို့စွန့်ပြစ်လေသလား ၊ ကင်မရာ အကြောင်းအကျဉ်းလေးတွေ စသည်ဖြင့် ထည့်ရင်ပိုပွဲစည်မလားလို့။ ကွန်မန့်များတဲ့ အနှစ်သာရရှိတဲ့ပိုစ့်အချို့ပါ ထည့်ရင်ပိုများကောင်းနိုင်မလားလိုထင်မိတယ်။

    • Green Rose

      July 24, 2013 at 5:33 pm

      nature ရေ….
      စာအုပ်ဝိုင်းရောင်းပေးတာ ကျေးဇူးပါနော်…
      အမှန်တော့ Green Rose တို့ဂဇက်ထဲက စာတွေအားလုံးနီးပါး.. ကောင်းကြပါတယ်။ တချို့ ကွန်မန့်တွေဆိုရင် ပို့စ်ကို ပိုမိုပြည့်စုံအောင်ဖြည့်စွက်ပေးလိုက်သလို ပါပဲ။ Green Rose ကဖြစ်နိုင်ရင် ဂဇက်ထဲက ပို့စ် တွေကို ကွန်မန့်တွေနဲ့ တွဲပြီး ပုံနှိပ်ချင်တာပါ။ အဲလိုလုပ်မယ်ဆိုရင် အချိန်လည်း သေချာပေးရပါမယ်။ နောက်ပြီး ဟိုပို့စ် ဒီပို့စ် ကျန်ခဲ့တာမျိုးမဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။ ဖြစ်နိုင်မယ် ဆိုရင် လုပ်ချင်ပါတယ်။
      အခုကတော့ အမှတ်တရအနေနဲ့ ဂဇက်ရဲ့ activities လေးတွေကို စုစည်းပေးထားတာပါ။ အမှန်ဆို ပို့စ်ပိုင်ရှင်တွေကို စာမူခ သဘောမျိုးပေးသင့်ပါတယ်။ ဒါပေမယ့် အခုအတိုင်းကတော့ ပို့စ်တွေကို အလှူခံထားတဲ့သဘောပါပဲ။ ဒီစာအုပ်ရောင်းရငွေထဲက အရင်းထက်ကျော်သမျှဟာ ဂဇက်ရံပုံငွေပါ။

      လေးစားလျှက်

      (Green Rose)

      • padonmar

        July 24, 2013 at 7:48 pm

        Green Rose
        ကျေးဇူးမတင်နဲ့အုံး၊
        nature ရောင်းလို့ စာအုပ်၅ အုပ်ကုန်တာမဟုတ်ဘူး.
        အန်တီမမ ရောင်းပေးတာ။

        • Green Rose

          July 24, 2013 at 9:05 pm

          ဟမ်…… အဲလိုလား

    • padonmar

      July 24, 2013 at 7:46 pm

      အဲဒါက ဖားထှာ၊ဒါလောက်နဲ့ မပြေသေးဘူး။

  • ဦးကျောက်ခဲ

    July 24, 2013 at 7:20 am

    အာတီဒုံရေ ချိတ်မကောက်ပါနဲ့…
    ပွဲတက်ချင်တာက တပိုင်းသေ၊ ထွန့်ထွန့်လူး…
    လေယာဉ်လက်မှတ်က ၆သိန်း၊ ခွင့်ကလည်း စုထားရသေးတာမို့…
    ကျောက်စ်ကို ခွေးလွှတ်ပါလို့… :mrgreen:

  • မှော်ဆရာ

    July 24, 2013 at 7:24 am

    ဓါတ်ပုံကတော့ တော်တော်များများ ကင်မလာနဲ့ ရိုက်ထားတာ ဆိုတော့ မတင်တော့ဘူးလားလို့ .။ (ခုရက်ပိုင်း လိုင်းကလဲ သိပ်မကောင်းလို့ပါ)
    နို့ပေသိ ဆုရသူများ ကိုယ့်ပုံကိုယ် လိုချင်ရင်တော့ တောင်းနိုင်ပါကြောင်း ..။
    ဓါတ်ပုံ CD ခွေနှင့် ဗီဒီယိုခွေအား ကိုမတ်မှ တဆင့် တီတီ ပဒုံမာ ထံသို့ ပေးပို့ပေးမည် ဖြစ်ကြောင်း ..။
    မှတ်တမ်းတင် လိုချင်သူများ ကိုမတ်နှင့် ဆက်သွယ်ထားနိုင်ပါကြောင်း ..။
    (ဗီဒီယိုခွေအား လူကြုံလေးများရှိရင် / ပို့လို့လဲ ရရင် သူကြီးဆီလဲ ပို့ချင်ပါကြောင်း)

    • Myo Thant

      July 24, 2013 at 8:56 am

      သားအဖဆုယူနေပုံလေး မပေးရင်
      မြန်အောင်အထိလိုက်လာမှာနော်

  • Ma Ma

    July 24, 2013 at 7:39 am

    အာတီဒုံ စိတ်ကောက်တယ်တဲ့။
    ဟီးးးးဟီးးးးးးးးးးးးးး အာတီဒုံလည်း ပုံပြောတတ်တာပဲ။ 😆
    ဒါ့ထက် ဂရုပုံက ဗီနိုင်းကြီးက ဆင်ဆာတော့ မဟုတ်ပါဘူးနော်။ 😆

  • Min Zarni

    July 24, 2013 at 8:02 am

    မကောက်ပါနဲ့ အာတီဒုံ ဒီတပွဲ ပျက်ကွက်မိတဲ့အတွက်
    နောက်တပွဲကျရင် ၂ယောက် တက်ပါ့မယ်…
    ငိငိ

    • KZ

      July 24, 2013 at 8:40 am

      ကျန်ကျောင်းလေးနဲ့လားးးးးး :mrgreen:

    • padonmar

      July 24, 2013 at 7:49 pm

      အဲဒါက ကြွားထှာ၊အညင်ကပ်ဒါအေ။

  • Myo Thant

    July 24, 2013 at 8:50 am

    ကန်တော်ကြီးထဲ လမ်းပျောက်နေတဲ့ သားအဖ နှစ်ယောက်ကို
    ကားပေါ်က လှမ်းအော်ပြီး ခေါ်မသွားတဲ့ အာတီဒုံကို စိတ်ဆိုးတယ် ၊
    ပြန်ခါနီး အများကြီးပိုနေတဲ့ ဘူဖေးဟင်းတွေ ပါဆယ်မထုပ်ပေးလို့ အားကြီးစိတ်ဆိုးတယ် ၊
    စမ်းချောင်းမှာမွေး လှည်းတန်းမှာကြီး အခု မန်းမှာ ဆိုတဲ့ ကိုခင်ခကို မတွေ့လိုက်ရတာ
    အားကြီးစိတ်ဆိုးတယ် ၊
    🙂 🙂 🙂

    • padonmar

      July 24, 2013 at 7:55 pm

      အဲဒီသားအဖ အမှန်တော့ ဦးပါတို့ ဦးကြီးမိုက်တို့ ကို စိတ်ဆိုးရမှာ
      ရွှေအိုးကြီးတွေကြည့်ပြီး လမ်းချော်သွားနေတာ မေခလာ ကယ်ပေလို့။
      အဲ မေခလာလည်း ကားဘီး ၂လိမ့်လောက်လေး လှိမ့်လိုက်ရတယ်၊ရှန်တီကို ရောက်ရော။
      အော် ဦးပါတို့ ဦးကြီးမိုက်တို့ခမျာလည်း အန်တီဒုံ ကားနဲ့ ဝင်တိုက်သွားမှာစိုးလို့ ကြည့်ရှောင်ရ၊ကားပတ်ကင်ထိုးဖို့ ဝိုင်းကြည့်ကြရနဲ့ သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာ သားအဖကို မခေါ်အားတာပါ။စိတ်မဆိုးပါနဲ့။

  • ဦးကြောင်ကြီး

    July 24, 2013 at 9:04 am

    တုံတုံနဲ့ဒေါက်ဒေါက် ခေါ်ဘူးဆိုတာ ဟုတ်လို့လား… ဒီလိုနဲ့ ကြောင်ကြီး လည်ပင်းရှည် သုံးလက်မ ပိုရှည်လာဒယ်။ 😳
    ခရစ်စတယ်လှိုင်းလေးရော မတွေ့ပါလား.. ပွဲသွားချင်တယ်ဆိုလို့ အိမ်ကနေ အစောဂျီး လွှတ်လိုက်တာ… ဘယ်သွားဂလေရိုက်နေလဲ… 😀

    • မောင် ပေ

      July 24, 2013 at 6:26 pm

      ဥကြောင်ကြီး သာ
      သည်လိုပွဲမျိုးကို လာတက်မယ်ဆိုရင်
      ဘာကိစ္စပဲရှိရှိ
      လာတက်ချင်တယ်ကွယ်

      • padonmar

        July 24, 2013 at 7:56 pm

        ကျန်း
        မောင်ပေက ဦးကြောင်လာမှတဲ့။

  • မင်းမင်း

    July 24, 2013 at 9:16 am

    မလာနိုင်၍စိတ်မကောင်းပါဘူးဗျာ။

    စာအုပ်တော့လိုချင်တယ်ဗျာ။

    မန်းလေးပို့မယ်ဆို အားပေးပါ့မယ်။

  • kyeemite

    July 24, 2013 at 9:38 am

    ကိုမင်းမင်းရေ..စာအုပ်လိုချင်ရင် ကိုပေါက်ဆီမှာရနိုင်ပါတယ်ဗျာ..

  • weiwei

    July 24, 2013 at 9:48 am

    နောက်တစ်ခေါက် တွေ့ဆုံပွဲများဖြစ်ခဲ့ရင် နေရာနဲ့အစားအသောက်အတွက် စီစဉ်ပေးချင်တဲ့စိတ်ကူးရှိပေမယ့် ကျွန်မသာဆိုရင် အာတီဒုံထက်ပိုပြီး စိတ်ကောက်မိမှာမို့ သေချာစဉ်းစားရအုန်းမယ် … 😉

    • padonmar

      July 24, 2013 at 7:58 pm

      အဲ
      ကြိုပြီးတော့ မကောက်ပါနဲ့ ဝေဝေရယ်။
      အန်တီလည်း စိတ်ပြေပြီ။
      နောက်တစ်ခါ ဝေဝေတို့ ခြံထဲမှာ ရွာသူားတွေ ကိုယ်တိုင် စီစဉ်လာတဲ့ တကယ့် ဘူဖေး အစစ်လုပ်မယ်လေ။

  • ရဲစည်

    July 24, 2013 at 9:52 am

    အနှီ ကိစ္စနဲ့ ပတ်သတ်ပီး RTဒုံ လက်ဦးသွားသဖြင့် သူပုန်ထဖို့ အကြံကို ဖျက်လိုက်ပါဘီ
    လာတာ မလာတာ
    အားတာ မအားတာထက်
    လာမယ် စာရင်းပေးပီး မလာခဲ့ သူတွေကို နည်းနည်း တင်းပါတယ် ပိုက်ဆံ အလဂါးမရပါ လို့ ဆိုချင်တာထက် လာမယ်ဆိုလို့ ရည်စူးပီး စောင့်နေသူတွေကို ဒါစော်ကားတာပါ ဟေဟေ့
    နှုတ်တရာ စာတလုံးမို့ စာတွေကို လွယ်လွယ်ရေးပီး ကတိကဝတ်တွေ မခံကျပါနဲ့
    အင်္ဂလိပ် ရုပ်ရှင်ကားထဲကလို မဖြစ်ဖြစ်အောင် လုပ်တဲ့စိတ်မွေးဂျပါ
    ကိုရီးယားရုပ်ရှင်တွေလို တေ့လွဲတွေ ခဏခဏ လွဲပြနေရင်တော့
    အိုဘဲ့ နှစ်၅၀ဝကျိန်စာ :mrgreen:

  • KZ

    July 24, 2013 at 9:53 am

    အာတီဒုံ
    စိတ်မကောက်နဲ့တော့။
    နောက်ခါ လူစည်စေမဲ့ အကြောင်းအရာ၊ လူလာများမဲ့ အကြောင်းအရာ လေး စဉ်းစားပေးပါ့မယ်။ :mrgreen:

  • sein chu

    July 24, 2013 at 10:08 am

    တနေ့နေ့တော့…..တွေ့နိူင်ကောင်းပါရဲ ့….အမကြီးပဒုံမာရေ……။

    • padonmar

      July 24, 2013 at 7:59 pm

      ရွာသူား အားလုံးကို တွေ့ချင်ပါတယ်၊မမြင်ရသေးသော်လည်း ခင်မင်ပါတယ်။

  • Thu Wai

    July 24, 2013 at 10:10 am

    ကျွန်တော်ကတော့
    ဒီတစ်ခေါက်လစ်မပြေးတဲ့အပြင် ကျွန်တော်ရယ် ကအာဂရယ် ၊ ကယွဲစည်ရယ် ၊ ကမတ်ရယ် ၊ ကမှော် တို့မိသားစုရယ်ဆို သုံးနာရီလောက်ထ်ိအဲဒီဆိုင်မှာ ထိုင်နေတာ။။ ဟိုကောင်တွေနဲ့ ဟီးဟီး Tiger ဆိုတဲ့ကောင်ဒွေနဲ့လေ။

    • padonmar

      July 24, 2013 at 8:02 pm

      ကန်စပ်က ဝိုင်းလေ။
      အနားသွားပြီး မှော်ဆရာကို အလှူငွေ လိုက်ပေးမိတာ
      ဟာဟာ.. အန်တီ ဘာလို့ ဒီနားထိ လာတာလဲတဲ့။
      ဘာလုပ်နေကြလဲသာ စဉ်းစားကြည့်ကြ။

      • မှော်ဆရာ

        July 25, 2013 at 8:19 am

        အဲဒီနားက မိုးရွာနေတော့ မိုးရေတွေနဲ့ တီတီ ချော်လဲမှာ စိုးလို့ပါ တီတီရဲ့.. 😛
        စေတနာနဲ့ပါ ..

  • Ma Ei

    July 24, 2013 at 10:11 am

    မပဒုမ္မာရေ…
    တက်ရောက်မည့်သူစာရင်းတွက်ကြည့်မိပြီး
    ကိုယ်မလုပ်နိုင်လောက်ဘူးထင်လို့ Sandwich & Coffee
    လုပ်ကျွေးဖို့ လက်လျှော့ထားလိုက်တာရယ် …
    ခု ပွဲတက်သူလောက်ဆို လုပ်နိုင်တာပေါ့…ဒါကြောင့်
    တစ်ကယ်မလာပဲနဲ့ လာမယ်ပြောတဲ့သူတွေကို…
    စိတ်ကောက်ရမယ်…
    :LOL

    • နွယ်ပင်

      July 24, 2013 at 1:05 pm

      ဟုတ်ပ တီတီဒုံရယ် ကောက်တာကောက်ပလိုက် …..
      အခုတော့ ပွဲလာမယ်လို့ ပြောထားတဲ့သူများလို့ (တစ်ယောက်ထဲ လုပ်ရမှာ အဆင်မပြေလို့ )
      တီတီအိရဲ့ Sandwich & Coffee လည်းစားရတော့ဘူး နောက် မေ0ကလည်း နောက်လာမယ့်ပွဲအတွက် အစားအသောက်အတွက် စီစဉ်ပေးချင်တဲ့စိတ်ကူးကိုလည်း စဉ်းစားမယ်ဆိုတော့ ဟွန်းးးးးးးး
      ကောက်ပလိုက်ပါ တီတီဒုံ ဘူချော့ချော့ စိတ်ကို တင်းထားနော် ဟီးးးးးးးး :mrgreen:

      • padonmar

        July 24, 2013 at 8:04 pm

        နွယ်ပင်လေးရေ
        အခုက ဘူမှ မချော့ရသေးဘူး၊
        စိတ်ကပြေသွားပြီ။ဒုက္ခ..

    • padonmar

      July 24, 2013 at 8:03 pm

      မအိရေ
      နောက်တစ်ခါတွက် အဲဒီ sandwich & coffee မှတ်ထားပြီနော်။

      • Ma Ei

        July 25, 2013 at 11:21 am

        စာရင်းပေးထားပါတယ်…
        နောက်တစ်ခေါက် များများလာကြပါ…
        ကြိုဖိတ်ထားပါမယ်…

  • ရွာစားကျော် မင်းနန္ဓာ

    July 24, 2013 at 10:44 am

    တီပဒုံမာ
    တားတားက အစောကြီးကတည်းက မလာနိုင်တော့လို့ ခွင့်ပန်ထားတယ်နော်
    စိတ်ကောက်တဲ့အထဲ တားတားကို ထည့်နဲ့နော်.. နော်..
    အဲ့ဒီ လာမယ်ပြောပြီး လစ်တဲ့လူတွေ ဓူတွေလဲ.. တီတီအစား တားတား ဆော်ပလော်တီးပေးရမလား..

    (တီပဒုံမာ စိတ်ကောက်ပြေအောင် စ တာပါ)

    • padonmar

      July 24, 2013 at 8:05 pm

      ရွာစား ဗလကြီး ကို အားကိုးပါတယ်။

  • manawphyulay

    July 24, 2013 at 10:56 am

    မနောက နေမကောင်းနေလို့ မလာဖြစ်တာပါ တီဒုံရယ်… နောက်တစ်ကြိမ်ဆို မဖြစ်ဖြစ်အောင် လာပါ့မယ်။ ရွာထဲမှာ မနောဖြူလေးဆိုတာ အားလုံးမေ့နေလောက်ပြီလို့လည်း ယူဆမိတာကြောင့်လည်း မလာရဲတာ နည်းနည်းပါသွားလို့ပါနော်။ ….

    • padonmar

      July 24, 2013 at 8:09 pm

      မနောရေ
      အန်တီတို့ ရွာထဲဝင်စကတည်းက
      ရွာသူားဟောင်းကြီးတွေ ဖြစ်တဲ့
      မနော၊ဦးဖက်တီး၊ eros ၊ ဘီလူးကြီး၊နီဂိမိ၊အာဖျံကွီး၊ငှက်ကြီး၊
      အန်တီမိုး၊မမလေး တို့ကို ဘယ်မေ့လိမ့်မလဲ။
      ဆူး၊ဝေဝေ၊e-tone,AKKO,ချာတူး၊အာဂ၊နွယ်ပင်၊ရင်ငြိမ်းနွေး တို့လည်း ခုထိ ရှိကြတုံးလေ။

      • အခုတစ်ခါမှ ကိုပေါက်က အာတီဒုံကိုပြန်စိတ်ကောက်ပြီ

        ရွာသားအဟောင်းနာမည်တွေတန်းစီရွတ်တဲ့အထဲမှာ ကိုပေါက်နာမယ် မပါဘူး။
        ကိုပေါက်က ရွာကိုအ စောကြီးကတည်းကရောက်နေတာ
        စိတ်ကောက်ပြီဗျိုး

        • padonmar

          July 24, 2013 at 10:25 pm

          ကိုပေါက်ကြီးက ဘယ်တော့မှ မဟောင်းတဲ့ သစ်ပြီးရင်းသစ်သော ကိုပေါက်လေ။

  • ကိုရင်စည်သူ

    July 24, 2013 at 11:20 am

    စိတ် မကောက်ပါနဲ့ အာတီဒုံ ခညာ… နောက်တစ်ပွဲကျရင်
    တာမီးလေးတွေများကြီးနဲ့ တက်ပါ့မယ်… တာမီးလေးတွေကို အာတီဒုံနားထားပီးး
    ယပ်ခပ် ရေချမ်း ပေးရအောင် ပြုစုခိုင်းပါမယ့်.. 😳
    ရွာသူားတွေများ ကိုယ့် ဥက္ကဌကြီးကို ဖားဖို့ကို မသိဘူးးး။
    ဒါကြောင့် အာတီဒုံ စိတ်ကောက်တာနေမယ်… :mrgreen:

  • Shwe Ei

    July 24, 2013 at 11:29 am

    ဟွတ်ပ အန်တီဒုံရယ် သများဖြင့် ပို့စ်ထဲက ကွန်မန့်တွေ အားကိုးနဲ့ လူပိုများမယ်ထင်ပြီး ရမ်းသမ်းရေးပလိုက်တဲ့ ရေးပေးပါဗီနိုင်းပေါ်က စာကိုဘဲ ပြေးပြေးမြင်နေတော့တာ..အဟိ(ရှက်ထှာ)

  • ဂန္ဓာရီ ဆြာအုပ်

    July 24, 2013 at 12:47 pm

    အန်တီဘုံမာ
    အနော်လဲ တော့ မလာနိုင်လို့ ဖိတ်စာပို့စ်ထဲမှာ တောင် ရေးမထားဘူးနော်
    ပိတ်ရက်တွေများသွားတော့ ခရီးထွက်ဖြစ်သွားလို့ပါနော်
    နောက်တခေါက် ကျရင်တော့…

    • padonmar

      July 24, 2013 at 10:24 pm

      တီချာအုပ်နော်
      နောက်တစ်ခါတော့ ပျက်ရင် ကျောင်းမတက်ပဲ စိတ်ကောက်ပစ်လိုက်မှာ။

  • အရီးခင်လတ်

    July 24, 2013 at 1:42 pm

    အစ်မဒုံ

    အိုက်နေ့က သူများ ရွာထဲမှာ တစ်နေ့လုံး စောင့်နေခဲ့တာ။
    အစိမ်းလေးနဲ့ အလွန်လှနေတာပါဘဲ။
    တကယ်ချစ်ဖို့ကောင်းပါတယ်။
    စိတ်ကောက်သင့်ပါတယ်။ ကောက်ပါ။
    နောက်ကြုံရင် ခေါင်းတွေ ကိုပါ ခေါက်သင့်သလား။ (ဟိဟိ) 😆

    သို့ပေသည့် ……..
    သိနေသည်။
    စိတ်မကောက်ခင်ကထဲက စိတ်ပြေနေတဲ့ တို့အစ်မ အကြောင်းကို။ 😉

    • kai

      July 24, 2013 at 2:58 pm

      အင်းနော်…
      ပထမအကြိမ်ကွန်ဖရင်န့်နဲ့စာရင်.. ခုတကြိမ်ထဲက ရွာသူားတွေက.. ရုပ်ပိုနုငယ်လာသလိုလို…
      ရွာလူကြီးများက ပိုသိသာသပေါ့..
      ဘာဆေးစားကြသလည်းမသိ…

      နောက်တာမဟုတ်… တကယ်..။ 😉

      • e tone

        July 24, 2013 at 4:31 pm

        ပိုဝလာကြတယ် ဆိုတာလေးးးးးးးးးလည်း … ခိခိ …. 😛

  • kyeemite

    July 24, 2013 at 3:05 pm

    ကောက်ပါ..ကောက်ပါ
    ပြီးရင်အပြင်မှာဝယ်သူလာနေတယ်အာတီဒုံရေ.. 😆
    ရေသန့်တဗူး နဲ့ လိမ္မော်ရေတစ်ဗူးတဲ့..ထွက်ရောင်းလိုက်ပါအုံး..အာဟိ
    မှတ်ချက်။ လူအကုန်မလာသည့်အတွက် ပိုသွားသော အချိုရည်ပုလင်းများနဲ့
    ရေသန့်ဗူးများကို တို့အာတီဒုံ လမ်းဘေးထိုင်ရောင်းနေရပါသဖြင့်
    စါရင်းပေးပြီးမလာရောက်သူများကို ကြီးမိုက်မှလည်း“တင်း..တယ်” 👿

  • ရွှေတိုက်စိုး

    July 24, 2013 at 3:48 pm

    စိတ်ပြေစရာလား… မပြေနေ. အန်တီ ပဒုမ္မာ…
    လူမလာရတဲ့အထဲ …… အန်တီ နာမည်ကို စာလုံးပေါင်းကမှားသေး…… ဟိဟိ (စွပေးဒါ ခွိ)..
    ဘယ်နှယ့်..
    ဒီမှာလဲ လက်မှတ်ထိုးဖို. စာရွက်တွေ အားရပါးရထုတ်လိုက်ရတာ… လူနာမယ်မိတ်ဆက်ပေးတော့.. စာရွက်တွေအများကြီးလှန်ရဒါ… မောထာအေ……….

    စိတ်ပြေစရာလား………..နောအန်တီ ပဒုမ္မာရာာာာာာာာာာာာာ

    • padonmar

      July 24, 2013 at 8:12 pm

      အေးတော့
      စာလုံးပေါင်းလည်း မှားခံရတယ်။
      ကောင်းကင် ဆိုတာ ကောင်းကင်ပြာ ဖြစ်နေတယ်။ေွိေွိ

  • ခင် ခ

    July 24, 2013 at 4:14 pm

    အမ ပဒုမ္မာရေ အဲဒီနေ့က တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားပြီး မတွေ့လိုက်ရဘူးဗျာ။
    ရန်ကုန်ကို အေးဆေးရောက်ဖြစ်ရင် တွေ့ချင်ပါသေးတယ်လေ။

  • Swal Taw Ywet

    July 24, 2013 at 5:04 pm

    ပို့စ် ကို အစ အဆုံး ဆယ်ခေါက်လောက်ဝင်ဖတ်တာတောင်
    မနက်အစောကြီး ကတည်းက အခမ်းအနားပြင်ဆင်ရေးရောက်နေတဲ့၊
    ပစ္စည်းအားလုံးသိမ်းပြီးမှ စာအုပ်တွေကားပေါ်တင် သယ်ထားခဲ့တဲ့
    စွယ်တော်ရွက် နာမည်လေး ရေးရေးတောင် မတွေ့ရတော့—
    မမ ဒုံ ကို စိတ်ကောက်ရတော့မှာပေါ့နော်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်။
    With respect, Swal Taw Ywet.

    • padonmar

      July 24, 2013 at 8:14 pm

      ဟောတော့
      စွယ်တော်ရွက်ကို ပြန်ချော့နေရတော့မယ်။
      လူတွေအကုန်ထည့်ရေးရင် မွန်မွန်လေး ရေးစရာ ဘယ်ရှိပါတော့မလဲကွယ်။
      အဲတော့ စိတ်ပြန်မကောက်ပါနဲ့။

  • Foreign Resident

    July 24, 2013 at 6:55 pm

    အင်း ၊ အဘ ကတော့ ၊ လူမုန်းမယ့် စကားပဲ ပြောတော့မယ် ။

    အစား ကိစ္စ စ ပြောမယ် ။
    စာရင်း အရ လူ ၅ဝ လောက်လာမယ် မှန်းခဲ့တယ် ။
    ဒါကြောင့် ဘူဖေး ကို လူ ၅ဝ စာ ကြိုမှာခဲ့ရတယ် ။
    ( ဒီ့ထက် ပိုလာရင် ထပ်ပေးပါ့မယ် လို့တောင် ဆိုင်ကို ပြောထားသေးတယ် )
    လူ တစ်ယောက် ၅၀၀ဝ နှုန်း နှင့် လူ ၅ဝ စာ နှစ်သိန်းခွဲ ကျတယ် ။
    ရွာသူား ၃၅ ယောက်ပဲ လာလည်း ၊ နှစ်သိန်းခွဲ ကတော့ ရှင်းခဲ့ရတယ် ။

    အသောက် ကိစ္စ ကတော့ ၊
    သောက်စရာ အအေး နှင့် ရေသန့်ဘူးတွေ ကြိုဝယ်ထားရတယ် ။
    မကုန်လို့ ကျန်ခဲ့တဲ့ အအေး နှင့် ရေသန့်ဘူးတွေက ၊
    လူကြီး တစ်ယောက် ထမ်းမနိုင်အောင် များတယ် ။
    ( အခု အန်တီဒုံ သူ့ ဆေးဆိုင်မှာ တင်ပြီး ပြန်ရောင်းနေရတယ် )

    အဲဒီ ပိုက်ဆံတွေ ဘယ်သူတွေ ပေးခဲ့ကြသလဲ ၊ တွေးသာကြည့်ပါတော့ ။

    အဘ စိတ်ဆိုးလို့ ပြောတာ မဟုတ်ဘူးနော် ။
    တွေ့ဆုံပွဲလေး အောင်မြင်တာ ဝမ်းသာပါတယ် ။
    စဉ်းစားနိုင်အောင် ပြောပြတာပါ ။

    • Green Rose

      July 24, 2013 at 9:17 pm

      အဘဖောရေ….
      အဲဒီ့ကိစ္စ ပထမအကြိမ်ပွဲမှာထဲက တွေးမိခဲ့ပါတယ်။ လူတစ်ယောက်ချင်းစီ ဘယ်လောက်ဖိုးမှ မရှိဘူးဆိုပေမယ့် အားလုံးအတွက်ကတော့ အများကြီးဖြစ်သွားတာပေါ့။ ပထမအကြိမ်ပွဲမှာကတည်းက အစားအသောက်တွေ ပိုနေတာကို နှမြောမိတယ်။ ဟော အခု ဒုတိယအကြိမ်ပွဲမှာ ဘူဖေးဆိုတော့ ကိုယ်ကုန်နိုင်ယုံလောက်ပဲ စားပြီး အလေအလွင့်မရှိလောက်ဘူးထင်တာ …. ဒါပေမယ့်… ခုတော့…..
      စဉ်းစားမိတာလေးတစ်ခုရှိတယ်….. အရင်ပွဲပြီးကတည်းကလည်း နီးစပ်ရာကိုပြောမိပါတယ်။ ကိုယ့်အတွက်ကိုယ် ကျခံကြရင်ကောင်းမလားလို့လေ.. အားလုံးအတွက် အပန်းမကြီးတော့ဘူးပေါ့.. တစ်ယောက်ကိုဘယ်လောက် ဆိုပြီးတော့လေ..

      လေးစားလျှက်

      (Green Rose)

    • Foreign Resident

      July 25, 2013 at 3:26 am

      Green Rose says:
      ” ကိုယ့် အတွက် ကိုယ် ကျခံကြရင်ကောင်းမလားလို့လေ ”

      မလုပ်ပါနှင့် သမီးရယ် ၊ တစ်ချို့ အဆင်မပြေနိုင်တဲ့ ရွာသူားတွေ ရှိနေပါ့မယ် ။
      အဘ က ပိုက်ဆံ ကိစ္စကို ပြောချင်တာ မဟုတ်ရပါဘူး ။
      ( လူကြီး လုပ်ပြီ ဆိုကတည်းက အနစ်နာ ခံရမယ် ဆိုတာ တွေးထားပြီးသားပါ )

      စီစဉ်ရတာ အခက်အခဲ ဖြစ်သွားပြီး ၊ ပိုက်ဆံတွေ လေသွားတာလေးကို ထောက်ပြယုံပါ ။

      • ကိုရင်စည်သူ

        July 25, 2013 at 1:36 pm

        ကိုယ်မသေချာပဲ ရိုက်လိုက်တဲ့ စာတစ်ကြောင်းကတော့
        ဘယ်လိုပဲ ဖြစ်ဖြစ် မလာနိုင်ရင်တော့ စာရင်းမပေးစေချင်ဘူး…
        (နောက်တစ်ပွဲမှလည်း ဒါကို သတိချပ်ရင်တော်တော်ကောင်းပါတယ်။)
        တကယ်လုပ်ရတဲ့ အပင်ပန်းခံရတဲ့ လူတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်..
        စီစဉ်ကြရတဲ့ လူကြီးတွေကို အားနာဖို့ အင်မတန်ကောင်းပါတယ်…
        (ဖားတာ မဟုတ်ပါဘူး တကယ်ကိုယ်ချင်းစာမိလို့ပါဗျာ..) 😳

  • Mr. MarGa

    July 24, 2013 at 8:20 pm

    ဒေါ်လေးရေ
    သားကိုတော့ ကောက်လောက်ပါဝူးနော် 😆

  • padonmar

    July 24, 2013 at 8:52 pm

    အင်မတန် လိမ္မာတဲ့ သဂျားလေးကို ဘယ်စိတ်ကောက်ပါ့မလဲ၊
    (နောက်လည်း ဖတ်ကူပေးအောင် ချော့ထားတာ)

  • TNA

    July 25, 2013 at 8:31 am

    အန်တီဒုံက ဒ့ါပုံရိုက်ချိန်တော့လာဆိုလို့ ခိုးလာမို့ပဲ။ ဒါပေမဲ့ ဘုန်းကြီးက ၁၁ နာရီမှပြန်ကြွတွားဒေါ့ အချိန်တွက် လိုက်တော့ လမ်းပိတ်မှာနဲ့ ဘာနဲ့ဆို ၁၁ ခွဲရောက်နိုင်ဘူးသေချာတာနဲ့ စိတ်ဒုံးဒုံးချမလာတော့ တာပါအန်တီဒုံရေ။ ထင်တဲ့အတိုင်းပဲ ဓမာရုံကနေ ၁၂ နာရီပြန်ရောက်တော့ ဖွဘွတ်မှာ ဂလုပုံတင်ထားပီ။ နောက်တခါကြိုးစားပါမည်။

Leave a Reply