ဆောင်ပုဒ်များနဲ့ကခုန်ခြင်း

DEPARKO DEPARKOJuly 24, 20131min17914

ခြံဝကိုနင်းကျော် ခွေးသတိထားနော်တဲ့ ခနော်နီခနော်နဲ့ဆိုင်းပုဒ် အလှူခံမရှုပ်ရ။
ခြေနင်းခုံခွေးကတက် အရှက်မရှိသူမတက်ရ လှေခါးခုံအဆုံး နံရံမှာမှန်တစ်ချပ်သုံးလို့ တန်ပြန်ဦးမတဲ့။
အိမ်ရဲ့တံခါးဝ အလှကပ်တာမဟုတ် ပြသနာမလုပ်ပါနဲ့တဲ့။ အိမ်အတွင်းနံရံ အပြည့်ခြံရံထား
ပြသနာများနဲ့လူ မလာရ။ သင်ကောင်းရင်ကျွန်ုပ်မဆိုး လူမိုက်နှင့်ငွေ အတူမနေ သေရင်မြေကြီးရှင်ရွှေထီး
ရေးထားတာကတော့ ဒီအိမ်ဟာဘုရားအရိပ် တိတ်တိတ်လေးဆုံးမ လာလာသမျှစာတွေဖတ် အသက်ရှူရပ်သွားနိုင်ရဲ့။
မီးဖိုချောင်နံရံ စားရန်မဟုတ် အစားမတော်တစ်လုပ်တဲ့ အိမ်သာဝမှာပါသေး ခွေးများရေမဆေးပါတဲ့။
ကြွေးယူပြုံးပြုံးတောင်းလျှင်မုန်း အသုံးမတတ်ထမင်းငတ် မိတ်ဆွေ လူလိုသိ ဆန္ဒကိုအသိနဲ့ဘရိတ်အုပ် သိက္ခာနဲ့ထိန်းချုပ်
ဆောင်ပုတ်များနဲ့လူ အပူဇောတွေကပ် သံသရာခရီးဆက်လို့ လိုက်ပို့တော့ တကြော့ပြန်ဆောင်ပုဒ် ဖုတ်သွင်းရထားမှာကပ်လု့ိထား
သံဝေဂတရားစကားတွေပါလား။

14 comments

  • Ma Ma

    July 24, 2013 at 9:36 am

    သီတဂူဆရာတော်ကြီး ဟောဖူးတဲ့ ယောင်းမလိုလူနဲ့ လျှာလိုလူဆိုတာကို သွားသတိရမိတယ်။
    ဆောင်ပုဒ်တွေ ဘယ်လောက်ကပ်ထားထား နှလုံးမသွင်းရင် အလကားပဲ။

    • DEPARKO DEPARKO

      July 24, 2013 at 12:38 pm

      ဆောင်ပုဒ်တွေကပ်ထားတာ အခုခေတ်အိမ်တိုင်းလိုလိုပါ မှန်လေးတွေခြံဝတွေမှာချိတ်ဆွဲလို့ ကိုယ့်ရဲ့ အတ္တကို လူမြင်အောင်ပြနေသလိုခံစားရလို့ပါ တကယ်ဆိုချိတ်ထားတဲ့ဆောင်ပုဒ်တော်တော်များများဟာ အိမ်ကိုလာတဲ့ဧည့်သည်ရဲ့ ရင်ဝကိုခြေထောက်နဲ့ လှမ်းကန်သလိုပါဘဲ။

  • အလင်း ဆက်

    July 24, 2013 at 9:57 am

    ဆောင်ပုဒ်တွေထဲမှာ စိတ်တိုင်းမကျတာက
    သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ ဆိုတာပဲ

    သူ ကောင်းကောင်း မ ကောင်းကောင်း
    ကိုယ် မဆိုး ဖို ့က
    အရေးကြီးတယ်ပဲ ထင်တယ်လေ
    🙂

  • sein chu

    July 24, 2013 at 10:15 am

    ဒီဆောင်ပုဒ်တွေ နည်းနိူင်သမျှနည်းပြီး
    ကျုပ်တို့ လူမျိုးတွေ အဆင့်အတန်းမြင့်သထက်မြင့်စေချင်တယ်

  • ဦးကြောင်ကြီး

    July 24, 2013 at 10:39 am

    ပို့စ်ဂေါင်းစဉ် မှားများမှားမလားလို့ နှစ်ခါပြန်ဖတ်ကြည့်တာ အမှားလဲ အမှားဗူး…. ဟွန့်.. ဒီလိုကဒါမျိုး အဖတ်ချဉ်ဗူး.. 🙁

  • kai

    July 24, 2013 at 12:41 pm

    လောကနိတိ..ကုလားဆရာကြီးရဲ့.. ကောင်းကျိုးတွေပေါ့…
    တိုင်းပြည်.. ပျက်ရော…။ :mrgreen:

    • DEPARKO DEPARKO

      July 25, 2013 at 9:00 am

      ဆောင်ပုဒ်တွေကပ်တတ်တဲ့သူတော်တော်များများဟာ လက်တွေ့ဘဝမှာ စိတ်ကောင်းမရှိတဲ့သူတွေများတယ် လေ့လာကြည့်လို့ရသလောက်ပါ ကိုယ့်ကိုကိုယ် နှိမ့်ချဆုံးမတတ်တဲ့သူတွေ လူတစ်ဖက်သားကို အားနာတတ်သူတွေဟာ ဆောင်ပုဒ်တွေကပ်ဘို့ဝန်လေးပါတယ် လူတစ်ဖက်သားကိုစော်ကားသလိုဖြစ်မှာစိုလို့ထင်ရဲ့ ။
      မှန်ကိုအိမ်အဝင်ဆိုင်အဝင်ချိတ်တတ်တဲ့ လူတန်းစားကတော့ပြောစရာမလိုအောင် ပါဘဲ တန်ပြန်တယ်ဆိုတာ သူတော်ကောင်းတွေရဲ့အလုပ်မှမဟုတ်တာ မေတ္တာမထားနိုင်တဲ့ မေတ္တာစိတ်မရှိသူတွေရဲ့ လုပ်ရပ်လေ

  • ခင် ခ

    July 24, 2013 at 4:56 pm

    ဆိုင်မှာ ကပ်တတ်ကြတာရှိသေးတယ်။
    ယနေ့ အကြွေးမရောင်းပါတဲ့။
    တစ်ခါ အဲလိုကပ်ထာတဲ့ဆိုင်ရှင်ကို မေးကြည့်ဘူးတယ် အကြွေးမရောင်းရင် အလားကားကျွေး မလားလို့ မေးတော့ အဲလိုလဲဟုတ်ဘူးတဲ့လေ။

  • မောင် ပေ

    July 24, 2013 at 6:37 pm

    ဂျက် (ကွမ်းခြံကုန်း) လဲ ရေးခဲ့ဖူးတယ်ဗျ
    “မိတ်ဆွေ သူ ပြုံးနေပြီ ၊ လိမ်တော့မည်” ဆိုတဲ့ ဆိုင်းဘုတ် ကို တွေ ့တော့
    ဧည့်သည်ခဗျာ ၊ မပြုံးရဲတော့ပဲ ငိုပဲငိုပြတော့တယ် ဆိုလား

  • GARFIELD

    July 25, 2013 at 9:27 am

    ဆောင်ပုဒ်ဆိုလို့ သတိရတာလေးတွေချရေးလိုက်ဦးမယ်…
    ဘာတဲ့…

    တပ်မတော်သည်အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်…

    တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားချိမည်… အဲ… ရှိမည်…

    အမိနိုင်ငံတော်ကိုချစ်ပါ… ဥပဒေကိုလေးစားပါ…

    ဘယ်သူခွဲခွဲတို့မကွဲ… အမြဲစည်းလုံးမည်…

    မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်…

    လာဒ်ပေးလာဒ်ယူ… ဒို့ရန်သူ

    ဥပဒေကို နားမလည်ရုံမျှဖြင့် သင့်အားဥပဒေကခွင့်လွှတ်လိမ့်မည်မဟုတ်…

    အော်… ဆောင်ပုဒ်တွေနှင့်မြန်မာပါလား…

    ဂါဂါး

    • ရွာစားကျော် မင်းနန္ဓာ

      July 25, 2013 at 3:59 pm

      တပ်မတော်သာ အမိ
      တပ်မတော်သာ အဖ.. ဆိုတာဂျီး ဘယ်နားကပ်ကျန်ခဲ့တုန်း

  • ကိုသု

    July 25, 2013 at 10:47 am

    ကျွန်တော် တက်တူးဆိုင်မှာလဲကပ်ထားတယ် ။။ အရက်သေစာသောက်စားခြင်း မူးယစ်ဆေးဝါးသုံးစွဲခြင်း။ လုံးဝခွင့်မပြု။ (မှတ်ချက်-ဆိုင်ရှင်မှအပ) တဲ့

  • Shwe Ei

    July 25, 2013 at 4:19 pm

    အီ မန်းဂဇက် ဝက်ဘ်ဆိုက်သည်

    ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက် တွင်တည်ရှိပါသော ကြောင့်

    ဝင်ရောက်ဖတ်ရှု ကွန်မန့်ပေးကြသူအားလုံး ဘလာ ဘလာ ဘလာ ဖြစ်ကြပါစေ….ညင်းးညင်းး

Leave a Reply