ဒါဇင်ပလပ်စ် ရဲ့ ပထမ နှစ်ပတ်လည်..

Shwe EiJuly 24, 20131min28022

မင်္ဂလာပါရှင့်။

ဒါဇင်ပလပ်စ်နှစ်ပတ်လည်အလှူကိုတော့ ပြီးခဲ့တဲ့ ဂျူလိုင်လ ၁၄ ရက် တနင်္ဂနွေနေ့က
မိုးကုတ်ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းလှိုင်သာယာ၊
နဝဒေးလမ်း (၃)ရပ်ကွက်သို့ အလှူငွေကျပ် (၁၈၇၀၀ဝကျပ်တိတိ) သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။

1010850_491823930892694_1142777675_n

နှစ်ပတ်လည်အလှူကြမှ တိုက်တိုက်ဆိုင်ဆိုင် အလုပ်များနေကြတာကြောင့် ခါတိုင်းလို Light Truck တစ်စီးစာလောက် လူစုပြီး တပျော်တပါးသွားဖြစ်တာမျိုး မဟုတ်ဘဲ လူနဲနဲ နဲ့ပျင်းခြောက်ခြောက်သွားခဲ့ရပါတယ် 🙁

ကျောင်းပြန်ဖွင့်တဲ့ရာသီဖြစ်လို့ ကျောင်းသားမိဘတွေနဲ့ ဆရာတော်တွေ အစည်းအဝေးလုပ်နေကြတဲ့အချိန် ရောက်သွားကြပါတယ်။

ကျောင်းနဲ့ပတ်သတ်လို့ တာဝန်ခံဆရာတော်ကို မေးမြန်းဖြစ်သလောက် ပြန်လည် ဝေမျှလိုက်ပါတယ်။

1993 ကတည်းက မူလတန်းကျောင်း(ဘက)အဖြစ် စတင်တည်ထောင်ပြီး ယခုထိလဲ မူလတန်းကျောင်းအဖြစ် ဆက်လက်သင်ကြားနေဆဲပါ။
စာသင်ချိန် နေ့လည် 12နာရီကနေ ညနေ5နာရီထိဖြစ်ပြီး စာသင်ခန်းမ တခုတည်းသာ ရှိတာကြောင့်
အတန်းအလိုက် တပိုင်းစီကန့်ပြီး စာသင်ရပါတယ်။

1016673_491823657559388_1274207105_n

ကျောင်းသူ ကျောင်းသာ စုစုပေါင်း ၂၀၃ ယောက်ရှိပြီး ကိုရင်လေးတွေလဲပါ ပါတယ်။

ရပ်နီးရပ်ဝေး ရပ်ကွက်မှ လာတက်သူ ကျောင်းအိပ်ကျောင်းစား ၁၄ယောက်ကျော်ရှိပါတယ်။ အုပ်ထိန်းရ အဆင်ပြေစေရန် သင်္ကန်းဝတ်ပေးထားပါတယ်။

စာပြကိုယ်တော် ၁ ပါးအပါဝင် ဆရာ/မ အင်အား ၅ ယောက် ရှိပါတယ်။ လုပ်အားပေးတဲ့ ဆရာ/မတွေကို လစာငွေအဖြစ် တယောက်လျှင် တလ လေးသောင်းကျပ်နှုန်းစီပြန်ပေးပါတယ်။

1016333_491823630892724_1796233726_n

ယခုနှစ် သူငယ်တန်းလူဦးရေ အများဆုံးဖြစ်ပြီး (၇၆)ယောက်ထိရှိလာပါတယ်။ မူလတန်းကျောင်းသားတွေအတွက် ပုံနှိပ်စာအုပ်ကို 2012/2013 ပညာသင်နှစ်ကစပြီး အစိုးရက ထောက်ပံ့ပေးခဲ့ ပါတယ်။ ပုံနှိပ်စာအုပ်တစ်အုပ်သက်တမ်း သုံးနှစ်သုံးရန် လျာထားကြောင်းလည်း သိရပါတယ်။ ကျောင်းသားတွေအတွက် ဗလာစာအုပ်+ စာရေးကိရိယာကိုလည်း ဘကကျောင်းမှ ပံ့ပိုးပေးပါတယ်။

1014160_491823464226074_209406850_n

စာသင်ဆောင်ကို တိုးချဲ့ ဆောက်လုပ်လျှက်ရှိသော်လည်း ငွေကြေးမပြည့်စုံမှုကြောင့် လတ်တလောရပ်ထားရပါတယ်။

IMG_20130714_133213

ဆက်သွယ် လှူဒါန်းလိုပါလျှင် …
မိုးကုတ်ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်း

ကျောင်းထိုင်ဆရာတော် – ဦးနန္ဒမာလာ
တာဝန်ခံ ဆရာတော် ဦးသုမင်္ဂလ
ဆက်သွယ်ရန် ဖုန်း -09420278441 နဲ့ 09420113480

လေးစားစွာဖြင့်
ရွှေအိ

22 comments

  • Myo Thant

    July 24, 2013 at 10:32 am

    သာဓုပါ မအိရေ

    နောင် အဲသလိုအလှုမျိုး ကြုံချင်ပါသေးတယ် ၊

    • Shwe Ei

      July 24, 2013 at 10:38 am

      ဟုတ်ကဲ့ပါ ဦးမျိုးသန့်ရေ..အလုပ်အားတဲ့ရက်နဲ့ တိုက်ရင် အလှူကို လိုက်လေ့လာလို့ရပါတယ်။

      လစဉ် ကြိုတင်အသိပေးနိုင်အောင် ကြိုးစားပေမဲ့ တခါတရံ အလုပ်များကြတဲ့အချိန် တိုက်ဆိုင်သွားရင်

      အင်ဖော်မေးရှင်း နောက်ကျတတ်လို့…သည်းခံတော်မူပါခည 🙂

  • KZ

    July 24, 2013 at 11:34 am

    ပထမနှစ်ပတ်လည်မှသည် နောက် နှစ်ပေါင်းးးးးးးးးပတ်လည်
    လှူနိုင်ကြပါစေ။
    (ကွကိုယ် ဆုတောင်းရင်း လည်နေလို့) :mrgreen:

    • Shwe Ei

      July 25, 2013 at 2:36 pm

      ဘီလိုဘဲဖစ်ဖစ် တောင်းတဲ့ဆုနဲ့ပြည့်ပါဇီတော်..

  • နွယ်ပင်

    July 24, 2013 at 12:50 pm

    ဘာလိုလိုနဲ့ ဒါဇင်ပလပ်စ်တောင် နှစ်ပတ်လည်သွားပြီပေါ့နော် ..
    နှစ်ပတ်လည်အလှူလေးကို လိုက်ချင်ပါတယ်ဆိုမှ ဒီလက လူမူရေးလေးတွေ
    အတော်များသွားတဲ့အတွက် လိုက်ခွင့်မကြုံလိုက်ဘူး …
    နောက်ထပ် ရှေ့ဆက်မယ့် ဒါဇင်ပလ်စ်ရဲ့ ခရီးလမ်းပိုမိုဖြောင့်ဖြူးပါစေလို့ ……

    • Shwe Ei

      July 25, 2013 at 2:37 pm

      နောက်လအလှူကျ လိုက်ဖြစ်အောင် လိုက်ကြစေလိုပါတယ်
      (ကို့အချင်းချင်းဘဲ လိုက်ကျပ်နေရတာ ေိေိ)

  • ကိုသု

    July 24, 2013 at 6:48 pm

    တစ်ခေါက်လောက်တော့ ဒါဇင်ပလပ်နှင့် လိုက်ဖြစ်အောင်ကြိုးစားပါအုံးမည်။

    • Shwe Ei

      July 25, 2013 at 2:38 pm

      ဖိတ်ခေါ်ပါတယ် ခညာ…

  • GARFIELD

    July 25, 2013 at 9:15 am

    ရွာ့အသင်းအဖွဲ့တွေလဲ တစ်နှစ်ပြည့်ကုန်ကြပြီ…
    ပထမဆုံး တစ်နှစ်ပြည့်တာတော့ ရွာ့ရဲ့ကျက်သရေဆောင်… နယ်စည်းမခြားအရက်သမားသမဂ္ဂပါ…
    ဒုတိယ တစ်နှစ်ပြည့်တာတော့ ကျွန်တော်တို့ရဲ့ ဖတ်ရွေးကြီးပေါ့…
    ကျွန်တော်တို့ရဲ့ ဒါဇင်ပလပ်(စ)လဲတစ်နှစ်ပြည့်ပါပြီ…

    တစ်နှစ်မှသည်… နှစ်ဒါဇင်ပေါင်းများစွာ…သို့..

    ခင်မင်လျက်-
    ဂါဂါး

    • Shwe Ei

      July 25, 2013 at 2:39 pm

      ဂါဂါး တေ ဂက်ဂက် တေလာမလုပ်နဲ့…
      .နောက်လအလှူလဲ လိုက်ဖြစ်အောင်လိုက်..ဒါဗြဲစ်

  • ဦးကျောက်ခဲ

    July 25, 2013 at 10:55 am

    ဒါဇင်ပလပ်စ်အဖွဲ့သားများ… မင်္ဂလာပါ.. ခင်ဗျာ..
    လိုအပ်နေတဲ့ ကွက်လပ်ကလေးတွေ လိုက်ဖြည့်ဆည်းပေးနေကြတာမို့…
    သာဓု ၃ကြိမ် ခေါ်သွားပါတယ် ဗျို့… :mrgreen:

    • Shwe Ei

      July 25, 2013 at 2:40 pm

      အန်ကယ်ကျောက်စ်လဲ မင်္ဂလာဆောင်ဘာခညာ… :mrgreen:

  • Nyein Nyein

    July 25, 2013 at 12:45 pm

    ဒါဇင်ပလပ်စ် နှစ်ပတ်လည်ပွဲကို တကယ်လိုက်ချင်တာ။ ရက်သေချာမသိလိုက်တာနဲ့ မလိုက်ဖြစ်လိုက်ဘူး။
    နောက်တစ်ခေါက်တော့ လိုက်ဖြစ်အောင် လိုက်ပါမယ်။ ဒါဇင်ပလပ်စ်အဖွဲ့ရှေ့လျှောက် ဒီထက်မက လှူဒါန်းနိုင်ပါစေ……

    • Shwe Ei

      July 25, 2013 at 2:41 pm

      ငြိမ်းငြိမ်းရေ…အင်အားပြတဲ့အနေနဲ့ ၂ယောက်လိုက်ခဲ့ နော

  • အရီးခင်လတ်

    July 25, 2013 at 2:43 pm

    ဒါဇင်ပလပ်စ်အဖွဲ့သားများ… မင်္ဂလာပါ.. (CR – ဦးကျောက်ခဲ) 😉
    သာဓု၊ သာဓု၊၊ သာဓု ပါ။
    အဖွဲ့သားများ မှာ လိုအပ်နေသော ကွက်လပ်များ ရှိနေပါကလဲ အမြန် ဖြည့်နိုင်၊ ပြည့်နိုင် ကြပါစေသောဝ်။
    😛

    • Shwe Ei

      July 25, 2013 at 3:48 pm

      မင်္ဂလာပါရှင့်

      အဖွဲ့သားတွေ လိုအပ်နေတဲ့ ကွက်လပ်က အလှူရှင်ပိုများလာဖို့ပါ အရီးလတ်ရေ…

      ဒါမှ တကယ်လိုတဲ့ ကွက်လပ်လေးတွေ ဖြည့်နိုင်မှာမို့…တောင်းပေးတဲ့ဆုနဲ့ပြည့်ချင်ပါသည်။

  • Min Zarni

    July 25, 2013 at 3:10 pm

    တလတခါလှူတာ ..ခုမှ တနှစ်ပြည့်တာလား ..ငိငိ..
    Shee ကတော့ ဆန်းဒေးတိုင်း အလှူလုပ်နေတာ တနှစ်ခွဲရှိဘီ။

    ကွာပုံ…ပြောဘာဒယ်။

    • Shwe Ei

      July 25, 2013 at 3:53 pm

      ဟွတ်ကဲ့ သူများတွေ လုပ်တာကို အ မနာပ လိုက်ပြောနေမဲ့ အစား ကိုယ်တိုင် တခုလောက်

      ဖြစ်မြောက်အောင် လုပ်ကြည့်ပါအုံး ကိုမင်းဇာနည်ချင့်…

      အနော်တို့က ဘဒူ လှူလှူ သာဓုခေါ်ပါတယ်… 😳

    • e tone

      July 25, 2013 at 4:46 pm

      အိုက် ရှီးက … ဘာဒေလှူနေဒါယဲဟင် … လေဒေလှူဒါယား … :mrgreen:

  • ဦးဦးပါလေရာ

    July 25, 2013 at 4:02 pm

    ကိုယ်ကျင်လည်နေတဲ့ လူ့အဖွဲ့အစည်းအတွက်
    ကျရာနေရာက နိုင်ရာတာဝန်ထမ်းနေတဲ့ လူငယ်လူတော်တွေကို ချီးကျူးပါတယ်…။
    လက်ငင်းအကျိုးများမယ့် အလှူတွေအတွက်လဲ သာဓုခေါ်ဝမ်းမြောက်မိပါတယ်..။

  • e tone

    July 25, 2013 at 4:38 pm

    သာဓုပါတော် x 3 :mrgreen:
    ကိုယ်တိုင်ကိုယ်ကျလည်း သွားလှူခဲ့သလို ၊ အများသာဓုခေါ်နိုင်အောင် အသိပေး ပို့စ်တင်ပေးတဲ့ မမပြာကိုကျေးဇူး အများကြီး တင်ပါတယ်ရှင့် ။
    အလုပ်ကိုယ်စီနဲ့ မမှီမကမ်း လုပ်အားပေးရင်း ၊ မပျက်မကွက် ခရီးဆက်နေတဲ့ … Dozen Plus နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ပြီး …ပညာရေးအတွက်အထောက်ပံ့များလည်း ပိုမိုပေးနိုင်ပါစေ …. ။

Leave a Reply