Kyeemite ဟီးတိုက်သောနေ့တစ်နေ့
ဟီးတိုက်တဲ့ကြီးမိုက်ကို ဆီးမရိုက်ဖို့တော့အရင်တောင်းပန်ထားပါရစေ..
အခုရက်ပိုင်းတက်လာတဲ့တွေ့ဆုံပွဲပို့စ်လေးတွေတွေ့တော့…
ကိုယ်တိုင်လည်း တစ်ခုခုပြောချင်လာတယ်ဗျာ…
ဒီတစ်ခေါက်တွေ့ဆုံပွဲက တက်ရောက်သူနဲပေမဲ့ စည်းစည်းလုံးလုံးနဲ့ ပျော်စရာကောင်းခဲ့သလိုအစားအသောက်ကလည်း
အရင်တစ်ခေါက်ထက်ပိုကောင်း(ပိုက်ပိုက်လဲပိုကုန်)ခဲ့ပါတယ်…မတက်သူတွေသွားရေကျအောင်
မိတ်ဆက်လိုက်အုံးမယ်…(အစားသိပ်မမက်တဲ့ ဒေါ်ခိုင်ဇာက ကွန်မန့်တစ်ခုမှာ ဘူဖေးပုံဘယ်သူ့မှရိုက်မလာဘူးလားဆိုလို့
ဒီပို့တင်ဖြစ်သွားပါဂျောင်းးး)
၁။ အသီးအရွက်နဲ့သက်သတ်လွတ်ထမင်းကြော်
၂။ ကြက်ကုန်းဘောင်ကြီးကြော်
၃။ ပုဇွန်ချိုချဉ်ကြော်
၄။ ကျောက်ပွင့်သုတ်
၅။ သီးရွက်စုံအစိမ်းကြော်…
ကိုင်း..ရှုကြလော့..
ကဲကဲအစားအသောက်နဲ့အရင်ဖွင့်လိုက်ပါပြီဗျာ…
ကျုပ်ကလည်း အဲဒီနေ့က ကိုယ့်ဖာသာဘာတွေလုပ်နေခဲ့မိမှန်းတောင်မသိပါဘူး
ကင်မရာပါသွားရက်နဲ့ ဓါတ်ပုံတောင်ထုတ်မရိုက်မိဘူး..
အခုပုံလေးတွေက ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့ ပုံအချို့ပါ…
ဒါပါပဲဗျာ…စာတော့များများမရေးတော့ပါဘူးလေ..ဓါတ်ပုံလေးတွေကစကားအများကြီးပြောပါလိမ့်မယ်..
တစ်ခုပဲပြောစရာရှိပါတယ်…အဲဒီနေ့ကပေါ့
“ကြီးမိုက်တစ်ယောက် တဟဲဟဲနဲ့ ဟီးတိုက်လွန်းလို့ သွားတောင်အအေးပတ်သွားကြောင်းပါဗျာ”
တော်သေဘီ။
ရွာသူားအားလုံးကိုခင်မင်လေးစားလျှက်…
လမ်းဆက်လျှောက်နေတဲ့
ကြီးမိုက်။
ကိုမိုက်ရယ်
အနော်တို့သားအဖက ဘူဖေးရဲ့
ထိပ်ဆုံးလူသားတွေဖြစ်ကုန်ပြီ
Was this answer helpful?
LikeDislikeဟုတ်တယ်လေ ကိုမျိုးရဲ့
ဘူဖေးဖွင့်လှစ်ပေးသူ သားအဖအဖြစ်ဂုဏ်ယူလိုက်စမ်းပါဗျာ..
Was this answer helpful?
LikeDislikeဦးကြီးမိုက်ရေ…
အမှန်တော့ အဲဒီ့နေ့က အဲဒီ့ဘူဖေးစားပွဲနား အရင်ဆုံးရောက်တာ Green Rose နဲ့ နောက်တစ်ယောက်သိလား…
အစားအသောက်တွေ မရောက်ခင်ကတည်းက ရောက်ပြီလားလို့ သွားသွားကြည့်တာ ၄-၅ ခေါက်လောက်….
အဲဒီ့ထဲမှာမှ ဗိုက်ဆာတာကို လူမသိသိအောင် အော်နေတဲ့လူက ရှိသေးတယ်။ (ဘယ်သူလဲလို့ တော့မမေးနဲ့ ပြောဘူး… ဒါပေမယ့် ကာယကံရှင်က မပြောရင်ပြောပြမယ်)..
တကယ်ပျော်စရာကောင်းတဲ့ပွဲပါ။ လာတဲ့သူနည်းလို့ ပွဲစီစဉ်သူတွေကို အားနာစိတ်ဝင်မိတယ်။ ဒါပေမယ့် ဟိုဝိုင်းကူး၊ ဒီဝိုင်းကူး.. ကိုယ့်စာအုပ် ၊ သူ့စာအုပ်၊ လူကြုံပါးတဲ့ စာအုပ်တွေကို လက်မှတ်ထိုးကြ၊ စကားတွေပြောကြနဲ့ ပထမအကြိမ်ကထက် ပိုပျော်ဖို့ကောင်း ပါတယ်။
လေးစားလျှက်
(Green Rose)
Was this answer helpful?
LikeDislikeဟိုလျှောက်ပွား ဒီလျှောက်ပွားနဲ. မိုးရွာလာတော့ စက်တွေ ရေစိုကုန်မှ ပြာယီးပြာယာ လိုက်ရွှေ.ရတယ် ဟိဟိဟိ…
တော်တေးတာပေါ့.. ကိုချိုကြီး ဝါယာလက်မိုက်လေးကယ်လို.. နို.မို.ဆို.. မိုက်ပြသနာ ထပ်ဖြစ်အုံးမယ်.. ဟိဟိ ဦးမိုက် ဟုတ်ဘူးနော်. မိုက်ပြသနာဆိုတာ…
Was this answer helpful?
LikeDislike.. သွေးသွားစစ်ထားတာမှာ.. သွေးထဲ.. ဆီပါတာလည်းများနေသတဲ့..
ပြန်စဉ်းစားတော့.. စားလာတာ.. ဆီမပါတဲ့ဟင်းမပါတဲ့နေ့.. မရှိသလောက်…။
( ဂျပန်မှာနေတဲ့.. ဆယ်စုနှစ်ကတော့.. ဆီလွတ်တော်တော်များခဲ့ပါတယ်..)
အခု… ဘူဖေးဇယားဖတ်ကြည့်တော့..
၁။ အသီးအရွက်နဲ့သက်သတ်လွတ်ထမင်းကြော်
၂။ ကြက်ကုန်းဘောင်ကြီးကြော်
၃။ ပုဇွန်ချိုချဉ်ကြော်
၄။ ကျောက်ပွင့်သုတ်
၅။ သီးရွက်စုံအစိမ်းကြော်…
တဲ့..
အင်း..
ဒို့မြန်မာတွေ.. အစားအသောက်စားပုံ ပြန်(ပြန်) ပြင်သင့်ပြီလား…
(ဂဇက်ဝါးတီး.. လေကန်ဝေဖန်အမှတ်တရ..)
Was this answer helpful?
LikeDislikeဒါကြောင့် ကျော တာ အယုံကြဘူး။
ဟင်းချက် မကောင်း တဲ့ မိန်းမ တစ်ယောက် ကို ယူရင် အဲဒီ ဆီပြသနာ အန္တရာယ်ဘယ်တော့ မှ မဖြစ်စေရဘူး။
သူတို့က ဘယ်တော့ မှ ဆီသတ်မချက်ဘဲ ရေလုံဘဲ ပြုတ် အလွယ်ချက် လို့။
Was this answer helpful?
LikeDislikeဟဲဟဲ
တော်သေးတာပေါ့
ဘူဖေး ဆိုတော့ ရှေ့ဆုံးကနေ တန်းစီတာကို ရိုက်မထားလို့
အခုတော့
ဦးမျိုးသန့်တို့ ရှေ့ဆုံး ရောက်သွားတယ် ဟီဟိ
Was this answer helpful?
LikeDislikeအရင် တစ်ခေါက် တွေ့ဆုံပွဲ ထက်
အစားအသောက်လည်း ပိုကောင်း
ပိုပြီးလည်း ရင်းနှီးလာကြသလိုပဲမို ့
ပျော်စရာ အမှတ်တရ နေ ့တွေရဲ့
ထိပ်ဆုံးက နေ ့တစ်နေ့ပါပဲ
Was this answer helpful?
LikeDislikeဒီတစ်ပွဲ မောင်ကျောက် ဟီးမတိုက်လိုက်ရလို့ တင်းတယ် အကိုမိုက်ရေ…
Was this answer helpful?
LikeDislikeကျောက်ရှိရင် အတော်ပိုပျော်ရမှာလို့
မပဒုမ္မာက တဖွဖွပြောနေတာရယ်…
Was this answer helpful?
LikeDislikeကျုပ်ကလည်း ဘိုကျောက်စ်ကိုပါစေချင်တာဗျ..
ဒါဆိုပွဲပိုစည်သွားမှာ…သတိရမိပါရဲ့ဗျာ…ဟိ
ရွဲစီ၊ အာဂ၊ ကိုသုဝေတို့နဲ့ တိတ်တိတ်ကလေး ဘီဘီသွားချလိုက်သေးတယ်
အဲတော့ပိုသတိရသွားတာပေါ့ဗျာ
Was this answer helpful?
LikeDislikeအဲဒါကြောင့်လဲ အဝေးမြင်ကွင်းလေးဆိုတဲ့ ပုံကောင်းတစ်ပုံထွက်လာတာပေါ့ဗျာ (မှတ်ချက်- ကျွန်တော်တို့ တတက်စားလဲကြက်သွန် နှစ်တက်စားလဲကြက်သွန် ဟုသတ်မှတ်၍ချနေသော ဘီဘီဝိုင်းမှ လှမ်းရိုက်ချင်း)
Was this answer helpful?
LikeDislikeအဲ။ ဟီးဟီးးးး
ပို့(စ) ထဲမှာ အနော်ကို အဲလို ပြောတော့ရှက်လိုက်တာ။ (တကယ်တော့မရှက်ပါဘူးးး)
ကိုယ်ဝါသနာပါရာ ကိုယ် မေးမိတာပါ။
အနော်သာဆို အစားအသောက်တစ်ခုချင်းဆီကို ရိုက်ဦးမှာ။ ခွိခွိခွိ။
ဘာပဲဖြစ်ဖြစ် ကိုကြီးမိုက် ရိုက်လာတော့ ကြည့်ရသေးတာပေါ့ရယ်။
ကျေးဇူးပါ။
ဒါနဲ့ အောက်ဆုံးက ဒုတ်ချင်မင်းဒါး တွေလားးးးး
Was this answer helpful?
LikeDislikeဟယ်ကြည့်စမ်း… အန်တီကေဂျက်က သိပ်မျောက်စိ လျင်တာပဲ… အလယ်က အင်္ကျီအဖြူနဲ.က ဒုတ်ချင်မင်းဒါး မင်းမော်ဂွန်း လေ……..
ကျန်တဲ့ မျက်မှန်နဲ.က မှန်ထိုး နဲ. နောက်တစ်ယောက်က စက်ကိုင်လေး…………ခွိခွိခွိ
Was this answer helpful?
LikeDislikeမင်းဒမီးပါဘူးရားးးး
မင်းမော်ကွန်း အရပ်ကို မှီတဲ့ မင်းဒမီး ရှိဘူးထင်ဒယ်။
Was this answer helpful?
LikeDislikeအလယ်က အိန်းဂျီအဖြူနဲ့က ဒုတ်ချင်မင်းဒါး မီဟုတ်ဘူး ..
အိုက်ဒါ …
တားတား ဒက်ဒီဂျ .. မှတ်ထား ..
တားဂဒေါ့ ညှစ်စနိုးနဲ့ ဒက်ဒက်တိုက် လို့ ခေါ်ဒလယ် .. သိရား ..
Was this answer helpful?
LikeDislikeလေနဲ့လာ လေနဲ့လွဲ လေနဲ့လွတ်နေတဲ့ ကိုပေါက် ကိုယ့်ဘာသာကိုယ်ပြန်သနားမိပါ၏
Was this answer helpful?
LikeDislikeသွားလေသူအဘိုးဗိုလ်ချုပ် ရယ်… အမျိုးတွေကလေ ဆီတွေ သိပ်စားတာပဲ..
Was this answer helpful?
LikeDislikeမိုက်ကော ခဲ ခဲ့ရသေးသလား ခမီးခမက်ဂျီး.. :hee:
Was this answer helpful?
LikeDislikeဒီတစ်ခေါက်တော့ ရွှေတိုက်ကိုပဲ မိုက် အပီးပေးထားလိုက်တယ်..
ခင်ဗျားကိုလည်းသတိရပါတယ် ရွာစားကျော်ရေ..
Was this answer helpful?
LikeDislikeလာချင်တာ
ဗိုက်နဲ့ မိုးနဲ့ …. ကိုချေက ပေးမသွားတော့
နောက်တခေါက်မှပဲ
အတိုးနဲ့ 3ယောက်စာ လာစားတော့မယ် …
Was this answer helpful?
LikeDislikeဆုံဖူးချင်ပါတယ်……….တနေ့နေ့တော့……….။
Was this answer helpful?
LikeDislikeအစားအသောက်ကိစ္စကို စိတ်ဝင်စားတာဒေါ်ကေဇီ တင် မက သူ့ အရီး ပါ ပါပါတယ်။
အင်မတန် အရသာရှိတဲ့ စာလေးတွေ ကို စားသွားပါကြောင်း။
ကျေးဇူးပါ ခန့်ညား ချောမော လှပါသော ကကြီးမိုက် ခင်ဗျား။
Was this answer helpful?
LikeDislikeခွိ။
ဟုတ်ပါ့ အရီးရယ်။
တရုတ်စာချင်းတူရင်ကို ကိုယ့်နိုင်ငံက တရုတ်စာက ပိုကောင်းတယ်မှတ်တာပဲ။
ခုပဲပြန်ကြည့်ပြီး ပုစွန်ချိုချဉ်ကြော်မစားရတာ ဘယ် နှစ်နှစ်ရှိပြီလည်း ပြန်တွက်နေတာ။
Was this answer helpful?
LikeDislikeကိုခင်လတ်ကြီးပြန်ရောက်ရင် တွေ့ဆုံပွဲတစ်ပွဲလုပ်မယ်လေ….
ကုန်ကျစရိတ်တော့ အရံခီး နော
Was this answer helpful?
LikeDislikeကျုပ်ကလဲ တွေ့ချင်ပါ့ဗျား။
RIT ကျောင်းကန်တီး မှာ ကျွေးမယ်။
Was this answer helpful?
LikeDislikeRIT ကျောင်းကန်တီးက ဟိုးအရင်တုန်းကလို ဈေးမသေးတော့ဘူးနော်။
သူလည်း အပြင်ဆိုင်တွေနဲ့ တန်းတူယူနေပြီ အရီးရေ။
အလွမ်းပြေထိုင်တာဆိုရင်တော့ တစ်မျိုးပေါ့။
Was this answer helpful?
LikeDislikeဂွတ်တာပေါ့ဗျာ..ကျနော်တို့ ၈၅ဘက်ချ်တွေ တခါတလေဆုံချင်ရင်

အဲဒီကင်တီးမှာပဲ ချိန်းပြီးတွေ့ကြတယ်.. အခုကျောင်းတော်ကြီးလဲ
ပြန်ဖွင့်တော့မယ်ဆိုတော့ ပျော်စရာကောင်းတယ်..အလွမ်းပြေပေါ့
Was this answer helpful?
LikeDislikeသွား အအေးပက်လာဒေါ့

ဘာလုပ်လိုက်ဒုန်းဟင် ညှစ်ကိုဂျီးးး
ဟို … သူဘုံဂျီး တို့နဲ့ သွားရောပလိုက်ရောလားဟင်င်င် ..
Was this answer helpful?
LikeDislikeဟီဟိ..ဒီလိုပဲလုပ်လိုက်ရတော့တာပေါ့..အံစာရယ်
Was this answer helpful?
LikeDislikeဂဇက်ပွဲက ပုံတွေနဲ့ သွားတိုက်ဆေးကြော်ငြာရမယ်။
Was this answer helpful?
LikeDislikeတား နောက်လ ပြန်လာလို့ တီးမတိုက်တဲ့ အူးကြီးမိုက်ကို တားသိပ်မုန်းပလိုက်မှာပဲ မေမေ…
Was this answer helpful?
LikeDislikeဟဲဟဲ..လာရင်သာဆက်သွယ်လိုက်ပါကရင်စည်ရယ်..
သောက်ချင်တာသောက် သိပ်မပေါက်နဲ့ပေါ့..ဟိ
Was this answer helpful?
LikeDislikeအစား အသောက် တွေ ကောင်းတာကို ထောက်ခံပါတယ် ။
ကျနော် ကတော့ ဆီနဲနဲ နှင့် ခြောက်ခြောက်လေး ကြော်ထားတဲ့ ၊
သက်သတ်လွတ် အသီးအရွက် ထမင်းကြော် ကို အမှတ်ပြည့် ပေးမိပါတယ် ။
Was this answer helpful?
LikeDislikeအစားအသောက်တွေကအတော်စားလို ့ကောင်းမှာပဲနော်………ဟိဟိ
(ဗိုက်တောင်ဆာလာပြီ)
Was this answer helpful?
LikeDislikeပျော်စရာလဲ ကောင်းပါပေ့
အစားအသောက်တွေလဲ ကောင်းပါလေ့…
ကင်မရာပါရက်နဲ ့သတိမရနိုင်ဖြစ်နေတာဆိုတော့.. ဘူဖေးစားပွဲထိပ်ကများ..နေရာဦးထားလို ့ မအားတာလားဗျာ..။
နောက် ကိုမိုက်ကို မေးရဦးမယ်..
လမ်းဆက်လျှောက်နေမယ့် ကြီးမိုက် ဆိုတော့..
ဘယ်နေ ့များ ခြေထောက်ညောင်းပြီး ထိုင်ဘို ့စိတ်ကူးထားလဲ..
ကျနော် ကိုမိုက်နဲ ့ဘီဘီ ဖြစ်ဖြစ် လဘက်ရည် ဖြစ်ဖြစ် တဝိုင်းထဲ ထိုင်သောက်ချင်လို ့ပါ..။။
ကြီးမှဘဲ မိုက်မိုက် ငယ်ကတည်းကဘဲ မိုက်မိုက်…
မိုက်တဲ့သူနဲ ့မိတ်ဆွေဖြစ်လဲ မဆိုးဘူး… ဆိုတဲ့ စိတ်နဲ ့ခင်တဲ့
ကျော်စွာခေါင်
Was this answer helpful?
LikeDislikeကိုကျော်စွာခေါင်ရေ..
“ကင်မရာပါရက်နဲ ့သတိမရနိုင်ဖြစ်နေတာဆိုတော့.. ဘူဖေးစားပွဲထိပ်ကများ..နေရာဦးထားလို ့ ”
အမှန်ပဲဗျို့..ကျုပ်ကစါးပွဲထိပ်မှာပါ..တကယ်တော့
မိုက်ကအဆင်ပြေရဲ့လား
အစားအသောက်တွေရောအချိန်မီရပါ့မလား…ကောင်းရောကောင်းပါ့မလား
အခမ်းအနားမှုးကိုလည်းဘေးကနေ အကြံပေးနေရသေး(ဇတ်တိုက်ထားတာမဟုတ်
ပဲ အစီအစဉ်ကို မီးစင်ကြည့်လုပ်သွားတာမို့ပါ) ။
ဒါကတော့ ဘဝပေးလို့ပြောရမှာပဲဗျ…. ညောင်းလဲ ထိုင်လို့မဖြစ်သေးဘူးဗျ…
ဘဝလမ်းကိုတော့ ထာဝရလမ်းဆက်လျှောက်နေရအုံးမှာပဲ..
ကျနော်လည်းခင်တတ်ပါတယ်ဗျာ..ရန်ကုန်ပြန်ရောက်ရင်သာ
ဆက်သွယ်လိုက်ပါ..ဆုံကြအုံးမယ်လေ..ပျော်ပျော်ပါးပါးပေါ့
ခင်တဲ့
ကြီးမိုက်။
Was this answer helpful?
LikeDislikeVery Good Events!!!
Was this answer helpful?
LikeDislikeပျော်စရာအရမ်းကောင်းမှာပဲနော်

နောက် တခါတွေ လုလု လည်းကြုံဖူးချင် တယ်
Was this answer helpful?
LikeDislikeလုပ်တဲ့ပွဲတိုင်း တစ်ရွာလုံးကိုဖိတ်တာပါ လုလုရေ..
လာဖို့သာကြိုးစားပါနော…ဝဲလ်ကမ်းပါ
Was this answer helpful?
LikeDislike