ကိုယ့်ကိုကိုယ် စိတ်ဖိစီးမှုတွေ လွန်ကဲနေပြီလို့ ယူဆမိရင်……..

သုရွင္July 24, 20131min1605

စာရေးဆရာမ ဂျူး က…

” ကျွန်မတို့ဟာ စိတ်ဖိစီးမှုကို အတိုင်းအတာ တစ်ခုအထိ လု်ိအပ်ပါတယ် “

လို့ သူမ စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာကို ဖတ်မိ ၊ မှတ်သားမိပါတယ်။ မှန်ပါတယ်။ စိတ်ဖိစီးမှု  ရုပ်တရပ် မရှိတော့ရင် အထီးကျန်ဝေဒနာ စိတ်ကျ ဝေဒနာ ခံစားရတတ်တယ်ဆိုတာကို အငြိမ်းစား အရာရှိကြီးများ၊ အသက်အရွယ်ကြောင့် အလုပ်ခွင်ထဲမှ ဖယ်ကြဉ်ခံရပြီး ၊ မိမိအိမ်တွင်လည်း လူရာမဝင် ဟု မိမိတို့ကိုယ်မိမိတို့ ခံ စားနေရသူများ ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

သို့သော် စိတ်ဖိစီးမှု အလွန်အမင်း များလာခြင်းအားဖြင် ့လူတွေကို ဒုက္ခရောက်စေပါတယ်။ အဲဒီဒုက္ခတွေကတော့

၁-အစားမမှန်အအိပ်မမှန်ခြင်း

၂-ကယောင်ကတမ်းဖြစ်ခြင်း

၃-စိတ်ဖောက်ပြန်ခြင်း

၄-ဒေါသ ဖြစ်ခြင်း

၅-အိမ်ထောင်ရေးသုခ များဆုတ်ယုတ်လာခြင်း

၆-အင်အားချိနဲ့ခြင်း

၇-နှလုံး၊ သွေးတိုး ၊ ဆီးချို စသည် ရောဂါများဖြစ်လာခြင်း

၈-အညောင်းမိ လာ၍ လေးလံထိုင်းမှိုင်းလာခြင်း

၉-ဆုံးဖြတ်ချက်မှားယွင်းလာခြင်း

၁၀-သူတပါးအပေါ် အပြစ်မြင်ခြင်း

၁၁- မကောင်းမြင်ဝါဒ တိုးပွားလာခြင်း

၁၂-အပေါင်းအသင်း လျော့နည်းလာခြင်း

၁၃-ဆက်ဆံရေး ညံ့ဖျင်းလာခြင်း

၁၄-မိသားစုနှင့် ခဏ ခဏ ပြဿနာဖြစ်ခြင်း

၁၅-ရူးသွပ်ခြင်း

၁၆- မိမိကိုယ်ကိုယ် သေကြောင်း ကြံခြင်း

၁၇-ကိုယ်ဝန်ပျက်ကျခြင်း

၁၈-အလဂျစ် ကဲ့သို့သော အရေပြားရောဂါ များဖြစ်ခြင်း

၁၉-အရွယ်ကျခြင်း

၂၀-ဆံပင်ဖြူလွယ်ခြင်း

စသည်တို့ပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့မှာ လိုအပ်သည်ထက် စိတ်ဖိစီးမှုတွေ များနေသလား ဆိုတာကိ ုမိမိတို့ကိုယ်မိမိတို့ မေးမြန်းသင့်တယ် လို့ ထင်ပါတယ်။

မလိုအပ်ပဲ စိတ်တွေ ခဏခဏ ရှုပ်ထွေးနေတတ်ပါသလား။ အလိုမကျ ခဏခဏ ဖြစ်တတ်ပါသလား။ မိသားစု ဝင်တွေ နဲ့ စကားစမြည်ပြောတဲ့အခါ၊ အိမ်ထောင်ဖက်၊ ဒါမှမဟုတ် ချစ်သူ ရည်းစားနဲ့ ဆက်ဆံတဲ့အခါ အဖုအထစ်တွေ သိသိသာသာ ဖြစ်လာနေပါသလား။ မစားချင်မသောက်ချင် ဖြစ်နေသလား။ အိပ်မပျော် တဲ့ အခါတွေ များနေပါပြီလား။ တစ်ခုခုကို စိုးရိမ်ကြောက်ရွ ံ့ နေမိတယ် လို့ ခံစားနေရပါသလား။

သင့်ကိုယ်သင် ပြန်ဆန်းစစ်ကြည့်လို့ အထက်ပါ အချက်တစ်ချက်ချက်နဲ့ ငြိနေပြီ ဆိုရင် သေချာပါတယ်။ သင်စိတ်ဖိစီးမှုတွေ လိုတာထက် ပိုနေပါပြီ။ ဒါဆိုရင်တော့ စိတ်ဖိစီးမှုလွန်ကဲခြင်းရဲ့ အကျိုးဆက်တွေ သင် ရရှိတော့မှာဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ဟာ မိမိတို့ စိတ်ကိုဖိစီးနေတဲ့ အကြောင်းအရာတွေ ဖိအားတွေ တွန်းအား တွေကို မိမိတို့ကိုယ်တိုင် ဖြေလျှော့ရတော့မှာဖြစ်ပါတယ်။ အောက်ပါနည်းလမ်းများဟာ သင့်စိတ်ဖိစီးမှု ဖြေလျော့ပေးဖို့ အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်။

နေ့စဉ်

၁-နာရီဝက်ခန့် တရားထိုင်ခြင်း

၂-နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားခြင်း

၃-ပျော်ရွှင်ဖွယ် ရုပ်မြင်သံကြားအစီအစဉ် တစ်ချို ့ကို ကြည့်ခြင်း

၄-ဟာသ စာအုပ်ဖတ်ခြင်း

၅-လေကောင်းလေသန့်ရသည့်နေရာသို့ လမ်းလျှောက်ထွက်ခြင်း

၆-အိမ်မွေးတိရိစ ္ဆာန် နှင့် ခဏမျှ ဆော့ကစားခြင်း

၇-မိသားစုနှင့် ဈေးဝယ်ထွက်ခြင်း သို့မဟုတ် အပျော်အလည်အပတ်ထွက်ခြင်း

စသည့်နည်းလမ်း တစ်ခုခု ဟာ သင့်ကို စားကောင်းအိပ်ပျော်ပြီး စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ကြောင်း ……။

 

သုရှင်( ၂၄-၇-၁၃)

5 comments

  • kyeemite

    July 24, 2013 at 3:59 pm

    ဒီအတိုင်းဆိုကျုပ်တော့စိတ်ဖိစီးနေပြီ..သေချာတယ်
    ကိုသုရှင်ရဲ့ အကြံလေးအတိုင်းစမ်းကြည့်ပါ့မယ်ဗျာ.. ကျေးဇူးပါ

  • သုရှင်

    July 26, 2013 at 11:55 am

    စိတ်ဖိစီးမှုများခြင်းကြောင့်
    မိမိရဲ့ မိသားစု ဘဝနဲ့ ထိတွေ့ဆက်ဆံမှု တွေ ကျဲ လာတတ်ပါတယ်။
    သာယာတဲ့ မိသားစု ဘဝ ကို ထိန်းသိမ်းထားချင်တယ်ဆိုရင်
    စိတ်ဖိစီးမှု ကို လျှော့ချသင့်ပါတယ်။

  • Nyein Nyein

    July 26, 2013 at 6:30 pm

    ကျေးကျေးပါ ကိုသုရှင်ရေ….. နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ပါဦးမယ်။ သူငယ်ချင်းတွေကို share ဖို့လည်း ကူးသွားပါတယ်။

  • မဟာရာဇာ အံစာတုံး

    July 26, 2013 at 7:23 pm

    ကျုပ်တော့ စိတ်ဖိစီးမှုတွေ များလာရင်
    အသက်လေး ခပ်မှန်မှန် ရှုရှိူက်တတ်တယ် ….

Leave a Reply