~

ဒီလိုမိုးသည်းတဲ့မနက်ခင်းမှာ
အိပ်မက်အကျိုးအပဲ့တွေ လိုက်ကောက်ရင်း
ကို့ကို ခပ်သင်းသင်းလေးလွမ်းမိပါရဲ့

အဲလိုအချိန်မျိုးဆို ကိုယ့်ဘာသာပဲ စိတ်တိုင်းမကျဖြစ်
မကျေမနပ်နဲ့ မျက်နှာပဲ ထထသစ်ဖြစ်တယ်

ဘယ်နားဖြစ်ဖြစ် လူတွေကြား ကြားနေရတာ အဲဒီအချစ်ဆိုတာချည်းပဲ
လူတိုင်းလူတိုင်း အချစ်နဲ့မကင်းနိုင်ကြဘူးဆို
ဘာကြောင့် အချင်းချင်းစစ်တွေဖြစ်နေကြသေးလဲမသိဘူး
သိချင်စိတ်နဲ့ အဲဒီအကြောင်းတွေ ကို့ကိုသွားမေးရင် ရစ်တယ်ထင်အုံးမယ်
ရှိစေတော့ အချစ်ရယ်

ခပ်လွမ်းလွမ်းငါရေးဖြစ်တာတွေ
ကို့ကိုပေးဖတ်ရင်လည်း ဒီစာ ကဗျာမစစ်ဘူး ဘာညာ ဝေဖန်လိမ့်မယ်
ဘာပဲဖြစ်ဖြစ်
ဒါသူရဲ့ “ကို့အတွက်လွမ်းချင်း” အသစ် !

About သူကလေး

Thu Thu Htet has written 37 post in this Website..

My personalities is just the way I am & My attitude depends on who u are :)