လွမ်းချင်းအသစ်

သူကေလးJuly 24, 20131min1058

~

ဒီလိုမိုးသည်းတဲ့မနက်ခင်းမှာ
အိပ်မက်အကျိုးအပဲ့တွေ လိုက်ကောက်ရင်း
ကို့ကို ခပ်သင်းသင်းလေးလွမ်းမိပါရဲ့

အဲလိုအချိန်မျိုးဆို ကိုယ့်ဘာသာပဲ စိတ်တိုင်းမကျဖြစ်
မကျေမနပ်နဲ့ မျက်နှာပဲ ထထသစ်ဖြစ်တယ်

ဘယ်နားဖြစ်ဖြစ် လူတွေကြား ကြားနေရတာ အဲဒီအချစ်ဆိုတာချည်းပဲ
လူတိုင်းလူတိုင်း အချစ်နဲ့မကင်းနိုင်ကြဘူးဆို
ဘာကြောင့် အချင်းချင်းစစ်တွေဖြစ်နေကြသေးလဲမသိဘူး
သိချင်စိတ်နဲ့ အဲဒီအကြောင်းတွေ ကို့ကိုသွားမေးရင် ရစ်တယ်ထင်အုံးမယ်
ရှိစေတော့ အချစ်ရယ်

ခပ်လွမ်းလွမ်းငါရေးဖြစ်တာတွေ
ကို့ကိုပေးဖတ်ရင်လည်း ဒီစာ ကဗျာမစစ်ဘူး ဘာညာ ဝေဖန်လိမ့်မယ်
ဘာပဲဖြစ်ဖြစ်
ဒါသူရဲ့ “ကို့အတွက်လွမ်းချင်း” အသစ် !

8 comments

  • DEPARKO DEPARKO

    July 24, 2013 at 7:02 pm

    မျက်နှာသစ်ပြီးရင်သွားပါတိုက်ကလေးမရဲ့ ပြီးရင်ကော်ဖီခါးခါးလေးသောက် အလွမ်းတွေပျောက်သွားလိမ့်မယ် ကိုယ်တွေ့နော် ကိုယ်တွေ့

    • သူကလေး

      July 25, 2013 at 12:08 pm

      ဟင့် အင်းးးးး

      သွားတိုက်လို့မရဘူး သွားတိုက်ဆေးကုန်နေလို့ အာာဟိ အာဟိ 😀

  • အလင်း ဆက်

    July 24, 2013 at 7:45 pm

    သူတွေရော..
    ကိုတွေရော..
    ရှုပ်နေတာပဲအေ…
    ———
    ကျုပ်တို ့ကတော့.. ရှင်းတယ် ။
    လွမ်းတယ်ဆို ..ဘီယာနဲ့ဖြေတယ် ။

    အဲ..
    လွမ်းတယ်ဆို..နာတာနဲ ့ဖြေတယ် ။
    ဘာ..နာတာလည်း..မမေးနဲ ့…။

    အရင် အနာက ပြန် နာ..တတ်လွန်းလို ့..
    မပြောပြဘူး ။

  • Mr. MarGa

    July 24, 2013 at 8:08 pm

    အော………..အော……….
    တွေ့မယ် တွေ့မယ်
    ဒီလွမ်ချင်းတွေကို ပုံစံပြောင်း ကဗျာကောင်းတွေ ထပ်ထုတ်ထား

  • sein chu

    July 24, 2013 at 8:50 pm

    အလွမ်းတွေက….ရှေ ့ဆင့် နောက်ဆင့်ပဲနော်……။

  • ကိုသု

    July 25, 2013 at 11:02 am

    သူကလေး ၊ လူကလေး ၊ ဒင်းကလေး ၊ မင်းကလေး ၊ ငါ့ကလေး ၊ နင့်ကလေး ၊ ဟိုကလေး ၊ ဒီကလေး ၊ …… မတူကြပါလားဟ

  • လူကလေး

    July 25, 2013 at 11:20 am

    လွမ်းထှာ.. ငါ့ညလေး..
    ငါ့ကျတော့ လွမ်းဘူး..
    အဟွာကျတော့လွမ်းတယ်..
    မုန်းထှာ

  • Yan Nyein Thu

    July 25, 2013 at 12:48 pm

    ဒီလိုမိုးတွေသည်းနေတဲ့ မနက်ခင်းမှာ
    ကိုလည်း ခပ်ပြင်းပြင်းလေးလွမ်းပစ်လိုက်ချင်တယ်..
    Gold Label လေးနဲ့လေ…
    GP ဟုတ်ဝူးနော်… GL ~ GL
    🙂

Leave a Reply