အချိန်တန်ပြီ

ဦးသုJuly 24, 20131min1054

အချိန်တန်ပြီ

မီးခြစ်လေးထောက် ၊ ဖွင့်ဖောက်မိတယ်

ငှဲ့ပေးသူမရှိ ၊ တိမ်းစောင်းလိုက်တယ်။

လွတ်လပ်စွာနဲ့ ၊ စီးဆင်းသွားတယ်

အရောင်လေးတလက်လက် ၊ အမြှပ်တက်လို့ရယ် ။

အနံ့ကလေးထွက်တော့ ၊ လေဂျင်တက်တယ်

စိတ်ထဲတွေးကြည့် ၊ ခါးမှန်းသိတယ် ။

ထိန်းထားလို့မရ ၊ ထိတွေ့မိတယ်

အေးချမ်းစွာနဲ့ ၊ စီးဆင်းသွားတယ်။

ရင်ထဲရောက်တော့ ၊ ထပ်တောင့်တတယ်

အိုဘယ့်ဘီယာရယ် …….။

ကိုသု (၂၄ . ၇. ၂၀၁၃)  ညနေ ရး၄၀

 

 

4 comments

  • အလင်း ဆက်

    July 24, 2013 at 7:52 pm

    အိုဘယ့် ..ကိုသုရေ…

    ကဗျာပြခန်းက…ကိုသု ရဲ ့ ကဗျာအလှကို…
    အသာ ပြ ပေးချင်လို ့…
    မကြာ စ ပေးပါ….ကိုသု ။
    ————
    ရှင်းရှင်းပဲ..ပြောပါတော့မယ်လေ ။

    ကဗျာပြခန်းအတွက်..ကဗျာလေးများလည်း.ချီးမြှင့်ပံ့ပိုးပေးစေချင်ပါကြောင်း….လို ့။

    alinsett.art@gmail.com

    • KZ

      July 25, 2013 at 8:56 am

      ဒီ ကဗျာ ပါရင်
      နာ ဓာတ်ပုံ ရှာပေးမယ် အလက်ဆင်းးးး :mrgreen:

  • ကိုသု

    July 24, 2013 at 8:05 pm

    ဟီးဟီးးးးးးး မကွယ်မဝှက်တမ်းပြောရရင် ကလေး တစ်ယောက်တစ်ဗိုက် အဖေဖြစ်နေလို့ အချစ်ကြောင်း မရေးတတ် စဉ်းစားကြည့်တော့ စဉ်းစားလို့လဲ မရတာကြောင့် ။ ကဗျာကလဲ သူများတွေရေးတော့ ရေးကြည့်ချင်နေပါသဖြင့် သောက်လက်စ ပုလင်းကို ကြည့်ပြီး ရေးမိကြောင်းပါ လိုအပ်ပါကကြိုက်သလို ယူသုံးနိုင်ပါသည်ခင်ဗျား။ အဲသလိုကြီး gazette ထဲကနေ gmail ကိုတိုက်ရိုက် ကဗျာ မပို့တတ်ကြောင်းပါခင်ဗျားးးးးး။

  • kyeemite

    July 25, 2013 at 8:33 am

    အချိန်တန်ပြီ
    ဘီဘီကုန်မှ
    အိမ်ပြန်ရအောင်
    ဆွဲဆောင်ခေါ်လည်း
    လဲမယောင်နဲ့
    မူးနေဘီ။ 😆

Leave a Reply