ရွာ့စာအုပ်လေး အားပေးစေချင် (MG Souvenir)

padonmarJuly 24, 20132min149958

ဒုတိယအကြိမ် ဂဇက်ကွန်ဖရဲင့်စ်မှာ ထူးထူးခြားခြား အမှတ်တရလေးကတော့ ရွာသူလေး Green Rose ကြိုးစားထားတဲ့ ရွာ့စာအုပ်ပါပဲ။

ဒီစာအုပ်ထဲမှာ မန်းဂဇက် ချစ်သူများရဲ့ အကြိုက်ဆုံး စာမူ ၁၁ ပုဒ်နဲ့ အချစ်ဆုံး ကဗျာလေး ၃ ပုဒ် ပါပါတယ်။

ရွာသူားတွေရဲ့ စုပေါင်းလှူဒါန်းထားတဲ့ အလှူမှတ်တမ်းတွေ ပါပါတယ်။

ရွာ့လူငယ်လေးများရဲ့ ဒါဇင်ပလပ်စ်လှုပ်ရှားမှု မှတ်တမ်းနဲ့ ဓာတ်ပုံတွေလည်းပါပါတယ်။

ရွာသူားတွေရဲ့ စုစည်းမှု အမှတ်တရ ဓာတ်ပုံတွေလည်းပါပါတယ်။

ရွာသူားတွေ ဘယ်လိုပင် ကလော်ဆဲကြသော်လည်း အားလုံးရဲ့ရင်ထဲက အချစ်ဆုံးဖြစ်တဲ့ သူကြီးရဲ့ အမှာစာလည်းပါပါတယ်။

စာအုပ်ဖြစ်မြောက်ဖို့တွက် နီးစပ်ရာ ရွာသူားတွေ စုပေါင်းစိုက်ထုတ်ပြီး အမှတ်တရ စာအုပ်လေး ထုတ်ဝေလိုက်ပါတယ်။

ဒီစာအုပ်ရောင်းရတဲ့ငွေကနေ Green Rose စိုက်ထားတဲ့ အရင်းထက်ပိုသမျှကို ရွာသူားတွေ အကျိုးရှိမယ့် နေရာမှာ သုံးမှာပါ။

နောက်တစ်ကြိမ် တွေ့ဆုံပွဲ၊ဆုပေးပွဲကို ပိုပြီးပျော်စရာကောင်းအောင် လုပ်ဖို့၊ဆုအမျိုးအစားတွေ တိုးတက်ဖို့၊

နောက်ထပ် အမှတ်တရ စာအုပ်တွေ ပစ္စည်းတွေ ထုတ်ဖို့ ……..စတာတွေ အတွက်သုံးမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့်

ရွာသူားများ ချစ်ကြတဲ့ ဂဇက်ရွာ တိုးတက်စည်ပင်ရေးအတွက်

တတပ်တအား အလှူထည့်ရာလည်းရောက်၊

ဂဇက်ရွာရဲ့ လှုပ်ရှားမှု အမှတ်တရလေးတွေလည်း သိမ်းထားလို့ရ၊

သုတရသ စုံလင်တဲ့ အရေးကောင်းအတွေးကောင်း ပို့စ်လေးတွေ ကဗျာလေးတွေလည်း

တစ်ထိုင်တည်း ဖတ်လို့ရကြအောင်

ရွာ့စာအုပ်လေးကို ဝယ်ယူအားပေးကြပါအုံး။

ရနိုင်တဲ့နေရာတွေကတော့

မန္တလေးမှာ

(1)ကိုပေါက်-096805396

ရန်ကုန်မှာ

(2)စွယ်တော်ရွက်-စွယ်တော်ရွက် လျှပ်စစ်သင်တန်း၊ကမာရွတ်၊ဆင်ရေတွင်းမှတ်တိုင်အနီး၊Daisy မိတ္တူဆိုင် အပေါ်ထပ် ၊အင်းစိန်လမ်း
09-450007347

(3)ပန်ထူးသာ သင်္ကန်းတိုက်-S9,ပန်းလှိုင်လမ်း(ဟုမ်းလမ်းဘူတာအနီး) စမ်းချောင်း
01-500180/01-519135

(4)AK Pharmacy
414,ကမ်းနားလမ်း၊လသာ
19 လမ်းနှင့် ကမ်းနားလမ်းဒေါင့်
01-226718/01-226926

တွေမှာ ရနိုင်ပါတယ်။

တန်ဖိုးကတော့ တစ်အုပ်ကို ကျပ် ၂၅၀ဝ ပါ။

အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။

ရွာ့စာအုပ် အဖုံးလေး(လှတယ်နော်)
ရွာ့စာအုပ် အဖုံးလေး(လှတယ်နော်)
ရွာ့စာအုပ်ကျောဖုံးက ဆရာကြီး ဦးအောင်သင်းရဲ့ မုဒိတာ စကား
ရွာ့စာအုပ်ကျောဖုံးက ဆရာကြီး ဦးအောင်သင်းရဲ့ မုဒိတာ စကား
ရွာ့ ဆယ်လီဘရစ်တီတွေရဲ့ လက်မှတ်တွေ(ကြွားထှာ)
ရွာ့ ဆယ်လီဘရစ်တီတွေရဲ့ လက်မှတ်တွေ(ကြွားထှာ)
မာတိကာ နဲ့ ပုံနှိပ်မှတ်တမ်း
မာတိကာ နဲ့ ပုံနှိပ်မှတ်တမ်း
အမှတ်တရ ပုံတွေ အမြည်းပေးမယ်
အမှတ်တရ ပုံတွေ အမြည်းပေးမယ်

58 comments

  • Min Zarni

    July 25, 2013 at 7:25 am

    အာတီဒုံ .. ကျော့် သူငယ်ချင်း ကျပ်မပြည့်တဲ့ ဒါ့ပုံဆြာ တယောက် လွှတ်ပီး ဝယ်ခိုင်းဘာ့မယ်…
    ငိငိ…

    ကျော်.. shee ဆီ ပို့မလို့ …
    ဒချိ .. ဒချိ..

    • padonmar

      July 25, 2013 at 8:16 am

      ဝယ်အေ၊ဝယ်၊ဝယ်။
      ဆုရတဲ့သူတွေကို လက်ဆောင် ၁အုပ်စီပေးပါတယ်။
      ညည်းကို ဆုလာယူခိုင်းဖို့တောင်ခေါ်သေးတယ်လေ။
      တရှီးရှီးနဲ့ ညှီနေပြီး ရွာကို လှည့်မကြည့်လို့ မပေးတော့ဘူး။
      ဒဏ်ခပ်တဲ့အနေနဲ့ ၁ဝအုပ် ဝယ်အေ။

      • Min Zarni

        July 25, 2013 at 8:21 am

        ဆယ်အုပ်တော့ မဝယ်ပါရဇီနဲ့ …အာတီဒုံရယ်..
        ကျော့်မှာ ရှီး တယောက်ပဲ ရှိတာရယ်…
        ဂနေ့ညနေ ..အဘဖော သင်္ဘောတက်စီးဖူးတဲ့
        သူငယ်ချင်းတယောက် စာအုပ် လာဝယ်မယ် ဖြစ်ပါဂျောင်း…
        (အူးလေးဗိန်းညားကို သား အားယီးခြစ်ဒယ် မေမေ)
        ဘယ်နေရာကနေ ဝယ်မလဲတော့ ကျော်လည်း မသိပါ..။
        ရွာကို သဒိရဘာဒယ် အာတီဒုံရယ်… နောက်နှစ်ကျမှ..
        ရှီး နဲ့တူတူ …
        ငိငိ…။

      • Foreign Resident

        July 25, 2013 at 4:22 pm

        Min Zarni says:
        အာတီဒုံ .. ကျော့် သူငယ်ချင်း ကျပ်မပြည့်တဲ့ ဒါ့ပုံဆြာ တယောက် လွှတ်ပီး ဝယ်ခိုင်းဘာ့မယ်…

        Min Zarni says:
        ဂနေ့ ညနေ ..အဘဖော သင်္ဘော တက်စီးဖူးတဲ့
        သူငယ်ချင်း တယောက် စာအုပ် လာဝယ်မယ် ဖြစ်ပါဂျောင်း…
        ( အူးလေး ဗိန်းညားကို သား အားယီးခြစ်ဒယ် မေမေ )

        ရက်စက်ပါပေ့ ဂီဂီ ရယ် ။ အခုမှပဲ သိတော့တယ် ။
        နင်ပြောတဲ့ ကျပ်မပြည့်တဲ့ ဒါ့ပုံဆြာ ဆိုတာ ၊ အဘ Cadet လေးကို ပြောတာကိုး ။
        ဒီလောက် မျိုးရိုးကောင်း ရုပ်ချော စိတ်ကောင်း ရှိတဲ့ လူပျို သင်္ဘော အရာရှိလေးကို ၊
        ပြောရက်ပါပေ့ ။

  • TNA

    July 25, 2013 at 8:08 am

    မဝေလက်ဆောင်ပေးလို့ ရလိုက်ပါတယ်။ နောက်တခါတွေ့ဆုံပွဲကို တက်နိုင်အောင်ကြိုးစားပါမယ်အန်တီဒုံ။ ဒီတခါကတော့ ရက်ကြပ်ကြီးဖြစ်သွားလို့။ တကယ်ကြိုးစားပါသေးတယ်။ ဘယ်လိုမှမရဘူးဖြစ်သွားတယ်။

  • padonmar

    July 25, 2013 at 8:18 am

    ရွာသူားတွေဆိုရင်တော့ ဝယ်သွားရင် ဘယ်သူပါလို့ ပြောသွားပေး
    ကြရင် ကောင်းမှာပဲ။(လောဘကြီးတာ)

  • kyeemite

    July 25, 2013 at 8:19 am

    အာတီဒုံကို ဒီပို့စ်လေးတင်ပေးတဲ့အတွက်ကျေးဇူးပါဗျာ…
    ရွာသူားတွေအားပေးကြမှာပါ..

  • ခင် ခ

    July 25, 2013 at 8:44 am

    အမပဒုံမ္မာရေ ရွာသူား မန်ဘာဝင် မဟုတ်လည်း လိုချင်တဲ့သူဆိုရင်ကော ရောင်းလားဟင်!
    ကျွန်တော်စိတ်ကူးကတော့ ဒီစာအုပ်လေးကို စိတ်ဝင်စားတဲ့ စာပေမြတ်နိုးသူတိုင်းရောင်းသင့်တယ် ထင်တာဘဲလေ။ ဒါပေမယ့် ဓာတ်ပုံတွေပါနေလို့ ပြောရခက်နေတာ။

    • Green Rose

      July 25, 2013 at 2:50 pm

      ကိုခင်ခရေ…

      Member မဟုတ်ပဲ ဒီစာအုပ်လေးအပေါ်မှာ စိတ်ဝင်တစားရှိတယ်ဆိုတာကို ကြားရတော့ ဝမ်းသာမိပါတယ်။
      အဲဒီ့စာအုပ်လေးကို တန်ဖိုးထားတဲ့သူတွေရဲ့ လက်ထဲမှာပဲ ရှိနေစေချင်ပါတယ်။ တန်ဖိုးထားတာခြင်းအတူတူဆိုရင်လည်း ကိုယ့် ရွာသူားတွေကိုပဲ ဦးစားပေးချင်ပါတယ်။
      တကယ်တမ်း စာအုပ်အရေအတွက်က member အရေအတွက်ရဲ့ 5% တောင်မရှိပါဘူး။
      အဲဒီ့တော့ Green Rose တို့ရွာအတွက် အရေအတွက် တစ်ခု သတ်မှတ်ပြီးချန်လိုက်ပါမယ်။ အခု ကိုခင်ခပြောသလို member မဟုတ်ပဲ စာအုပ်လေးကို စိတ်ဝင်တစား မေးမြန်းဝယ်ယူနေသူတွေ အတွက် စာအုပ်အုပ်ရေ သီးသန့်ဖယ်ထုတ်လိုက်ပြီးရောင်းပေးပါ့မယ်ရှင့်။ နီးစပ်ရာ၊ အဆင်ပြေရာနေရာကနေ ဝယ်လို့ရပါတယ်လို့……..

      လေးစားလျှက်
      (Green Rose)

  • Yin Nyine Nway

    July 25, 2013 at 8:52 am

    မဆူးဆီမှာ လာဝယ်မယ် …
    လာချင်တာ အာတီဒုံရေ…
    ဗိုက်နဲ့ မိုးနဲ့မလို့မလာလိုက်ရဘူး…

  • KZ

    July 25, 2013 at 8:54 am

    အနော် ဝယ်ပြီးပြီ အာတီဒုံ။
    စပိုင် နဲ့ ဝယ်ခိုင်းလိုက်တာ။
    :mrgreen:

  • GARFIELD

    July 25, 2013 at 9:13 am

    ကျွန်တော် တစ်အုပ်ဝယ်ချင်ပါတယ်…
    ဖတ်ချင်လို့ ငှားတာ ကျွန်တော့ကို တစ်ယောက်မှမငှားပါဘူး… လူဇိုးတွေ…
    နောက် (၆)လအကြာ…
    တတိယအကြိမ်မြောက်ကို မရမကလာပါမည်ဆိုတဲ့အကြောင်း…

    ခင်မင်လျက်..
    ဂါဂါး

    • Ma Ma

      July 25, 2013 at 9:29 am

      ရွာ့သံယောဇဉ်နဲ့ ဖြစ်မြောက်အောင်ကြိုးစားထားတဲ့သူရှိလို့ ဒီစာအုပ်လေးဖြစ်လာတာ။
      နောင်ဒီစာအုပ်မျိုးထပ်မံပေါ်ပေါက်လာအုံးမလားဆိုတာ မသေချာတဲ့အတွက် အမှတ်တရ သိမ်းထားသင့်ကြတယ်နောာာာာာာာာာာာာ
      🙂

    • padonmar

      July 25, 2013 at 11:20 pm

      အမယ်… ငှားစရာလား။
      နောက်တစ်ခါ လာဖြစ်အောင်လာ၊
      မလာရင်တော့ ကယွဲစီနဲ့ နပန်းချခိုင်းမယ်။

  • Ma Ei

    July 25, 2013 at 9:37 am

    စာအုပ်ဖတ်ပြီး ရွာသူလေး Green Rose ရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးမိပါတယ်…
    ဆရာအောင်သင်းက စာတစ်ပိုဒ်ချင်း အတွက်အမှာလေးတွေလဲရေးထားပေးပါသေးတယ်..
    စာကောင်းတစ်အုပ်မို့ ဖတ်ကြည့်ကြပါဦးလို့ ထပ်ဆင့် ကြော်ငြာ လိုက်ရပါတယ်…

    • kyeemite

      July 25, 2013 at 11:05 am

      ဒီနေရာမှာ…ကိုဘလက်ချောကြီးကိုကျေးဇူးတင်ရမယ်ဗျ…
      သူတကူးတကဆရာကြီးဦးအောင်သင်းဆီ စာမူလေးတွေ
      ယူသွားပေးပြီး ဆရာကြီးမှတ်ချက်တောင်းပေးခဲ့တာ…
      သူ့ပိုက်ဆံလည်းစိုက်ပြီးဆရာကြီးကိုဉာဏ်ပူဇော်ခအနေနဲ့ကန်တော့ခဲ့သေးတယ်..
      ဒီစာအုပ်ဟာ..ဆရာကြီးဦးအောင်သင်းရဲ့ မှတ်ချက်လေးတွေကြောင့်
      ပိုအဖိုးတန်သွားရတာဆိုရင်မှားမယ်မထင်..

      • Ma Ei

        July 25, 2013 at 11:35 am

        ကျမတို့(ဂဇက်ရွာ)စာအုပ်လေးမှာ ဆရာကြီးဦးအောင်သင်းရဲ့
        မှတ်ချက်လေးတွေကိုတွေ့လိုက်ရတော့ အံဩဝမ်းသာမိပါတယ်…
        ကိုဘလက်ချောကိုကျေးဇူးအထူးတင်ပါတယ်…

  • ရောင်းမည် မဝယ်လျှင် ဇွတ်ရောင်းပါမည်
    မန်းလေးအနီးတဝိုက်မှ ရွာသူားများအသင့်ရှိကြပါကုန်။
    2500 ကျပ်ဆိုတာ 1500တန်ဖုံး မဖြစ်မနေပြောပေးရတဲ့ တစ်လစာဘဲရှိပါကြောင်း။
    ရန်ကုန်မှာဝယ်ထားသူ ရွာသူားများကိုလဲ ဇွတ်ထပ်ရောင်းမည်ဖြစ်ပါကြောင်း
    သတင်းကောင်းပါအားပါသည်။

    • ဗုံဗုံ

      July 25, 2013 at 12:08 pm

      ဒီကနေ့ မိဗုံအမေရိကားကို ထွက်သွားပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ :mrgreen: :mrgreen:

  • ရွာစားကျော် မင်းနန္ဓာ

    July 25, 2013 at 12:44 pm

    သားလည်း စာအုပ် တစ်အုပ်လောက် လိုချင်တယ်… ဘလိုလုပ်ရမလဲ..
    နေပြည်တော်မှာ တစ်ယောက်တည်းဖြစ်နေတဲ့ သားသားကို ပစ်ထားတယ်..
    အဲဒိစာအုပ် အထု ရမှ ကျေနပ်မယ်… ဗျျဲျဲျဲျဲျဲျဲျဲျဲဲ….
    (တွေ့ဆုံပွဲ မတိုင်ခင်က အကြံမပေါက်လိုက်ဘူး.. သားဖို့ စာအုပ်တစ်အုပ် ချန်ထားပေးပြီး ပွဲတတ်တဲ့ ရွာသူားတွေကို လက်မှတ်ထိုးခိုင်းထားလိုက်ရမှာ.. ဟင့် ဟင့်)

    • Green Rose

      July 25, 2013 at 2:45 pm

      ရွာစားကျော် မင်းနန္ဓာရေ…

      ဘယ်နှစ်အုပ်ယူမလဲ.. ချန်ထားပေးပါ့မယ်။ နေပြည်တော်လူကြုံတွေရှိပါတယ်။ အဆင်ပြေရင် ထည့်ပေးလိုက်ပါ့မယ်။ ဒါမှမဟုတ် ရန်ကုန်ရောက်မှ ယူမယ်ဆိုလည်း သိမ်းထားပေးပါ့မယ်။

      လေးစားလျှက်

      (Green Rose)

      • ရွာစားကျော် မင်းနန္ဓာ

        July 25, 2013 at 3:12 pm

        လူကြုံ လွယ်လွယ် အဆင်ပြေမယ်ဆို တစ်အုပ် ယူချင်တယ်…
        တကူးတက ဖြစ်နေမယ်ဆိုလည်း ချင်ထားပေးပါဗျ

      • ရွာစားကျော် မင်းနန္ဓာ

        July 30, 2013 at 1:38 pm

        Green Rose ရေ
        လူကြုံ အဆင်ပြေလားဗျ… စာအုပ်မျှော်နေပါတယ်နော်..
        (အမတ်မင်းကြီးတော့ နေပူတော်ရောက်နေတာ … သူလာမယ်မှန်းမသိလိုက်ဘူးဗျာ)

    • padonmar

      July 25, 2013 at 11:13 pm

      ရွာစားရေ
      မငိုနဲ့၊တိတ်တိ်တ်၊
      နောက်တစ်ကြိမ်ကျမှ ရောက်အောင်လာပြီး လက်မှတ်တွေယူတော့။
      အလင်းဆက်၊အံစာနဲ့ သဂျားခမျာလည်း လက်မှတ်ကိုယ်စားလှယ်တွေလုပ်ပြီး လာတဲ့လူတိုင်းကို လက်မှတ်ဒမြတိုက်နေရတာ လက်မလည်ဘူး။

  • အရီးခင်လတ်

    July 25, 2013 at 1:00 pm

    စာအုပ်ဖြစ်အောင် ကြိုးစား ပေးသူများ ရော၊ စာမူဖော်ပြခြင်းခံရသူများ အတွက်ကိုပါ လေးစားဂုဏ်ယူပါတယ်။
    ဒီလို ရွာ့ ရင်တွင်းဖြစ် စာအုပ်လေးတွေကို နောင် အကြိမ်ပေါင်း များစွာ မြင်နေရတော့ မယ်လို့ မျှော်လင့်ပါတယ်။
    ကျွန်မအတွက် စာအုပ်လေးတစ်အုပ် တော့ ချစ်အစ်မဒုံ သိမ်းပေးထား တယ် လို့ အပြည့်အဝ ယုံကြည်ထားပါကြောင်း။ 😛

    • padonmar

      July 25, 2013 at 6:38 pm

      မလတ်နဲ့ အဘဆွေတွက် လူကြုံရှိရင် ထည့်ပေးလိုက်ပါမယ်။

  • Shwe Ei

    July 25, 2013 at 2:55 pm

    သများ လေးအုပ်ထပ်ဝယ်ပါမီ။ မန်းဂဇက်မန်ဘာမဟုတ်တဲ့ ဒါဇင်ပလပ်စ်ရဲ့
    အလှူရှင်တွေကို ရွာနဲ့မိတ်ဆက်ပေးမလို့ … ဟိ။

    • padonmar

      July 25, 2013 at 11:14 pm

      အားကိုးရတဲ့ မချွေအိပါပဲ။

  • ဦးဦးပါလေရာ

    July 25, 2013 at 3:38 pm

    လွန်ခဲ့တဲ့ ရ လ – ပထမအကြိမ် တွေ့ဆုံပွဲမတိုင်မီကလဲ
    ဂဇက်အထိမ်းအမှတ်စာအုပ်ကလေးလုပ်ဖို့ ပြောကြဆိုကြဖူးပါတယ်…၊
    အဲဒီအကြံကို ကို ဘလက်ချောက စပြီး အဆိုပြုတာပါ…။
    အဲဒါကို ကျုပ်က မထောက်ခံ ခဲ့ပါဘူး…။
    လုပ်လဲ မလုပ်ဖြစ်ခဲ့ပါဘူး…။

    အခု ဒုတိယအကြိမ်တွေ့ဆုံပွဲ မတိုင်ခင် ရှေ့ပိုင်းမှာကတည်းက
    အထိမ်းအမှတ်စာအုပ်ကလေးလုပ်ဖို့ ပြောဆိုကြပြန်ပါတယ်။
    ရွှေတိုက်စိုးက စပြောတယ်လို့ထင်ပါတယ်။
    အဲဒါလဲ ပျက်သွားပါတယ်..။

    ကျုပ်ဘာကြောင့်မထောက်ခံသလဲဆိုတော့
    ၁- မလွယ် လို့ ပါ..။
    ၂- စိုက်ထုတ်ရမယ့် ငွေကြေး များလို့ ပါ..။

    အခုတွေ့ဆုံပွဲနီးတော့မှ
    မပဒုမ္မာက လမ်းညွှန်ကြီးကြပ်ပြီး Green Rose က အစအဆုံး စာအုပ်ဖြစ်အောင်လုပ်ပါတယ်။
    ပိုက်ဆံကိုလဲ စိုက်သုံးထားပြီး လိုသမျှ သူချည်း စိုက်မယ် လုပ်ပါတယ်။
    မနေသာတဲ့ အဘဖေါနဲ့ မပဒုမ္မာက ဝိုင်းကူလို့ စိုက်ရတာလျော့သွားတာပဲကံကောင်း…။
    တကယ်ဖြစ်အောင် အတင်းလုပ်တော့ ဖြစ်သွားပါတယ်။

    တကယ်တော့ အခုထိ ရလာတဲ့ ရလာဒ်တွေ
    လုပ်ဖြစ်ခဲ့တဲ့အရာတွေအားလုံး ဟာလဲ မဖြစ်ဖြစ်အောင်လုပ်လို့ ဖြစ်လာတာပါ။

    မဖြစ်ဖြစ်အောင် လုပ်စရာရှိတာလုပ်ခဲ့ကြတဲ့ လူကြီးလူငယ်များရဲ့ ရဲရင့်တက်ကြွမှု့ကို
    အထင်ကြီးပါကြောင်း …
    လေးစားပါကြောင်း ….
    ရှေ့ခရီးအတွက်လဲ တကယ်ကို စိတ်ချလက်ချ ဖြစ်မိပါကြောင်း………
    🙂

  • ဦးဦးပါလေရာ

    July 25, 2013 at 3:47 pm

    တကယ်တော့ စာအုပ်ဝယ်တယ် ဆိုတာထက်
    ဂဇက်အထိမ်းအမှတ် စာအုပ်ဖြစ်မြောက်ရေးအတွက် စိုက်ထုတ်ထားရတဲ့ ငွေကြေးတွေအတွက်
    မိမိ တနိုင်တပိုင် ပါဝင်စိုက်ထုတ်တယ်… လို့ သဘောထားကြစေချင်ပါတယ်။
    အဲဒါ အမှန်ပါပဲ…။

    အခု မပဒုမ္မာ စိုက်ပေးတဲ့၊ အဘဖေါစိုက်ပေးတဲ့၊ Green Rose စိုက်ပေးထားတဲ့ ငွေပမာဏတွေဟာ ယာယီလို့ပဲ မှတ်ယူပါတယ်။
    နောင် ၆ လ မှာ နောက်တစ်ကြိမ်တွေ့ဆုံပွဲမှာလဲ ထပ်ရောင်းသင့်ပြီး အဲဒါပြီးတော့မှ
    တကယ်အပြီးစိုက်ထုတ်လိုက်ရမယ့်ပမာဏထွက်လာမယ်ထင်ပါတယ်။
    အဲဒီအခါမှာ လိုအပ်ရင် လိုအပ်သလို ပါဝင်ပါမယ်။
    အခုက သူများအတွက်ကျန်အောင် ၁၂ အုပ်ပဲဝယ်ထားပါတယ်။
    နောက် တွေ့ဆုံပွဲမှာ များများစားစားကျန်သေးရင် နောက်ထပ် ၁၂အုပ် စာ အော်ဖါလုပ်ပါကြောင်း…..။

    • ခင် ခ

      July 26, 2013 at 4:03 pm

      ဦးဦးပါလေရာ ပြောတဲ့“နောင် ၆ လ မှာ နောက်တစ်ကြိမ်တွေ့ဆုံပွဲမှာလဲ ထပ်ရောင်းသင့်ပြီး အဲဒါပြီးတော့မှ
      တကယ်အပြီးစိုက်ထုတ်လိုက်ရမယ့်ပမာဏထွက်လာမယ်ထင်ပါတယ်။ အဲဒီအခါမှာ လိုအပ်ရင် လိုအပ်သလို ပါဝင်ပါမယ်။´´ ဆိုတဲ့ စကားရပ်လေးကိုတော့ သဘောကျမိပါတယ်။ အဲဒီအခါကျရင် ကျွန်တော်ကိုလည်း လက်တို့ပြီးတော့ ပြောပါအုံးဗျာ ဦးပါရေ။

  • မဟာရာဇာ အံစာတုံး

    July 25, 2013 at 4:17 pm

    ဘူဒွေ ဘာပေါပေါ ..
    ကျုပ်ဒေါ့ ဝယ်ပီးတွားဘီ …
    လက်မှတ်တွေတောင် ပါသေး … ဟေဟေ့ ..
    Now အီခု .. ဒီလက်မှတ်တွေနဲ့ ဘယ်လို လုပ်စားရင် ကောင်းမလဲလို့ စင်းဇားနေဒါ … 🙄 :mrgreen:

  • Mr. MarGa

    July 25, 2013 at 6:54 pm

    ဝယ်ပြီးပါကြောင်း
    အမှတ်တရ လက်မှတ်များကို လေလံတင်ရန် စဉ်းစားနေပါကြောင်း :mrgreen:

  • အလင်း ဆက်

    July 25, 2013 at 9:42 pm

    အယ်…အခုမှ အန်တီ ့ စာအုပ်ကလေးကို သေချာပြန်ကြည့်မိတယ် ။
    ကျွန်တော် က အန်တီ ့စာအုပ်လေးနဲ ့
    အန်တီမမအတွက် စာအုပ်တွေရော..
    ကိုင်ပြီး..ရွာသူားတွေဆီက
    ရသလောက် လက်မှတ်တွေ..လိုက်ယူပေးခဲ့တာ..။
    ကျွန်တော့် လက်မှတ်မပါလိုက်ဘူး…။
    အဟီးးးး

    အင်းလေ..ကျွန်တော်က.. ရွာ့ ဆယ်လီဘရစ်တီ တစ်ယောက်တော့လည်း..
    ဟုတ်ပါဘူး..။
    😆

    • Ma Ma

      July 28, 2013 at 3:24 pm

      ရွာသူားတစ်သောင်းလောက်မှာမှ ဆုရတဲ့လူဆိုတာ လက်ချိုးရေလို့ရတာမို့………
      ရွာ့ဆယ်လီဘရစ်တီ မဟုတ်တဲ့ ရွာ့ကျော်ကြားသူ (အကယ်ဒမီဆုရှင်ကြီး) အလင်းဆက်ဆီက လက်မှတ်ကို လိုချင်ပါတယ်။ 🙂

      • အလင်း ဆက်

        July 30, 2013 at 9:01 pm

        အန်င်္တီမမ စာအုပ်မှာလည်း..သားရဲ ့ အမှတ်တရ လေး ပါမသွားဘူးပေါ့ ။
        နောက်တစ်ပွဲ ….မှာ… ပါစေရမယ်.။
        🙂

  • padonmar

    July 25, 2013 at 11:16 pm

    ဆက်ဆက်ရေ
    နောက်တစ်ပွဲတွက် ချန်ထားတာပေါ့။

  • ကိုရင်စည်သူ

    July 26, 2013 at 5:27 pm

    နောက်တခေါက် တွေ့ဆုံပွဲ ယခုပွဲမှ အမှတ်တရ (၁) စာအုပ်များ ရောင်းဖို့ ရှိမရှိသိချင်ပါတယ်..
    ကျနော် အရမ်း ဝယ်ချင်ပါသည်။ သူများတွေလို ကိုယ်စားလှယ်တွေ၊ နံရိုးတွေမရှိတော့..
    ပြန်ရောက်မှလူကိုယ်တိုင်ပဲ ဝယ်ရမလိုဖြစ်နေလို့ပါ။။ ကိုယ့်ပို့စ်လေး ပုံနှိပ်ဖော်ပြခံရတော့
    ဘဝမှာ အမှတ်တရအဖြစ် တစ်သက်လုံးသိမ်းချင်သလို ဘော်ဒါတွေလည်း ကြားချင်လို့ပါ..
    အဲ့လာ.. အဲ့လာ.. ဖြေပေးပါဂျာ.. 😳

  • padonmar

    July 26, 2013 at 7:33 pm

    ကိုရင်တွက် ဆုလက်ဆောင်အဖြစ် ၁ အုပ်ချန်ထားပါမယ်။

    • ကိုရင်စည်သူ

      July 26, 2013 at 8:13 pm

      ဟုတ်.. ကျေးဇူးပါ.. အာတီဒုံ…. 😳

  • ကထူးဆန်း

    July 28, 2013 at 12:47 pm

    တာဝန်ကျေ ပြီးကြောင်းသတင်းပို့ပါတယ် .. နှစ်အုပ် AK မှ ဝယ်ပြီးပါကြောင်းနှင့် တစ်အုပ် ကြားလူ ကို လက်ဆောင်ပေးလိုက်မိ၍ နောက် တစ်အုပ် ရွာသူ တစ်ဦး အတွက် ထပ်မံ ဝယ်ပေးရပါမည်။

  • padonmar

    July 28, 2013 at 11:08 pm

    ကျေးကျေးပါ စီဂျေကြီးရေ။

  • ဦးကြောင်ကြီး

    July 29, 2013 at 10:10 am

    အပျာစာအုပ်ဆို ဟုတ်တုတ်တုတ်…

    • Ma Ma

      July 30, 2013 at 1:52 pm

      ခုလည်းအပြာပဲလေ ယောင်တောင်ပေါင်တောင် အမောင်ကြောင်ရဲ့။ 😛

  • โทรศัพท์มือถือ

    July 30, 2013 at 5:11 pm

    လက်တလောမှာ မန်းလေးရောက်ဖို့ အစီအစဉ်ရှိပါတယ်….
    ဘကြီးပေါက်ကို ဆက်သွယ်ပြီး ၂ အုပ်လောက်တော့ ဈေးဆစ်ပြီး ဝယ်ယူအားပေးပါမည်….
    တစ်အုပ်က သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပေးဖို့ပါ… တစ်အုပ်က
    ကျနော်ဖတ်ပြီး… ရွာသူအလှပဂေးများ၏ ပုံများကို ကြည့်ချင်လို့ပါ……..

  • Ma Ma

    July 31, 2013 at 9:00 am

    ကြွားခြင်းးးးးးးးးးးးးး
    ဒီနေ့ဆိုင်မှာ လာဝယ်တဲ့လူတစ်ယောက်က သူစာဖတ်တဲ့အကြောင်းနဲ့ ခင်ခင်ထူးစာတွေအကြောင်းပြောလို့ စာဖတ်တယ်ဆိုရင် ဒီစာအုပ်လေး မြည်းကြည့်ပါလား။ အင်တာနက်တက်ရင် ဒီဆိုဒ်ကို ဝင်ကြည့်ပါလား လို့ ပြောတာ စာအုပ်တစ်အုပ်ဝယ်သွားတယ်။
    စာရေးသူနဲ့ စာအုပ်စီစဉ်သူတွေတော့ ဘယ်လိုနေမယ်မသိ။
    စာအုပ်တစ်အုပ်ရောင်းရတာ အတော်ဝမ်းသာသွားတယ်။ 🙂

    သဂျီး
    ဆိုဒ်ကို ကြော်ညာခ ပေးပါ။ 😆

  • 1-8-2013 နီကိုလပ်စက တစ်အုပ်ဝယ်သွားပါ၏
    စုစုပေါင်း လေးအုပ်ရောင်းပြီပါကြောင်း။
    ဖရဲသီး ဘဲဥ မောင်ပေ ဖိုးထောင် ဖောဂိုင်း
    မနှင်း တို့ဝယ်ရန်ကျန်နေသေးပါကြောင်း
    ဇွတ်အတင်းရောင်းမည်ဖြစ်ပါကြောင်း။

  • padonmar

    August 1, 2013 at 9:57 pm

    အားကိုးရတဲ့ ကိုပေါက်ကြီးပါ။
    ရွှေမင်းသားတို့ ၊ကိုစိန်သော့တို့ရော။

  • လာမယ်
    မန်းလေးက ကိုကျော်ထိုက်ကလဲဝယ်မယ်လို့ဖုန်းဆက်ချိန် ကျနော်မအားတော့
    နောက်နေ့မှာပြန်ချိန်းထားပါတယ်။
    ရောင်းရအုံးမယ်

    • အရီးခင်

      August 2, 2013 at 3:23 pm

      တကယ်တော့ ရွာထဲက Active Member တွေထဲ မှာ မန်းသူ/မန်းသား အင်အား မနည်းဘူးနော်။

  • ယနေ့ ကိုကျော်ထိုက်မှ (၂)အုပ်ဝယ်ပါမည်။
    နောက် ရွာသားမဟုတ်သူ ဖေစ်ဘုတ်မှ ကျနော်မိတ်ဆွေ မြန်မာသံလေးတွေနားထောင်ကြမယ် အဖွဲ့မှ ကိုဆန်း (ခေတ္တပြင်ဦးလွင်)မှ
    အလှူငွေ ကျပ်တစ်သောင်းပေးထားပါသည်။
    ရွာမှာ လုပ်မည့်အလှူထဲတွင် ထည့်ရန်ဟု ကြိုတင်လှူဒါန်းထားပါသည်။
    လှူရန်အကြောင်းရှိပါက ထည့်ပေးပါမည်.

  • ယနေ့ ရွာသူ မနှင်း (မန္တလေး) ရခို်င်အလှူပွဲတွင်အလှူငွေပါဝင်ထားသူက
    စာအုပ်တစ်အုပ် ဝယ်ယူ အားပေးထားပါသည်။

  • zaw min

    August 7, 2013 at 4:54 pm

    ပန်ထူးသာ သင်္ကန်းဆိုင်နှင့်နီးပါသဖြင့် နောက်နေ့တွင်သွားရောက်ဝယ်ယူအားပေးမည်ဖြစ်ပါကြောင်းးးးးးးးးးး

  • အလင်းဆက်

    August 13, 2013 at 9:28 pm

    အန်တီရေ..
    အန်တီ ရဲ ့ ဒီပိုစ့်ထဲက…
    စာအုပ် နောက်ကျောဘက် ပုံလေးတစ်ပုံ..
    ကျွန်တော်ရဲ ့…အထူးခြားဆုံး စာအုပ်တစ်အုပ်ကို ညွှန်းဆိုဝေဖန်ခြင်း
    http://myanmargazette.net/183283 မှာ.. ယူသုံးထားမိပါတယ် ။
    ပြီးတော့.. ကျွန်တော့် ပိုစ့် က စာအုပ် ပုံကို ကလစ်လိုက်ရင်..
    အန်တီ ့ရဲ ့ ဒီပိုစ့်ကို..ရောက်လာအောင်.. လင့်ခ်လေး ချိတ်ထားလိုက်ပါတယ် ။

    ဒါလေး.. ခွင့်လာတောင်းတာပါ ။

    ( အမှန်က.. လုပ်ထားပြီးပြီ ။ )

    🙂

    လေးစားစွာဖြင့်….
    အလင်းဆက်

  • kai

    August 30, 2013 at 6:18 am

    ယနေ့တွင် ဤသူအတွက်လက်မှတ်ထိုးပေးထားကြသော စာအုပ်တအုပ်ကို လက်ခံရရှိပြီဖြစ်ပါကြောင်းနဲ့.. ပေးပို့သူ…သယ်ဆောင်လာသူတို့ကို.. ကျေးဇူးတင်ကြောင်း… မှတ်တမ်းတင်ပါသည်ခင်ဗျ…

    တော်တော်ကို သပ်သပ်ရပ်ရပ်လုပ်ထားသမို့.. နောက်ကို စာအုပ်ထုတ်ရင် အပ်ရကောင်းမလားလို့… :kwi:

    • Swal Taw Ywet

      August 30, 2013 at 12:17 pm

      ရွာထဲက စာကောင်းပေမွန်တွေကို ထပ်ထုတ်ချင်နေတာနဲ့အတော်ဘဲ။
      ရွာသူားတို့ရေ ဟောဒီမှာ စပွန်ဆာ ရပါပြီဗျို့။
      စကားအတင်းစပ်-
      အဲဒါဆို “ သဂျီး ” လို့ခေါ်လို့ရပြီပေါ့နော်ာ်ာ်ာ်?????
      With respect,
      Swal Taw Ywet.

  • Swal Taw Ywet

    March 9, 2017 at 2:28 am

    UP
    FB ပေါ်မှာ လုပ်သလို ပြန်တင်ရင်း ပိုက်ပိုက်နှီုက်သာ။
    သူကြီးကို အားမနာပေမယ့် သမီးတော်လေး မျက်နှာက ရှိသေးးးကိုးးး။
    လွမ်းတယ်
    ရွာ
    ရေ။
    With respect,
    Swal Taw Ywet.

Leave a Reply