ချောကလက် အက်ဆေး – ကျော်ညိုသွေး

Kyaw Nyo ThwayJuly 25, 20131min2006

KNT ကျွန်တော် တစ်ယောက်တည်း အက်ဆေးလုံးချင်း အဖြစ်
ချောကလက်အက်ဆေး လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ကို စီစဉ်ထားပါတယ်။
August လကုန်ပိုင်းလောက်မှာ ထွက်မယ်လို့ မျှော်လင့်ရပါတယ်။စာအုပ် ရဲ့ မျက်နှာဖုံး နဲ့ အတွင်း ဒီဇိုင်း အပြင်အဆင်တွေ ကို ကျွန်တော် ကိုယ်တိုင် ရေးဆွဲထားပြီးအက်ဆေး ၂၃ ပုဒ် ပါဝင်ပါတယ်။ဒီစာအုပ်မှာ ကဗျာဆရာ မိုဃ်းဇော် နဲ့ ကဗျာဆရာမ ပန်ဒိုရာ တို့ က

မေတ္တာနဲ့ အမှာ စာများ ကို ရေးသားပေးထားပါတယ်။စာအုပ် တန်ဖိုး အနေနဲ့ ကတော့ ၂၀၀ဝ ကျပ် ဖြစ်မှာပါ။

6 comments

  • sein chu

    July 25, 2013 at 4:29 am

    ကျွန်တော်ကချောကလက်မကြိုက်ပေမဲ့
    ကြိုက်တဲ့သူကိုလက်ဆောင်ပေးဖို့
    ကြုံရင် အားပေးလိုက်ပါ့မယ်….

  • Min Zarni

    July 25, 2013 at 6:57 am

    ကျောဖုံးက ချောကလက်ဘားတွေလား.. အဲ့သည့်က ကြယ်တွေထည့်ထားတဲ့ အပိုင်းအခြား နဲ့ အယူအဆ ကို သိပါရစေဗျာ…

  • kyeemite

    July 25, 2013 at 8:27 am

    ထွက်လာတော့ အားပေးပါ့မယ်..
    အက်ဆေးတွေထဲက အမြည်းနဲနဲပေးပါဗျို့..

  • အာဂ

    July 25, 2013 at 4:47 pm

    လင်းညိုသွေးနဲ့ ကျော်ညိုသွေး ဘာကွာလဲ ။ အတူတူပဲလား..။

    • Kyaw Nyo Thway

      September 2, 2013 at 1:04 am

      “ကျော်ညိုသွေး” နဲ့ “လင်းညှို့သွေး” သွေးမတူပါ

      ဘာလို့ မတူတာလဲ လို့ ဆိုရင်

      ကျွန်တော့် နာမည် က ရှေ့မှာ “ကျော်” နဲ့ “ညို” ဖြစ်ပါတယ်။

      လင်းညှို့ သွေးက တော့ ရှေ့ က “လင်း” နဲ့ “ညှို့” ဖြစ်ပါတယ်။

      ပြီးတော့ သူက “ညို” မဟုတ်ပါ “ညှို့” ဖြစ်ပါတယ်။

      “ည” ကို “ဟထိုး” နဲ့ “တစ်ချောင်းငင်” နဲ့ပါ။

      ကျော်ညိုသွေး နာမည်မှာပါ တဲ့ “ညို” ကတော့ “ည” ကို “လုံးကြီးတင်” ပြီး “တချောင်းငင်” ထားတာပါ။

      “ညို” နဲ့ “ညှို့” အသံထွက်ချင်း ရော အဓိပ္ပါယ်ပါ ကွဲပြား ခြားနားပါတယ်။

      ဒီလောက် ဆို ရှင်းပြီ ထင်ပါတယ်။

      ကျွန်တော်က သီးသန့် “ကျော်ညိုသွေး” ပါ။ အက်ဆေးတွေ ၊ ကဗျာတွေ ရေးပါတယ်။

  • အလင်း ဆက်

    July 25, 2013 at 8:51 pm

    ကြော်ငြာဝင်တာတော့ ဟုတ်ပါပြီ ။
    ဘယ်လို .. အကြောင်း အရာလေးလဲ..
    ဘယ်လို ထူးခြားတဲ ့ ရေးသားမှု လေးလည်း…
    အဲဒါလေးတွေလည်း..ထည့်ပြောဦးပေါ့နော်..။

    ဆိတ်ဝင်စားလို့ပါ ။
    😆

Leave a Reply