ဂဇက်တွေ့ဆုံပွဲ အကြို၊ အစ၊ အလယ်၊ အဆုံး ဓါတ်ပုံများ

Swal Taw YwetJuly 25, 20136min22434

ကိုကြီးမိုက် ရဲ့ အကြံပြုချက်အတိုင်း ဂဇက်တွေ့ဆုံပွဲနေ့က လက်ဆော့ထားခဲ့တဲ့ပုံလေးတွေနဲ့

Photo Essay လေးတစ်ပုဒ်ရေးပြပါရစေနော ၊ကြည့်ရှု အားပေးတော်မူကြပါကုန်။

၀၁- မနက် ၆း၅၄ ရွှေတိဂုံဘုရားကို လွှတ်တော်ရှေ့က ရိုက်ခဲ့တာ ကိုရွှေတိုက်အိမ်ကိုသွားနေတုန်းပေါ့။
ဝ၁- မနက် ၆း၅၄ ရွှေတိဂုံဘုရားကို လွှတ်တော်ရှေ့က ရိုက်ခဲ့တာ ကိုရွှေတိုက်အိမ်ကိုသွားနေတုန်းပေါ့။
၀၂- ရးဝ၄ ကိုရွှေတိုက်အိမ်မှာ ပစ္စည်းတွေတင်နေစဉ်
ဝ၂- ရးဝ၄ ကိုရွှေတိုက်အိမ်မှာ ပစ္စည်းတွေတင်နေစဉ်
၀၃ (က)- ရးဝ၅ကိုကြီးမိုက်ရဲ့ကားလေး သနားစရာနော်
ဝ၃ (က)- ရးဝ၅ကိုကြီးမိုက်ရဲ့ကားလေး သနားစရာနော်
၀၃ (ခ) ရး၅ရ ဟယ်လို တက်စတင်း ဝမ်း…တူး… သုံး… လေး..
ဝ၃ (ခ) ရး၅ရ ဟယ်လို တက်စတင်း ဝမ်း…တူး… သုံး… လေး..
၀၃ (ဂ) ၈း၁၄ ဦးဦးပါကလည်း အားကျမခံ
ဝ၃ (ဂ) ၈း၁၄ ဦးဦးပါကလည်း အားကျမခံ
၀၃ (ဃ) ၈း၅၄ သဂျီးပို့လိုက်တဲ့ လက်ဆောင်တွေသယ်လာပါပြီခင်ဗျာ၊
ဝ၃ (ဃ) ၈း၅၄ သဂျီးပို့လိုက်တဲ့ လက်ဆောင်တွေသယ်လာပါပြီခင်ဗျာ၊
၀၄- ၈း၅၆ မန်းဂဇက်သတင်းစာမှာ ပုံနှိပ်ဖေါ်ပြခြင်းခံရတဲ့ သူ့ကဗျာကို ကြည်နူးစွာဖတ်နေသူ
ဝ၄- ၈း၅၆ မန်းဂဇက်သတင်းစာမှာ ပုံနှိပ်ဖေါ်ပြခြင်းခံရတဲ့ သူ့ကဗျာကို ကြည်နူးစွာဖတ်နေသူ
၀၅- ၉း ဝ၃ တစ်ဦးချင်းစီရဲ့ နာမည်စတစ်ကာလေးတွေ စီစဉ်ခဲ့သူမှ ဖြန့်ဝေပေးနေတာလေ
ဝ၅- ၉း ဝ၃ တစ်ဦးချင်းစီရဲ့ နာမည်စတစ်ကာလေးတွေ စီစဉ်ခဲ့သူမှ ဖြန့်ဝေပေးနေတာလေ
၀၆- ၉း၄၂ ဗလာမပါကံစမ်းမဲ မဲလိပ်များစီစဉ်နေကြတာ
ဝ၆- ၉း၄၂ ဗလာမပါကံစမ်းမဲ မဲလိပ်များစီစဉ်နေကြတာ
၀၇- ၉း၅၈ လွတ်လပ်ပေါ့ပါးစွာ ဟိုဝိုင်းသွား ဒီလူနဲ့စကားပြော တင်းကြပ်မှုတွေမရှိတဲ့ တကဲ့ Gathering
ဝ၇- ၉း၅၈ လွတ်လပ်ပေါ့ပါးစွာ ဟိုဝိုင်းသွား ဒီလူနဲ့စကားပြော တင်းကြပ်မှုတွေမရှိတဲ့ တကဲ့ Gathering
၀၈- ၉း၅၉ ဟိုအရေးဒီအကြောင်း ပွင့်လင်းရင်းနှီးစွာဆွေးနွေးတိုင်ပင်
ဝ၈- ၉း၅၉ ဟိုအရေးဒီအကြောင်း ပွင့်လင်းရင်းနှီးစွာဆွေးနွေးတိုင်ပင်
၀၉- ၁ဝး၁၆ နောက်(၆)လ မှာ တတိယအကြိမ် တွေ့ဆုံပွဲကျင်းပနိုင်ဖို့ တာဝန်ကို ပခုံးပြောင်းယူလိုက်သူရဲ့ နှုတ်ခွန်းဆက်စကား
ဝ၉- ၁ဝး၁၆ နောက်(၆)လ မှာ တတိယအကြိမ် တွေ့ဆုံပွဲကျင်းပနိုင်ဖို့ တာဝန်ကို ပခုံးပြောင်းယူလိုက်သူရဲ့ နှုတ်ခွန်းဆက်စကား
၁၀- ၁ဝး၂ရ မမှီရဲ့ အိမ်အပြန်ပို့စ် မှ ပင်တိုင်ဇာတ်လိုက်လေး
၁၀- ၁ဝး၂ရ မမှီရဲ့ အိမ်အပြန်ပို့စ် မှ ပင်တိုင်ဇာတ်လိုက်လေး
၁၁- ၁ဝး၂၈ မှော်ဆရာ့ကြိမ်လုံးပျောက်ရခြင်းအကြောင်းရဲ့ ဇာတ်လိုက်ကျော်လေး
၁၁- ၁ဝး၂၈ မှော်ဆရာ့ကြိမ်လုံးပျောက်ရခြင်းအကြောင်းရဲ့ ဇာတ်လိုက်ကျော်လေး
၁၂- ၁ဝး၅၉ ဦးမျိုးသန့်တို့ထက် ဦးတဲ့သူတွေ ဒီမှာပါဗျို့ (သူတို့ထက် ဦးတဲ့သူတွေလည်းရှိသေးသနော်)
၁၂- ၁ဝး၅၉ ဦးမျိုးသန့်တို့ထက် ဦးတဲ့သူတွေ ဒီမှာပါဗျို့ (သူတို့ထက် ဦးတဲ့သူတွေလည်းရှိသေးသနော်)
၁၃- ၁၁း၄၁ အမေရိကား ကနေ ပို့ပေးလိုက်တဲ့ တကယ့် သတင်းစာတွေ ဝေငှဖတ်ရှုနေကြတာ ကြည့်ပါလေ ဘယ်လောက်လွတ်လပ်တဲ့ပွဲလေးလဲဆိုတာ ယုံပြီဟုတ်
၁၃- ၁၁း၄၁ အမေရိကား ကနေ ပို့ပေးလိုက်တဲ့ တကယ့် သတင်းစာတွေ ဝေငှဖတ်ရှုနေကြတာ ကြည့်ပါလေ ဘယ်လောက်လွတ်လပ်တဲ့ပွဲလေးလဲဆိုတာ ယုံပြီဟုတ်
၁၄- ၁၁း၄၆ Group photo ရိုက်မယ်ဆို ဘူဖေးစားပွဲ ရှင်းကြရွှေ့ကြ၊ ခုံတွေသယ်ခဲ့ ဝိုင်းကြဝန်းကြ
၁၄- ၁၁း၄၆ Group photo ရိုက်မယ်ဆို ဘူဖေးစားပွဲ ရှင်းကြရွှေ့ကြ၊ ခုံတွေသယ်ခဲ့ ဝိုင်းကြဝန်းကြ
၁၅- ၁၁း၄၆ လေးဆယ်ကျော်တွေပဲ ခုံမှာထိုင်ကြပါဆိုလို့ ပြန်ထပေးရတော့မယ့် ဥက္ကဌကြီး လူငယ်လေးတွေက နောက်ဆုံးမှာရောက်နေကြလေရဲ့
၁၅- ၁၁း၄၆ လေးဆယ်ကျော်တွေပဲ ခုံမှာထိုင်ကြပါဆိုလို့ ပြန်ထပေးရတော့မယ့် ဥက္ကဌကြီး လူငယ်လေးတွေက နောက်ဆုံးမှာရောက်နေကြလေရဲ့
၁၆- ၁၁း၄၈ ------x—x---x-----x-ခဏနှာစေးလိုက်ဦးမယ်---နော်ာ်ာ်xxxx)
၁၆- ၁၁း၄၈ ——x—x—x—–x-ခဏနှာစေးလိုက်ဦးမယ်—နော်ာ်ာ်xxxx)
၁၇- ၁၁း၅၄ မြန်အောင်မြို့မေတ္တာရှင်သွေးလှူအဖွဲ့လေးအကြောင်းနှင့် အကူအညီလိုအပ်နေမှုကို တင်ပြနေစဉ်  (ရွာသူားတို့ရေ ပြိုင်တူတွန်းသင့်တဲ့နေရာလေးတစ်ခုပါနော်)
၁၇- ၁၁း၅၄ မြန်အောင်မြို့မေတ္တာရှင်သွေးလှူအဖွဲ့လေးအကြောင်းနှင့် အကူအညီလိုအပ်နေမှုကို တင်ပြနေစဉ်
(ရွာသူားတို့ရေ ပြိုင်တူတွန်းသင့်တဲ့နေရာလေးတစ်ခုပါနော်)
၁၈- ၁၁း၅၆ “ ဆိတ်ရင်းဒူးရိုးကုလားအမြဲတမ်း” ဘယ်သူပါလိမ့်?
၁၈- ၁၁း၅၆ “ ဆိတ်ရင်းဒူးရိုးကုလားအမြဲတမ်း” ဘယ်သူပါလိမ့်?
၁၉- ၁၁းဝဝ အမှတ်တရကို အမှတ်တရ (ထမင်းစားချိန်လေး ရိုက်ယူထားလိုက်တာ)
၁၉- ၁၁းဝဝ အမှတ်တရကို အမှတ်တရ (ထမင်းစားချိန်လေး ရိုက်ယူထားလိုက်တာ)

မွန်မလေးလုံလုံ ရဲ့ ပို့စ်တွေကို အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်၊

ရွှင်လန်းချမ်းမြေ့ကြပါစေ၊ နောက် တစ်ကြိမ် ဆုံကြရအောင်လေ၊ပျော်ပျော်ပါးပါးပေါ့။

With respect,

Swal Taw Ywet.

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

34 comments

  • weiwei

    July 25, 2013 at 10:36 am

    အစ အဆုံး အမှတ်တရ ဓါတ်ပုံလေးတွေပြန်ကြည့်ရတာ အဲဒီနေ့ကို ပြန်ရောက်သွားသလိုပါပဲ ..

  • ကိုသု

    July 25, 2013 at 10:43 am

    အရင်တစ်ခေါက်ကလိုတစ်ယောက်နဲ့တစ်ယောက် ရှိန်မနေတော့ဘူး။

    • အလင်း ဆက်

      July 25, 2013 at 8:36 pm

      ဟုတ်တယ် ။
      ပိုပြီး .ရင်းနှီ း..ပိုပြီး.နွေးထွေး.လာတယ် ။

      ====================
      သားသား သတင်းစာဖတ်နေတဲ ့ ပုံလေး..ချောလိုက်တာ..။
      အမိအရ ရိုက်ယူတင်ပြပေးလ်ို ့..ကျေးကျေးပါ..ဦးဦးရေ..
      😆

  • Myo Thant

    July 25, 2013 at 10:44 am

    ဘူဖေးမှာ အနော်တို့ သားအဖထက်ဦးသူတွေ မိပဟ ၊ 🙂

    အားလုံးကို သတိရနေတယ်ဗျာ ၊

  • sein chu

    July 25, 2013 at 10:54 am

    တွေ ့ဖူး မြင်ဖူး ရင်းနှီးဖူးပြီး စကားတွေ ပြောနေကြသူတွေကို
    မတွေဖူး မမြင်ဖူး ရင်းနှီးချင်သူတွေကအားကျတယ်ဗျာ…….
    ကြိုးစားပါအုံးမည်…….။

  • လူကလေး

    July 25, 2013 at 11:14 am

    နာလည်းပါဘူးကွာ
    တောက်.. နာတယ်..
    နောက်တခေါက်ကျ နာ့ပုံချည်းပဲ ဖြစ်အောင် ရိုက်ပစ်မယ်… ဟွင်း..

    • Swal Taw Ywet

      July 25, 2013 at 11:26 am

      ဟဲ့ ဟဲ့ သေချာကြည့်ပါအုံးဟ။
      နံပါတ် ၁၃ နဲ့ ၁၄ မှာပါတယ်လေ၊
      ရိုက်ထားတာတွေ အများကြီးကျန်သေးတယ်၊ အခုတောင် သဂျီးကို အားနာလို့ရပ်ထားလိုက်ရတာ၊
      ပွဲတောင်းပါက ထပ်တင်ပေးမည်ဖြစ်ပါကြောင်း။
      With respect,
      Swal Taw Ywet.

      • kyeemite

        July 25, 2013 at 11:44 am

        ကိုရင်စွယ်တော်ရေ..ဓါတ်ပုံလေးတွေဝေဝေဆာဆာတင်ပေးတာကျေးဇူးပါဗျာ..
        ကျုပ်တော့သိပ်မရိုက်ဖြစ်လိုက်ဘူး…
        ဆိတ်ရင်းဒူးရိုးကုလားအမြဲတမ်း” ဘယ်သူပါလိမ့်?
        အဲဒါ..ယွဲစီ ပဲဖြစ်မယ်..ဖလက်ချ်ဂန်းကြောင့် အသားတောင်ဖြူလို့..

        • မဟာရာဇာ အံစာတုံး

          July 25, 2013 at 3:50 pm

          ဟဲဟဲ ..
          မဟာရာဂျာ အစွမ်းကတော့ ပြော မပြောဂျင်ဘူး …
          မည်းမည်းဂျီးကို ဖြူသွားအောင် ဖွတ်လိုက်နိုင်ဒယ် … :mrgreen:

          ဦးစွယ်တော်ရေ …
          ကြိုစလယ်ဆုံး ပုံလေးတွေကို အားပေးရင်း
          အတိတ်ကို လွမ်းလိုက်မိပါသေးရဲ့ဗျာ ..

  • kyeemite

    July 25, 2013 at 11:36 am

    ပုံနံပါတ် ၁၄ မှာ ဆံပင်နောက်ပြန်ကိုင်နေတဲ့ အနီကွက်ကလေးနဲ့တစ်ယောက်ဟာ“လူကလေး”ပေါ့

  • မှော်ဆရာ

    July 25, 2013 at 11:53 am

    ဆံပင်ညှပ်ဆရာ ကိုယ့်ဆံပင်ကိုယ် မညှပ်နှိုင်သလိုပဲ
    ဓါတ်ပုံဆရာဆိုတာလဲ ကိုယ့်ပုံကို သူများရိုက်ပေးမှ မြင်ရတာခင်ဗျ..
    ကျွန်တော်သိမ်းထားတာ နှစ်ပုံရှိပြီ..
    ကျွန်တော့်ပုံတွေအတွက် ကျေးဇူးဗျာ
    ပုံနဲနဲဆိုက်ကြီးတာလေး ကျေးဇူးပြုနှိုင်ရင် ကျွန်တော်စကားပြောနေတဲ့ပုံလေး ကျွန်တော့မေးကို ပို့ပေးပါ့လားခင်ဗျ

  • Ma Ei

    July 25, 2013 at 11:54 am

    Photo Essay လေးကြောင့်
    ပွဲနေ့ စဆုံး ကိုပြန်ကြည့်လိုက်ရပါတယ်…
    ပျော်စရာကောင်းသားနော်…

  • ပုံ (၈၀) ကျော် ကျန်သေးကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းရရှိထားပါသည်။

    အပိုင်း (၂) ကို စောင့်မျှော်နေပါသည်။

    ဒါနဲ့ ကိုမှော်ပြောတဲ့အကြောင်းလေးကို ပို့စ်လေးနဲ့ဖြစ်ဖြစ်၊ နောက်ပို့စ်မှာဖြစ်ဖြစ် ပြောပေးကြပါလားဟင်င်… အနော်ရေးတဲ့အထဲ မပါသွားလို့..

    လေးစားစွာဖြင့်
    လုံလုံ

  • Kyi Lwin

    July 25, 2013 at 12:36 pm

    ကြည့်ရတာ စိတ် ပျော်စရာလေးတွေပါပဲ။ မန်းရွာသူရွာသားများ ကျန်းမာပျော်ရွှင်အောင်မြင်ကြစေသောဝ်။

  • အရီးခင်လတ်

    July 25, 2013 at 12:48 pm

    မွန်မွန်ရဲ့ Post နဲ့ ကိုစွယ်တော်ရွက် ရဲ့ ဓာတ်ပုံလေးတွေ ပေါင်းလိုက်တော့ ကျွန်မတို့လဲ တက်ဖြစ်လိုက်တဲ့ ပျော်စရာပွဲလေးတစ်ပွဲ ဖြစ်သွားသမို့ ကျေးဇူးပါရှင်။ 😛
    အပိုင်း(၂) ကိုလဲ မျှော်နေပါတယ်။

  • manawphyulay

    July 25, 2013 at 12:48 pm

    ဘာပဲဖြစ်ဖြစ် မလာဖြစ်လိုက်ပေမယ့် ခုလို ပုံတွေစလယ်ဆုံး ကြည့်လိုက်တော့ ကိုယ်တိုင်ရောက်ရှိနေသကဲ့သို့ ခံစားရမိသွားပါတယ်။ တတိယအကြိမ်တွေ့ဆုံပွဲကိုလည်း မျှော်နေမိပါတော့တယ်။

  • kai

    July 25, 2013 at 3:27 pm

    ကင်မရာကြီးတကားကားတွေ့ရတာမို့.. ရိုက်ထားတဲ့.. ဗီဒီယိုပို့ပေးပါဗျို့…

    ဆိုတော့…
    ဘူဖေးက.. လူ၅ဝစာ..ကုန်သွားသလား..ဟင်င်င်… :mrgreen:

    • အရီးခင်လတ်

      July 25, 2013 at 4:06 pm

      သူကြီးတို့ ငြိမ်စပြုသွားတဲ့ ကန်ရေပြင် ကို ခဲ နဲ့ ပေါက်နေပြန်ပါပြီ ဗျို့။ 😆

  • ဦးဦးပါလေရာ

    July 25, 2013 at 3:58 pm

    ဒီပွဲမှာ မိသားစုလိုက် ကလေးတွေပါ ခေါ်လာတာကိုတွေ့ရတော့ ဝမ်းသာပီတိဖြစ်မိတယ်…။
    တကယ့်ကို မိသားစုဝင်တွေ ပြန်တွေ့ကြသလို ပုံဆောင်သွားတော့တာပေါ့…။
    ခိုင်ခိုင်ကိုတောင် သတိရလိုက်မိသေးတယ်..
    နောက်တစ်ပွဲဆို သားလေးကိုချီ သမီးလေးကိုလက်ဆွဲပြီးတက်လာဖို့ တိုက်တွန်းရမယ်…
    နောက်တစ်ပွဲမှာ ပင်တိုင်အခန်းအနားမှုးကြီးက ကလေးကျောပိုးပြီး အစီအစဉ်ကြေငြာနေမှာ မြင်ယောင်သေးတော့ ….
    🙂

    • ခိုင်ခိုင်က သမီးနှစ်ယောက်ရှင် ဆိုတာ ရွာထဲက ကာလသားတွေကို သတင်းပို့ပါတယ်.. အဟိ..

      • DEPARKO DEPARKO

        July 25, 2013 at 7:42 pm

        ဟေး တို့သိတွားပြီ ဒို့ကခေတ်ဟောင်းကာလသားကြီး ဟီဟိ

      • ဦးဦးပါလေရာ

        July 26, 2013 at 12:53 pm

        အဲ့ဒါ အခုမှသိတော့တယ်..
        အရင်က သူ့ကို ယောက္ခမ လို့ စနောက်နေတော့ သားလေးလို့ထင်ထားတာ…
        🙂

  • koyinmaung

    July 25, 2013 at 4:16 pm

    ကျုပ်တို့ကတော့ ဓါတ်ပုံလေးတွေကူးပြီး
    သိမ်းထားယုံဘဲတတ်နိုင်သေးတယ်ဗျို….
    ဓါတ်ပုံတွေတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
    videoဖိုင်များလိုချင်ပါသေးတယ်..
    ကူညီကြပါအုံး….

  • e tone

    July 25, 2013 at 4:44 pm

    ဒါ့ပုံဒေကျိဘီး … ဘူဖေးကို သုံးခါround မလို့ ကြံနေတဲ့ ….. ခေးမလေး တစ်ယောက်ကို သတိရထှာ … ။
    ယောက္ခမရီးမှော်ဆြာက မှတ်တမ်းထဲ ပါမှာကြောက်ရို ့ဒဲ့…. :mrgreen:

    • Nyein Nyein

      July 26, 2013 at 12:50 pm

      ဘယ်ခေးမလေးကို ပြောတာလဲသိဘူးနော်။ 🙄

  • KZ

    July 25, 2013 at 5:20 pm

    ပျော်ပျော်ကြီး ကြည့်ရှု အားပေး ရင်းးးးး
    အပျော်တွေ ထပ်ကူးသွားကြောင်းးးး 🙂 🙂

  • Ko chogyi

    July 25, 2013 at 6:19 pm

    ဒါဆိုကျွန်တော်လာတုန်းကရှိတဲ့ အဝါရောင်လေးက
    စွယ်တော်ရွက်ဝါလေးပေါ့

  • padonmar

    July 25, 2013 at 6:55 pm

    စွယ်တော်ရွက်ရေ
    အသက်ဝင်တဲ့ မှတ်တမ်းဓာတ်ပုံလေးတွေတွက် ကျေးဇူး အများကြီးတင်ပါတယ်။
    ကျမမှာ ကင်မလာကြီးတော့ပါပါရက်နဲ့ မရိုက်အားဘူး။
    ဟိုစားပွဲချထားလိုက် ၊ဒီစားပွဲချထားလိုက်နဲ့၊
    ရိုက်ချင်ပြီဆို ဘယ်ထားမိမှန်းမသိလို့ အန်တီဒုံ့ ကင်မလာ တွေ့ကြပါသလား ကြော်ငြာယူရတယ်။
    ပြီးတော့ မှောင်မဲမဲ ၃-၄ပုံပဲရတယ်။ တော်ချက်။
    ဆြာအုပ်သိရင် ဆူခံရမှာ။

    • kyeemite

      July 26, 2013 at 2:52 pm

      အာတီဒုံတို့ကတော့ မပြောချင်ပါဘူး
      အလုပ်တွေရှုပ်နေကြတဲ့အထဲ
      သူ့ကင်မလာပျောက်လို့
      ကူရှာပေးရတာနှစ်ခေါက်တောင်..ဟီဟိ :mrgreen:

  • Mr. MarGa

    July 25, 2013 at 8:18 pm

    ဒ့ါပုံ အားလုံးကို ကူးသွားပြီးတော့
    မသိချင်ယောင် ဆောင်နေသူတစ်ဦး မှ
    တင်တဲ့ပုံများကို အမှတ်တရ ကြည့်ရှုကာ ပြန်လည်လွမ်းဆွတ်နေပါကြောင်း :mrgreen:

  • ဦးကြောင်ကြီး

    July 26, 2013 at 8:15 am

    နောက်တဗွဲမှာ လတ်လတ်ဆတ်ဆတ် ငါးကင်စားချင်ရင်ပြောဗျို့… ရေထဲက ဖြူဖြူဖွေးဖွေး ရေဆးငါးဂျီးတဂေါင် ဖမ်းကင်ပေးမည်…။

    • ဂန္ဓာရီ ဆြာအုပ်

      July 26, 2013 at 9:08 am

      ငါးကင်မချားချင်ဘူး.. ငါးကင်မချားချင်ဘူး.ဖားကင်ပဲချားချင်တယ် ဟီဟိ
      ကြော်ချာကြီးပါလားကွယ်.. သများတို့ လာတုံးဂဒေါ့ အချိုရည်လေး တခွက်ပဲ သောက်လိုက်ရတယ်
      ဒီတခေါက် စပွန်စာ ကောင်းသကွယ်.. နောက်တခါ လာနိုင်အောင်လုပ်ရမယ်

  • Ma Ma

    July 26, 2013 at 1:32 pm

    တွေ့ဆုံပွဲဗားရှင်းတွေ အစုံတက်လာလို့ ပွဲမြင်ကွင်းနဲ့ အငွေ့အသက်ကို ရလိုက်တယ်။ 🙂

  • အလင်း ဆက်

    July 30, 2013 at 8:48 pm

    ၁၂- ၁ဝး၅၉ ဦးမျိုးသန့်တို့ထက် ဦးတဲ့သူတွေ ဒီမှာပါဗျို့ (သူတို့ထက် ဦးတဲ့သူတွေလည်းရှိသေးသနော်)
    ဆိုတဲ့ပုံကလေးကို..
    ပိုစ့်တစ်ပုဒ်မှာ…ထည့်ပြဖို ့…
    သုံးခွင့်ပြုပါလို ့..။
    ပုံထဲမှာ..ပါတဲ ့သူများနဲ ့…
    ရိုက်ကူးတင်ပြသူ…ကိုခွင့်တောင်းပါတယ် ။

Leave a Reply