ဆေးလိပ်ကို ဟန်ပါပါကိုင်

ငါထိုင်နေတဲ့အနားလာ

တစ်တို့လောက်ပါ တဲ့ ၊

သောက်တတ်ခဲ့ရင်ဆောင်ထား

နောင်များလည်း အဆင်ပြေသပေါ့

အခုတော့ငါ့ခမျာ ဆေးလိပ်ဆိုင်ပမာ

ဟိုလူလာ ဒီလူလာ

တစ်ခါ တစ်ခါ ပါသွား

မီးခြစ်များတွေလည်း မနည်းလှ

သတိရတော့ ခြစ်စရာမရှိ

ထွက်ရသည့် ဒေါသသာ အဖတ်တင်

ချစ်ကြင်လို့ အနားထားကာမှ

တစ်တို့လောက်သမားတွေနဲ့တွေ့

ပါသွားပြန်ပဟေ့နောက်တစ်ခါ

အားနာခြင်းတွေကို ဖယ်ခွာ

တကယ်ငါ ဆုံးဖြတ်လို့သာ

တစ်တို့လောက်ဆိုတာ သည်းခံပါ ။

 

4

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..