ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း ၆)

maungmoenyoAugust 1, 20101min651

ဖွဲံစည်းပုံအခြေခံဥပဒေနှင့်ရွေးကောက်ပွဲ

အမှန်တကယ်ပင်လိုအပ်ပါသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေသည်နိုင်ငံ၏အသက်သွေးကြောဆိုသည်မှာယုံမှားဘွယ်မရှိပါ။ သို့သော်မြန်မာနိုင်ငံ၏ အဆက်ဆက်သောအခြေခံဥပဒေတို့ကိုလေ့လာကြည့်ပါ၊ ဘယ်တခုမျှသက်ဇို့းမရှည်ခဲ့ပါ။ ဤ (၂၀၀၈)ကော။ ပိုဆိုးပါလိမ့်မည်။ လူကောင်းမဟုတ်သူတွေကရေးဆွဲထားသောဥပဒေဖြစ်သဖြင့်သက်တမ်းပိုတိုဘွယ်ရှိပါသည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက်ရေးဆွဲထားသည့်နည်းတူ၊ နောင်တနေ့တွင်၎င်းတို့ကပင်အကြောင်း အမျို့းမျိုးပြကာပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊နှုတ်ပယ်ခြင်းတို့ကို ထင်တိုင်လုပ်ကြမည်မှာဧကန်မုချပင်။ ပြီးခဲ့သောလမ်းစဉ်ပါတီခေတ်အတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်ဥပဒေအားလုံကိုသွားလေသူ ဗိုလ်နေဝင်းနှင့်သူ့အသိုင်းအဝိုင်းက (အများအားဖြင့်ဒေါက်တာမောင်မောင်)နှုတ်တိုက်ပေးပြီး၊ ပါတီဗဟိုကော်မီတွင်အပြန်အလှန်ဆွေးနွေးခြင်းပင်မမြင်ရဘဲနောက်တနေ့လွှတ်တော်တွင်ဥပဒေအတည်ဖြစ် သွားသည်။ (၁၉၄၈) အခြေခံဥပဒေတွင်မည်သို့ပင်အားနဲချက်များရှိသည်ဆိုစေကာမူ၊ ထိူစဉ်ကရှိခဲ့ သောပါလီမန်တွင်းတွင်နေ့မီးညမီးတို့နှင့်အကြေအလည်ဆွေးနွေးပြီးမှဥပဒေဖြစ်ရသည်။ ယင်းအခြေခံဥပဒေကားတခုတည်းသာရှင်ရိုသေလူရိုသေမည်ခဲ့သည်မဟုတ်ပါလား။ သို့ဆိုလျင်ဘာကြောင်ကွှန်တော်တို့အားလုံးအချိန်ကုန်ခံ၊လူပင်ပမ်းခံပြီးအနှစ်သာရမရှိ၊နိုင်ငံတကာနှင့်တတ်သိ ဥပဒေပညာရှင်အသိုင်းအဝိုင်းတွင်စိုးစဉ်းမျှထောက်ခံမှုမရသောဤအခြေခံဥပဒေနောက်သို့လိုက်နေကြသနည်း။ စစ်အစိုးရကားလူထုကိုနားလဲ့၍သူတို့လိုချင်ရာသို့ခေါ်ဆောင်နေသည်ကားထင်ရှားလှပေသည်။ သူတို့အကျိုးအမြတ်တခုတည်းအတွက် သန်း(၆၀) မျှသောလူထုကိုချောက်ထဲသို့ဆွဲခေါ်နေသည်ကိုမြင် အောင်ကြည့်ကြဘို့လိုပါသည်။ (၉၉%)သောပြည်သူလူထုအတွက်သေရေးရှင်ရေးတမျှနေ့စဉ်လိုအပ်နေသောဦးစားပေးအချက်(၃)ချက်ရှိပါ သည်၊

(၁) နေ့စဉ်ထမင်းနပ်မှန်ဗိုက်ဝရေး

(၂) နေ့စဉ်ထမင်းနပ်မှန်ဗိုက်ဝရေး

(၃) နေ့စဉ်ထမင်းနပ်မှန်ဗိုက်ဝရေး

ပြီးခဲ့သော (၁၉၉၀)ရွေးကောက်ပွဲတွင် NLD မှမဲအပြတ်အသတ်အနိုင်၇ရှိခဲ့သောအခြေအနေကိုအသေ အခြာလေ့လာပါက၊ ယခုလာမည့်ရွေးကောက်ပွဲနှင့်အကွာခြားကြီးကွာသောအချက်များကိုတွေ့ရပါမည်။

(၁) ထိုစဉ်ကလူထုတွင်မိမိဆန္ဒကိုအမှန်တကယ်ထုတ်ဖေါ်ခွင့်ရသော (၁၉၈၈)အရေးအခင်း၏အရှိန် အဝါရှိခဲ့သည်။ ယခုစစ်အစိုးရကပြင်းထန်သောဖိနှိပ်အရေးယူမှုများကလူထုကိုလှုပ်မရအောင် ချုပ်ကိုင်ထားသည်။

(၂) ထိုစဉ်အာဏာရလမ်းစဉ်ပါတီ (နှင့် “နဝတ”အစိုးရတို့တွင်) မိမိနိုင်နိုင်မည်ဟူသောထင်ကြေးဖြင့် မှားယွင်းသောတွက်ချက်မှုရှိခဲ့သည်။ ယခုစစ်အစိုးရကမဲလိမ်မှုအပါအဝင်မိမိအသာစီးရနိုင်မည့်ကြိမ်း သောပေါက်နည်းလမ်းအဆင့်ဆင့်ကိုကြိုတင်ပြင်ဆင်ထားသည့်အပြင်၊ မိမိအနိုင်၇ရှိရေူအတွက်မည်သူ့မျက်နှာမျှ (နိုင်ငံတကာအပါအဝင်) မထောက်ဘဲစည်းလွတ်ဘောင်လွတ်လုပ်ရန်ပြင်ဆင်ထားသည့် အပြင်တကယ်လည်းလုပ်မည့်အစီအစဉ်များအရံသင့်စီစဉ်ထားပြီးဖြစ်သည်။ (ပြီးခဲ့သော ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲတွင်ယင်းနည်းလမ်းဖြင့်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသက်သေထူခဲ့ပြီးဖြစ် သည်။)

One comment

  • Pyaung Gye

    August 1, 2010 at 3:09 am

    သွေးထွက်အောင် မှန်တယ်ဗျာ
    ပြည်သူတရပ်လုံးသိရှိနားလည်ရင် အမှန်တရားဘက်က
    မှန်ကန်စွာ ရပ်တည်နိုင်ပြီး
    စစ်မှန်တဲ့ ဒီမိုကရေစီရလာမှာဘဲ

Leave a Reply