ခပ်ရဲ့ရဲ့ဆွေး

လူကေလးJuly 25, 20131min33629

ခပ်ရဲ့ရဲ့ဆွေး

ကြွေ

ပွင့်ဖို့ရွယ် ငုံသမို့

ပင်ထက်မှာ ခေါင်းမော့လို့

နေခြည်နွေးနွေးကို သောက်သုံးပါပေါ့လား

ကြွေဖို့ရာ စောလွန်းလှတယ်လေ

မျှော်

တစ်ဖက်သက်ဆန္ဒတစ်ခု

ဆောင်းမြူကတောင် ကြည်ဦးမယ်

သူသိနိုးနိုး အတွေးရူးတာမို့

မျှော်ရတာလည်း မောတယ်မဆိုမိဘူး

လွမ်း

ဒဏ်ရာ နုနုလား

ခံရတာခြင်းတူတူ

ပေါက်ကွဲဒဏ်ရာက သာပါတယ်

လွမ်းရသူမှာတော့ ကျွမ်းရက်သား

ညီး

လေးသွဲ့သွဲ့သံနွဲ့နွဲ့

ပီတိမလွှမ်းညှိုးနွမ်းနွမ်းရယ်

မသာယာဘူး ပြောတဲ့သည်ကြားက

ညီးနေကျ သူ့နာမည် လှလှ

ဝေး

ကြုံစရာမရှိဘူးလေ ဒါပေမယ့်

ဆုံနေရတယ် ဘာကြောင့်ရယ်မသိ

အနီးဆုံးမှာနေရတယ် သူငယ်ချင်းရယ်

ဝေးရခြင်းကလည်း ကမာ္ဘခြားသလားကွယ်

 

လူကလေး

29 comments

  • သူကလေး

    July 25, 2013 at 12:03 pm

    ညီး

    လေးသွဲ့သွဲ့သံနွဲ့နွဲ့

    ပီတိမလွှမ်းညှိုးနွမ်းနွမ်းရယ်

    မသာယာဘူး ပြောတဲ့သည်ကြားက

    ညီးနေကျ သူ့နာမည် လှလှ

    ——
    အထက်ပါ စာသားတွင်ပါရှိသော “ညီး” ကို “ညည်း” ဟု ပြင်ဆင်ဖတ်ရှုပါဟု စာရေးသူ လူကလေးမှပြော .. ငိငိ
    ကဗျာဝင်ဖတ်တဲ့သူကို ရေးတဲ့လူကပြန်တောင်ခိုင်းနေသေး …

    ဘာဖစ်ဖစ် .. ဖတ်လို့ကောင်းတယ်ကွာ … ရမ်းမိုက်တယ် ချစ်မ 🙂

    • လူကလေး

      July 25, 2013 at 4:56 pm

      သိုင်းကျူး ညလေး..
      ကြုံတုန်းလေးခိုင်းလိုက်တာဘာအေ.. ဟိုကြိုးကြီးပျက်နေတော့ ဝင်မရဘူးအေ့

      • DEPARKO DEPARKO

        July 25, 2013 at 7:34 pm

        လူကလေးဆိုတော့ လူကလေးလားလို့ အခုတော့ သူကလေး က လူမလေးကိုး အို့ဟိုးဟိုး ဘဘသိသွားပြီ

    • အာဂ

      July 25, 2013 at 6:00 pm

      ကျုပ်လည်း ဝင် ဆရာလုပ်လိုက်ဦးမယ်… ဒီလို ယဲ့ယဲ့ က ပိုမှန်မလဲလို့….လေ..။

      ကဗျာအရေးအသားနဲ့ကတော့ သဘာရှိတဲ့ လက်ကောင်းတစ်ခုဖြစ်လို့ ကောင်းတယ်ဆိုတာထက်……ပိုလှပ ကြွရွနေတဲ့ ကဗျာလို့ပဲ ထင်မြင် မိပါတယ်။

      • လူကလေး

        July 25, 2013 at 8:06 pm

        အင်း
        သတ်ပုံမှားတဲ့ကဗျာပါလားနော်

        • နာလည်း အာ့ပြောမို့.. ကိုဂ ပြောတဲ့ သတ်ပုံ မှန်တယ်… ခပ်ယဲ့ယဲ့ဆွေး…

          ကဗျာလေးမိုက်ဒလယ်.. ပြခန်းက တောင်းနေတယ် မိန်းမ..တစ်ပုဒ်ပို့ပေးဦး.. 🙂

  • ကိုသု

    July 25, 2013 at 12:28 pm

    အားပေးသွားဘာဒယ်

    • လူကလေး

      July 25, 2013 at 4:56 pm

      ကျေးဇူးတင်ဘာဒယ်

  • Yan Nyein Thu

    July 25, 2013 at 12:58 pm

    တစ်ဖက်သတ်ဆန္ဒတစ်ခု
    ဆောင်းမြူကတောင် ကြည်ဦးမယ်
    သူသိနိုးနိုး အတွေးရူးတာမို့
    ထန်းပင်အောက်က ထန်းရေတောက်ရင်း စောင့်မယ်လူကလေးရေ….

    • လူကလေး

      July 25, 2013 at 4:57 pm

      လုပ်လိုက်လေ ကြာသလားလို့ …

  • kyeemite

    July 25, 2013 at 12:59 pm

    ခပ်ရဲ့ရဲ့ဆွေး
    အမှတ်တမဲ့လေး
    မရပ်နဲ့ဆက်တွေး
    မတတ်တတတ်နဲ့ရေးသွားတယ်ဗျို့ 😆

    • လူကလေး

      July 25, 2013 at 4:59 pm

      မိုက်မိုက်..
      အားပေးပြီး ဝင်ရောက် ရေးသွားတာ ကျေးဇူးတင်ပါ့ဗျာ

  • Myo Thant

    July 25, 2013 at 1:10 pm

    ဆွေး

    ရင်ဘတ်ထဲက ဝေဒနာ
    ကြေငြာရန်မသင့်ပေမယ့်
    ခက်လှတဲ့ ခံစားမှု အားပြုလို့ ငါ
    လှစ်ပြမယ်ဆိုကာမှ လက်ပြလို့သူပြေး
    ထားရက်ခဲ့ပြီလေး ။

    • လူကလေး

      July 25, 2013 at 5:00 pm

      ဦးမျိုးသန့်..

      အဲဒါလေးကြိုက်လို့ Copy ယူထားမယ် .. ခွင့်ပြုဘာခွင်လွှတ်ဘာ လို့

      • Myo Thant

        July 27, 2013 at 1:22 pm

        ကလေးသဘော ကလေးသဘောပါကွယ် 🙂

  • နွယ်ပင်

    July 25, 2013 at 1:41 pm

    ကြိုက်အိ ….. 😆
    ခေါင်းစဉ်နာမယ်လေးကို ပိုကြိုက်အိ …

    • လူကလေး

      July 25, 2013 at 5:01 pm

      ဟုတ်ရား.. ဘိုပြောရမရဲချိုတော့လေ..
      အဟီး .. ကျေးဂျူးလို့ .. ဂျကားကိုပီတော့ဝူးဂျာ..
      နေတတ်တော့ဝူး နွယ်.. ကိုယ်မနေတတ်တော့ဝူး..

  • မဟာရာဇာ အံစာတုံး

    July 25, 2013 at 3:40 pm

    ခပ်ရဲ့ရဲ့ဆွေး …
    ရေးသူ လူကလေး …
    ကြွေ .. မျှော် .. လွမ်း .. ညီး .. ဝေး ….။

    အလဲ့ .. ကဗျာ တစ်ပုဒ်တောင် ထွက်လာလိုက်သေး … ဟေဟေ့ .. :mrgreen:
    အားပေးတွားဘာဒယ် ကိုရင်လူဂလေးရာ …။

    • လူကလေး

      July 25, 2013 at 5:02 pm

      သိုင်းကျူး ဘာ
      ပီးဒေါ့ .. ကွန်ဂရက်ကျူးလေးရှင်းပါလို့ .. ဒါပဲ

  • ခင် ခ

    July 25, 2013 at 4:50 pm

    ဆွေး သည် အခက်
    ချစ် ပြီ တစ်သက်
    ဝေး မယ် မထင်ရက်
    လွမ်း တာ ဖြေမဆည်နိုင်ခဲ့။

    • လူကလေး

      July 25, 2013 at 5:03 pm

      ခုချိန်မှတော့ ပြေပါတော့ ခခ ရယ်..

  • Mr. MarGa

    July 25, 2013 at 7:41 pm

    ခပ်ယဲ့ယဲ့ ကျန်နေမှတော့
    ဆွေးတယ်ဆိုတာ မဆန်း
    တကယ်တမ်း ဖြစ်နေကျမို့
    ဂလိုပဲ ပြောမယ်
    ကြွေ .. မျှော် .. လွမ်း .. ညီး .. ဝေး ….။
    ဟီဟိ

    • လူကလေး

      July 25, 2013 at 8:10 pm

      ခံစားချက်တွေကိုမလှောင်ပါနဲ့ တဂျား ဟွင်း

      • Mr. MarGa

        July 27, 2013 at 1:14 pm

        မရေးတတ်တာကြောင့် ကြိတ်ကာ အားကျနေသူပါဗျို့

  • အလင်း ဆက်

    July 25, 2013 at 9:21 pm

    ခပ်ယဲ့ယဲ့လေး…ဆွေးနေတဲ ့..လူကလေး…
    မင်းရေးတဲ ့ကဗျာလေး…
    သွေးနွေးစွာ..ဖတ်သွားတယ်ကွယ်…

    • လူကလေး

      July 27, 2013 at 12:57 pm

      ကျေးဇူးကြီးပါပေ့အလက်ဆင်းရယ်

  • KZ

    July 27, 2013 at 1:25 pm

    ဒီမှာတော့ လွမ်းတာမှ ယဲ့ယဲ့ပဲ ကျန်တော့တယ်။ 🙁

  • ရဲစည်

    July 28, 2013 at 3:49 am

    ဒီကဗျာ၄ ကြိုက်တယ်ဗျာ …
    ကြုံရင် တားအတွက် ခပ်ယဲ့ရွဲ့ … မူး ဆိုတဲ့ ကဗျာလေး စပ်ပေးပါ ဂျီးဒေါ်

  • kyaw swar kaung

    July 28, 2013 at 4:30 am

    စာသားလေးတွေက နူးညံ့ပြီး လတ်ဆတ်တယ်ဗျ..။
    ကဗျာလေးကောင်းတယ်..။ ဆက်ရေးပါ..
    ကျနော်ကတော့…
    ဝေး …သွားလို ့ ညီး ..လွမ်းရင်း…မျှော်ပြီး… ကြွေနေတာ မဟုတ်လားလို ့…မေးချင်တာ..။

    ကျော်စွာခေါင်

Leave a Reply