“တူ တူ ပုန်းတန်း ကစားတာတော့မဟုတ်ပါ ဒါပေမယ့်ပုန်းခဲ့မိပါတယ်´´

ခင္ခJuly 25, 20131min30123

“တူ တူ ပုန်းတန်း ကစားတာတော့မဟုတ်ပါ ဒါပေမယ့်ပုန်းခဲ့မိပါတယ်´´

 

စားပွဲခုံဘေးနံရံမှာ ချိတ်ထားတဲ့ ပြက္ခဒိန်လေးလိုလှမ်းကြည့်မိရင်း ၈ ရက် ၈ လ တောင် ရောက်တော့မှာ ပါလားလို့ စိတ်ထဲရေရွတ်မိရင်း …………………….

“ဟေ့ကောင်တွေ မပြေးနဲ့ ရပ်၊ ဟေ့ကောင်တွေ မပြေးနဲ့ ရပ်´´

ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်းးးးးးးးးးး ဒုံး ဒုံး  ဝုန်း ဝုန်း ဝုန်းးးးးးးးးးးးး ဒုံး ဒုံး ဝုန်းဝုန်းဝုန်းးးးး ဖလပ် ဖလပ် ဝုန်းဝုန်း

“အပေါ်ဆက်တက်မယ်ကွာ´´

“အောက်ပြန်ဆင်းရင်ကော´´

“အောက်ပြန်ဆင်းရင် မင်းအဖေတွေက အောက်မှ ပြည့်နေမလားဘဲ´´

ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်းးးးးးးးးးး ဒုံး ဒုံး  ဝုန်း ဝုန်း ဝုန်းးးးးးးးးးးးး ဒုံး ဒုံး ဝုန်းဝုန်းဝုန်းးးးး

“အခန်းတံခါးတွေကလည်း တစ်ချပ်မှ မပွင့်ဘူးကွာ´´ ဒုန်း ဒုန်း ဝုန်း

“ဟုတ်ပ ပြေးလာတဲ့ တောက်လျှောက် ပြေးရင်းတွန်းတာဘဲ မရဘူးကွ´´

“ကျောင်းသူတွေမရှိဘူးလားမှ မသိတာ´´

“ဟေ့ကောင်တွေ မပြေးနဲ့ ရပ်၊ ဟေ့ကောင်တွေ မပြေးနဲ့ ရပ်´´

“အပေါ်တက်မယ်ကွာ´´

“အပေါ်မှာလဲ အခုလို အခန်းဖွင့်မရရင် ပိတ်မိမယ်ကွ ငါတော့အောက်ဘဲဆင်းမယ်´´

“မင်း အဖေတွေက အောက်မှဆို ပြည့်နေမှာကွ´´

ဒါပေမယ့် ဇော်ကြီးကတော့ အောက်ထပ်ကို ဆင်းပြေးသွားတယ်

“ဇော်ကြီး ဟေ့ကောင် ဘာလို့အောင်ဆင်းတာလဲ´´

“အပေါ်တစ်ယောက်တက်သွားတယ် တစ်ယောက်ဆက်လိုက်လိုက် ငါတို့နှစ်ယောက် အောင်ဆင်းတဲ့ကောင် ဆီဆက်လိုက်မယ်´´ ဆိုတဲ့ အမိန်ပေးသံကို ကြားခဲ့တာနဲ့ အရင်ကထက်မြန်သည်ထက်မြန်စွာ အပြေးလေး လာရင်း…

ဝုန်း ဝုန်း ဝုန်း ဒုံး ဒုံး ကျိ ကျိ ဒုန်း ဂျလောက်

“အမလေး အင်း အင် အင်´´

ရုတ်တရက် အခန်းဝင်ပေါက်တံခါးပွင့်ပြီး အမျိုးသားတစ်ယောက် အခန်းထဲရောက်လာတယ် ပြီးတော့ အခန်း ဝင်ပေါက်တံခါးချက်ချင်းပြန်ပိတ်ခါ သော့ပါခတ်လိုက်တော့ အခန်းထဲမှာ ရေချိုးပြီးခါစဆံပင်ဖီးနေတဲ့ မိန်းကလေး လန့်သွားပြီး အော်မယ်ပြုတာမို့ မိန်းကလေးပါးစပ်ကို လက်နဲ့ဖိပိတ်လိုက်ပြီ အမှုရာနဲ့ အသံမထွက် ဖို့( မိမိပါးစပ်ရှေ့ လက်ညိုးတစ်ချောင်ထောင်ပြခြင်း) ပြုလိုက်ရတယ်။ ပြီးမှ အနီးနားက ကုတင်အောက်ကို ခပ်မြန်မြန်တွားတွားဝင်ရင်း “ဘယ်သူမေးမေး ဝင်မလာဘူး မသိဘူးပြောပေးပါ´´ လို အသံဖွဖွလေးပြောကာ ကုတင်အောက်မှာ အမောဖြေ ဝပ်နေခဲ့မိတယ်လေ။

သိပ်မကြာသော အချိန်မှာတော့ ဒုန်း ဒုန်း ဒုန်း

“ အထဲမှာ လူရှိလား တံခါးဖွင့်ပါ´´

ကျိ ကျိ

“ ဘာလုပ်မလို့လဲ´´

“ခင်ဗျတစ်ယောက်ထဲလား ဘယ်သူဝင်လာသေးလဲ´´

“ဘယ်သူဝင်လာရမှာလဲ တံခါးဂျက်ချထားတာကိုး ဘာလို့လဲ´´

“ကျောင်းသားတစ်ယောက် ဒီအပေါ်ထပ်ကို ပြေးတက်သွားပြီး ကျုပ်အပေါ်ထပ်ရောက်တော့ မတွေ့ တော့လ်ို့´´

“အဲဒါတော့ ဘယ်သိမလဲ ဒါအမျိုးသမီး အဆောင်ရှင့်´´ ဂျိမ်း

ကျွန်တော်ထင်တယ် အခန်းထဲမိန်းကလေးကတစ်ယောက်ထဲ လုံထိန်းကလည်း တစ်ယောက်ထဲမို့ ဝင်မရှာ တာများလားလို့။

တံခါးပိတ်လိုက်သံ ကြားပေမယ့် ကုတင်အောက်က မထွက်သေးဘဲ အခြေအနေကို နားစွင့်နေတုန်းမှာဘဲ

“ကိုယ့်ဆရာ ဆင်းသွားလောက်ပါပြီ ထွက်ခဲ့လို့ ရပါပြီနော် ဪ နေအုံးနေအုံး ကတော့နော် ကုတင်ပေါ်က ခုနရေလဲထားတဲ့ ထမိန်လေးရုတ်လိုက်အုံးမယ်´´

အဲဒီတော့မှ လှမ်းကြည့်လိုက်တော့ ထမီတစလေးက တွဲလွဲလေးကုတင်မှာတွေ့ရတယ်။ အင်း ခုန ကုတင် အောက်တိုးဝင်တုန်းက လက်ကလေးနဲ့ဖယ်ယမ်းလိုက်တာ ဒီထမီဖြစ်မယ်ထင်တယ်လို့ တွေးရင်း ကုတင် အောက်ကထွက်ခဲ့ပြီး ကုတင်ပေါ်ထိုင်လိုက်တယ်လေ။

“ရှင့် တစ်ကိုယ်လုံးလဲ ချွေးတွေကြည်ဘဲ ကျွန်မ မျက်နှာသုတ်ပဝါပေးမယ့် သုတ်ရင်သုတ်ထားပေါ့´´ ဆိုကာ သူ့သေတ္တာထဲက မျက်နှာသုတ်ပဝါလေးထုတ်ပေးလို့ လှမ်းယူပြီး မျက်နှာ လည်ပင်းက ချွေးတွေသုတ်ရင်း

“ကျေးဇူးပါဘဲ အမိရယ်´´

“ဒါနဲ့ရှင်က ဘယ်ကလဲ´´

“မိန်း ကပါ´´

“ကျမက အီကိုကလေ´`

“ဇော်ကြီးတော့ လွတ်ပါ့မလား မသိဘူးလေ´´

“ဘယ်ကဇော်ကြီးလဲ ဒီအခန်းထဲ ရှင်တစ်ယောက်ဘဲ ဝင်လာတာပါ´´

“ဟုတ်တယ် သူက အောက်ထပ်ကို ပြန်ဆင်းပြေးသွားတာ၊ ကျွန်တော်က အပေါ်တက်ပြေးရင်း ဒီအခန်းထဲ ရောက်လာတာ အမိတို့အဆောင်က အခန်းတွေက ပြေးရင်း လှမ်းလှမ်းဖွင့်ကြည့်တာ ပိတ်ထားတာတွေ ကြည်ဘဲလေ´´

“တစ်ဆောင်လုံးမရှိကြတာများတယ်လေ ကျောင်းထဲရောက်နေကြမှပေါ့ ကျမတောင် ခေါင်းလျှော်ရေချိုး ချင်လို့ အစောပြန်လာတာ´´

အဲဒီအချိန်မှာဘဲ ဒုန်း  ဒုန်း လို့တံခါးခေါက်တွန်းသံကြောင့် အိပ်ယာအောက်သို့ ပုန်းရပြန်ပြီတစ်ခေါက်ပေါ့။

“ဟယ် မိနွယ် နင်ကို အီကိုက နင်အတန်းဘက်မှ ငါဝင်ရှာသေးတာ မတွေ့လို့စိတ်ပူပြီး အဆောင်ပြန်လာ နင်က ဒီရောက်နေတယ်လေ´´

“ရေချိုးခေါင်းလျှော်ချင်တာနဲ့ ရုတ်ရုတ်နဲ့အတန်းကို ဆရာလဲမဝင်တော့ ပြန်လာခဲ့တာ နင်ကော ပိတ်မိနေ သေးလား´´

“လုံထိန်းကားတွေ အဓိပတိလမ်းကိုဝင်လာတော့ ငါတို့တွေ RC က တရားဟောတာနားထောင်နေရင်း စာကြည်တိုက်ထဲ ဝင်ပြေးရတာအေ´´

“အလ် မေ့နေလို့ အကို ထွက်ခဲ့ပါ ရတယ်´´

အဲဒီတော့မှ ကုတင်အောက်က ပြန်ထွက်တယ်ဆိုရင်ဘဲ

“ဟဲ့ ဟဲ့ မိနွယ် သူကဘယ်သူလဲ ငါ နင်တစ်ယောက်ထဲရှိတယ်မှတ်နေတာ အဆောင်မှုးသိရင် အဆူခံရတော့ မှာဘဲ နင်ဘာတွေလျှောက်လုပ်နေတာလဲ´´

“သူငယ်ချင်းရယ် ထိုင်ပါအုံး နင်ကလည်း ဇွတ်ပြောနေ ဟို မှာအားနာစရာ´´

“ကျွန်တော်က မိန်း က နောက်ဆုံးနှစ်ကပါ RC ရှေ့မှာ တရားဟော လက်ကမ်းစာဝေတာ ဝိုင်းပြီးကူညီ လုပ်ပေးနေတုန်း ကျွန်တော်တို့အဖွဲ့ကို လုံထိန်းတွေဝင်ရောက်ဖြိုခွဲလို့ ထွက်ပြေးကြရင် အုတ်နံရံကျော်ပြီ ဒီ မာလာဆောင်ထဲရောက်တာထိဝင်ပြေးတာတောင် နောက်က လိုက်လာသေးလို့ အခန်းတံခါးတွေ ပြေးရင်းနဲ့ ပွင့်လိုပွင့်ညားတွန်းရင်း ဒီအခန်းထဲရောက်နေတာပါ´´

“ဒါဆို ရှင်အခုတော့ ထွက်လို့မဖြစ်သေးဘူး အဆောင်ဝင်ဝမှာ လုံထိန်းတွေရော စစ်သားတွေရောရှိနေတာ လောလောဆယ်တော့ ဒီမှာဘဲ နေအုံးပေါ့´´

“ကျွန်တော်က အမိတို့ကို အားနာတာပါ ထွက်လို့လဲ မဖြစ်သေးဘူးဆိုတော့´´

“ရှင်ထွက်လို့ရအောင်တော့ ကျမတို့ အခြေအနေကြည့်ပြီး ကူညီပါ့မယ် အခုတော့ ဒီမှာဘဲနေရင်း စကားပြော ကြတာပေါ့ ဒီနေ့ထွက်မရတော့လည်း ဒီည ဒီမှာဘဲ အဆင်ပြေသလို အိပ်ကြတာပေါ့´´

“မိနွယ် အဲဒါဆိုရင် ငါ တပတ်လှည့်ကြည့်လိုက်အုံးမယ် ဘယ်လို သူလွှတ်အောင်ကူရမလဲဆိုတာ´´

“အေးပါ မစပ်စုရေ´´

“ရှင်ဗိုက်ဆာနေလား လဘက်သုတ်စားမလား´´

“မစားနိုင်ပါဘူးအမိရယ် ရေတော့သောက်ချင်မိတယ်´´

“ရော့ ဒီမှာရေဗူး´´

ဒါနဲ့လှမ်းပေးတဲ့ ရေဗူးကိုယူပြီး ရေလေးအငမ်းမရမော့ကာသောက်ပေါ့

“ဒါနဲ့ ရှင်တို့က ဘာအတွက် တရားဟော ပန်းချီလက်ကမ်းကြော်ငြာတွေ ကမ်းလုပ်ကြတာလဲ´´

“အမိရယ် RIT မှာ ဖုန်းမော်တို့ သွေးမြေခခဲ့တယ် RIT နဲ့ RC2 ကျောင်းသားတွေ ချီတက်လာတာကို တံတားဖြူမှာ အသေအလဲ မဆလခွေးတွေက နှိပ်ကွတ်ခဲ့တယ်။ ဒါတွေကို ငါတို့ ခေါင်းငုံမခံနိုင်တော့ဘူး ငါတို့ရဲ့သွေးရဲရဲနီကြောင်း ငါတို့ခွတ်ဒေါင်း စိတ်ဓာတ်မာကြောင်း ပြကိုပြရမယ်၊ မဆလ အစိုးရကို အပြတ် ဖြုတ်ချနိုင်အောင်လုပ်ရမယ် အမိ၊ သူတို့ကတော့ ပုဇွန်ထုပ်နဲ့ ထမင်းစား ပဒုမ္မာဓာတ်ဗူးနဲ့ ရေနွေးလေးညိမ့်ကာ သောက်နေကြတဲ့အချိန် ဒို့ ပြည်သူတွေကတော့ လုံးတီးဆန်ကိုတောင် အနိုင်နိုင်စားနေရတဲ့ စုတ်ပြတ်သတ် နေတဲ့ ဘဝတွေ ဒါတွေကို တော်လှန်ဖို့ အချိန်ရောက်ပြီလေ´´

“ဒါနဲ့ဘာလို့ ထွက်ပြေးရတာလဲ´´

“အခုအချိန်မှာ ဒင်းတို့လက်ထဲ အဖမ်းခံရရင် ဆက်လက်လုပ်ချင်တာတွေ ဘယ်လုပ်ရတော့မလဲ အမိ၊ အလကားတော့ အဖမ်းမခံချင်ဘူးလေ´´

ဒုန်း ဒုန်း “မိနွယ် ငါပါ´´

“အေး အေး ´´ ဆိုပြီးတံခါးဖွင့်တော့

“အကို ကန့်တော့နော် အိပ်ယာအောက်ထဲဘဲ ပြန်ဝင်ပုန်းနေလိုက်အုံး မြန်မြန်´´

“ဘာလို့လဲ ဟ´´

“အခု အဆောင်မှုးနဲ့ ဆရာ ဆရာမတွေရယ် လုံထိန်းတွေရယ် အဆောင်က အခန်းတွေလိုက်ဖွင့်ပြီး ကြည့်နေ တယ် မိနွယ်ရဲ့ နင်နဲ့ငါနဲ့က ဟန်မပျက်စကားပြောနေကြမယ်လေ´´

ဒါနဲ့ဘဲ ကုတင်းအောက်သို့ ပုန်းရပြန်ပြီတစ်ခါ။

ဒေါက် ဒေါက် …….ကျိ ကျိ

“ဪ ဆရာမ´´

“အဆောင်မှုး´´

“သမီးတို့ နှစ်ယောက်ဘဲလား ဘယ်သူလာသေးလဲ´´

“သမီးတို့နှစ်ယောက်ဘဲဆရာမ ဘယ်သူမှမလာပါဘူး အပြင်မှာလဲ စစ်သားတွေနဲ့မို့ ဘယ်မှမသွားဘဲ စကားထိုင်ပြောနေတာ ဘာလို့လဲဆရာမ´´

“ဘာမှ မဟုတ်ပါဘူး ရုတ်ရုတ်နဲ့ တီချယ်တို့ လိုက်ကြည့်တာပါ ကိုယ့်အခန်းမှာဘဲနေကြနော်´´

“ဟုတ်ကဲ့ ဆရာမ´´

အဲဒီအချိန်မှာ နောက်ကပါလာတဲ့ လုံထိန်းတွေက အခန်းကို ဟိုဒီကြည့်တယ်လို့ သိရပါတယ် မိနွယ်ဆို သူကပြန်ပြောပြတာလေ။

“ဂျိမ်း´´ ဆိုပြီး တံခါးပိတ်ပေမယ့် ပြန်လှည့်များလာရင် အတွေးနဲ့ ကုတင်အောက်က မထွက်သေးဘဲ အမိနှစ်ယောက် ရဲ့ ဟိုဟို ဒီဒီ လှုပ်ရှားနေတဲ့ ခြေထောက်လေးတွေကိုဘဲ ကြည့်နေရုံမှတပါးအခြားမရှိပြီလေ။

 

 

စာဖတ်ပရိတ်သတ်ကြီးကျေးဇူးပါ။

ခင်ခ။

( ရှေးရှေးတုန်းကပုံပြင်လေး……………….)

23 comments

  • koyinmaung

    July 25, 2013 at 4:03 pm

    ကိုခင်ခ ဇာတ်လမ်းကပြီးသွားပြီလား….
    ကုတင်အောက်ဝင်ပုန်းနေတာ ကိုခင်ခ ထင်တယ်
    ဟုတ်တယ်မလား…..ပုံပြင်တွေဘာတွေလုပ်မနေပါနဲ့
    ဆက်ရေးလေဗျာ…စောင့်ဖတ်နေပါမယ်….

  • TNA

    July 25, 2013 at 4:36 pm

    ကိုခင်ခ ဒါပဲလား။ ဆက်ရန်ရှိသေးလား။ ဘယ်လိုလွတ်သွားလဲ။ ဆက်ပြောမှပေါ့။ စောင့်ဖတ်နေပါတယ်။ ကိုယ်တွေ့မှတ်တယ်။

    • ခင် ခ

      July 25, 2013 at 9:15 pm

      TNA ရေ အခန်းဆက်မဟုတ်သော အခန်းဆက်ပုံပြင်တော့ ဖြစ်ပြီထင်ပါရဲ့ဗျာ

      • TNA

        July 25, 2013 at 9:41 pm

        အများတောင်းဆိုမှု့နဲ့ အခန်းလေးဆက်ပေးပါကိုခင်ခရေ။ စိတ်ဝင်စားစရာအကောင်းဆုံးမှာမှ ဖြတ်ချခံရသဂိုး။ မျှော်နေပါမည်။

  • KZ

    July 25, 2013 at 5:16 pm

    အဲလို ပုန်းရရင်တော့ မသိ။

    တူပုန်းတမ်း ကစားရင်ကို
    ရှီးးးးးးးးးး ချင်တာရယ်။ :mrgreen:

  • ဒီလိုနဲ့ဘဲ ကူညီခဲ့တဲ့ အခန်းထဲက ကောင်မလေးနဲ့
    ခင်မင် တွယ်တာ သံယောဇဉ်ကြိုး ရစ်နှောင်တိုးခဲ့လေသလား

    • ခင် ခ

      July 25, 2013 at 9:09 pm

      မှန်းချက်တော့လွဲပါပေါ့ ကိုပေါက်ရေ
      ပုံပြင်ထဲမှာတော့ အဲဒီအခါဆုံပြီး ထပ်မဆုံကြပါဘူးဗျ

  • Mr. MarGa

    July 25, 2013 at 7:12 pm

    လေးခရေ
    ဆက်ရန်ရှိသေးသည် လို့ မှတ်သွားလိုက်မယ်နော်

  • အရီးခင်လတ်

    July 25, 2013 at 7:33 pm

    {{
    မဆလ အစိုးရကို အပြတ် ဖြုတ်ချနိုင်အောင်လုပ်ရမယ် အမိ၊
    သူတို့ကတော့ ပုဇွန်ထုပ်နဲ့ ထမင်းစား ပဒုမ္မာဓာတ်ဗူးနဲ့ ရေနွေးလေးညိမ့်ကာ သောက်နေကြတဲ့အချိန်
    ဒို့ ပြည်သူတွေကတော့ လုံးတီးဆန်ကိုတောင် အနိုင်နိုင်စားနေရတဲ့ စုတ်ပြတ်သတ် နေတဲ့ ဘဝတွေ ဒါတွေကို တော်လှန်ဖို့ အချိန်ရောက်ပြီလေ´´
    }}
    ကိုခ ရယ်
    မချိပြုံး ဘဲ ပြုံးသွားပါတယ်။

    အဲဒီအချိန်က အစိုးရ ရဲ့ အပေါ်ပိုင်း လူတွေ ထဲ မှာလဲ ပဒုမ္မာဓာတ်ဗူး ကြီး ရှေ့ထား၊ မိဘဆီက ပြန်လက်ဖြန့်၊ လုံးတီးဆန် နဲ့ နှစ်ပါးသွားနေတဲ့ လူတွေ အများကြီး ရှိနေခဲ့ပါသေးတယ်။
    အဲဒီအချိန်က လူတန်းစား ကွာခြား တာ Gap သိပ်မများ ပါဘူး။

    အခုချိန်မှာတော့ ယိုးဒယား၊ စင်္ကာပူ မှာ အပျင်းပြေ မုန့်သွားစား နေတဲ့ လူတန်းစား တွေ ကို ကြည့်ပြီး ထမင်းတောင် နပ်မမှန် နိုင်တော့ တဲ့ မိသားစု တွေ ကို အားနာတယ်။

    ရေးနေတာ တကဲ့ဇာတ်လမ်း ထင်ရဲ့။
    စိတ်ဝင်စားစရာဘဲ။

    • ခင် ခ

      July 25, 2013 at 8:59 pm

      အရီးကလည်း ရှေးရှေးတုန်းကပုံပြင်လေးပါ ဆိုမှ။
      ၈၈ မတိုင်ရောက်ခါနီးကာလ ကျောင်းသားလှုပ်ရှားမှုတွေမှာ အဖေက အဲဒီခတ်က နိုင်ငံတော်ကောင်စီဝင်
      သားသမီးက ဟောပြောမှုကို လျှပ်စစ်မီဖြတ်လိုက်တော့ အိမ်ကမီးစက်သွားမယူကာ ကူညီတာမျိုးတွေလည်း
      တွေ့ခဲ့ရတယ်လေ။ စနစ်ဆိုးကို ဘယ်လောက်စိတ်နာခဲ့လဲဆိုတာပေါ့ အရီးရေ

  • အလင်း ဆက်

    July 25, 2013 at 8:59 pm

    အင်းးး
    ဆက်ရန် ရှ်ိသေးမှာပါပဲ…
    ပြောမကုန်လောက်တဲ ့…ဇာတ်လမ်းတွေ…
    အဲဒီတုန်းက…ဖြစ်ခဲ့တယ်…တဲ ့။

  • ဦးကြောင်ကြီး

    July 26, 2013 at 9:37 am

    အနော်လည်း နောက်ကလိုက်လို့ ပြေးခဲ့ဗူးဒယ်… မြို့ထဲမှာရယ် ကမာရွတ်လှည်းတန်းမှာရယ်.. နောက်ပီး အခြားနေရာတွေမှာရယ်…. ပြေးဖူးတဲ့အကြောင်း နောက်မှ ပို့စ်တင်အုံးမယ်… လိုချင်တဲ့ ဓာတ်ပုံလေးတဗုံတော့ ရထားပီးပီ.. ဖီလင်မဝင်သေးလို့…

  • kai

    July 26, 2013 at 9:47 am

    ဂုဏ်ယူပါတယ်ဗျာ…
    တချိန်က.. ဒီလောက်လုပ်ခဲ့ကြလို့.. အခုဒီလောက်ရနေကြတယ်လို့..

    ဆိုတော့…
    မာလာဆောင်.. အဆောင်ခန်းထဲအထိရောက်ဖူးသူ.. ရှိဖူးခဲ့တယ်ပေါ့…။
    အံ့ဖွယ်သုတ….။

    • ခင် ခ

      July 26, 2013 at 12:51 pm

      သဂျီးကလည်း အံ့ဖွယ်သုတ လုပ်နေသေးတယ်၊
      ရှေးရှေးတုန်းကပုံပြင်ပါ ဆိုမှာဘဲ။

  • ဦးကျောက်ခဲ

    July 26, 2013 at 10:03 am

    ဘုန်းမော် အရေးအခင်းဖြစ်တော့…
    လှည်းတန်းဈေးရှေ့မှာ စည်ပင်က အမှိုက်သိမ်းတဲ့ လယ်ထွန်စက်ကို တွန်းလှဲပြီး၊
    လုံထိန်းရန်က လွတ်အောင်လုပ်ကြတာပေါ့၊ ဘသားချောများက အတင်းလိုက်ရိုက်လို့၊
    မိတ္တူဆိုင်ထပ်ခိုးမှာ ပုန်းဖူးတယ်ခင်ဗျ၊ မြန်မာလူမျိုးများ ချစ်ဖို့ကောင်းပါ၏…
    ဆက်ရန်တွေ လုပ်ပါဦး ဆြာခရယ်… :mrgreen:

  • Ma Ei

    July 26, 2013 at 1:03 pm

    ဟိုးရှေးရှေး ….
    ၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ် ပတ်ဝန်းကျင်မှာ….
    ဆန်တစ်ပြည် ၁၅ ကျပ်
    ဘဲဥတစ်လုံး ၁ကျပ်ခွဲ ဆိုတာ
    အမြင့်မားဆုံး ဈေးနှုန်းတွေ ဖြစ်ခဲ့ပါသတဲ့ကွယ်…

    • ဦးကျောက်ခဲ

      July 26, 2013 at 1:41 pm

      ဆန်တစ်ပြည် ၁၆ ကျပ် စိန်လွင် ခေါင်းကိုဖြတ် လို့အော်ခဲ့တာလည်း အမှတ်ရမိသေးတယ်။
      အင်း… အခုတော့…

    • ခင် ခ

      July 26, 2013 at 1:41 pm

      မအိရေ ဟုတ်ပဗျာ အခုပြန်ပြောရင် အခုခေတ်လူငယ်တွေက ပုံလာပြောတာလားလို့ မေးမှာပေါ့နော်။

  • ခင် ခ

    July 26, 2013 at 1:03 pm

    တူ တူ တော့ ကြာကြာမပုန်းနိုင်ဘူးပေါ့ ( http://myanmargazette.net/181511 )
    ဆက်ရန် ဖတ်ဖို့ ညွှန်းတာပါ။

  • မဟာရာဇာ အံစာတုံး

    July 26, 2013 at 1:16 pm

    ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်းးးးးးးးးးး
    ဒုံး ဒုံး ဝုန်း ဝုန်း ဝုန်းးးးးးးးးးးးး
    ဒုံး ဒုံး ဝုန်းဝုန်းဝုန်းးးးး
    ဟိုဘက် အခန်းကို ကူးတွားဘီဂျာ … :mrgreen:

    https://myanmargazette.net/181511

  • Wow

    July 26, 2013 at 1:57 pm

    ဟီး.. ဟိုဘက်ကမှ ဒီဘက်ပြန်လာဒါ….
    လပ်ဆင်းလေးတောင် မပါဝူး လေးခတို့ ညံ့သဗျာ… :mrgreen:

    • ခင် ခ

      July 26, 2013 at 2:56 pm

      “ဟီး.. ဟိုဘက်ကမှ ဒီဘက်ပြန်လာဒါ….´´
      ဆရာမ Wow တို့က အစိုးရထုတ်သတင်းစာကို နောက်ကနေအရှေ့ဖတ်တတ်တဲ့လေ့ရှိတဲ့သူ လားလို့ တွေးမိပါတယ်။
      ကျွန်တော်ဆိုရင် အဲလိုဖတ်တတ်တယ် ရှေ့ကခေါင်းကြီးပိုင်းသတင်းတွေထက် နာရေးတို့ ကြော်ငြာတို့ ပါတဲ့ နောက်စာမျက်နှာက ကိုယ့်အတွက် ပိုစိတ်ဝင်စား စရာမို့လေ။

  • kyeemite

    July 26, 2013 at 2:56 pm

    ဟိုဘက် အခန်းကို ကူးတွားဘီဂျာ … 🙁
    အန်စာရေ..နေအုံးဟေ့ ..ငါလည်းဟိုဘက်ခန်းလိုက်ခဲ့မယ်..

Leave a Reply