ကျွန်တော် အိမ်မပြန်ချင်ဘူး

အာဂJuly 25, 20131min35224

ကျွန်တော် အိမ်မပြန်ချင်ဘူး

အဖေ x
အမေ x
ကျွန်တော် x
ညီမလေး x
အစ်မ x

ကိုယ့်အတ္တနဲ့ ကို်ယ် ကြက်ခြေခတ်
မိသားစု တေးသွားက အသံကြောင်တယ်
ဂီတာ တစ်လက်က မိသားစု ဆိုရင်
ဘယ်တော့မှ ကြိုးမညီတဲ့ အိမ်
တစ်ယောက်တစ်သံနဲ့
ဘဝ ၅ ကြိုးလုံး လက်ခတ်လိုက်တိုင်း
သံစဉ် တစ်ခု ဖြစ်မလာဘူး…။

ကျွန်တော်လိုချင်တာက
ဘယ်နှကြိုးတီးတီး သာယာသံတစ်ခုပဲ ထွက်ရမယ်။
ဒါ….
မိသားစုပဲ။

Draft လုပ်ထားတာကြပြီ..။ မနေ့ကတင်လိုက်တာ ပေါ်မလာလို့ ပြန်တင်မိပါတယ်ခင်ဗျာ.။

24 comments

  • Yin Nyine Nway

    July 25, 2013 at 4:06 pm

    တိုက်ဆိုင်လိုက်တာဗျာ
    အိမ်ပြေးသီချင်းနားထောင်ရင် ငိုရတာကြီးပဲ

    အိမ်ကို လွမ်းတယ် ..ဒါ့ပေတိ မပြန်ချင်ဘူး…

    • အာဂ

      July 25, 2013 at 4:39 pm

      အိမ်မပြန်ချင်ဘူး သို့သော် မပြန်ရတာကြာတော့လည်း အိမ်ကိုလွမ်းတယ်။ အမေချက်ထားတဲ့ ဟင်းလေးကိုလွမ်းတယ်။ အဖေ့ ဆေးပေ့ါလိပ် နဲ့ ကွမ်းယာကိုလွမ်းတယ်…..။ နောက် အိပ်မက်မက်တိုင်း အိမ်ခဏခဏ ပြန်ရောက်တာ ကို ခံစားရတယ်။

      • Yin Nyine Nway

        July 26, 2013 at 10:14 am

        ဟင့်… ခု မဲ့မဲ့ ချက်တဲ့ ဆေးခါးဟင်းစားချင်တယ်
        ချက်ကျွေးမဲ့သူလည်းမရှိ 🙁

  • အရီးခင်လတ်

    July 25, 2013 at 4:16 pm

    ကြိုး တွေကို ညှိ ပေးနိုင်မဲ့ တီးနိုင် မဲ့ လက်တစ်စုံ ရှိဖို့ လိုမယ် မထင်ဘူးလား???? 😛

    ဂဂ ကဘာ လေးတွေ ကိုကြိုက်ပါတယ်။

    • အာဂ

      July 25, 2013 at 4:42 pm

      အင်း ကျွန်တော်အိမ်မှာနေတုန်းကလည်း အရီး ပြောသလို ကျွန်တော့်တို့ မိသာစု ရသမ်လေး မိဖို့ ကြိုးစားခဲ့ပါတယ်။ ဘယ်လိုမှကို ညှိလို့မရခဲ့ပါဘူး။ တစ်ခါတစ်ခါ တစ်တိုင်းပြည်လို့ မငြိမ်းချမ်းနိုင်တာ လုပ်ယူနေတာ ကိုစာနာတယ်။ ကိုယ့်မိသားစုတစ်ခုကိုတောင်မှ လုပ်လို့မရလို့လေ..။ အရီး အနော့ ကဗျာလေးကိုကြိုက်တဲ့အတွက် ဝမ်းသာမိပါတယ်။

  • မဟာရာဇာ အံစာတုံး

    July 25, 2013 at 4:39 pm

    ကြက်ခြေခတ်တွေ
    အမှန်ခြစ်နိုင်တဲ့ တစ်နေ့တော့ ရှိဦးမှာပါ ဆြာဂ …။
    ဘာဖြစ်ဖြစ် ဒီအတိုင်းကြီးတော့ မနေသေးပါဘူး ….
    လောလောဆယ် အိမ်မပြန်ဂျင်ရင် ကိုကမ်းဂျီးဆီကို ဂိုးဗျာ …။ :mrgreen:

    • အာဂ

      July 25, 2013 at 4:44 pm

      အသည်းကွဲ အံစာ တုံး….ဘယ်အချိန်ထခေါက်ခေါက် အချစ် က ဘူဂဏာန်းပဲ ကြနေတဲ့…သည်းကွဲသမားဂျီး…။ ကျွန်တော်က အခု အိမ်ခွဲနေတာလေဂျာ…ဘာရဲ ခင်ဂျားက ကျုပ်ကို အိမ်ပေါ်က ဆင်းခိုင်းနေတာလားဂျ..။ 😀

  • ရွှေတိုက်စိုး

    July 25, 2013 at 4:57 pm

    မိုက်တယ်ဗျာ ကိုအာဂ…
    တော်တော်လေးမိုက်တယ်…
    ဒါကဗျာဆိုတာထက် မိသားစုဘဝ လေးကို ဖော်ကျူးတဲ့ စာစုလေးဆို ပိုမှန်လိမ့်မယ်..
    မိသားစုတိုင်း သံစဉ်ညီမှ ပျော်ရွှင်တဲ့ ဘဝ လေးတွေ ဖြစ်တော့မှာပေါ့နောဗျာ..
    ကြိုက်သဗျာ……..

    ကဗျာကိုနော်………..ဟွန်.

    • မဟာရာဇာ အံစာတုံး

      July 25, 2013 at 5:02 pm

      ကျော် .. သံစဉ်ညီအောင် တီးခတ်နိုင်ဘာဒယ် …
      အဲ့ဒါ လာပေါဒါဘာ ဒက်ဒီတိုက် ..

      • ရွှေတိုက်စိုး

        July 26, 2013 at 10:04 am

        နီနာနဲ. သံစဉ်ဘယ်လိုမှမညီနိုင်ဘူး…
        ဘီယာသုံးခွက်လောက်ကို ပုဆိုးလျော့သောက်ရဒဲ့ အဆင့်နဲ.များ.. ယောက္ခမ တော်ချင်ရသေးတယ်လို……….. ဟွင့်

        • မဟာရာဇာ အံစာတုံး

          July 26, 2013 at 10:31 am

          မညီ ညီအောင် ညှိမှာပေါ့ ဒက်ဒီရယ် …
          ဘီယာ ကို ခွက်ပြိုင်မော့လို့ ရဒဲ့အဆင့်ရောက်အောင်
          လေ့ကျင့်ထားဘာ့မယ် … :mrgreen:

    • အာဂ

      July 25, 2013 at 5:21 pm

      တိုက်တိုက် တို့ကတော့ မိသားစု သုံးယောက်ဖြစ်တော့မယ်ဆိုတော့ ပျော့နေမှာပေါ့နော်….။ ပျော်စရာဂျီး..။ ဖေဖေတိုက်၊ မေမေအုပ်၊ မီမီး တိုက်တိုက်အုပ်အုပ်….ဘဝလေး သံစဉ်လှလှပပ ညီညာပါစေသတည်း..။

  • KZ

    July 25, 2013 at 5:28 pm

    ကားလေး စီးလို့ မင်းနဲ့ ကွယ် လျှောက်လို့ လည်မယ်၊
    အိမ်ကို မပြန်တော့ဘူးးးးး

    နောက်ကျတော့မှ မင်း ကိုယ့်ကို စိတ်ညစ်နေမလားးးးးးးးး
    သေချာပြန် စဉ်းစားးးးးးးးးးးးးး

    ဒီ သီချင်းးး သိလားးးးးးးး

    ကဗျာ ခေါင်းစဉ်ဖတ်ပြီးးးး သီချင်း ဆို ချင်သွားလို့။

    • Wow

      July 26, 2013 at 4:26 pm

      သိဒယ်… အိမ်သာဗိုလ် နဲ့ အမြွာလေးနှစ်ယောက်အဖေ ဆိုထားဒါ… 🙂

  • မောင် ပေ

    July 25, 2013 at 6:43 pm

    အိမ်း
    လူလေးမောင်အာဂ ရဲ ့ခံစားချက် ကဗျာထဲက မိသားစုမျိုး
    ဖိုးဖိုး လဲ မရခဲ့ပါဘူးကွယ်

  • Mr. MarGa

    July 25, 2013 at 7:31 pm

    မတူညီတဲ့ အသံတွေကို ပေါင်းစည်းလို့
    ငြိမ့်ညောင်းတဲ့ ဂီတသံစဉ်ကို ဖော်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း………..

  • အလင်း ဆက်

    July 25, 2013 at 8:57 pm

    ဂီတာ တစ်လက်က မိသားစု ဆိုရင်
    ဘယ်တော့မှ ကြိုးမညီတဲ့ အိမ်
    တစ်ယောက်တစ်သံနဲ့

    အမှန်ပဲ…။
    တစ်ခါတစ်ရံ..
    နားညီးတယ်…
    တစ်ခါတစ်ရံမှာတော့..
    နားညီးချင်တယ်…

  • ကိုသု

    July 26, 2013 at 11:30 am

    အံမယ်… အံမယ် ကြိုးညှိလို့မရဘူးဘာညာနဲ့ သူကြတော့ ကြိုးတစ်ချောင်းလုံးပျော့ခွေ ဇက်ကြိုးပြီး ရွဲ့စောင်းမှ အိမ်ပြန်တာကိုများ။

  • kyeemite

    July 26, 2013 at 1:45 pm

    အခုတော ဂဂ က
    ♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫ဂီတာတစ်လက် အရက်ကတစ်စည်
    မိန်းမလှလေးကတစ်ယောက်♪ ♫ ♬ ♭ ♮ ♯ ♫♫♫♫
    ဖြစ်နေတာမဟုတ်လားဗျ..ဟာဟ 😛

  • Shwe Ei

    July 26, 2013 at 4:08 pm

    တစ်သံထဲမထွက်ရင် သံစုံမြည်တီးဝိုင်းလို့ သဘောထားပေါ့ ကိုဂ ရဲ့

    အကောင်းမြင်ချင်ရင်လဲ ကို့စိတ်ဘဲ အဆိုးမြင်ချင်ရင်လဲ ကို့စိတ်ဘဲ

    လူ့ဘဝတိုတိုလေး…တွေ့နေရတုန်း မေတ္တာထားရတာ ခည 🙂

    • Wow

      July 26, 2013 at 4:29 pm

      ချွေအိလေးပေါသလို တစ်ယောက်တစ်မျိုးစီ ေ..ာက်အိုးစည် ဆိုတာ မကြားဘူးဝူးလား…
      အိုးစည်ဆိုတာ ဗမာ့ယဉ်ကျေးမှု 😛

    • အာဂ

      July 26, 2013 at 5:00 pm

      ဟွန့် ဒေါ်ဂျီးရွှေ…. ဘယ်တုံးက တရား ရသွားသတုံး…။ အဲကလို မေတ္တာ ထားလို့ဘဲ…။ နွေးနွေးထွေးထွေး မိသားစုလေးလိုချင်တာပေါ့ ဂျ..။ မေတ္တာ မထားမှတော့ ဟွန့်…သူလည်း တီးချင်ရာတီး..ကိုယ်လည်း က ချင်ရာကပေါ့ဂျ…။ ဝုတ်ဘူးရား..။

  • ကို ကိုလေး

    July 26, 2013 at 4:39 pm

    သံစုံညီညီ သာယာသံဖြစ်ဖို့ ကြိုးညှိတတ်ဖိုတော့လိုမယ်လေ။
    အဲဒီ ကြိုးညှိရမယ့်သူက တစ်ခါတစ်ရံ ကိုယ်ဘဲဖြစ်နေတတ်တယ်နော့။

Leave a Reply