သူရဲဝန်မင်းကိုတမ်းတခြင်း

DEPARKO DEPARKOJuly 25, 20131min15211

သတင်းတော့သတင်း သိမ်ဖျင်းတဲ့သတင်း ဖတ်ရတာမျက်စိကမရဲ ရင်ထဲကိုသံပူရေလောင်းချသလိုပ
ဘုရားဟောတော့ရှိသား လူသက်တမ်း ၁ဝ နှစ်သားမှာ လင်မယားလုပ် ငါးနှစ်နဲ့လူလုပ်မတဲ့
ကမာ္ဘပျက်လုနီးပါး မေတ္တာတရားခေါင်းပါးရာကနေ သံဝေဂတွေဝင် သီလစောင့်ထိန်းကြရာက လူ့အသက်ပြန်ရှည် အသချေင်္ရတန်းပြန်လေမတဲ့။
ဒါပေတည့်ဗျာ ၁၃နှစ်နဲ့အိမ်ထောင်ပြု နားထဲမှာခုလုခုလုနဲ့ မြန်မာနိုင်ငံအနောက်ဘက်ချမ်း လင်ယူတဲ့သက်တမ်း ၁၃နှစ်တဲ့ဗျ။
အခုတော့ဗျာ ကြားရတာနားဝမှာမလျှော် သူယုတ်မာတွေများ မှုခင်းဂျာနယ်သတင်းများမှာ ၅နှစ်ကိုတောင်မရှောင် အဲဒီတဏှာကောင်ကိုသင်းကွပ်
ရင်ဘတ်ကိုနှစ်ချမ်းခွဲ ဆားကြမ်းပက်ဖြဲလို့ နောက်လူတွေမရဲရအောင် သူရဲဝန်ကြီးကိုအသက်သွင်း သမ္မတမင်းခန့်လိုက်ချင်ရဲ့။

11 comments

  • sein chu

    July 25, 2013 at 8:08 pm

    ခပ်မြန်မြန်သာအသက်သွင်းစမ်းပါဗျာ…….
    မကြားဝန့် မနာသာရှိလို့ပါ။

  • Mr. MarGa

    July 25, 2013 at 8:19 pm

    ဆုတ်ကပ်………….. ဆုတ်ကပ်
    အဲသလိုပဲ ပြောရမလားမသိ…..

    • DEPARKO DEPARKO

      July 25, 2013 at 9:10 pm

      ပြတ်ပြတ်သားသား အရေးယူဘို့လိုနေပြီလေ အခု သတင်းတွေမှာ အရွယ်မရောက်သေးတဲ့ကလေးတွေကို အဓမ္မပြုတဲ့ သတင်းတွေကနေ့တိုင်းလိုလိုပါနေတယ် တစ်ချို့ဆိုရင်ကြားလို့တောင်မကောင်း ဖအေ သမီးခွေးဇါတ်ခင်းတဲ့သတင်းတွေ အဲဒါတွေဟာ လူ့ပါတ်ဝန်းကျင်မှာဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး
      ဒီလိုလူတွေကို ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူတဲ့သတင်းတွေတော့ မကြားရသေးဘူး အရေးယူတဲ့သတင်းဘဲဖတ်ချင်တယ် ဥပမာ သေဒါဏ်ပေးလိုက်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့

  • အလင်း ဆက်

    July 25, 2013 at 8:38 pm

    ဒါဆို..
    ဆုတ် ကပ် ကို…
    ဆက် ကုပ် မထားဖို ့ လိုပြီပေါ့နော် ။
    😆

  • KZ

    July 26, 2013 at 8:27 am

    ဟုတ်ပါ့။
    တစ်ခါတစ်လေ လူဖြစ်တဲ့ ဘဝမှာ လူမဆန်တဲ့ သူတွေ လူ အဖြစ်ကနေ ရပ်တမ်းက ရပ်ပေးလိုက်ဖို့ကောင်းတယ်။

    .
    .
    .
    ..

    အန်။
    စောစောစီးစီး အကုသိုလ်တွေ တွေးမိပြန်ပြီ။

  • ဦးကြောင်ကြီး

    July 26, 2013 at 8:49 am

    ဂေဇက်သာဂျီး လျှာပွတ်ခိုမ်ဃဒေါ့ ငယ်ဒုံးရွယ်ဒုံး အပြတ်သုံးတဲ့… ကာမစည်းစိမ် ရဂဲသဒဲ့… အမယ်လေး သာဂျီးရဲ့ ဖြစ်ပျက်နေဒါတွေ လာကြည့်လှဲ့ဗာအုံး.. ဟုံး.. ဟုန်း… 😡

  • မဟာရာဇာ အံစာတုံး

    July 26, 2013 at 11:31 am

    နောက်ပိုင်း မှုခင်းတွေထဲမှာ
    အရွယ်မရောက်သေးသူတွေကို ကျူးလွန်တဲ့ မုဒိမ်းမှုတွေ
    များလာတယ် …
    ဒီအမှုက အတော် ယုတ်မာတဲ့ အမှု ….
    ဒါကို လျှော့ချနိုင်အောင် ဟိုလိုကား ဒီလိုကားတွေ လိုက်ဖမ်းခဲ့ပေမယ့် …
    ဒုံရင်းက ဒုံရင်းပဲ …
    တစ်ခုခုတော့ ထပ်လုပ်သင့်တယ် …

  • kyeemite

    July 26, 2013 at 1:50 pm

    အရွယ်မရောက်သေးသူတွေကို ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို
    ထိရောက်မှတ်လောက်တဲ့ အပြစ်ဒဏ်ပေးသင့်တယ်…. 👿

  • koyinmaung

    July 29, 2013 at 9:29 pm

    သောက်မြစ်ကပ်ဘို့အကောင်းဆုံးအမှု့
    ..ခေါင်းစဉ်တွေ့တာနဲ့မဖတ်ဘူး..
    …….မျက်စေ့ရှက်စရာ……..

  • စိတ္တဇကြောင့်ဖြစ်ဖြစ်
    စိတ်ထလို့ဖြစ်ဖြစ်
    ဒီလိုအရွယ်မရောက်တဲ့ကလေးကို ကျင့်ကြံသူကတော့ သေဒဏ်တောင်မှရိုးရိုးမဟုတ်ဘဲ
    လူမြင်ကွင်းမှာ မှတ်လောက်သားလောက် ကြိုးပေးပြီးသတ်သင့်ပါတယ်။

  • uncle gyi

    July 30, 2013 at 12:30 am

    ဘောင်းဘီပေါင်ရင်းရောက်
    ကျောကွဲ ရင်ကွဲ အကွဲပေါင်းစုံနဲ့
    မြန်မာရဲ့တဘက်နိုင်ငံအရောက်
    ခင်ဗျာတို့ဆီမှာဒီလိုမှုခင်းတွေမဖြစ်ဖူးလား
    မေးကြည့်တော့
    ဖြစ်တာပေါ့ဒါပေမဲ့နည်းတယ်
    ဘာဖြစ်လို့ဆိုတော့
    ဖြစ်ရင်သေဒါဏ်တဲ့

    မြန်မာမှာဒီနေ့သတင်းဖတ်ရတာ
    အုပ်စုဖွဲ့မုဒိန်းကျင့်
    အပြစ်ချသတဲ့
    ပြစ်ဒါဏ်အများဆုံး၃ နှစ်တဲ့
    ကျန်သူများ၁ နှစ်ခွဲတဲ့

    အမေကပြောဖူးတယ်
    ဂျပန်ခေတ်အိမ်တံခါးဖွင့်အိပ်လို့ရသတဲ့
    ဓါးပြမိရင်သေဒါဏ်
    သူခိုးမိရင်လက်သည်းခွါသေရိုက်သတဲ့

Leave a Reply