အဖေတို့သမီး အသက်၃၀

 

အသက်၃ဝ အကြောင်းကိုစဉ်းစားမိတိုင်း စိတ်ထဲမှာ နောက်ကျိကျိဖြစ်သွားတတ်တာ ၂၈နှစ်ကျော်လာကတည်းကစလို့ပဲ။

ကျန်ခဲ့တဲ့အသက်၁ဝနှစ်၊၂ဝပြည့်ခဲ့တဲ့အချိန်တွေဟာ မသိလိုက်မသိဘာသာ ကျော်ဖြစ်လာခဲ့ပေမယ့် ဒီအသက်၃ဝဆိုတာကြီးကျတော့

လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက ကြိုစိုးရိမ်နေတာ တရားမရှိတဲ့ပုံစံ ဖြစ်နေတာကိုလည်း ရှက်မိပါတယ်။

 

အသက်၃ဝဆိုတဲ့အရွယ်ဟာ ကျွန်မတို့နိုင်ငံအနေနဲ့ဆိုရင် အခုမှအလုပ်စ လုပ်ချင်တဲ့လူတွေ အတွက် တော်တော်ခက်ခဲသွားပြီ။အိမ်ထောင်ပြုချင်ပါပြီဆိုတဲ့

အပျိုတွေအတွက်ဆိုရင်ကော သိပ်ရွေးဖို့ အဆင်မပြေတော့ဘူး ဆိုပြီး ကျွန်မနဲ့မဆိုင်တာတွေတွေးပြီးတော့လည်း ပူလား ပူရဲ့။

၂၉ပြည့်ပြီးချိန်မှာတော့ ငါ၃ဝပြည့်တော့မယ်။ပြည့်တော့မယ်နဲ့ လူတကာကို ညည်းပြနေမိပြန်ရော။အဲ့ဒီလို တွေညည်းနေရင်းနဲ့လည်း

ငါတော်တော်တရားမရှိတဲ့မိန်းမပါလားလို့လဲ တွေးနေမိသေးသား။

 

ပိုဆိုးတာက အခုလို ၃ဝပြည့်မယ့် လကျမှ ဖျားလိုက်တာကခဏခဏ။အအေးလေးနည်းနည်းမိရုံနဲ့ နှာချေ၊ နှာချေရာက ချောင်းဆိုး ဖျား။အဲ့ဒီတော့

ငါအသက်ကြီးပိုင်းထဲဝင်လာလို့ ချူချာလာပြီလားလို့ ဖြစ်ပြန်ရော။

ဖျားနေရင်းက ဖေဖေကြီးရေ၊ဖေဖေကြီးရေနဲ့ အော်ညည်းနေမိချိန်တွေကျတော့လည်း ကိုယ့်အရွယ်ကိုယ်မေ့ပြီး ကိုယ့်ကိုယ်ကို

ကျန်ခဲ့တဲ့ နှစ်ပေါင်းများစွာဆီ ပြန်ရောက်နေသလိုလို ခံစားမိပြန်ရော။

ကျွန်မဘေးမှာ “မင်းဒင်ရဲ့သက်ခိုင်”စာအုပ်ကြီး ဖတ်ပြီး ထိုင်စောင့်ပေး နေတဲ့ ကျွန်မချစ်သူက

“ဖေဖေကြီးရေ”လို့ တစ်ချက်အော်လိုက်တိုင်း ကျွန်မလက်ကိုလာကိုင်ရင်း “ဟေ..ဟေ”နဲ့လှမ်းထူးပေးတဲ့ အခါ

ကျွန်မစိတ်ထဲ တကယ့်အဖေလိုပဲ ခံစားနေရပြန်ရော။

ကျွန်မ ဖျားနာပြီဆိုရင် ကျွန်မပါးစပ်ကအော်ညည်းလောက်အောင် သတိရတတ်တာ ကျွန်မရဲ့အဖေတွေပါ။

အဖေတွေဆိုတာက ကျွန်မရဲ့ဘဘ၊ကျွန်မရဲ့ဖေဖေနဲ့ကျွန်မခင်ပွန်းတို့ပါပဲ။

 

  • ဘဘ

ကျွန်မဘဝမှာ ၆နှစ်သမီးလောက်ကစလို့ ၁၁နှစ်ကျော်တဲ့အထိ မိဘနဲ့ခွဲပြီး သွားနေခဲ့တဲ့ ကျွန်မအမေရဲ့အစ်ကိုရှေ့နေကြီး ဘဘဟာ

ကျွန်မရဲ့အဖေ။(အခုတော့ဆုံးသွားတာ ၅နှစ်လောက်ရှိပါပြီ)

ကျွန်မတို့ညီအစ်မတွေထဲမှာ ကျွန်မကိုမှ ရွေးပြီးအချစ်ဆုံးဖြစ်သလို ကျွန်မလိုသမျှ တစ်ချက်မှမငြင်းပဲ ဖြည့်ဆည်းတတ်ခဲ့တယ်။ကျွန်မဆယ်တန်းဖြေတဲ့ညတိုင်း

ကျွန်မစာကျက်တဲ့နားမှာ ကုတင်ချပြီး မုန့်မျိုး စုံနဲ့ စောင့်ကြည့်ပေးခဲ့ရှာတယ်။ကျွန်မကိုအပြစ်ပြောတဲ့လူတိုင်းကို တရားခံတွေကြောက်တတ်တဲ့ သူ့ရဲ့

မျက်လုံးပြူးကြီးနဲ့ဟောက်ပြစ်တတ်တယ်။ ရနှစ်သမီးလောက်တည်းက သူ့ပေါင်ပေါ်တင်ပြီး ကားမောင်းခိုင်းခဲ့တယ်။(ကျွန်မကားမမောင်းတတ်ခဲ့ပါ)

တရားရုံးကနေအလုပ်ထွက်ပြီး စီးပွားရေးတွေစုံအောင်လုပ်နေတဲ့ကာလတစ်လျှောက်မှာလဲ မအားတဲ့ကြားက ကျွန်မဝေယျာဝိစ္စမှန်သမျှကို

သူကော၊သူ့အလုပ်သမားတွေပါ ဝိုင်းဝန်းဖြည့်ဆည်းခဲ့ကြလို့ ကျွန်မညီအစ်မတွေကြား အားကျစရာဖြစ်ခဲ့ရတယ်။

မောင်နှမတွေကြား ထူးခြားအလိုပြည့်စွာကြီးပြင်းလာရအောင် အရာရာကိုဖြည့်စွမ်းပေးခဲ့တဲ့ ကျွန်မရဲ့ အချစ်ဆုံးတွေထဲကတစ်ယောက်ဖြစ်တဲ့ ကျွန်မဘဘရယ်ပါ။

အခုတော့ ဘဘဆုံးသွားခဲ့တာ ၅နှစ်ရှိပြီ။

ဒါပေမယ့် ကျွန်မနှလုံးသားထဲမှာတော့ အမြဲရှင်သန် တမ်းတ အားကိုးနေရ ဦးမယ့်အဖေကြီးတစ်ယောက်က ရှိနေဆဲပါပဲ။

 

  • ဖေဖေ

 

ကျွန်မတို့ညီအစ်မတွေနဲ့မောင်လေးအပေါ် အချိန်တိုင်းစိတ်မချပူပင်စွာ ရှိနေတတ်တဲ့ဖခင်ကောင်း ကြီးတစ်ယောက်ပါ။ကျွန်မတို့မောင်နှမတွေငယ်ငယ်လေးကတည်းက

လုပ်ငန်းကိစ္စ ခရီးထွက်တိုင်း ငါ့သားသမီးတွေပါ ရောက်ဖူးအောင်ဆိုပြီး မိန်းမနဲ့ကလေးတွေတပြုံကြီးကို ရထားနဲ့ရအောင်တင်ခေါ်သွား

တတ်တဲ့ဖေဖေရယ်ပါ။ကျွန်မတို့နေထိုင်မကောင်းတိုင်း မေမေကခပ်အေးအေးနေတတ်သလောက် ပူပန်ပျာ ယာခတ်နေတတ်တယ်။

ကျွန်မတို့ကလည်း ဘာလေးပဲဖြစ်ဖြစ် ဖေဖေရေ၊ဖေဖေရေသာ တ,တတ်ကုန်တော့တာပေါ့။

သွားကိုက်လဲဖေဖေ၊ဗိုက်အောင့်လဲဖေဖေ၊ချော်လဲလည်းဖေဖေ၊အခက်အခဲမှန်သမျှ ဖေဖေကချည့်ဒိုင်ခံပါ။

ကျွန်မတက္ကသိုလ်ကျောင်းသူဘဝ ဒုတိယနှစ်မှာပေါ့။

ကျွန်မလက်ကဖျံမှာ မွေးကျွတ်နာကအစပြုလို့ ခွဲရတဲ့အထိဖြစ်ပါလေရော။ဆေးခန်းက ကျွန်မတို့အိမ်ရှေ့ဆိုင်ခန်းတင်ပါ။

လက်ကိုစားပွဲပေါ်တင်ပြီးဒေါက်တာမကခွဲတော့

ကျွန်မက ခုံမှာထိုင်နေရင်း ကျွန်မရှေ့မှာ ပိတ်ရပ်ပေးထားတဲ့ဖေဖေ့ကို ကျန်တဲ့လက်ကော၊ခြေထောက်တွေနဲ့ပါ ကျစ်နေအောင်ဖက်ပြီး အော်တာ ရပ်ကွက်ထဲက

ကလေးတွေပါ လာဝိုင်းအုံကြည့်ကြတဲ့အထိ။

အဲ့ဒီအချိန်မှာ ကျောင်းကသတင်းလာမေးတဲ့ ကျွန်မသူငယ်ချင်းတွေပါ တွေ့ပြီး ဘယ်ပြောကောင်းလိမ့်မလဲ။

အဲ့ဒီလောက် ဖေဖေ့ကိုအားကိုးခဲ့ရတဲ့ကျွန်မပါ။

အခုဆိုရင် ဖေဖေကြီး ၆၂နှစ်ပြည့်ခဲ့ပြီ။”ကိုသော်ကသိပ်ချောတဲ့လူဗျာ” လို့အများတကာကချီးမွမ်းခံခဲ့ရတဲ့ဖေဖေ..

အခုအချိန်ထိကျွန်မမျက်စိထဲအချောဆုံးယောကျာ်းတစ်ယောက်အဖြစ်ရှိနေတုန်းပါ။ သူ့သက်တမ်းတစ်လျှောက် ဝန်ထမ်းဘဝကို ငယ်ငယ်လေးနဲ့ဆေးပင်စင်ယူလိုက်ပြီး

သားသမီးတွေပညာရေး အတွက် လုပ်ခဲ့ရတဲ့စီးပွားရေးလုပ်ငန်းက မရေတွက်နိုင်အောင်ပါပဲ။

ငပိပွဲရုံ၊မုန့်ဟင်းခါးဖို၊တရုတ်မုန့်ဖုတ်လုပ်ငန်း၊စက်ဘီးအပိုပစ္စည်းဆိုင်၊ပဲကြော်ပဲလှော်နဲ့လ္ဘက်ခြောက်ဖို၊အုတ်ဖုတ်လုပ်ငန်း၊သစ်စက်၊ဆန်ပွဲရုံ၊အစိုးရဆီကကားရထားငှားဆွဲ၊ဟိုင်းလတ်ကားထောင်၊ကုန်ကား

အစရှိသဖြင့် ကျွန်မမှတ်မိသလောက်လုပ်ငန်းတွေနဲ့ ကျွန်မ မသိခဲ့တဲ့လုပ်ငန်းတွေ။

ဖေဖေဘာလို့ဒီလောက်တောင် လုပ်ငန်းတွေပြောင်းလုပ်သွားတာလဲလို့မေးလိုက်တိုင်း၊

“အဆင်ပြေရင်တော့ ဖေလဲဘယ်ပြောင်းပါ့မလဲသမီးရယ်အရုှံးတွေပေါ်ပေါ်သွားလို့ ကောင်းမယ်ထင်တာတွေထပ်ထပ်ပြောင်း သွားရင်းနဲ့ ဒီလောက်စုံကုန်တာပေါ့”

လို့ချည့်ဖြေတတ်တယ်။

ကျွန်မတို့အားလုံးဘွဲ့ဓာတ်ပုံတွေချိတ်ပြီးချိန်မှာတော့ ဖေဖေဟာ အကျိုးမပေးရှာတဲ့သူ့အလုပ်သမားတွေနဲ့ သူ့လုပ်ငန်းတွေကို

စွန့်ပစ်လိုက်တော့တယ်။လုပ်ငန်းတွေက ပေးခဲ့တဲ့အဆိုးရလာဒ်အကြွေးတွေကို ကျေအောင်ဆပ်ပြီးနောက်

အခုဆိုရင် ဖေဖေနဲ့မေမေဟာ ပီစီအိုဖုန်းလေးအိမ်ရှေ့ချလို့ကျွန်မရဲ့အထက်က ကျွန်မအစ်မ

အပျိုကြီးရဲ့အရာရှိလစာလေးနဲ့ မောင်လေးရဲ့လစာကိုမှီခိုသူတွေ ဖြစ်လို့နေရှာခဲ့ပါပြီ။

အခုအချိန်ထိ အဝေးရောက်သမီးတွေကို စိတ်မချစွာ ဖုန်းတဂွမ်ဂွမ်ဆက်တတ်တဲ့၊ကျွန်မကလည်း ဘာလေးပဲဖြစ်ဖြစ် သတိတရ လှမ်းပြောတတ်တဲ့

ကျွန်မရဲ့အချစ်ဆုံး ဖေဖေရယ်ပါ။

 

  • ကိုကြီး

ကျွန်မရဲ့ဘဘနဲ့ဖေဖေပြီးရင် ကျွန်မရဲ့ချစ်သူ၊ခင်ပွန်း၊အစ်ကို၊အဖေ နေရာစုံအောင်တင်စားလို့ရတဲ့ ယောက်ကျာ်းကောင်းတစ်ယောက်ပါ။

ကျွန်မထက် ၂နှစ်ပိုပိုလေးသာကြီးပေမယ့် ကျွန်မကိုဂရုစိုက်မှုက ၁ဝနှစ်ကျော်လောက်ကြီးတဲ့ အစ်ကိုကြီးတစ်ယောက်၊အဖေတစ်ယောက်ပမာရယ်ပါ။

အသက်ငယ်ငယ်လေးတွေနဲ့ခိုးရာလိုက်ပြေးခဲ့ကြပေမယ့် ကိုကြီးရဲ့တည်ငြိမ်ရင့်ကျက်မှုတွေကြောင့် နှစ်ယောက်ဘဝအစမှာကြုံတွေ့ရတဲ့ အခက်အခဲတွေကို

ထိန်းသိမ်းနိုင်ခဲ့တယ်။ကျွန်မအလိုမှန်သမျှ တတ်နိုင်သလောက်ဖြည့်ဆည်းပေးရှာခဲ့တယ်။

ကျွန်မ၉တန်းကျောင်းသူဘဝမှာတည်းက ချစ်ကြိုက်လာခဲ့ကြတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ဘဝကို အရာရှိလစာရှစ်သောင်းစဖြစ်ချိန်မှာ ပေါင်းစည်းခဲ့ကြတယ်။

ကျွန်မကိုဘယ်တော့မှမစောင့်ရှောက်နိုင်တော့တဲ့ ကျွန်မဘဘကိုယ်စား၊ကျွန်မကို လက်ရှိကိုယ်တိုင်မစောင့် ရှောက်နိုင်ရှာတဲ့ကျွန်မဖေဖေကိုယ်စား ကိုကြီးက

ကျွန်မရဲ့အဖေတစ်ယောက်ပါပဲ။

အေးတဲ့ရာသီတွေတိုင်း လက်ဖျား၊ခြေဖျား၊နှာဖျားနဲ့နားရွက်ဖျားတွေအေးစက်နေတတ်တဲ့ ကျွန်မကို အမြဲနွေးနေတတ်တဲ့ကိုကြီးတစ်ယောက်

ဘုရားကလက်ဆောင်ပေးခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။

 

………………

အခုဆိုရင် တသက်လုံးကလေးဆန်စွာ ဂျီကျခဲ့တဲ့အဖေတို့ရဲ့သမီးတစ်ယောက် အသက်၃ဝဆိုတဲ့မှတ်တိုင် တစ်ခုကိုကျော်ဖြတ်ပြီး

လူကြီးရင့်မာကြီးတစ်ယောက်ဖြစ်တော့မယ်။

နောက်လာမယ့် အသက်၄၀၊၅ဝ မှတ်တိုင်တွေကိုကျော်ဖြတ်ခါနီးတွေမှာကော ကျွန်မအတွက်အဆင်ပြေ နိုင်ပါ့မလားလို့လည်း အခါခါတွေးမိတယ်။

  • နောက်ဆုံးဖြေသိမ့်စရာရှာမိတာကတော့ ကျွန်စိတ်ထဲအမြဲအားကိုးနေရတဲ့ ကျွန်မအဖေ၃ယောက်ကို တမ်းတနေသရွေ့ ကျွန်မဘဝမှာ ဘယ်လောက်ပဲစိတ်ဓာတ်ကျကျ
  • အားတွေပြန်ပြန်ရနေမှာပဲ ဆိုတာကိုပေါ့။

😯  😯 😯 😯 😯 😯 😯 😯 😯 😯 😯 😯 😯 😯 😯 😯

 

အဖေများကိုချစ်တဲ့အဖေတို့သမီး၃ဝအရွယ်ရဲ့ဖျားနေလျက်ကရေးတဲ့စာ 😳

 

မှတ်ချက်-အခုရက်ပိုင်းတော်တော်လေးဖျားဖျားနေတာကြောင့်ဖတ်ချင်မန့်ချင်တဲ့ပို့စ်တွေနဲ့ကွန်ဖရင့်မှတ်တမ်းတွေကို အကြွေးမှတ်ထားပါသည်။လက်ရှိပို့စ်ရဲ့မန့်ချက်တွေကို ချက်ချင်းရီပလိုင်းမလုပ်နိုင်ပါက ခွင့်လွှတ်ပေးကြဖို့ လည်းကြိုတောင်းပန်အပ်ပါသည်။   🙁

62 comments

  • အလင်း ဆက်

    July 25, 2013 at 8:49 pm

    ဖျားနေလျက်နဲ ့..
    သံယောဇဉ်မပြတ်..ရေးသားတင်ပြလိုက်သော…
    စာအလှကို…
    လူချောချောလှလှလေးက..
    ဖတ်ရှု ခံစားသွားပါကြောင်းးးး
    😆

    • ဖျားနေသူရဲ့စာကိုပထမဆုံးမန့်ပေးတဲံ့လူချောချောလေးရေ တော်တော်နဲ့၃၀ဝမပြည့်ဖို့ဆုတောင်းပေးပါတယ် 🙂

  • padonmar

    July 25, 2013 at 11:04 pm

    အန်တီလည်း အဲဒီ မင်းဒင်ရဲ့ သက်ခိုင် ကိုဖတ်နေတယ်။
    ၃ဝ ကို ကျော်ပြီးရင်တော့ ၄၀-၅ဝ တွေလည်း လွယ်လွယ်ကျော်သွားပါလိမ့်မယ်။
    အားကိုးစရာ ပခုံးတွေတွက် ဂုဏ်ယူစရာပါပဲ။
    ဒါပေမယ့် အစွမ်းအစရှိတဲ့ မိန်းမသား တစ်ဦးဆိုတာ ကိုယ့်ကိုကိုယ် မမေ့လိုက်ပါနဲ့။

    • သမီးလည်း မင်းဒင်ရဲ့သက်ခိုင် ဖတ်နေရင်းကဖျားတာနဲ့မပြီးသေးဘူး။
      အားပေးသတိပေးတာကိုကျေးဇူးပါအန်တီဒုံ

  • kai

    July 26, 2013 at 5:11 am

    အမှီအခိုကင်းတဲ့.. ဘဝနဲ့.. ဘဝရဲ့အရသာတွေကို.. ခံစားစံစားပါလို့…။

    • အခုအရွယ်ကြီးကျမှစပြီး ကိုယ့်အားကိုယ်ကိုးဖို့ကြိုးစားသွားပါမယ် သူကြီးရေ။ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာရှက်လဲရှက်ပါရဲ့ 🙂

  • Ma Ma

    July 26, 2013 at 7:48 am

    ဖျားနာနေတဲ့အချိန် စိတ်အားငယ်တတ်တယ်။
    အဲဒီအချိန်မှာ အားကိုးရာကို ရှာဖွေတတ်တယ်။
    ငယ်ငယ်ကတည်းက ခုချိန်ထိ ကိုယ့်ကိုချစ်ခင်သူများရဲ့ အရိပ်အာဝါသအောက်မှာ နွေးထွေးစွာနေရတာ ဘုရားပေးတဲ့ကုသိုလ် အင်မတန်ကောင်းတာပဲ။
    ချစ်ခင်သူများရဲ့ ချစ်ခင်မှုနဲ့ အမြန်ဆုံး နေကောင်းလာမှာပါ။ 🙂

    • ဟုတ်ပါတယ်မမရယ် ပိုက်ဆံမချမ်းသာပေမယ့် ဒီလိုချစ်ခင်တဲ့မိသားစုတွေကိုသတိရနေရင် အလိုလို အားအင်တွေဖြစ် ကျေနပ်ရပါတယ်

  • Min Zarni

    July 26, 2013 at 8:10 am

    your daddy, your brother, your lover and your little boy ဆိုတဲ့ဟိုဦးလေးတွေ ဆိုတဲ့ သီချင်းသွားသတိရမိတယ် ..ဗျာ..။

  • KZ

    July 26, 2013 at 8:19 am

    ဖြစ်ဖူးပါတယ်။
    အမ တို့ တစ်ဖွဲ့လုံး စိတ်တွေ တစ်ထွေတစ်ပြားဖြစ်ကြတာ။
    တို့ ဆီမှာတော့ ၃ဝ အထက်ကို လူကြီးဖြစ်ပြီ သတ်မှတ်ကြတာကိုးးးးး

    ကောင်းကွက်တွေက အများကြီးပါ။ မကြောက်နဲ့။
    လာ ဆရာလုပ်တဲ့သူကို ငါ ဒီ အသက်ရောက်နေပြီ။ ငါသိတယ်။ လာမပြောနဲ့ လို့ ငေါက်ထုတ်နိုင်ခြင်းးးး :mrgreen:
    ကိုယ့်ဆုံးဖြတ်ချက်ကို ရဲရဲတင်းတင်း ချမှတ်နိုင်ခြင်းးးးး :mrgreen:
    မိန်းမတစ်ယောက် အလှဆုံးအချိန်ဟာ ၃ဝ – ၃၅ ဆိုတာကို တတွတ်တွတ်ရေရွတ်ပြီးးး အလှများများပြင်နိုင်ခြင်းးးးး :mrgreen:
    စသည်ဖြင့်ပေါ့။ နောက်မှ စဉ်းစားရတာတွေ လာပြောပါဦးမယ်လေ။ :mrgreen:

    ရှေ့ ဂဏန်းတွေ ပြောင်းတိုင်းးး ဒီ လိုပဲဖြစ်တတ်ပါတယ်။ 🙂

    ကျန်းမာရေးလေးပဲ ဂရုစိုက်။
    ကျန်းမာရေးသာကောင်းပါစေ ဘယ်အသက်ဖြစ်ဖြစ် လုပ်ချင်တာလုပ်နိုင်သေးတယ်။ :mrgreen:

    • ခင် ခ

      July 26, 2013 at 9:23 am

      “မိန်းမတစ်ယောက် အလှဆုံးအချိန်ဟာ ၃ဝ – ၃၅ ဆိုတာကို´´
      မိန်းမတွေရဲ့အလှဆုံးချိန် ၃ဝ – ၃၅ ဆိုပါလား ငယ်ငယ်ရွယ်ရွယ် ငယ်ဂုဏ်လေးနဲ့ ချောနေကြတယ်မှတ်တာ အခုမှ ကြီးဂုဏ်နဲ့ချောတဲ့အရွယ် သိတော့တယ်။

    • kai

      July 26, 2013 at 9:30 am

      အပျိုစင်မျိုး ၃-ပါး ၄-ပါး ၇-ပါး ၉-ပါး။ ။
      ကညာခေါ်အပျိုစင်တို့ကို ဓမ္မသတ်စာစောင်များနှင့် အဘိဓါန်ကျမ်းများမှထုတ်နှုတ်၍ပြအံ့။ ဝယ ဘေဒအားဖြင့် ၄-ပါးဟူသော်ကား-
      (၁) ဂေါ်ရီ- ရှစ်နှစ်ရွယ်အပျိုစင်၊
      (၂) ကုမာရီ- ဆယ်နှစ်ရွယ်အပျိုစင်၊
      (၃) ကညာ- ဆယ့်နှစ်နှစ်ရွယ်အပျိုစင်၊
      (၄) မဟလ’ိကာ- ထို့ထက်လွန်သောအပျိုစင်။

      တစ်နည်း အမျိုးဝံသဘေဒအားဖြင့် ၉-ပါးကား
      (၁) ဒါရိကာ- ၇-နှစ်အပျိုစင်၊
      (၂) ဂေါရီ- ၈နှစ်အပျိုစင်၊
      (၃) ကညာ- ၁၀-နှစ်အပျိုစင်၊
      (၄) ကုမာရီ- ၁၂-နှစ်အပျိုစင်၊
      (၅) သွေးစုန်း- ၁၃-နှစ်အပျိုစင်၊
      (၆) မျက်မည်း- ၁၅-နှစ်အပျိုစင်၊
      (၇) မျက်ဝန်း- ၂၀-နှစ်အပျိုစင်၊
      (၈) မျက်ညွတ် ၂၅-နှစ်အပျိုစင်၊
      (၉) မျောင်းတူး- ၄၀-နှစ်အထက်အပျိုစင်။

      တစ်နည်း မနုစိတ္တရ ဓမ္မသတ်ကျမ်းလာ အပျိုစင် ၇-ပါးကား-
      (၁) ဂေါရီ- ရှစ်နှစ်အပျိုစင်၊
      (၂) ကလျာဏီ- ၁၀-နှစ်အပျိုစင်၊
      (၃) ကုမာရီ- ၁၂-နှစ်အပျိုစင်၊
      (၄) သွေးစုန်း- ၁၃-နှစ်အပျိုစင်၊
      (၅) မျက်မည်း- ၁၅-နှစ်အပျိုစင်၊
      (၆) မျက်ဝန်း- ၂၀-နှစ်အပျိုစင်၊
      (၇) မျောင်းတူး- ၃၀-နှစ်အထက် အပျိုစင်။

      တစ်နည်း အဘိဓါန်ဋီကာကျမ်းလာ အပျိုစင် ၃-ပါးကား –
      (၁) ဂေါရီ ၈-နှစ်အပျိုစင်၊
      (၂) ကညာ- ၁၀-နှစ်အပျိုစင်၊
      (၃) ကုမာရီ- ၁၂-နှစ်အပျိုစင်၊ ထို့အပြင် အပျိုစင် ၂၁-ရပ် ၂၈-ရပ်ရှိသေးကြောင်းနှင့် ဖေါ်ပြထားလေသည်။

      ဒါတွေက.. အိနိ္ဒယ/ဟိန္ဒူအယူတွေပေါ့…။
      ဘာတဲ့…
      အသီးမှာသရက်၊ အသားမှာဝက်.၊အရွက်မှာလဖက်၊ မြစ်မှာဂင်္ဂ ါ၊ ..အစချီတဲ့.. (မန်လည်ဆရာတော်ကြီးရေးတဲ့..) မဃဒေဝ လင်္ကာသစ်ထဲမတော့…
      မိန်းမမှာ”ကညာ”ဆိုတာလို့.. မှတ်မိတယ်…၊ အရွယ်တိုက်ကြည့်ကြပေတော့…။

      ရှေးစွန်းစွဲများက/ကိုသနားမိကြောင်း… :mrgreen:

        • kai

          July 26, 2013 at 9:59 am

          မင်းနန်ပျို့ထဲက.. ဒေါင်းဥခန့်မျှ.. အိမွှမွှဆိုတာလေးကလည်း.. ၁၅နှစ်အောက်ကလေးပါပဲ..
          ဆိုတော့…
          ကမ္ဘာတန်းဆေးပညာအရ.. အမျိုးသမီးများအတွက်.. အကောင်းဆုံးအချိန်ဟာ…. ၂၈နှစ်ပါတဲ့…။
          .. ကွိ…

          http://www.thesun.co.uk/sol/homepage/news/4341233/Womans-best-sex-at-age-28.html
          WOMEN enjoy the best sex of their lives when they are aged 28 — but men don’t reach their peak until they are 33, a survey has discovered.

          The study also found that women have the MOST sex at 25 — eight years after losing their virginity aged 17.

          Men, who on average lose their virginity at 18, are most active when they are 29.

          Asked when they had their best sex, 40 per cent of 1,281 people polled said NOW. And those in their 50s and 60s said they had their best sex aged 46.

          The results contradict research which says men reach their sexual peak at 18 and women at 30.

          The survey by online sex toy retailer lovehoney.co.uk also highlighted a shift towards losing virginity earlier.

          It found the average age of virginity loss was 17 for those in their 20s, 30s, 40s and 50s, but those in their 60s waited until they were 18.

          Relationships expert Tracey Cox, 51, who has her own range of sex toys with Lovehoney, said: “This destroys the myth that it takes women longer to master their sexual responses.

          “Despite the female sexual system being far more complex than a man’s, women are discovering what works and doesn’t faster than men.”

          Read more: http://www.thesun.co.uk/sol/homepage/news/4341233/Womans-best-sex-at-age-28.html#ixzz2a7Q11kuU

        • Min Zarni

          July 26, 2013 at 10:59 am

          သဂျီးတို့ ..ညှီဘီ ..
          မသိဘူး ..အဲ့ဒါတွေ ကျော် မသိဘူး..
          ကျော်ကတော့ … ခြစ်တာတထုပဲ သိဒယ်..

          :mrgreen:

          P.S smiley လေးတွေ ပြန်မတပ်တော့ဝူးလားဟင်င်င်

      • မဟာရာဇာ အံစာတုံး

        July 26, 2013 at 10:17 am

        ဒါဆို …
        ၃ဝ ကျော် အပိုဂျီးဒွေဂို မျောင်းတူး လို့ ခေါ်ဒပေါ့နော် ..
        မြောင်းတူး ဒေါ့ မီဟုတ်ဘာဝူးနော် … :mrgreen:

        • မိုက်ကယ်ဂျော်နီအောင်ပု

          July 26, 2013 at 10:47 pm

          ဒေါင်းဥခန့်မျှ အိမွှမွှ

    • KZ

      July 26, 2013 at 10:15 am

      ဒမာ ညလေး ကို အားပေးနေတာကို။
      ရတဲ့နေရာက ရသလို အားပေးနေရတာ။ :mrgreen:

      ကျနော့ အသက်အမှန်က ရွာဝင်ကတည်းက ပြောပြီးသားးး ဖဘမှာလည်း မွေးရက်အမှန်တင်ပြီးသားနော်။ ငိငိငိ။ :mrgreen:

      တဂျီး ပြောတဲ့အတိုင်း သွားမြောင်းပေး (အဲလေ) မျောင်းတူးလိုက်အူးမယ်။
      ရေလေး လာမလားးး လို့။ :mrgreen:

    • မမကတော့ ရှေ့ဂဏန်းတွေဘယ်လိုပြောင်းပြောင်း သွက်လက် လှပဖူးပွင့်ဝေဆာနေမြဲနေမှာပါ။ညီမကတော့ မမကိုအမြဲတမ်းလွတ်လပ်တဲ့ဘဝနဲ့လှလှပပရှိနေစေချင်တယ်ဆိုရင် ဘယ်တရားမလဲနော် 🙂

  • ဦးကြောင်ကြီး

    July 26, 2013 at 8:44 am

    နန်းဒေါ်ယာသူ ဆိုလို့ အသက်မကြီးသေးထင်တာ အနော့်ထက် ဆယ်နှစ်လောက် ကြီးနေပါသဂေါ… ပေါမှားစိုမား ချိဂဲ့ရင် ခွေးလွှတ်ပါဗျာ…. တားတား မတိလို့ဗာ….. 😉

  • Myo Thant

    July 26, 2013 at 9:07 am

    ၃ဝ ဆိုတာ အကောင်းဆုံးအချိန်

    ဒါပေမယ့် တကယ့်ဘဝက ၄ဝ မှ စတာ

    • ယောကျာ်းတွေကတော့ အသက်ကြီးလေ ပိုကြည့်ကောင်းလေပဲဦးမျိုးရေ
      မိန်းမတွေကတော့ ကျတယ်ထင်တာပဲ 🙂

  • ရွှေတိုက်စိုး

    July 26, 2013 at 10:01 am

    တားတားဖြင့် တတက် တုံးချယ် ပြည့်ပြီးပေါ့.. အခုထိ အဲလို မတွေးမိပေါင်.. တို.တိုတို ချိတ်ချမ်းတာအောင်နေဒယ်… အခုထိကို ဂျဂါးပီတေးဘူး………တွေ.ယား…….

    • တောင်ငူသူမို့ဂျဂါးကတော့ ဘယ်တော့မှပီတယ်လို့ သူများကသတ်မှတ်မှာဟုတ်ဘူး
      ၃ဝပတ်လည်ချင်းတူတူ စီနီယာကျတာက နန်းတော်ရာသူပေါ့နော်

  • ကြာ ညောင်

    July 26, 2013 at 10:26 am

    ဟဲ့ဟဲ့…..လုပ်ကြပါအုံး….အေ
    ခလေး….သူ့…… ဖိုး အေ မျက် မှန်ကြီး တပ် ပြီး…….ဖရဲသီး ခွံ ခေါင်းစွပ်ထားတယ်……။

  • manawphyulay

    July 26, 2013 at 11:16 am

    အသက်ကတော့ ၂ဝ ကျော်လာပြီးကတည်းက မေ့ထားမိတာ ကြာပါပေါ့လား… ခုမှပဲ ပြန်သုံးသပ်ရမလိုဖြစ်နေပြီ။ မြန်မြန်နေကောင်းပါစေ နန်းတော်သူရေ….

    တောရွာဇနပုဒ်နေထိုင်သူ
    မနောဖြူလေး

  • ဦးကျောက်ခဲ

    July 26, 2013 at 11:21 am

    သမီးတို့က အဖေတို့ကို “တ”လို့ရသေးတယ်…
    အဖေတို့က၊ ရင်ထဲကသောကကို သမီးတို့မမြင်အောင်ဖုံး၊
    လောကဓံကို အံခဲပြီး ရှေ့ကမားမားမတ်မတ်နေလာရတာ…
    သတိတရ အဖေတို့ကိုချစ်တယ်ဆိုရင် ကြေနပ်ပါပြီကွယ်… :mrgreen:

  • kyeemite

    July 26, 2013 at 1:30 pm

    ရွာထဲမတော့ မျောင်းတူး မဲ့အပျိုဂျီးတွေများမယ်မှတ်တာပဲ 😆
    ယောက်ကျားလေးကျတော့ကော ၃ဝကျော်လူပျိုစင်ကိုဘိုခေါ်လဲဟင် ❓

  • kyeemite

    July 26, 2013 at 1:32 pm

    ယောက်ကျားလေးကျတော့ကော ၃ဝကျော်လူပျိုစင်ကိုဘိုခေါ်လဲဟင် ❓
    သဒိယသွားဘီ… “တွင်းတူး” လို့ခေါ်ဒယ်..ဟီဟိ 😆

    • ဦးကျောက်ခဲ

      July 26, 2013 at 1:47 pm

      ဘာ… ဘာ… ဘာ ဘယ်လိုပြောလိုက်တယ် အကိုမိုက်…
      မျောင်းတူးနဲ့ တွင်းတူးတဲ့လား… :mrgreen:
      ကြံကြံဖန်ဖန် ရှာကြံဖွတဲ့ သဂျီးကို ကျောက်စ် စိတ်နာတယ် ဒယ်ဒီပါပါးချစ်ဖေဖေ..

      • Min Zarni

        July 26, 2013 at 1:52 pm

        ဟုတ်ပဗျာ ..သင်္ချာ မတတ်တဲ့ခေတ်က လူတွေ ပြောခဲ့တာတွေကို ကြုံတိုင်း(မကြုံကြုံအောင်လည်းလုပ်သေး)
        ဟားတတ်တဲ့ သဂျီးကို …. ကို သိပ်မုန်းတာပဲ Shee ရယ်.. .
        ငိငိ..

    • ဦးမိုက်အလုံးက ဖေကျောက်ကိုတည့်တည့်မှန်သွားတာလား
      ဘာပဲပြောပြော လွတ်လပ်ရေးနေ့မှာတော့ လက်မထောင်နိုင်ပါပြီ 🙂

  • အရီးခင်လတ်

    July 26, 2013 at 3:33 pm

    ၃ဝ တုန်းက ဖြတ်ခဲ့တာ သိပ်ပြီး မသိသာဘူး။
    ၄ဝ ကျတော့ ဇရာ ကို တွေ့လိုက်တယ်။ 😥
    ဒါကြောင့်
    အခုချိန် Cindy Crawford ကိုဘဲ ကြည့်နေတော့ တယ်။
    သူ လှ နေသ၍ ကိုယ်လဲ စိတ်ပူစရာ မလိုသေး။ 😉

    နောက် ဒေါ်အောင်ဆန်းစုကြည်။
    အမြဲတမ်း စိတ်ရော ကိုယ်ပါ နုပျို နေတဲ့ အမျိုးသမီးကြီး။
    သူ့ ကိုသာ Role Model ထားပေတော့ မနန်းရေ။

    HAPPY Birthday!!!!!

  • Cindy Crawford ကိုကြည့်နေလို့မရဘူးအရီးရယ် သူက သူ့ကိုယ်သူတသသလုပ်နေရတဲ့စူပါမော်ဒယ်လေ။
    နုနိုင်တာပေါ့… 🙂
    အမေစုကတော့ စိတ်ဓာတ်နဲ့နုနေတာနေမှာပါ။သူ့ဘွတလျှောက်ဒုက္ခတွေခံစားလာရတာအားလုံးအသိပဲမို့လား။
    ဘာပဲဖြစ်ဖြစ် အရီးတို့၊အန်တီဒုံတို့အန်တီမမတို့ မမဆွိတို့ကိုပဲကျိပြီးအားကျတော့မယ် :p
    Happy Birthday ကရောက်သေးဘူးလေ…ဟီး ကြိုရေးထားတာ။ 🙂

  • Mr. MarGa

    July 26, 2013 at 9:02 pm

    အသက် သုံးဆယ်
    (လေးဆယ်မှ မရောက်သေးတာ ငယ်ပါသေးတယ်)
    အသက်ရဲ့ ရှေ့က ဂဏန်းတစ်ခု ပြောင်းတာကို မှတ်မှတ်ရရ သတိထားကြည့်လိုက်ဦးမယ်
    သေချာတာကတော့ သူနဲ့အတူ ဘဝအမြင် အတွေးတွေပါ ပြောင်းသွားသလိုလို

      • Mr. MarGa

        July 28, 2013 at 4:49 pm

        အားတက်ထားပါ
        ဂလိုပဲ အားတင်းရမပေါ့
        မဟုတ်လဲ သူက ရပ်နေမှာမှ မဟုတ်တာ

  • koyinmaung

    July 27, 2013 at 6:13 pm

    နန်းတော်ရာသူလေးရေ..
    အသက်၃ဝဆိုတာ လူဘဝရဲ့တဝက်ဘဲရှိပါသေးတယ်…
    ကိုယ့်အားကိုယ်ကိုး ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့…
    ဘဝအတွေ့အကြုံတွေကိုယူပြီး လျှောက်လှမ်းဘို့
    အကောင်းဆုံးအချိန်ပါကွယ်..
    တချို့ဆိုအသက်၄ဝမှာဘဝကိုစမယ်ဆိုပြီး
    ပျော်နေတဲ့သူတွေတောင်ရှိနေတယ်မဟုတ်လား…ဟဲဟဲ
    ( ဦးကျောက်ခဲကိုစောင်းပြောတာမဟုတ်ဘူးနော်ဒဲ့ပြောတာ )ဟိဟိ……..

    • ဟုတ်ပါပြီကိုရင်မောင်ရေ
      ဒါနဲ့ဒီပို့စ်က ဦးကျောက်စ်ရယ်၊မမဆွိရယ်ကိုများတိုက်ရိုက်ထိနေလားမသိဘူး
      :mrgreen:
      ♫♪♫မွှားတာရှိရင် တောင်းပန်ပါတယ် ♫♪♫
      :loll:

      • KZ

        July 27, 2013 at 7:36 pm

        စိတ်မဆိုးပါဘူးးးး
        အမ ကို လည်းမထိခိုက်ပါဘူးးးး
        ဒီ လို အချိန်မျိုးကျော်ခဲ့တော့ ဒီလိုဖြစ်တတ်မှန်းလည်းသိပါ့။ ခွိခွိခွိ
        နီးစပ်ရာ တော်တော်များများ ဒီလိုပဲမို့ ဒီပို့(စ) တောင်ရေးမိသေးးးး 😀

        http://myanmargazette.net/178249

        • သော်သော့်ပို့စ်အရင်မရေးခင် မမကြီးပို့စ်အရင်ဖတ်ရမှာ
          ခုတော့ ညီမကအရမ်းကလေးဆန်တွားဘီ တတ်နိုင်တော့ဘူး ရေးပီးစလစ်
          :mrgreen: :loll: 🙁

    • ဦးကျောက်ခဲ

      July 28, 2013 at 7:06 am

      အကိုရင်မောင် နဲ့ သာမီးသော်ရယ်…
      ၄ဝကျော်မှ ဘဝ စဖို့၊ အပျော်တွေရင်ထဲမှာနဲ့ ကြည်နူးနေတုန်း၊
      ဟို သဂျီးက မျောင်းတူးနဲ့ တွင်းတူး လုပ်ချလိုက်တော့ ဖီးလ်ငုပ်တာပေါ့…
      ၃ဝဆိုတာ ဦးကျောက် ပွေးလို့ ကောင်းတုန်း… ဟီဟိ၊
      မိသားစုနဲ့ဆိုတော့… သာမီးသော်က သာပါတယ်အေ…
      🙂

  • TNA

    July 27, 2013 at 7:48 pm

    အသက်ကတော့ ၃ဝ ကျော်ပီကတဲကမေ့ထားလိုက်ပီ။ အခုနေအသက်လာမမေးရင် မွေးတဲ့နှစ်ထဲ ကနှုတ် နှုတ်နေရတယ်။ အခုတော့လဲ သိပ်မကြာမှီ နှစ်အနည်းငယ်မှာ ၄ဝ ပြည့်တော့မှာမို့ စိတ်လျှော့လိုက် ပါပီ။

  • uncle gyi

    July 28, 2013 at 12:17 am

    ဟမလေး၃ဝပြည့်တာလေးများ
    အန်ကယ်တို့ဆို
    ၃ဝတုန်းကဒီလိုဘယ်တွေးလိမ့်မတုန်း
    ပျော်လို့ကောင်းတုန်း
    အခုတော့နဲနဲတွေးနေရပြီ

  • ရဲစည်

    July 28, 2013 at 4:04 am

    ၃ဝဆိုတော့ မမဂျီးပေါ့ …
    ဘာဘဲ ဖြစ်ဖြစ် ဘေးနားမှာ လက်တွဲဖော် ရှိနေတော့ အားကိုးစရာ အပြည့်
    အနော်တို့များ အခု ၂၆ ဘေးနား အရက်ပုလင်းဘဲ ရှိတယ် … စိတ်နာဒယ်
    စကားမစပ် …
    ပသိချောင်းနံဘေး ရွာလေးက ဒေးမူကို လွှမ်းထှာ
    :mrgreen:

      • ရဲစည်

        July 29, 2013 at 12:53 am

        တချိန်က ချစ်ခွင့်ပန်ဖူးတယ် ဆိုတာကိုလည်း မမေ့စေချင် …
        ဪ ကမာ္ဘကြီးက ကျဉ်းကျဉ်းလေးကွယ် …..
        ခင်မောင်တိုး သီချင်းတွေ အဝေးက ကြားဖူးရင် ….. မှတ်မိပါစေ
        ကျေနပ် ဂုဏ်ယူလျှက်

  • surmi

    July 28, 2013 at 9:53 am

    ၃ဝ !!!! ဟုတ်​စ
    ငယ်​​သေးတာပဲ
    ကျုပ်​ကအဖွားကြီး​အောက်​့​မေ့လို့ဗျာ 🙂

  • စည်ကားလှချည်လားလို့ကြည့်လိုက်တော့ နန်းတော်ရာသူရဲ့လွမ်းချင်းလေးကိုဗျ
    မြန်မြန်နေကောင်းပါစေ
    မွေးနေ့ရောက်ခါနီးပြီထင်တာဘဲနော်။

    • လေးလေးပေါက်
      တရေးနိုးရောက်
      🙂
      မွေးနေ့လက်ဆောင်လေးနဲ့ဆုတောင်းလေးတွေအတွက် ကျေးကျေးဂဘာ 😀

  • အားကျပါတယ် ယောက္ခမရေ… အဲ့လို အဖေတွေရှိတာ… ခုထိလည်း အဖေလု့ိ ခေါ်နိုင်နေသေးတာ….
    အဲ..ကိုကြီးဆိုတာ ဖတ်ရတော့ ပိုတောင်အားကျမိသေးတယ်… တစ်စုံတစ်ယောက်ကို ပြောရမယ်..ဟီးဟီး… (နောက်တာ…)

Leave a Reply