ဒုတိယအကြိမ် ဂဇက်ကွန်ဖရဲင့်စ် ငွေစာရင်းရှင်းတမ်း(Balance Sheet)နှင့်ကျေးဇူးတင် မှတ်တမ်း

padonmarJuly 25, 20131min38432

ဒုတိယအကြိမ် ဂဇက်ကွန်ဖရဲင့်စ်ကြီးလည်း အောင်အောင်မြင်မြင်ပြီးသွားပါပြီ။

ပွဲအတွက် အလှူငွေ ဝိုင်းဝန်းထည့်ဝင်ကြတဲ့သူတွေနဲ့ ရွာသူားတွေ အားလုံးအတွက် ငွေစာရင်းရှင်းတမ်းလေး တင်ပြပါမယ်။

ဆရာအံက ဘယ်လိုပင် သင်သော်လည်း

ကွန်ပူတာ ဝလုံးတန်း အဖွားကြီးက ပို့စ်ထဲမှာ ဇယားထည့်နည်း မတတ်ပါဘူး။

exel file နဲ့ တင်ရင် ပိုရှင်းမှာဖြစ်ပေမယ့် အခုတော့ သည်းခံခွေးလွှတ်ကြည့်ကြပါ။

ပါဝင်ထည့်ဝင်ငွေတွေက

အဘဆွေ                                 60,000

အဘဖေါ                                150,000

ကိုထူးဆန်း                             40,000

ဦးပါ                                         30,000

ဦးမိုက်                                    20,000

ကိုဆာမိ                                20,000

အန်တီမမ                            30,000

ကိုခင်ခ                                 50,000

ဝေဝေ                                   15,000

ခိုင်ဇာ                                   30,000

အမတ်မင်း                           15,000

May July                            10,000

ကဗျာချစ်သူများ                  30,000

ပဒုမ္မာ                                    50,000

ဝင့်ပြုံးမြင့် စာမူခ$15 မှ         15,000

အလင်းဆက် ကဗျာဆုမှ     15,000

……………………………………

စုစုပေါင်း                             580,000 ကျပ်ရပါတယ်။

ပွဲတွက်ကုန်ကျငွေက

ဆုပန်းချီကား            9 x 15000=    135,000 (ရွှေတိုက်စိုး ဈေးအဆစ်တော်လို့ ၂၀၀၀ဝ တန်ကို သက်သက်သာသာရလိုက်တာပါ)

ဘူဖေး                   လူ50x 5000=  250,000

Deedo အချိုရည်    60×271.66=     16,300

Alpine ရေသန့်      60x 133.33=       8,000

အချိုရည်/ရေသန့်ကားခ            =        4,000

Vinyl                                          =        8,000

………………………………………………………..

စုစုပေါင်းကုန်ကျငွေ                  =  421,300  ကျပ် ဖြစ်ပါတယ်။

အလှူငွေ 580000-ကုန်ကျငွေ 421300=   ပိုငွေ 158,700     ရပါတယ်။

ကွန်ဖရဲင့်စ်မှာ ရွာ့စာအုပ် ရောင်းရငွေ 88×2500=220,000

…………………………………………………………………………

လက်ကျန်ငွေ              =378,700 ကျပ် ရပါတယ်။

စာအုပ်တွက် Green Rose စိုက်ထုတ်ငွေက     600,000 ဖြစ်လို့

အဘဖေါက                                                            50,000

ပဒုမ္မာက                                                                  71,300

Green Rose က                                                 100,000  စိုက်ထုတ်လိုက်ကြပါတယ်။

အဘဖေါက စုစုပေါင်း 200,000 ဖြစ်ပါတယ်။

ရေသန့်ဘူး 30 နဲ့ အချိုရည် 30 ကျန်ပါတယ်။

ပြန်ရောင်းရငွေကို စာအုပ်အရင်းထဲ ထည့်ပါမယ်။

ပွဲမတိုင်မီ ဆုအတွက် ကျောက်ပန်းချီပင်ရင်း စုံစမ်းပေးတာက အန်တီမမ ဖြစ်ပါတယ်။

ဒီဇိုင်းထုတ်တာ၊ပုံဆွဲတာ၊ပန်းချီကားအပ်တာ၊ဂုဏ်ပြုစာအပ်တာ၊အချိုရည်နဲ့ ရေသန့်ဝယ်တာ အားလုံးက

ဆယ်အိမ်ခေါင်း ရာသက်ပန် အခမ်းအနားမှူး မိုက်ခဲ တိုက်တိုက် လက်ရာတွေဖြစ်ပါတယ်။

ပွဲတွက် နေရာနဲ့ အစားအသောက် အော်ဒါပေးဖို့ အခါခါ သွားကြည့်စီစဉ်တာက ဦးကြီးမိုက်နဲ့ ရွှေတိုက်ဖြစ်ပါတယ်။

Backdrop Vinyl  နဲ့ ရေးပေးပါ Plain Vinyl စီစဉ်သူကတော့ လူပြိုဂျီး အမတ်မင်းပါ။

ရွာ့စာအုပ်ကို စာစီတာကအစ စာအုပ်ပုံနှိပ်တာအဆုံး တစ်ဦးတည်း စီစဉ်ပေးသွားတာက Green Rose ပါ။

စာအုပ်တွေကို ပုံနှိပ်တိုက်ကနေ ပွဲအထိ ကားနဲ့ သယ်လာပေးတာကတော့ ငှက်ကထကြီး ဦးဦးပါ ဖြစ်ပါတယ်။

စာအုပ်တွေ ရောင်းပေးတဲ့ ကွမ်းတောင်ကိုင်တွေကတော့ လုံမလေး မွန်မွန်၊ငြိမ်းငြိမ်း၊လူကလေး တို့ဖြစ်ပါတယ်။

ရွာသူားတွေရဲ့ နာမည်တွေကို ရင်ပတ်မှာ ကပ်ပေးဖို့ စတစ်ကာလေးတွေ စီစဉ်ပေးတာကတော့ e-tone ပါ။

ပျော်စရာ ကံစမ်းမဲလက်ဆောင်တွေ စီစဉ်ပေးတာကတော့ သူကြီးခို်င်၊မနိုဗွီနဲ့ မနီလာစိန် ဖြစ်ပါတယ်။

ရှုခင်းအလှ ဓာတ်ပုံလက်ဆောင်ပေးသူကတော့ ကိုပေါက် ပါ။

ဓာတ်ပုံထည့်ဖို့ ဂဇက်လိုဂိုနဲ့ စာအိတ်လေး စီစဉ်သူက ကို ပီ ချိုကြီး၊လုပ်အားပေး ရွှေတိုက်ဖြစ်ပါတယ်။

ပန်းပင်၊ဂမုန်းပင်၊နှင်းသီးပင်တွေနဲ့ မျိုးစေ့တွေ လက်ဆောင်ပေးကြသူတွေကတော့ သူကြီး၊မအိ၊ဝေဝေ တို့ဖြစ်ပါတယ်။

အခမ်းအနား ပြင်ဆင်ရေး လုပ်အားပေးတွေကတော့ ဦးပါ၊စွယ်တော်ရွက်၊အမတ်မင်း နဲ့ ကော်ဘရာတို့ဖြစ်ပါတယ်။

ဓာတ်ပုံ မှတ်တမ်းတင်သူတွေကတော့ မှော်ဆရာ၊ကောင်းကင်နဲ့ ရွှေပွဲလာ ရွာသူားများပါပဲ။

ဗွီဒီယို မှတ်တမ်းတင်သူကတော့ မှော်ဆရာပါ။

ပွဲလာတက်တဲ့ ရွာသူားတွေအားလုံး ပွဲထဲရောက်တာနဲ့

ရွာ့စာအုပ်တွေ လက်မှတ်ထိုးပေးဖို့ ၊မဲလိပ်လိပ်ဖို့၊မဲဖောက်ဖို့ ကအစ

မနားမနေ ပြောရင်းလုပ်၊လုပ်ရင်းပြောနဲ့ ကျမတို့ရဲ့ ဒုတိယအကြိမ် မန်းဂဇက် ကွန်ဖရဲင့်စ်ကြီး အောင်အောင်မြင်မြင်ပြီးသွားပါကြောင်း၊

နောက်လာမယ့် ၆လ ပွင့်လင်းရာသီမှာတော့

ဦးကြီးမိုက်ဦးဆောင်မယ့် ဒီထက်ပိုပြီး စည်ကားပျော်ရွှင်ဖွယ်ကောင်းမယ့်  တတိယအကြိမ် ကွန်ဖရဲင့်စ်ကို

ပျော်ပျော်ရွှင်ရွှင်၊ ခင်ခင်မင်မင်၊ စုံစုံညီညီတက်ရောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း အားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်။

 

 

 

 

 

 

 

32 comments

  • padonmar

    July 25, 2013 at 11:57 pm

    ကျေးဇူးမှတ်တမ်းမှာ မထည့်မိလိုက်တာ ရှိရင်လည်း သတိပေးကြပါ။
    စိတ်မကောက်ကြပါနဲ့နော်(ကိုယ်ကစမိတာဆိုတော့)
    ကျမတာဝန်ယူပေးရတဲ့ ကာလမှာ ကျမဖက်က အဆင်မပြေတာ မှားတာ ရှိရင်လည်း ရွာသူားတွေကို တောင်းပန်ပါတယ်။

  • kai

    July 26, 2013 at 4:24 am

    ရွာလူကြီးများဦးဆောင်တဲ့.. ရွာ့ကွန်ဖရင်န့်မို့..
    .. နောက်အကြိမ်များအတွက်လည်း .. ရွာကိုအပ်ပါကြောင်းနဲ့..

    ယခုအကြိမ်မှာလည်း.. ဝင်ရောက်ပါတ်သက်ခွင့်ရတဲ့အတွက်.. ကျေးဇူးတင်ပါကြောင်း…။

    • Swal Taw Ywet

      July 26, 2013 at 9:58 am

      မမပဒုမ္မာရေ၊
      ဂဇက်ပွဲအတွက် ၂ရက်လောက် အိပ်ရေးအပျက်ခံ လှုပ်ရှားသွားပေးတဲ့သူအပေါ် စိတ်ကောက်စရာလားးး၊
      လူငယ်တွေလွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင် လုပ်ခွင့်ပေးထားခဲ့ပြီး နောက်နားကနေ အဆင်သင့်စောင့်ကြည့်၊ လိုအပ်ပြီဟေ့ဆိုတာနဲ့တပြိုင်နက် ဝင်ကူပေးတဲ့ ရွာလူကြီးတွေကောင်းလွန်းလို့ပါ။
      ကျနော်တော့—–ကြိုးစားနေရတုံးမို့ တယ်ရီယာလေးလွှတ်ပေးပါဦးနော်။
      With respect,
      Swal Taw Ywet.

  • ရွှေတိုက်စိုး

    July 26, 2013 at 8:49 am

    အမငီး ရာသက်ပန် အခမ်းအနားမှူးဆိုပါလား………. 🙁

    အဲလို မြှောက်မြှောက်ပီးခိုင်းတတ်တဲ့ လူကြီးတွေကို သား သိပ်မုန်းတာပဲ မေမေ…………….ခွိ…

    ဟိုသူကြီးလဲ အတူတူပဲ… ပါတ်သတ်ခွင့်ရလို.ကျေးဇူးတင်တယ်ဆိုပဲ… လူကိုယ်တိုင်ဖြင့်မလာဘဲနဲ.. ပီးတော့ စွပ်ကျယ်ကို သများ ဆိုဒ်မပါပဲ ဆိုဒ်ကြီးတွေ ထည့်ပေးလိုက်တယ်…. မုန်းထာအေ… စွပ်ကျယ်က ဝတ်လိုက်ရင် ဘောင်းဘီတောင်ဝတ်ချာမလိုတော့ဘူး… ဒါနဲ. အံချာဒုံးကို ပေါက်မဲပေးလိုက်တာ……….ဟိဟိဟိဟိ

    • မဟာရာဇာ အံစာတုံး

      July 26, 2013 at 1:10 pm

      တိန် !!!
      အဲ့ဒါ ညည်းအကျံပေါ့လေ …
      နာ့မလည်း အိုက်စွပ်ကျယ်ဂျီး ဝတ်ပီး ကြွားမို့ လုပ်နေဒါ …
      တော်ကြာ ရက်ပါဂျီး အံချာဒုံး ဖစ်တွားမှာစိုးလို့ အသာလေး ပြန်ခေါက်ထည့်ထားလိုက်ရဒယ် …
      :mrgreen: :mrgreen:

      • e tone

        August 6, 2013 at 9:53 am

        နီတို့ နှီယောက်ပျော့စ်နေတာ ညက်လုံးထဲ မြင်ကျိတာ ….. စပ်ဖြီးဖြီးနဲ့ ရယ်ရဒယ်အေ့… ခိခိ… ။ :kwi:

  • ခင် ခ

    July 26, 2013 at 9:17 am

    စီစဉ်သူ အမပဒုမ္မာကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။
    နောက်တစ်ခါတာဝန်ယူရမည့်သူက ဦးကြီးမိုက် ဆိုပါလား။
    ဒီလူကြီးဆိုရင်တော့ တတိယမြောက်ပွဲကို တက်တောင်တက်ဖြစ်ပါ့မလားဘဲဗျ၊
    ဒီလူကြီးက လူတွေ့ရင် အရင်ကထက် ပိုဝလာတယ်ဘဲ ပြောပြောနေတာ ဆိုးတယ်ဗျာ။
    ( တကယ်လဲ ဝလာတာပါ )

  • kyeemite

    July 26, 2013 at 10:08 am

    အော် ..ကိုခရယ်.တော်တော်စိတ်နာသွားပုံပေါ်တယ်
    လောကကြီးမှာ “ဝလို့လှလို့ပါလား” လို့သာဆိုရိုးရှိတာပါဗျာ… 😆

    • ခင် ခ

      July 26, 2013 at 1:53 pm

      ရန်ကုန်ကို အချိန်လေးရကာရောက်ဖြစ်ရင် တွေ့ဆုံချင်ပါတယ်ဗျာ။
      အဲဒီကျမှ ရှောင်မပြေးကြေးနော်။

  • Ma Ma

    July 26, 2013 at 10:22 am

    ကိုယ်တိုင်ပါဝင်ခွင့်မရလိုုက်လို့ တချို့ကွန်မန့်တွေဆို ဖတ်ပြီးမှ မမြင်ချင်ဟန်ဆောင်နေရတယ်။ :'(
    အဲဒါကြောင့် အဲဒီပိုစ့်မှ မမန့်ပဲ ဒီပိုစ့်မှာလာမန့်တာ။ 😀
    (ဦးဦးပါလေရာ says:

    အမ် …
    ခင်ဗျားတို့က ကံစမ်းမဲချည်းပဲ အားပါးတရပြောနေကြတာ…
    အစားအသောက် ကောင်းတဲ့အကြောင်းလဲ ပြောကြဦးလေ…
    ဒါမှ ပွဲမတက်လိုက်ရတဲ့သူတွေ နောင်တကြီးကြီး ရ သွားမှာ …..။)

  • ဦးကျောက်ခဲ

    July 26, 2013 at 12:21 pm

    ကျောက်စ် ဒီတစ်ခေါက်ရွာအပြန် အလုပ်များသွားလို့…
    ဂဇက်စုဗူးထဲ မပါလိုက်ရဘူး၊ စက်တင်ဘာပြန်လာဖြစ်ရင်…
    ဆက်ဆက်ထည့်ဝင်ပါ့မယ်လို့… စာရင်းတို့ထားလိုက်ပါခင်ဗျ… :mrgreen:

  • ဦးဦးပါလေရာ

    July 26, 2013 at 12:22 pm

    ဥက္ကဌအသစ် ဦးကြီးမိုက် ဦးဆောင်မယ့် ဖတ်ရွေးအဖွဲ့ရဲ့ တတိယသက်တမ်းမှာ
    တက်ကြွစွာပါဝင်လာမယ့် အဖွဲ့ဝင်သစ်များရှိလာမှာဖြစ်သလို
    အခက်အခဲ တွေလဲ ရှိလာနိုင်ပါသေးတယ်။
    ဒါကြောင့် အကြောင်းရှိလာတဲ့အခါ ရွာ့အမာခံများက စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းပေးကြဖို့ ပန်ကြားလိုပါတယ်။

    ကိုစွယ်တော်ရွက်က သူ့လျှပ်စစ်သင်တန်းနေရာကို ရွာ့အရေးအရာတွေတိုင်ပင်ဆွေးနွေးရာမှာ အလျှင်းသင့်တဲ့အခါ အသုံးပြုဖို့ အခွင့်ပေးကြိုဆိုတာကလဲ အင်မတန်ကောင်းပါတယ်။ အ်ိမ်ရှင်က ရေနွေးမှအပ ဘာနဲ့မှ ဧည့်မခံရဆိုတဲ့ စည်းကမ်းလေးထားပြီး အသုံးပြုရရင် အင်မတန်ကောင်းပါတယ်။ သွားလို့လွယ်၊ ကားရပ်လို့ကောင်း၊ ကားမှတ်တိုင်နီး၊ လွတ်လပ်၊ အေးချမ်းဆိတ်ငြိမ် တဲ့ ရှယ်နေရာလေးဖြစ်ပါတယ်။
    ကိုကြီးမိုက်ရေ နေရာရော လူပါ တစ်ခါတည်း အပိုင်ဆွဲထားလိုက်ပေတော့-
    🙂

    • Swal Taw Ywet

      July 27, 2013 at 7:14 pm

      ဟိုးးး တစ်ခါ ဖတ်ရွေးအဖွဲ့တွေ့ဆုံကတည်းက တင်ပြထားခဲ့တာပါ၊
      ကြားထဲမှာ ကိုယ်တိုင် ရန်ကုန်မှာ မရှိခဲ့လို့ပါ။ အခု ပြန်ရောက်လာလို့ ထပ်မံဖိတ်ခေါ်တာပါခင်ဗျ။
      ဂဇက် အတွက် တတ်နိုင်တာလေး ဖြည့်ပေး၊လုပ်ပေးခွင့်ပြုပါ။
      ဟိ။ ဟိ နဲနဲ လေးတို့ခဲ့အုံးမယ်။
      ဆင်ရေတွင်း ဘက် တစ် အိမ်ကျော်မှာ အသုတ်ဆိုင်လေးတစ်ဆိုင်ရှိတယ်။
      အဲ သူနဲ့ ကပ်လျက်က …….
      Warmly welcome ပါ ဗျို့
      With respect,
      Swal Taw Ywet.

  • Shwe Ei

    July 26, 2013 at 1:08 pm

    သများကတော့ ပွဲတက်သူအနေနဲ့ ပွဲဖြစ်မြောက်ရေး
    စီစဉ်သူအားလုံးကိုကျေးဇူး အကြီးကြီး တင်ပါတယ်ချင့်
    ဘူဖေးလဲကောင်း အချိုရည်လဲကျိုက်စ်
    စာအုပ်လေးလဲ တော်တော် သဘောကျမိပါကြောင်း 🙂

  • အရီးခင်လတ်

    July 26, 2013 at 1:40 pm

    တစ်တပ်တစ်အား လေ နဲ့ အားပေးနေသူ ကြီး မှ
    ပွဲဖြစ်မြောက်ရေး အတွက် လက်တွေ့ကျကျ လုပ်ပြနိုင်သူ များ ကို
    အထူးကျေးဇူးတင်ရှိပါကြောင်း
    နောက်ပွဲ တွေဟာလဲ ဆထက်တပိုး ပိုပြီး စည်ကားလာမှာလို့ မျှော်လင့်ပါကြောင်း
    ငှက်ကထကြီး ကိုပါ
    အုတ်ကထကြီး အစ်မဒုံ
    တို့ပြီးနောက်
    နောက်လာမဲ့
    ဥကထကြီး ကကြီးမိုက် အားလည်း ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း
    စာလွှာပို့သလိုက်ရပါသည်။

    သာဓု၊ သာဓု၊ သာဓု
    Well Done!!!
    Bravo!!!
    Yoku dekimashita!
    Hǎo wa, gànde piàoliang!
    Bien hecho!

    😆

  • ခုလို အဆင်သင့်လေးလာပြီး ပွဲတက်နိုင်အောင် အစစအရာရာ ကြိုတင်စီစဉ်ကြပါကုန်သော အားလုံးအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း….

  • အလင်း ဆက်

    July 26, 2013 at 6:39 pm

    ဒီလို တွေ ့ဆုံပွဲ တစ်ပွဲဖြစ်ဖို့
    ဘယ်လောက် အားထုတ်လိုက်ကြရတယ်ဆိုတာ
    တွေးကြည့်ရုံနဲ့ သိနိုင်တာမို ့
    ဖြစ်အောင် စီစဉ်ကြတဲ့
    အဘက်ဘက်က ကူညီ လှုပ် ရှားသူ များ
    အားလုံးကို ကျေးဇူးတငိပါတယ်ဗျာ

    ကျွန်တော့် ကဗျာဆု အတွက် စီစဉ်မယ့်ငွေသားကို ဖလားထဲ ထည့်တဲ့အပြင်
    သီးသန် ့အမှတ်တရ ဆုတစ်ခုကို
    တကူးတက စီစဉ်ပေးခဲ့တဲ့ အတွက်လည်းး
    ကျေးဇူး တင်ပါတယ်

  • Mr. MarGa

    July 26, 2013 at 8:32 pm

    ပွဲကို အခန့်သား လာတက်
    အားရပါးရ စားသောက်ကာ
    နှစ်နှစ်ခြိုက်ခြိုက် လေပန်း ခဲ့ရတာကြောင့်
    စီစဉ်သူများကို ကျေးဇူး အထူး အထူး တင်ပါတယ် လို့
    :kwi:

  • uncle gyi

    July 27, 2013 at 11:40 pm

    padomar
    ရဲ့ရှင်းတမ်းကရှင်းပါ့ဗျာ
    စာအုပ်ထဲရေးတဲ့အဖွင့်ကလည်းကောင်းပါ့ဗျာ
    ရွာ့စာအုပ်လည်း
    တအုပ်မဟုတ်
    ၂အုပ်တိတိအားပေးထားပါကြောင်း

  • မောင် ပေ

    July 28, 2013 at 6:38 pm

    ကိုကြောင်ကြီးကို အမြန်ဆုံးပြန်လာစေချင်ပါတယ်
    သူသာအဲ့ပွဲတက်မယ်ဆိုရင်
    ကျုပ်လဲ ဘယ်နေရာမှာ ဘယ်လောက်ပဲအလုပ်များများ
    လာဖို ့ရန် အဆင်သင့်

    • Ma Ma

      July 28, 2013 at 10:15 pm

      Most Popular Award ဆိုတာ ဒါမျိုးကလားးးးးးးးးးးးး 🙂

  • အာဂ

    July 29, 2013 at 5:54 pm

    အန်တီ..တားလည်း….ဆုတွေကို ကိုင်ပေးပါတယ်။နောက်ဘီးတော့….လည်း..မိုးရွာလို့ ဗီနိုင်းတွေဖြုတ်ပေးပါတယ်။..နောက်ဘီးတော့ မဲနိုက်တော့လည်း နောက်ပြောင် အော်ဟစ် လက်ခုပ်တီးပေးပါတယ်…ကျွေးတာတွေကိုလည်း စားပေးပါတယ်။ တိုက်တာတွေလည်းသောက်ပေးပါတယ်။ နော့်……။

  • padonmar

    July 30, 2013 at 2:58 am

    ဂဂတို့ မောင်နှစ်မ ကို ကျန်ခဲ့တာကိုး၊
    ဟုတ်တယ်၊ဂဂ ကူပေးတာ အများကြီးပါပဲ။
    ရွာသူားတွေကို မိတ်ဆက်ပေးတဲ့အခါ တစ်ရွာလုံးကို ဂဃနဏ သိတဲ့ ရွာသားဟောင်းကြီး ဂဂ ကူရတာပေါ့။
    ဂရုပုံ ရှေ့ဆုံးမှာ ကြက်တောင်စည်းလေးနဲ့ ချောချောလေးဆိုတော့ မမနွယ်ပင်ရဲ့ ညီမလေး ဂဂ လို့ အရီးက ထင်သွားသေး။:D

  • လူကလေး

    July 31, 2013 at 10:15 am

    တီတီ ဒုံဒုံ ကိုလည်း ကျေးဇူးအကြီးကြီးတင်မိပါကြောင်း
    ကွမ်းတောင်ကိုင် လူကလေး က ပြောကြားလိုပါ တယ် တီတီဒုံဒုံ(ချစ်ချာဂျီး) .. အာဘွား

  • cobra

    August 2, 2013 at 6:04 pm

    ရွာထဲကပေးတဲ့ဆုက ဘယ်တော့များမှရမလဲမသိတော့ဘူး
    သားလဲဆုလိုချင်တာပေါ့

  • Novy

    August 3, 2013 at 10:44 am

    မမပဒုမ္မာရေ….

    ကျေးဇူးတင်စာရင်းထဲမှာပါတော့ ရင်တောင်ခုန်မိပါတယ် :harr:
    ဒီတစ်ခေါက် ဗလာမပါမလုပ်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်မိပါတယ်
    နောက်တစ်ခေါက်တွေ့ဆုံပွဲမှာ မဲအတွက်ပစ္စည်းတွေဝယ်ဖို့ အချိန်မရခဲ့ရင်
    ခြံထွက်သီးနှံတွေကိုပါ မဲထဲ့ဖေါက်လိုက်ရင်ကောင်းမလားစဉ်စားနေပါကြောင်းးးးးး

  • kai

    August 6, 2013 at 12:51 am

    ရွာ့ကွန်ဖရန်ရဲ့.. ဗီဒီယိုမှတ်တမ်းDVD လေး.. လက်ခံရရှိပြီဖြစ်ပါကြောင်း.. အမပဒုမ္မာအားအကြောင်းကြားအပ်ပါသည်..။
    ဖန်တီးသူ၊ပို့ပေးသူ.. ပါဝင်သူများအားကျေးကျေးကမ္ဘာ…
    :mrgreen:

  • kai

    August 10, 2013 at 4:06 pm

    ရထားတဲ့အခွေထိုင်ကြည့်နေတာ… အယ်လ်အေနဲ့ရန်ကုန်တော်တော်နီးသွားတယ် ခံစားမိတယ်…

  • ကျွန်တော်တော့..အခွေ မကြည့်ရသေ း။

    ရနိုင်တဲ ့နေ ရာတွေဘက်.မရောက်ဖြစ်သေးလို ့။

    တကယ်တော့…
    အဲဒီပွဲ မှာ.ကိုယ် ဘာတွေ ပြောခဲ့မိလို ့..ပြောခဲ့မိလဲ..တောင်..သေချာပြန်စဉ်းစားလို ့မရ ။
    လူများများရှေ ့ဆို…. ထူပူနေတတ်တဲ ့…
    ကိုယ် ့လူကြောက်ရောဂါက… နှိပ်စက်နေလို ့…။

    🙂

  • padonmar

    August 12, 2013 at 11:02 pm

    သူကြီးရေ
    ဒီပို့စ်က ကြည့်သူသိပ်မရှိတော့ရင် စတစ်ကီဖြုတ်လိုက်ပေးပါနော်။
    စာအုပ်ပို့စ်လေးတော့ ဆက်ထားပေးပါအုံး။
    ဝယ်ချင်သူတွေ သိအောင်ပါ။
    ခုထိတော့ သိပ်မရောင်းရသေးဘူး။

  • ရွှေမိုးတိမ်

    August 15, 2013 at 12:07 pm

    ဖတ်ကြည့်တာ ပျော်စရာကြီးပါလား ကွယ် ။ 😀

Leave a Reply