ဘဝ ကိုရှုံးနိမ့်သွားသောလောက

လောကသည်

ဘဝထံသို့

ကံကြမ္မာမှတစ်ဆင့်

ကြမ်းတမ်းခက်ထန်ခြင်းများ စေနှင်းလတ်သည်ရှိသောဝ်

ဘဝသည်

ဉဏ်ပညာ၏ မိတ်ဆွေ ဇွဲသတ္တိတို့၏အစွမ်းဖြင့်  ကြံ့ကြံ့ခံတွန်းလှန်သောအခါ

လောကသည် မယှဉ်သာတော့ဘဲ ဘဝ၏လက်အောက်သို့ ကျရောက်ရရှာလေသတည်း။

……………………………………………………………………… ပုံ

…………………………………………………………………………. ဘဝဇာတ်စယာ

…………………………………………………………………………………………………………..

ဂေဇက်အမှတ်တရစာအုပ်မှာ စယာကြောင်ကြီးရဲ့ စာမူများ မပါရှိခဲ့ခြင်းအပေါ်တွင်

စယာကြောင်ကြီးနှင့် ထပ်တူထပ်မျှ မနာလိုမရှု့စိမ့်ဖြစ်ရပါသည်ခင်ဗျား။

13 comments

  • kai

    July 26, 2013 at 4:19 am

    တနေ့မှာ.. မြန်မာပြည်မှာ.. မန်းဂဇက်သတင်းစာ မထွက်ဖူးလို့.. ပြောမရဘူးလေ…။
    ဆိုတော့…
    ပထမစာအုပ်ထဲမပါလိုက်လို့.. ဝမ်းနည်းစရာရှိ.. ဝမ်းသာနည်းလိုက်…။
    ထပ်တူထပ်မျှ မနာလိုမရှု့စိမ့်ဖြစ်လည်း.. ရတာပဲ…

    ဖွင့်ဖြစ်ရင်.. အများပိုင်ကုမ္ပဏီဖြစ်ချင်ဖြစ်မှာမို့.. ပထမစာအုပ်ထဲပါတဲ့သူတွေလို.. ရှယ်ယာမထည့်ရတာမို့.. ငွေသက်သာတယ်ဆိုလည်း.. ဖြစ်တာပဲ..။
    .. ဖြစ်ချင်တာဖြစ်တဲ့..လောကမှာ.. မဖြစ်ချင်တာတွေမဖြစ်စေသတည်း… :mrgreen:

  • Ma Ma

    July 26, 2013 at 6:06 am

    ပထမအကြိမ်တုန်းက စားပွဲကို လက်သီးနဲ့ထုသံ အကျယ်ကြီး ကြားလိုက်ရတယ်။
    ဒုတိယအကြိမ်ကျတော့ တရှုံ့ရှုံ့နဲ့ ငိုသံကြားလိုက်ရတယ်။ 😆

  • padonmar

    July 26, 2013 at 7:13 am

    ပုပုရယ်
    မငိုပါနဲ့ ၊တိတ်တိတ်၊
    ပုပုနဲ့ ကြောင်ကြောင်ကို ကျမတို့ကလည်း ဆုပေးချင်ပါတယ်။
    နောင်စာအုပ်များထုတ်နိုင်ရင် ပါစေချင်ပါတယ်။
    ဘပုများ ပွဲကို ရောက်လာလေမလားလို့ တိတ်တိတ်လေး မျှော်နေမိသေးတယ်။
    ကန်စွန်းရွက်နဲ့ ပေါင်မုန့် (အခုခေတ်က ပေါက်ပေါက်ဆုပ် မဟုတ်တော့)ပေးရင် စာအုပ်လေးပို့ပေးချင်ပါတယ်။

    • Foreign Resident

      July 26, 2013 at 7:38 am

      padonmar says:
      ” ပုပုနဲ့ ကြောင်ကြောင်ကို ကျမတို့ကလည်း ဆုပေးချင်ပါတယ်။
      ဘပုများ ပွဲကို ရောက်လာလေမလားလို့ တိတ်တိတ်လေး မျှော်နေမိသေးတယ် ”

      မှန်ပါတယ် ၊ ဘပု နှင့် ဦးကြောင် လို ၊
      ဒိတ်ဒိတ်ကြဲ Post တွေရေးနေတဲ့သူတွေကို ဆုပေးချင်ပါတယ် ။
      နောက်တစ်ခါ Gazette Conference ကျရင် ပွဲတက်ခဲ့ကြပါလား ။

      ( ဥပမာ ၊ အဘ ကိုကြည့်ပေါ့ ။
      ၂ ခါ ဆက်တိုက် ပွဲတက်ခဲ့တာနှင့် ၊
      အားနာပြီး ဆုပေးလိုက်ကြတယ်လေ ။
      2013 Popular Choice Award တဲ့ ။

      အာရဂါး ၊ နောက်တာနော် ။ စိတ်မဆိုးနှင့် )

      • Ma Ma

        July 26, 2013 at 8:12 am

        Popular Choice Award ဆိုတာ အလကားရနိုင်တာ မဟုတ်ဘူး။
        လူတိုင်းရဲ့ ရင်ထဲမှာ သတ်မှတ်ပြီးသား။
        ဥပမာ-အဘဖော 🙂
        ဘွပုနဲ့ ကြောင်ကြီးကို Popular Choice Award ပေးမယ်ဆိုရင်….
        ကန့်ကွက်မယ့်သူက သဂျီးရယ်၊ ကြေးမုံကြီးရယ်လောက်ပဲ ရှိမယ်။ 😆

  • ဦးကြောင်ကြီး

    July 26, 2013 at 8:28 am

    အပြောကျယ်လှသော လောကဂျီးသို့ မိုက်ခဲအောင်ပု မျက်လုံးလေး ကလယ်ကလယ်နှင့် မလည်မဝယ် ရောက်ရှိလာစဉ် မှောင်ရိပ်ခို စောင့်နေသော ကြောင်ကြီးမှ အငုံးလေးဟဲ့ လာဇမ်းဆိုပီး ဆွဲစားလိုက်ရာ ထိုအချိန်မှစ၍ ဘွဂျီးသည် ခက်ထန်ကြမ်းတမ်းသယောင် ရှိသော်လည်း ကောင်းတာတွေလည်း ရှိပါသေးတကားဟု အမြင်မှန်ရပြီး မိုးကြိုးကြက်ငယ်လေးများ အကအဖွဲ့ထောင်ကာ ဘဝဇာတ်စယာ ဂျော်လကီအုပေါင်ဟု နာမည်တလုံးဖြင့် ထင်ရှားလာလေတော့သဒီး…. :mrgreen:

    • ဦးကျောက်ခဲ

      July 26, 2013 at 10:06 am

      အဟမ်း… ကကြောင်ဂျီး ကိုယ်တိုင်ရေးဝန်ခံချက်…
      ဇာတ်တူသားစားတာ ပေါ်ပြီ… :mrgreen:

  • မဟာရာဇာ အံစာတုံး

    July 26, 2013 at 10:41 am

    ဘဝဇာတ်စယာ … နံမယ်တောင် မထဲ့နိုင်လောက်အောင် ဖြစ်နေဘာဒေါ့ဒဂါး ..
    ဆိတ်လျှော့ … ဆိတ်လျှော့ …
    နွားများများ မွေး …
    ခိုင်းစားလို့ ရသေးဒယ် ….

  • Ma Ei

    July 26, 2013 at 12:22 pm

    မနာလိုမရှု့စိမ့်လို့ ရေးတာလေး
    ဖတ်ပြီး သနားလိုက်တာ…

  • kyeemite

    July 26, 2013 at 1:15 pm

    လွှတ်ကောင်းတဲ့ဒဿနပါပဲကိုရင်အောင်ပုရေ
    ဆြာကောင်းတပဲ့ ပန်းဂေါင်းပံ ဆိုဒါ ဒါမျိုးပေါတာ :mrgreen:

  • Wow

    July 26, 2013 at 1:39 pm

    ဆြာဂေါင်းတပဲ့ ပန်းဂေါင်းပန်ပီး လမ်းပြောင်းပြန်လျှောက်လို့ အိုက်နေ့က ကပုကို ရဲဖမ်းသွားပါရောလား… :mrgreen:
    ကျုပ်ဆြာကြောင်ရီး ဂေဇက်ဆုမရလို့ ဝမ်းနဲနေတာဘာဗျာလို့ ဦးဦးရဲကြီးတွေကို ရှင်းပြလဲမရပါဝူး :mrgreen:

  • အရီးခင်လတ်

    July 26, 2013 at 3:42 pm

    စု ပို့ လိုက်မယ်။
    လိပ်စာပေး။ 😛

  • မောင် ပေ

    July 28, 2013 at 6:48 pm

    အိမ်း
    ကိုအောင်ပု နဲ ့ကိုကြောင်ကြီး တို ့ရဲ
    စာကို ဘုတ်အုပ်ထဲမှာ မမြင်ရပေမယ့်
    ဂေဇက်မှာတော့
    တစ်ပတ် ၂ပုဒ်လောက် ဖတ်ရရင်
    အင်တာနက်သုံးရကျိုးနပ်ပါတယ်လေ

Leave a Reply