အလေးထားရမဲ့သူတွေ

https://m.facebook.com/home.php?_mn_=2&refsrc=https%3A%2F%2Fwww.facebook.com%2F&refid=9&_rdr#!/photo.php?fbid=274319549375225&id=100003915476655&set=a.233741200099727.1073741827.100003915476655&refid=52
အလေးထားရမဲ့သူတွေ
———————-

မင်းခန့်ကျော်

ခုတလောလိုင်းတွေမရတလှဲ့
ရတလှဲ့ နဲ့ အွန်လိုင်းပေါ်တက်တိုင်း
ပြန်ပြန်ကျနေတာနဲ့ လုပ်ချင်တာမလုပ်ရ။ဟိုစပ်စပ်ဒီစပ်စပ်လည်းမလုပ်ရနဲ့။
အတော်ကိုခွကျသဗျာ။ ဒီအတိုင်းလဲအငြိမ်မနေနိုင်တော့
ဒီနေ့ ဖတ်မိတဲ့အကြောင်းအရာလေးထဲ
ကအပျင်းပြေရှယ်ချင်တာလေးတခု
သတိရလို့ တွေးဖို့လေးတခု ပြန်မျှ
လိုက်ပါတယ်။

ဆိုကြပါစို့ ။ ခင်ဗျာကိုယ်ခင်ဗျားအ
စက်တစက်အနေနဲ့သတ်မှတ်ထား
လိုက်ဗျာ။ အောက်ကပုံအတိုင်းစက်ဝိုင်းရဲ့အလယ်မှာရှိနေတယ်ပေါ့ဗျာ။ အလယ်မှာထားရတဲ့အကြောင်းက
ဥပမာ – ခင်ဗျားကအပြင်းဖျားနေ
တယ်။ခံစားနေရတယ်။ စားချင်စိတ်
လဲမရှိ။သွားချင်တာမသွားရစားချင်
တာမစားရ အတော်ဂွကျနေတယ်ပေါ့။ ဒီလိုမ
ဖြစ်ချင်ဘူး။အမြန်ပြန်ကောင်းချင်တယ်။
ပြန်ကောင်းဖို့ခင်ဗျားနည်းမျိုးစုံနဲ့
ကြိုးစားမယ်။
ဒါကြောင့်ခင်ဗျားက ကိုယ့်ကိုကိုယ်
အလေးထားတယ်။ ကိုယ့်အတွက်
သိတတ်တယ်။ဒါကြောင့်ခင်ဗျားကို
စက်ဝိုင်းအလယ်မှာကျနော်ထား
လိုက်တာ။
ဟုတ်ပြီ။ အဲဒီဖျားနာ တာကခင်ဗျား
မဟုတ်ပဲ ခင်ဗျားရဲ့အရင်းနှီးဆုံး
သူတွေဖြစ်နေရင်။ ခင်ဗျားအနေနဲ့
မင်းဖျားမဲ့အစား ငါသာဖျားပေးလိုက်ချင်တယ်ဆို
လောက်တဲ့ ခင်ဗျားအလေးထားရ
သူတွေ။ဘယ်နှစ်ယောက်ရှိလဲ?
ပြန်စဉ်းစားကြည့်ပါ။
ဟုတ်ပြီ။ အဲဒီကိုယ်စားခံပေးရလောက်
အောင်အလေးထားရတဲ့သူတွေကို
ခင်ဗျားနဲ့အနီးဆုံးစက်ဝိုင်းအတွင်းဆုံးအဝိုင်းမှာနေရာပေးလိုက်ပါ။

နောက်ဒုတိယအဝိုင်းမှာ ဒီလောက်
အလေးထား စရာမလိုတဲ့ ခင်ဗျား
ရဲ့ မိတ်ဆွေတွေ ဘယ်လောက်များ
များရှိနိုင်မလဲ? ခင်ဗျားအနေနဲ့ ဖျားနာတာကို သနားနိုင်မယ်။ဒါပေမဲ့ ကိုယ်စားဖျားနိုင်ပေးလောက်တဲ့ အထိတော့ အလေးမထားနိုင်သူတွေပေါ့ဗျာ။

နောက် တတိယစက်ဝိုင်းမှာခင်ဗျား
သိတဲ့သူတွေထဲက ဖျားနေတာသိပေမဲ့ အိမ်အထိ လူနာမေးရလောက်အောင် အလေး
မထားရပေမဲ့ ” အော် ဖျားနေတာ
လား ” ဆိုတဲ့ အဆင့်မျိုးကိုနေရာ
ပေးလိုက်။

ဒီလိုနေရာတွေပေးလိုက်ရင် ခင်ဗျားရဲ့ စိတ်နေစိတ်သဘောထား။
ခင်ဗျားရဲ့ မေတ္တာတရား။
ခင်ဗျားရဲ့ အလုပ်အကိုင်။
စသည် အနေအထားကိုလိုက်
ပြီးစက်ဝိုင်း ကကြီနိုင်ပါတယ်။
အလယ်အလတ်ဖြစ်နိုင်ပါတယ်။
ငယ်နေတာမျိုးလဲဖြစ်နိုင်ပါတယ်။

ဒီမှာပြောရရင် ပထမဆုံးစက်ဝိုင်း
က ခင်ဗျားအလေးထားရဆုံး ခင်ဗျားရဲ့ မိသားစု နေရပ် ခိုကိုး
ရာ နေရာဖြစ်နိုင်သလို ခင်ဗျား
ရဲ့ ပျော်ရွှင်ခြင်းတွေ ဝမ်းနည်းခြင်းတွေ စတဲ့ ခံစားချက်တွေကို ဖော်ထုတ်လို့
ရတဲ့နေရာလည်းဖြစ်ပါတယ်။

နောက်ထိခိုက်မူ့ တွေဖြစ်လာတိုင်း
ခင်ဗျားရဲ့ စက်ဝိုင်းအတွင်းပိုင်း
ကိုရောက်လာလေလေ ခံစားရလေ
လေ နာကျင်ရလေလေဖြစ်မှာပါ။

နောက်တခုက ခင်ဗျားရဲ့ စက်ဝိုင်း
ထဲမှာ ခင်ဗျားထည့်သွင်းထားတဲ့
သူ တယောက်ချင်းဆီမှာလည်း
ခင်ဗျားလိုပဲ ကိုယ်ပိုင်အလေးထား
ရတဲ့စက်ဝိုင်း ကိုယ်စီရှိတယ်ဆိုတာ
မမေ့ဖို့ပါပဲ။

ဆက်တွေးရရင်အများကြီးယူနိုင်
ပါသေးတယ်။ ယူချင်ရင်
အဲဒါခင်ဗျားဆက်တွေးကြည့်ပေါ့
ဗျာ။







*******************************

ဒီထိကဖေ့ဘုတ်ထဲမှာရေးသလောက်ပဲ။
ဒီမှာတော့ဒီလောက်နဲ့မရပ်နိုင်ဘူးဗျ။
ဒီစက်ဝိုင်း ပုံစံနဲ့ တိုင်းပြည်ကိုပြန် ကြည့်မိတယ်။
ဒီနေ့ မြန်မာနိုင်ငံသားအများစု ခံစားနေရတာတွေ
ပြသနာတွေ။ခြစားမူ့တွေ။မွဲတေမူ့တွေ။အဓမ္မမူ့တွေ။
အကြမ်းဖက်မူ့တွေ စသည်စသည်တွေကိုမြင်နေရ
ကြားနေရတော့ နိုင်ငံခေါင်းဆောင် တာဝန်ရှိသူလို့
ခံယူထားသူတွေရဲ့ အလေးထားရမဲ့စက်ဝိုင်းရဲ့
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အပြင်ဘက်ဆုံးမှာပြည်သူတွေအတွက်နေရာပေးထား
သလားလို့ တချက်(တခု) တွေးမိပါရဲ့။

5 comments

  • အရီးခင်လတ်

    July 26, 2013 at 3:47 pm

    ဆက်တွေးဖို့ အချိန်ကျော်သွားလို့ မင်းမင်း ရေ။
    😀

    • မင်းမင်း

      July 26, 2013 at 3:59 pm

      အတွေးနဲ့ မဟုတ်
      လက်တွေ့ပဲပြပြနေတာကအခက်သားလားအရီးရေ။

  • ဦးကြောင်ကြီး

    July 29, 2013 at 9:20 am

    ကြက်ဝိုင်းမှာတော့ ကိုယ်ဂျင်းစာတရား မထားနိုင်… ခွပ်သာခွပ်ပဲ… ရှုံးတဲ့ကြက် ချက်အစားခံရမယ်… 😀

    • မင်းမင်း

      July 29, 2013 at 9:41 am

      ဦးကြောင်ပြောမှ ပဲ။

      ဟိုးအရင် ခေတ်က လူကြီးလာလို့

      ကြက်သားဟင်းနဲ့ဧည့်ခံတဲ့ ဟာသလေးသတိရမိတယ်။

      အဲဒီ ကြက်ဖိုးကို မတန်တဆ စာရင်းပြတယ်။

      ဘာတဲ့ (မှတ်ချက်။ တိုက်ကြက်ဆိုပဲ။)

      တိုက်ကြက်ကဈေးတော့အကောင်းသား :mrgreen:

  • ဦးကြောင်ကြီး

    August 1, 2013 at 10:00 am

    အလေးထားဖို့ တကယ်လိုသူတွေကတော့ အသားငါးသယ်နဲ့ ရွှေဆိုင်ပိုင်ရှင်များဖြစ်၏ 😆

Leave a Reply