စိတ္တဇ..

သုရွင္July 26, 20131min1767

စိတ္တဇ…

တဒိတ်ဒိတ်ခုန်နေတဲ့  နားထင်သွေးတိုးတဲ့အသံ ကြောင့်

ငါ့ရဲ့မညီမညာ  ည  တွေ..စည်း ဝါး တော့ ခပ်ကိုက်ကိုက်။

ခုန်ပေါက်နေတဲ့ အတွေးအပိုင်းအစ တွေ …….

ငါ့ဘဝ ကို  ကြီးလိုက် ငယ်လိုက်ဖြစ်စေတယ်……….။

တစ်ဖျောက်ဖျောက်ကျနေတာက… ဟိုးကောင်းကင်က

….မိုးစက်တွေ မဟုတ်ခဲ့ပါဘူး။

( မဖြစ်နိုင်ဘူးမပြောပါနဲ ့…..။)

ငါ့ကိုပဲကြည့်….

မီးမဟုတ်ပေမယ့်…တစ်ဖျစ်ဖျစ်လောင်တယ်။

သစ်ရွက်မဟုတ်ပေမယ့်…..တစ်ဖြုတ်ဖြုတ်ကြွေတယ်။

ပရုတ်လုံးမဟုတ်ပေမယ့် တစ်ဖြည်းဖြည်းလုံးပါးပါးခဲ့တယ်။

မှန်ထဲက ငါမှာ…

အရေးအကြောင်းတွေ ခပ်မှိန်မှိန်ကနေ

ခပ်ထင်းထင်း…ဖြစ်လာပေါ့။

အကောင်းဆုံးဖြစ်အောင် မလုပ်ခဲ့မိဘူး ဆိုပြီး

သံဝေဂ ရ ရ ရ ရ ရ………

ရ ချည်းပဲနေတော့တာ။

တစ်ချိန်တစ်ခါတော့ ငါ့ အပြန်လမ်းမှာ..

နောင်တတွေကို အလေးခံပြီး သယ်ယူမသွားချင်တော့ပါဘူး။

ရွေးချယ်ခွင့် ရ နေသေးသ၍ ပေါ့ဗျာ။

 

 

 

7 comments

  • မဟာရာဇာ အံစာတုံး

    July 26, 2013 at 7:12 pm


    “….
    ငါ့ကိုပဲကြည့်….
    မီးမဟုတ်ပေမယ့်…တစ်ဖျစ်ဖျစ်လောင်တယ်။
    သစ်ရွက်မဟုတ်ပေမယ့်…..တစ်ဖြုတ်ဖြုတ်ကြွေတယ်။
    ပရုတ်လုံးမဟုတ်ပေမယ့် တစ်ဖြည်းဖြည်းလုံးပါးပါးခဲ့တယ်။
    ….”

    ကျုပ်တော့ဖြင့် ဒီနေရာလေး ရေးထားတာကို
    ရေလည် ခိုက်မိတယ်ဗျို့ ….။
    အားပေးသွားပါတယ်ဗျာ ….။

  • အလင်း ဆက်

    July 26, 2013 at 7:16 pm

    ကျွန်တော်က တော့
    နောင်တ တွေကို
    ဝတ်ရုံလို ခြုံထား ရ တုန်းးးး

    • koyinmaung

      July 30, 2013 at 9:15 am

      တချို့ကဗျာတွေရဲ့ရည်ရွယ်ချက်တွေကိုလိုက်မမှီပေမဲ့..
      သုရှင်ရဲ့ကဗျာရည်ရွယ်ယင်းကိုတော့လိုက်မှီသလို..
      သဘောလဲကျမိတယ်ဗျို့…
      ကိုသုရှင်က..ရွေးချယ်ခွင့် ရ နေသေးယင်
      နောင်တတွေကို အလေးခံပြီး သယ်ယူမသွားချင်တော့ပါဘူး …တဲ့
      ကိုအလင်းဆက်ကတော့..နောင်တ တွေကို
      ဝတ်ရုံလို ခြုံထား ရ တုန်းဆိုပါလား….
      ကိုအလင်းဆက်လဲ နောင် ရွေးချယ်ခွင့်ရလာအုံးမှာပါ…
      အားမလျှော့ပါနဲ့အလင်းဆက်ရေ….
      ဒီနေရာကနေအားပေးလိုက်ပါတယ်………………….

  • kyeemite

    July 27, 2013 at 9:02 am

    စိတ္တဇ
    အိပ်မရ
    စိတ်မချ
    လိမ့်မဗျ။ 🙂

  • kyaw swar kaung

    July 29, 2013 at 11:40 pm

    ကဗျာ ရည်ညွှန်းမှု..ဆိုလိုချက် အရမ်းကောင်းသလို
    စကားလုံးတွေ ကို အရမ်းသဘောကျပါတယ်..။
    ခြုံပြောရရင် ကဗျာကောင်းတပုဒ် ဖတ်ခွင့်ကြုံခဲ့ပါတယ်။။

Leave a Reply