ဘေးဘီကိုကြည့် ပါ

အာဂJuly 26, 20131min20215

ဂိုးပေါက်ထဲ ဘောလုံးရောက်ဖို့

ဘေးဘီကိုကြည့်ပါ။

ပြိုင်ဘက်ကို ရင်ဆိုင်မယ့်

သတ္တဝါတစ်ကောင်ဆိုရင်လဲ

ကိုယ့်အစွယ်တွေကို ထုတ်မပြခင်

ဘေးဘီကိုကြည့်ပါ။

အချစ်ဝတ်ရည် သောက်သုံးဖို့ ဟန်ပြင်နေတဲ့

ပျား၊ ပိတုန်း ဆိုရင်လည်း

ဘေးဘီကိုကြည့်ပါ။

မဟုတ်မခံစိတ်ကို မွေးမြူမယ် ဆိုရင်လည်း

ကြီးထွားဖို့ အတွက် ဘေးဘီကိုကြည့်ပါ။

လူများသတင်းတွေကို လွင့်မယ်ဆိုရင်လည်း

ဘေးဘီကိုကြည့်ပါ။

ကိုယ့်ရှေ့မှာ ကျနေတဲ့

အခွင့်အရေးရွှေထုပ်ကို ကောက်ယူမယ်ဆိုရင်လည်း

ဘေးဘီကိုကြည့်ပါ။

အမှန်တရားကို ဓားလိုသွေးမယ်ဆိုလည်း

ဘေးဘီကိုကြည့်ပါ။

နောက်ဆုံးကိုယ်က သေခြင်းတရားကို

လှမ်းခေါ်နေရင်လည်း

ဘေးဘီကို တစ်ခေါက်လောက်ဖြစ်ဖြစ်

ကြည့်ဖြစ်အောင်ကြည့်ပါ..။

15 comments

  • မဟာရာဇာ အံစာတုံး

    July 26, 2013 at 7:09 pm

    ဆြာဂ ..
    ဘေးဘီကို ကြည့်တာတော့ ဟုတ်ပြီ …
    ဘယ်လို ပုံစံမျိုးနဲ့ ဘေးဘီကို ကြည့်ရမှာတုန်း …
    ကျီးကန်း တောင်းမှောက် ပုံစံမျိုးနဲ့ မဟုတ်တာတော့ သေချာတယ် …
    ဒါ့ထက် ….
    ဘေးဘီကို မကြည့်သင့်တာတွေလည်း ရေးပါဦး ဆြာဂ ..

  • အလင်း ဆက်

    July 26, 2013 at 7:13 pm

    ဘေး ဘီ ကို
    ကြည့်လိုက်တော့
    ကျွန်တော့် ကို
    ကျွန်တော် တွေ ့လိုက်တယ်

  • ကိုသု

    July 26, 2013 at 8:09 pm

    ရှက်ကီကို မူးအောင်ထုတော့မယ်ဆိုလဲ ဘေးဘီကိုကြည့်ပါ။

  • ကြာ ညောင်

    July 26, 2013 at 11:14 pm

    မဟုတ် မဟတ် လုပ်တော့မယ်ဆို ဘေးဘီတင် မဟုတ်ဘူး
    အပေါ်တွေ ရော အောက်တွေရောကြည့်ရတယ်

  • kyeemite

    July 27, 2013 at 8:56 am

    ဘေးဘီကိုကြည့်တော့
    ဇက်ညောင်းပြေတာပေါ့ 🙂

  • manawphyulay

    July 27, 2013 at 10:43 am

    ဘေးဘီကို အမြန်ကြည့်လိုက်တော့ အားလားလား တော်သေးတယ် ကားတိုက်မလို့ ကံကောင်းတယ်။ ကားကြောပိတ်နေတဲ့ကြားက ကားကြားကနေ ကားတစ်စီး မျဉ်းကြောပြီး အရမ်းမောင်းလာတာ ရှောင်နိုင်လိုက်တယ်။

  • Mr. MarGa

    July 27, 2013 at 11:45 am

    ဘေးကိုကြည့်ပါ
    အပေါ်ကို မော့ကြည့်ပါ
    အောက်ကို ငုံ့ကြည့်ပါ
    ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ
    ဒါမှ အမြင်မျိုးစုံ မြင်ရမှာ… :mrgreen:

  • niki ta

    July 27, 2013 at 12:21 pm

    comment ရေးတော့မယ်ဆိုရင်လည်း
    ဘေးဘီကို ကြည့်ပါ
    😀

  • KZ

    July 27, 2013 at 12:36 pm

    ခိုးစားဖို့ ကြံစည်တိုင်းလည်း ဘေးဘီကို ကြည့်ပါ။ :mrgreen:

  • ဦးကျောက်ခဲ

    July 27, 2013 at 12:40 pm

    အတည်မန့်မည်…
    ကွမ်းဆြာများ သင်တို့ထွေးတော့မယ်ဆိုရင်…
    ဘေးဘီကို ကြည့်ပါ…
    :mrgreen:

    • ရဲစည်

      July 28, 2013 at 4:26 am

      ဟေ့လူ ခင်ညားက ဒဲ့စိန်ခေါ်သလားပေါ့ …
      တွေ့မယ် … လွတ်လပ်ရေးနေ့ ဟိုတယ်မှာ ကွမ်း အစိပ်သား ယူလာစားဦးမှာ …

      မနာလိုခြင်း များစွာဖြင့်
      စောဖွရှီး
      :mrgreen:

  • kai

    July 27, 2013 at 4:51 pm

    ဘေးဘီကိုကြည့်တော့မယ်ဆို… ရှေ့ကိုအရင်ကြည့်ပါ… 😀

  • uncle gyi

    July 28, 2013 at 12:29 am

    သေချင်းတရားကလှမ်းခေါ်နေမှတော့
    ဘေးဘီကိုကြည့်ချိန်ရမယ်မထင်
    တော့ဖူးကိုအာဂါရေ

  • အရီးခင်လတ်

    July 28, 2013 at 1:44 am

    ဘေးဘီ ဆိုတာ ဘေဘီ့ ကို ခေါ်တာလား။
    😆

Leave a Reply