ဂေဇက်တွေ့ဆုံပွဲ လက်ကျန် ဓါတ်သေများ
+++
=
+
+
+
+
+
+
+
+
+x
+
+
+
+
+
+
=
+
=
+
+
ကွန်နက်ရှင် မကောင်းတဲ့ကြားထဲက အားတင်းတင်လိုက်ရတဲ့ မနေ့က ဓါတ်ပုံပိုစ့်မှာ မပြည့်မစုံ ဖြစ်ကျန်ခဲ့တာ အများကြီးပါ .. အဆိုးဆုံးက ဆုရတဲ့သူတွေ ဓါတ်ပုံတောင် တချို့ ကျန်နေခဲ့တာကိုပါပဲ .. အရမ်းအားနာပါတယ်ခင်ဗျာ … ။ဒီနေ့တော့ စိတ်ရှည်လက်ရှည်နဲ့ တင်လိုက်ပါတယ် .. ကျန်နေတဲ့သူတွေလဲ စိတ်ကျေနပ်ပါ ခင်ဗျာ ..
ပုံတွေကျန်နေသေးရင်လဲ တောင်းပါခင်ဗျ .. ။
နောက်တစ်ခု ပုံထဲမပါစေချင်တဲ့သူများရှိရင်လဲ ခွင့်လွှတ်ပါ ..။ကျွန်တော်ဖျက်ပေးပါ့မယ် ..။ကျွန်တော်မရှိတဲ့အခိုက်ဆိုရင်လဲ သူကြီးကိုဖျက်ခိုင်းပါခင်ဗျ ..။ဘူဖေးပွဲကို ဘယ်သူစတင်ဖွင့်လှစ်သလဲဆိုတဲ့ ဓါတ်ပုံမှတ်တမ်းလေးလဲ တင်ပေးလိုက်ပါတယ်..။
နောက်တစ်ခု ရွာသူရွာသားတွေထဲမှာပထမဦးဆုံး တွေ့ရှိခင်မင်ရသူ ကိုကမ်းနဲ့ ကစည်ကို ခုပွဲမှာ မတွေ့ရတဲ့အတွက် ဝမ်းနည်းရပါကြောင်း ..ထို့အတွက်အမှတ်ရ ကစည်ရရှိတဲ့ ဆုကို ကျွန်တော်တက်ယူပေးခဲ့ပါကြောင်း ..၊ အဲဒီ့ဆု ခင်ဗျားလက်ခံရတဲ့အချိန်မှာ ခင်ဗျားနဲ့ ကျွန်တော့်အတွက် အမှတ်တရလို့ သတိရပေးပါ ကစည်ရေ ..။ ကုန်းပေါ်ရောက်ရင် တွေ့ချင်ပါသေးရဲ့ .. နောက်တစ်ယောက် ကလေးရဦးမယ် .. ရမယ်ဆိုရင် မိန်းကလေးဆိုတဲ့ ခင်ဗျားရဲ့ ဟောပြောချက်လေးလဲ မှန်ပါတယ်လို့ ..သတိတရ ပြောပါရစေ ..။
တွေ့ဆုံပွဲမှတ်တမ်းဓါတ်ရှင်ခွေလေးလဲ အခုအချိန်ဆို လေယာဉ်ပျံစီးနေလောက်ပါပြီ ..။ အမှတ်တရ လက်ဆောင်ပါ သူကြီးခင်ဗျ.။။

ပွဲ လုပ်တဲ ့နေ ့လေးကို

ပြန် သတိရ သွားပြီ ။
Was this answer helpful?
LikeDislikeဒီလောက် သတိထားနေတဲ့ကြားတောင် ပုံ၆ ပုံ ကျန်ခဲ့လို့ ပြန်တင်လိုက်ရပါကြောင်း ..
Was this answer helpful?
LikeDislikeဟ …
ဒက်ဒီတိုက်ကတော့ကွာ ….
စားစရာ ရှားလို့ …
စက္ကူတွေ လိုက်စားနေဒယ် …
ဒီမှာ တာမက် တစ်ယောက်လုံး ချိနေဒါကို …
စားဂျင်ရင် ပြော .. ယို ကျွေးမှာပေါ့လို့ …
Was this answer helpful?
LikeDislikeနင့်ဂျီးဒေါ် အဲဒါ နင်စွပ်ကျယ်ပေါက်ဖို. မဲလိပ်လုပ်နေဒါဟဲ့.. အကောင်ရဲ.
ဖြတ်စရာ ဓားမရှိလို. တံတွေးစွပ် စက္ကူဖြဲနေဒါလေ………… ခွိခွိခွိ… မဲလိပ်တွေကတော့ မွှေးနေမှာပဲ.. ခွိ
Was this answer helpful?
LikeDislikeကြည့်ဘာလား …
ပြောဒေါ့ဒါ တော်ဘူး တော်ဘူးနဲ့ …
တားဂို ဂျစ်ရဲ့သားနဲ့ ဇွတ်ငြင်းနေဒယ် …
လူဇိုးဒက်ဒီ ….
Was this answer helpful?
LikeDislikeကြည့်စမ်းမနွယ်ပင်က ကိုအာဂကို ပန်းကန်းတွေ အများကြီးသယ်ခို်င်းနေဒယ်။
အိမ်မှာတော့ ဘယ်သူနိုင်လဲမသိဘူး။
(ဆေးထိုးခြင်း)
Was this answer helpful?
LikeDislikeကိုသု says:
” ကြည့်စမ်း မနွယ်ပင်က ကိုအာဂကို ပန်းကန်းတွေ အများကြီးသယ်ခို်င်းနေဒယ် ”
မဟုတ်ဘူး ။ မနွယ်ပင်က ကိုအာဂကို သင်ပေးနေတာ ။
ဒီလို လေးထောင့် ပုဂံပြားကြီးနှင့်ယူ ရတယ် တဲ့ ။
အဲဒါကြီးက များများဆံ့တယ်တဲ့ ။ ဟီ ဟိ ။
Was this answer helpful?
LikeDislikeကိုသုေ0ရော အဘဖောရော မှားတယ် ….
အမှန်က နွယ်ပင်က ဂ ကို လေးထောင့်ပုဂံရေ အ0ိုင်းရော နှစ်ခုလုံးနဲ့ ယူခိုင်းနေတာ
ဒါမှ နေ့ခင်းစာလွတ်မှာဆိုပီး ပြောပြနေတာပါ ဟိ ….
Was this answer helpful?
LikeDislikeကိုရင်မှော်ရေ.. သတိတရ ရှိနေပေလို့.. ကျေးဇူးပါဗျို့… ကျုပ်လည်း ခင်ဗျားနဲ့တကွ
အားလုံးကို အထူးတလည်သတိရနေပါတယ်။ တချိန်က ကိုရင်ဟောပေးခဲ့တဲ့ ခင်ဗျားမိသားစုထဲ
မှော်ဆရာမလေး မွေးဖွားတော့မယ် သတင်းကြားလို့ ဝမ်းသာပါတယ်.. (သူမွေးဖွားလာရင်တော့
ခင်ဗျားရဲ့ မိဘ လူကြီးမိဘ ကျန်းမာရေးကို အထူးဂရုစိုက်လိုက်ပါ။)
ခင်ဗျား ကျနော့်အတွက် ယူပေးထားတဲ့ ဆု ပုံနဲ့ အံစာ ယူပေးထားတဲ့ ပုံလေးကို ကြည်ကြည်လင်လင်လေးရှိရင်
အမှတ်တရလိုချင်လို့ sithu.marine@gmail.com ကို ပို့ပေးပါခင်ညာ.. ဓါတ်ပုံထုတ်ပီး သိမ်းထားချင်လို့…။
ဓါတ်သေဆို တခါတုန်းက ဓါတ်ရှင်ပါ…
သတိရလျက်..
ပင်လယ်ပျော် ကိုရင်စည်..
Was this answer helpful?
LikeDislikeဟက်လူ ..
ခညားအတွက် ဆု တက်ယူပေးထားဒါနော် ..
အဟမ်းး ဟမ်းးး
လာလို့ဂဒေါ့ …
အဟမ်းး ဟမ်းး ဟမ်းး
Was this answer helpful?
LikeDislikeဓါတ်သေ များကို သိမ်းဆည်း သွားပါတယ်ဗျို့
ဓါတ်ရှင်တွေကတော့ မျှော်လိုက်ဦးမယ်
ကဗျာရွတ်ကြသူများရဲ့ ဓါတ်ရှင်တွေကို ချောင်းနေပါကြောင်း
:hee:
Was this answer helpful?
LikeDislikeတိုက်တိုက်ခဗျာ.. တနားပါတယ်
ဂဇက်ကွမ်းတောင်းကိုင်တွေက လှသားပဲနော်
ဘူးဖေးမှာ နောက်ကတန်းစီနေသူတွေ စားလိုက်ကြရဲ့လားဟင်.. ရှေ့ကလူတွေအသားကုန်ဆွဲနေလို့
ဦးမိုက်စတိုင်က မိုက်သဗျာ
ကျနော့အစား ဓာတ်သေတွေဝေဝေဆာဆာရိုက်ပြီး မှတ်တမ်းတင်ပေးတဲ့ ကမှော့်ကို ကျေးဇူးတင်ပါတယ်ဗျို့
ကနော်မလာနိုင်လို့ စိတ်မကောင်းဖြစ်နေတာဗျ. ခင်ဗျားလာမယ်ဆိုလို့ စိတ်ချသွားတာ
Was this answer helpful?
LikeDislikeတစ်ယောက်တစ်လှည့် ရွာတာဝန် နိုင်သမျှ ထမ်းကြတာပေါ့ဗျာ ..
Was this answer helpful?
LikeDislikeကို မှော် လာမယ် ဆိုလို့ ကျုပ်လဲ သက်ပြင်း ချနိုင်တာ ဗျ . . မဟုတ်ရင် နောက်ဆံ တထင့်ထင့် နဲ့ ဗျို ့ . . . .။
Was this answer helpful?
LikeDislikeရွာ့ဒါ့ပုံဆြာတွေရဲ့ ရွာပေါ်ထားတဲ့ သံယောဇဉ်ကို ချီးကျူးပါတယ်။
….
မှော်ဆရာပို့လိုက်တဲ့ ဓာတ်ရှင် ရပါပြီ။
မနီလာစိန်က ဩဂုတ်လထဲကျမှ ပြန်မှာဖြစ်လို့
မနက်ဖန်လော့ကျတဲ့အိမ်ကျလိကျလိကို ပြန်မယ့်သူငယ်ချင်းနဲ့ အပ်ပေးလိုက်ပါပြီ။
မနက်ဖန်မှ လေယာဉ်ပျံစီးမယ့် ဓာတ်ရှင်ပါ။
အခုတော့ အလွမ်းပြေ ကြည့်ပြီးပါပြီ။
ကင်မလာကလည်းကောင်း ၊
ကင်မလာနောက်က ရပ်တဲ့သူကလည်းကောင်း ၊
ကင်မလာရှေ့လူတွေကလည်း ပျော်ဖို့ကောင်း ဆိုတော့
အဲဒီနေ့က ရှန်တီစားသောက်ဆိုင်ကို တစ်ခေါက် ပြန်ရောက်သွားမိသလိုပါပဲ။
…
ဓာတ်ရှင်လိုချင်သူများ စာအုပ်ရောင်းပေးတဲ့ နေရာတွေမှာ ရနိုင်အောင် စီစဉ်ပေးပါမယ်။
Was this answer helpful?
LikeDislikeအနော်တို့လဲ ဓာတ်ရှင် စောင့်နေပါတယ် လို့
အဲ့ဒါ အဲ့ဒါ
Was this answer helpful?
LikeDislikeကျေးဇူးအကြီးကြီးတင်ပါတယ်ကိုရင်မှော်ရေ…
ခင်ဗျားမှတ်တမ်းက သဂျီးလေသံနဲ့ပြောရရင်
ဂဇက်သမိုင်းဝင်သွားပါပြီ…
နောက်ပွဲတွေမှာဆုံကြသေးတာပေါ့ဗျာ…
Was this answer helpful?
LikeDislikeဘူဖေးပွဲကို ဘယ်သူစတင်ဖွင့်လှစ်သလဲဆိုတဲ့ ဓါတ်ပုံမှတ်တမ်းလေးလဲ တင်ပေးလိုက်ပါတယ်..။
ဘယ်သူလဲသိကြလား….. ဟီဟိ ပေါ့
Was this answer helpful?
LikeDislikeဟီဟိ ဆိုတော့……….။

သိပြီ။
အနော်လည်း ခရက်ဒစ် ပေးသုံးဖူးတဲ့ ရီ သံပိုင်ရှင်။
Was this answer helpful?
LikeDislikeရွာ့ကွမ်းတောင်ကိုင်တွေ မှော်သားသားလေးကို လုနေကြတယ်။
Was this answer helpful?
LikeDislikeပုံတွေတော့ စုံလောက်ပြီ ထင်တာပါပဲ …
Was this answer helpful?
LikeDislikeရွာ့စားပွဲ
ဖြိုးကြီးလည်းသီချင်းလာဆိုသေးသကိုး
Was this answer helpful?
LikeDislikeကမှော်ရေ
ကျေးကျေးဗျာ ။ ခုမှ ဝင်လို့ရပါတယ်
ပုံရိပ်တွေကို စကားပြောအောင် ရိုက်ပေးခဲ့တာ ကျေးဇူးပါဗျာ
နောင်လည်းဆုံချင်ပါသေးတယ်နော
Was this answer helpful?
LikeDislike