RIT…RIT နဲ့ ခေါ်လို့ကောင်းလိုက်တာ….သူက RIT ကျောင်းသားလေ…ဆိုပြီး မိတ်ဆက်ပေးနေသံတွေ ကြားရတာ နားဝင်ချိုလိုက်တာ…RIT က ဆင်းရင်…B.E ဘွဲ့ရတာ…စိတ်မဝင်စားခဲ့ပါဘူး…ဌာနဆိုင်ရာတွေမှာ အလုပ်ဝင်လို့ AE ဖြစ်တာ စဉ်းတောင် မစဉ်းစားခဲ့ပါဘူး…ဖတ်ခဲ့ဖူးတာက နွမ်ဂျာသိုင်းတို့ မစန္ဒာတို့ ဝတ္ထုတွေ…ပျော်ရွှင်ဖွယ်ရာ ကျောင်းသား ဘဝတွေ…အဲ့ဒီနောက် ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးအခင်းတွေမှာ အမှန်တရားအတွက်…တိုင်းပြည်အတွက်…လူမျိုးအတွက် အသက်တွေ ဘဝတွေ အလူးအလဲ ပေးဆပ်ခဲ့ရတဲ့ RIT ကျောင်းသားတွေရဲ့ အမှန်တရား ချစ်မြတ်နိုးစိတ်တွေ ကောင်းကောင်းကြီး သဘောကျနှစ်ခြိုက်ခဲ့ရတယ်…သိပ်သဘောကျခဲ့တာပဲ…ဒီ RIT စိတ်ဓာတ်ကို…ငါလဲ တနေ့မှာ ဒီ RIT ကျောင်းသား ဖြစ်ရမယ်…ဒီကျောင်းကို ငါ တက်ကိုတက်ရမယ်…ဒီအတိုင်းပဲ ကိုယ့်ဘာသာကို ဆုံးဖြတ်ချက်ချခဲ့တယ်…

ခေတ်တွေက ပြောင်းသွားတယ်…Rangoon ကနေ Yangon ဖြစ်သွားတယ်…RIT ကနေ YIT ဖြစ်သွားတယ်…ငါတို့ကို တော်လှန်နေတာ ဒင်းတို့ပဲ…ဒင်းတို့ကို လူစုခွဲရမယ်…မြန်မာပြည်ကြီးကိုလဲ နှစ်ခြမ်းခွဲ…ဒင်းတို့ကိုလဲ နှစ်ခြမ်းခွဲဆိုတဲ့ သကောင့်သားတွေရဲ့ အာဃာတ အောက်မှာ အထက်မြန်မာပြည်သား ကျွန်တော်လဲ ဖုန်ထူလေတိုက်…မြွေပွေးကိုက်ရျ်…လူမိုက်ပျော်သည်…MIT ဆိုတဲ့ ကျောင်းရောက်ခဲ့ပါတယ်…ချိုးစရာ ရေမရှိ…ဝဲတွေအတိ နဲ့…ကျောင်းရှေ့မြောင်းထဲ ရေသန့်ဘူး ဖက်ပြီး ရေကူရင်း ကျရာနေရာမှာ လည်ပင်းက ဝဲလေးကုတ်ပြီး ဆေးပြာကြီးလူးတဲ့ ဘဝကို ပျော်စရာအတိနဲ့ ဖြတ်သန်းခဲ့ရတယ်….

ဒင်းတို့တွက်ကိန်း ကောင်းကောင်းကြီးလွဲသွားတယ်လေ…လူခွဲလိုက်ရင် လူစုကွဲသွားမယ်…စိတ်ဓာတ်ကွဲသွားမယ်…ငါတို့ထိမ်းကျောင်းချင်သလို ထိမ်းကျောင်းလို့ရသွားမယ်…ဒီလိုတွေးခဲ့တဲ့ သူတို့ရဲ့ အတွေး မှားတယ် ဆိုတာကို…YIT…MIT ဘယ်လိုခွဲပေမယ့် အမှန်တရားကို ချစ်မြတ်နိုးတဲ့ တော်လှန်ရဲတဲ့ RIT စိတ်ဓာတ်က တသားထဲရှိတယ်ဆိုတာကို ကောင်းကောင်းကြီး သက်သေပြခဲ့ကြတယ်…သူတို့ သွေးပျက်မတတ် တုန်လှုပ်ခြောက်ခြားသွားတယ်…ကျောင်းသားဘဝကနေ တချို့လဲ ကွဲထွက်သွားခဲ့ရတယ်…ဒါပေမယ့် ဒီ RIT စိတ်ဓာတ်က သေနတ်တွေ…အကြောက်တရားတွေ… .ခြိမ်းခြောက်မှုတွေကို အလဲထိုးနိုင်ခဲ့တယ်…အချိန်တွေ…နှစ်တွေ ဘယ်လို လေလွင့်ဆုံးရှုံးခဲ့ပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ နိုင်တယ်…ဒင်းတို့ကို အနိုင်ရဖို့ ကျွန်တော်တို့မှာ ခိုင်မာတဲ့ စိတ်ဓာတ်တစ်ခုပဲ ရှိဖို့လိုတယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်…

အဲ့ဒီနောက် အစုတ်ပြတ်ဆုံးဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အထပ်ထပ် အခါခါ ချိုးဖျက်ခဲ့ကြတယ်…ရည်ရွယ်ချက်မဲ့သွားတဲ့ ဘဝတွေဖြစ်သွားအောင် ကြိုတင်ကြံရွယ် ပြုမူခဲ့ကြတယ်…လေလွင့်သွားတဲ့ ရော်ရွက်ဝါတွေလိုပဲ သူငယ်ချင်းတွေ ကမ္ဘာအရပ်ရပ်ကို ဝဲလွင့်သွားကြတယ်…ရည်ရွယ်ချက် ဦးတည်ချက်တွေ အမျိုးမျိုး ပြောင်းလဲသွားကြပေမယ့် ကျွန်တော်တို့ ဘဝတွေ သူတို့ရည်ရွယ်သလို ပျက်မသွားခဲ့ကြပါဘူး…စိတ်ဓာတ်တွေ ကွဲထွက်မသွားကြပါဘူး…အမှန်တရားကို ချစ်တဲ့…အမှန်တရားအတွက်ဆို ဘဝတွေပေးဆပ်ရဲခဲ့ကြတဲ့ ဒီ RIT စိတ်ဓာတ်ဆိုတာ…ဘယ်ခေတ် ဘယ်စနစ် ဘယ်အစိုးရ ပြောင်းပြောင်း အမြဲရှိနေဦးမှာပါ…မကောင်းတဲ့ အစိုးရတက်လာတိုင်းလဲ ဒီစိတ်ဓာတ်အပြည့်နဲ့ အမှန်တရားအတွက် ဘဝတွေ ပေးဆပ်နေကြဦးမှာကတော့ မြေကြီးလက်ခတ်မလွဲတော့ပါဘူးခင်ဗျား…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...