သက်ပြင်း….မော


ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ဆရာကြီးသခင်ကိုယ်တော်မှိုင်း

ဂန္ဒီကြီး ပြုံးနိုင်သလောက်..

ဆရာကြီးလဲ မှိုင်တွေစွာ သက်ပြင်းမော ချရတဲ့

ဒို ့တိုင်းပြည်..။….

ဒို ့ပြည်.. ဒို ့မြေ…

ကမ္ဘာမကျေ…ကမ္ဘာမကြေ

ဒို ့တိုင်းပြည်ဘဲ ဖွတ်ဖွတ်ညက်ညက်ကြေ..။။

ဒို ့ဘိုးဘွား အမွေအစစ်မို ့…

စာရင်းစစ် ငိုတဲ့ ပြည်…။

 

ကျော်စွာခေါင်   ( ခဲဆေး )

10 comments

  • kyeemite

    July 27, 2013 at 8:21 am

    ဘယ်လိုချီးကျူးရမှန်းတောင်မသိတော့ဘူးဗျာ..
    နှုတ်ခမ်းမွှေး သရုပ်ဖေါ်တာကိုတော့ တအံ့တဩငေးမောသွားပါတယ်..
    ပုံလေးတော့ ကြိုက်လို့ကူးထားလိုက်တယ်ဗျာ..

  • Ma Ma

    July 27, 2013 at 9:32 am

    သခင်ကိုယ်တော်မှိုင်းပုံမြင်ဖူးတာ သတိမထားမိဘူး။
    ရွာ့ဥရောပသား ပြောမှပဲ သက်ပြင်းမောကြီး ချနေတဲ့ပုံကို ခံစားမိလိုက်တယ်။ 🙁

  • မဟာရာဇာ အံစာတုံး

    July 27, 2013 at 9:34 am

    ပုံက ကိုယ်တိုင်ဆွဲလား မသိဘူး …
    ဟုတ်ရင်တော့ .. ဟိုအပေါ်က လူဂျီးလိုဘဲ …
    ကဗျာ ဖတ်သွားဒယ်ဗျာ …
    ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဟာ ကျုပ် ချစ်တဲ့ လူတွေထဲမှာ ပါတယ် ..
    အဲ့ဒါ …

  • Mr. MarGa

    July 27, 2013 at 11:32 am

    သက်ပြင်းမောကို
    ဆရာကြီးနဲ့အတူ ချမိပါရဲ့
    အို………ဘာပဲ ဖြစ်ဖြစ်လေ
    ဒါ တို့ပြည်
    ဒါ တို့မြေ…..

    • Mr. MarGa

      July 27, 2013 at 11:38 am

      အော်….မေ့လို့
      ဒီပုံကလေးရော
      အရင်က ဂန္ဒီကြီးရဲ့ ပုံကိုပါ
      ဒေါင်းသွားပါတယ်နော
      ခွင်ပြုပါ လို့
      အဲဒါလေး

  • ကထူးဆန်း

    July 27, 2013 at 11:45 am

    နဲနဲတော့ ပြင်ခွင့်ပြုပါ ။

    စာရင်းစစ် ငို တဲ့ပြည် ….

    မဟုတ်ရပါကြောင်း ..
    စာရင်းစစ် ပျော် တဲ့ပြည် … ဖြစ်ပါကြောင်း
    လာခဲ့ ..
    နင်တဝက် ငါ တဝက် လို့ ထင်မိပါကြောင်း … :mrgreen:

  • KZ

    July 27, 2013 at 12:31 pm

    ဟင်းးးးးးးးးးး

    ခဲဆေး ကားလေး ကြည့်ပြီး ကိုယ်ပါ သက်ပြင်းး ချသွားးးးးးး
    ခဲဆေး ၂ ခုလုံးက အကြည့်တွေကို ရအောင် ဆွဲသွားတာကြိုက်တယ်။ 🙂

  • အရီးခင်လတ်

    July 27, 2013 at 12:56 pm

    မျက်လုံး တွေ မှာ အသက်အရမ်းဝင်တာ ကိုမြင်လိုက်တယ်။
    မျက်လုံးတွေက အပြင်မှာ ညီသလိုနဲ့ တကယ်မညီတာ ကို ဓာတ်ပုံ တွေမှာ တွေ့ရတယ်။
    အဲဒါကို အမိဖမ်းထားတာထင်ရဲ့။
    တော်လိုက်တာ ဆိုတဲ့စကားကို ပြောဖို့တောင်မရဲ လောက်အောင်ပါ။

    အခုသတင်း အရတော့ ပြုစုလို့ တောင်မှ မနိုင် ရှိနေ တဲ့စာရင်း တွေ ကို မရှိ အောင် ဘယ်လို ပြင်ကြမယ် ဆိုတာ အတော် စိတ်ဝင်စားစရာဘဲ။

    • KZ

      July 27, 2013 at 1:01 pm

      အရီး ရေ
      ဒါတို့ပြည်၊ ဒါ တို့မြေ၊ တို့ ပိုင်တဲ့ မြေ။
      ဘိုးဘွား အမွေ ပါဆို။

      အမွေရထားတာပါ မပြော ကံကောင်းးးးးးးးး
      ကလေးကွက်၊ ကလေးကွက်နဲ့ အစားခံရပေါင်းများပါပေါ့။ :mrgreen:

Leave a Reply