အားးလုံးကို နှုတ်ဆက် လမ်းခွဲခြင်း (နိဒါန်း)

alinsettJuly 27, 20131min31024

 

နှုတ်ဆက် လမ်းခွဲခြင်းဆိုပြီး
ပိုစ့် သုံးပိုင်း ရေးပါရစေ။

အဲဒီ သုံးပိုင်းပြီးသွားတဲ့ အခါ . . .
ကျွန်တော် ဘာကို ဦးတည် ရေးတယ်ဆိုတာ ရှင်းသွားမှာပါလေ။

နှုတ်ဆက် လမ်းခွဲ...ထွက်ခွါသူ..
နှုတ်ဆက် လမ်းခွဲ…ထွက်ခွါသူ..

**************************

ကျွန်တော် ဒီ ပတ်ဝန်းကျင်မှာ အချိန်အခိုက်အတန် ့တစ်ခု နေထိုင်ခဲ့ပါတယ် ။

အခုလို နေထိုင်ခွင့် ရခဲ့တဲ့အတွက် ဖန်လာတဲ့ အကြောင်းတွေကို တကယ်ကျေးဇူးတင်ပါတယ် ။

ဒီပတ်ဝန်းကျင်လေးကို ကျွန်တော် ချစ်ပါတယ် ။

***************************

ကျွန်တော် ချစ်တဲ့ ပတ်ဝန်းကျင်လေးထဲမှာ

ကျွန်တော် လုပ်ချင်တာတွေ လုပ်ခဲ့ပါတယ်။

လုပ်ခဲ့သမျှ (ပြောခဲ့သမျှ)ဟာလည်း ကျွန်တော့်စိတ် သဘောနဲ့ ကျွန်တော် ကျေကျေနပ်နပ် လုပ်ခဲ့ ပြောခဲ့တာတွေပါ။

အဲဒီနောက် . . . . .
ကျွန်တော်ချစ်တဲ့ ဒီ ပတ်ဝန်းကျင်လေး အတွက်
ကျွန်တော် ဘာတွေများ လုပ်ပေးသင့်လဲ လို ့
( အတွေး တစ်ချက် ဝင်လာလို ့) လုပ်ချင်တာတွေ အပြင် . . . လုပ်သင့်တာလေးတွေပါ
( လုပ်နိုင်သလောက် ) လုပ်ပေးခဲ့ပါသေးတယ်။

ကျွန်တော် လုပ်ပေးတာလေးတွေက
အရာ ထင်တာ / မထင်တာ ထက် လုပ်သင့်တယ် ထင်တာလေးတွေ လုပ်ပေးခွင့်ရ တာ က ပဲ
ကျွန်တော့်အတွက် ဖြေသိမ့်စရာရပါတယ်။

အဲဒီ အတွက် ဒီနေရာလေးထဲက အရာရာကို ကျေးဇူးတင်ပါတယ် ။

***************************

ကျွန်တော် ဒီ ပတ်ဝန်းကျင်လေးကို

တဖြည်းဖြည်းနဲ ့သံယောဇဉ်တွေ
ပိုတွယ် လာပြီးး
အခြား ပတ်ဝန်းကျင်တွေဘက်တောင်မှ မလှည့်ဖြစ်တော့ပဲ
ဟောဒီ ပတ်ဝန်းကျင်ထဲမှာ. . .
ကျွန်တော့် ဘဝရဲ့ အချိန်တော်တော်များများ ပေးထားခဲ့ပါတယ် ။

ဒီပတ်ဝန်းကျင်ဟာ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်း ခပ်ကြီးကြီးတစ်ခု ပါပဲ လို ့
( အဲဒီလို ကျွန်တော် ပြောခဲ့ဖူးတယ် )

****************************

ကျွန်တော်က ဒီ ပတ်ဝန်းကျင်ကို ချစ်သလို………….

ကျွန်တော့်ကိုလည်း ချစ်ခင်တဲ့သူတွေ ရှိမှာပါ ။ (မျှော်လင့်တာပါ )

လူတစ်ယောက်ဟာ အခြား လူတိုင်းအတွက် ချစ်စရာ ကောင်းနေမှာတော့ မဟုတ်ဘူး ။

အဲဒါ သေချာပါတယ် ။

ဒါကြောင့် ဒီ ပတ်ဝန်းကျင်ထဲမှာ

ကျွန်တော့်ကို လိုလား နှစ်သက် ချစ်ခင် သူ တွေ ရော . . . .
မလိုလား မနှစ်သက် အမြင်ကပ် မုန်းတီးသူတွေ ပါ . . . ရှိနေမှာပါပဲ။

ဘာပဲ ဖြစ်ဖြစ် ကျွန်တော့်ဘက်က သေချာတာလေးတစ်ခုတော့ ပြောပါရစေဗျာ ။

ဒီ ပတ်ဝန်းကျင်ထဲက လူတွေ အားလုံး (အားလုံး)ထဲမှာ
ကျွန်တော် မုန်းတဲ့သူ ဆိုတာ မရှိပါဘူး ။

အဲဒါ မှန်သောစကားပါ ။

ကျွန်တော်နဲ့ အခန် ့မသင့်လို ့
မပြေမလည် ဖြစ်ခဲ့ဖူးသူကိုလည်း

အချိန်တိုတစ်ခု
(အဲဒီ အခိုက်အတန့်) မှာပဲ
လူငယ်ပီပီ မကျေနပ်နိုင်တာ ရှိခဲ့မယ် ။

ပြီးရင်တော့
ကျွန်တော်ချစ်တဲ့ သူတွေ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အားလုံးကို ကျွန်တော် ချစ်ခင် လေးစားမြဲပါပဲ ။

( ကျေးဇူးပြုပြီးကျွန်တော့် ချစ်ခင်လေးစားမှုကို အသိအမှတ်ပြုပေးပါ ။ )

*************************

အချိန်တန်ရင်တော့ ကိုယ့် လမ်း ကိုယ်သွားရမှာပါပဲ ။

Good Bye
Good Bye

ဒါပေမယ့်လေ . . . . .
ကျွန်တော်က
ဒီ ပတ်ဝန်းကျင်ဟာ
ကျွန်တော် လျှောက်ရမယ့် လမ်းပဲ လို ့ ယူဆ ခဲ့ပါတယ် ။

တကယ်တော့ အဲဒါ ကျွန်တော့် ဘက်က သေချာမှု သာ ဖြစ်ခဲ့ပါတယ်။

*************************

ကျွန်တော် အခု . . . .
ဒီ ပတ်ဝန်းကျင်ကနေ ဖယ်ခွါပြီး အခြားတစ်နေရာရာမှာ လမ်း ဆက်လျှောက်ရပါတော့မယ် ။

ကျွန်တော် ဒီ ပတ်ဝန်းကျင်ကို ဘယ်လောက် ချစ် ချစ်

ဒီ ပတ်ဝန်းကျင်ထဲမှာ
ဆက် မနေနိုင်လောက်စရာတွေ က ရှိလာပြီကိုးးး။

*************************

ဒဏ်ရာဆိုတာ ပြန်ဆွ ပြရတာ နာ ပါတယ်။

ကျွန်တော့်မှာ ဒီ ပတ်ဝန်းကျင်ထဲမှာ နေထိုင်ရင်းးး
ရလာတဲ့ ဒဏ်ရာ တချို ့ ရှိပါတယ်။

အဲဒီ ဒဏ်ရာတွေကို ဘယ်သူက ပေးတာလဲ ?
ဘယ်လို ပေးတာလဲ လို့ ့မမေးကြပါနဲ့တော့။

မဖြေချင်လို့ပါ ။

ထပ်ပြောရရင်တော့ . . . .
ဒဏ်ရာ ဆိုတာ ပြန် ဆွ ပြရတာ နာလို့ပါ ။

**************************

ကျွန်တော့်ဘက်က
တစ်ဖက်သတ် ခံယူချက်နဲ ့
ကျွန်တော့် အဆိုးမြင်အတွေး လို ့ပဲ ယူဆရင် ရပါပြီ လေ ။

အားလုံးးး ဖြေ သာ ဖို ့ စကားတစ်ခုတော့ ပြောခဲ့ပါ့မယ် ။

***************************

ဒီနေရာက နှုတ်ဆက် လမ်းခွဲပြီးး
ဒီနေရာ က
ထွက်ခွါသွားတဲ့ လူတစ်ယောက်ကို
ဒီနေရာနဲ့ ့မထိုက်တန်သူ လို ့သာ
ယူဆ ပေးပါ ။

ဒီနေရာ ရဲ ့ခမ်းနားထည်ဝါမှု
ဒီနေရာ ရဲ ့ တောက်ပလှပမှု နဲ ့
ဒီလူ . . . . .

မထိုက်တန်လို ့ လွင့်မျောရတယ် ပဲ မှတ်လိုက်ပါ ။

***************************
ကျေးဇူးပြုပြီးးး

ဒီနေရာကို
ကျွန်တော်. . .
လွမ်းနေခွင့်တော့ ပြုပါ ။

####################
လေးးးးစားးးးးစွာဖြင့်

အလင်းဆက်

 

လွမ်းနေ ပါ့မယ်...ကျွန်တော်ချစ်သော ပတ်ဝန်းကျင်ရေ...
လွမ်းနေပါ့မယ်…ကျွန်တော်ချစ်သော ပတ်ဝန်းကျင်ရေ…

24 comments

  • Mr. MarGa

    July 27, 2013 at 7:01 pm

    ဆက်လက် စောင့်ကြည့်လိုက်ပါဦးမလေ….
    ဘာတွေ ဘယ်လိုဖြစ် ဘယ်လိုလာမလဲ ဆိုတာကို…

    • အလင်း ဆက်

      July 27, 2013 at 7:09 pm

      စောင့်ကြည့်ပါ ဗျာာ

      နောက်နှစ်ပိုင်းကို
      မနက်ဖြန် မှာ တစ်ပိုင်း
      သဘက်ခါမှာ တစ်ပိုင်း
      ဆက်တိုက် တင်သွားမှာပါ

  • TNA

    July 27, 2013 at 7:18 pm

    ကဗျာလားဟင်။ ဖတ်ရတာရင်တုန်အောင်လုပ်နဲ့။

  • အရီးခင်လတ်

    July 27, 2013 at 7:25 pm

    {
    ကျွန်တော့်ကိုလည်း ချစ်ခင်တဲ့သူတွေ ရှိမှာပါ ။
    }
    ရှိပါ့။ ရှိပါ့။
    ဒီမှာပါ။
    😛

  • KZ

    July 27, 2013 at 7:46 pm

    အဲဒီ ဒဏ်ရာတွေကို ဘယ်သူပေးတာလဲ။

    ကျန်းးးးးးး
    ဘူ ပေးတာလည်း တဂျားလားးးးး
    မမဂျီး ရိုက်လိုက်မယ်။ 😀

    ဘယ်မှ မသွားပါနဲ့။ 🙂

  • padonmar

    July 27, 2013 at 8:27 pm

    ဟဲ့ ရင်ထိတ်အောင်လုပ်နေပြန်ပြီ။
    ဘာလို့ နှုတ်ဆက်လမ်းခွဲရမှာလဲ။
    စိတ်ကောက်လိုက်မှာနော်။

  • လူငယ်ဆိုတော့ ထိလွယ်၊နာလွယ်တတ်မှန်းနားလည်ပါရဲ့
    ငါးခုံးမတစ်ကောင်ကြောင့်လောက်နဲ့တော့ စိတ်ထဲထည့်မနေပါနဲ့လားအလက်ဆင်းရယ်
    (ဘာမှန်းသေသေချာချာမသိပေမယ့် အားပေးကျိတာပါ)
    🙁

  • ခင် ခ

    July 27, 2013 at 9:30 pm

    မောင်အလင်းဆက်ပြောထားသလို ၃ ပိုင်းပြီးမှ သေချာမန့်တော့မယ် ခုတော့ ဘာမှန်းသိသေးဘူး။
    အဲ အပိုင်းမပြီးခင်တော့ ဂွတ်ဘိုင်ဆိုပြီး ပျောက်မသွားနဲ့နော် လူပျောက်ကြော်ငြာပလိုက်မှဗျ

  • အလင်း ဆက်

    July 27, 2013 at 9:33 pm

    ပြောစရာ ရှိတာလေးတွေကို..
    အပိုင်း သုံးပိုင်းခွဲပြီး..
    တင်ထားပြီးပါပြီ ။

    အော်တို
    တက်လာပါလိမ့်မယ်ဗျာ..။

  • ဦး ကြိမ်

    July 28, 2013 at 12:52 am

    လမ်းလျှောက်တတ်ခါစ ဒို့ ကိုမျက်စိသူငယ် နားသူငယ် နဲ့ ထားခဲ့ တော့မှာလား
    ချစ်သော…………အလက်စင်းရေ။

  • ရဲစည်

    July 28, 2013 at 4:08 am

    အူးလေး .. ခင်ညားပို့စ်တွေကို ဆြာဘော်ဒါ တယောက်နဲ့ ပြပီးဘီ
    ဟာ ဒီဘဲဂျီး မိုက်တယ်တဲ့ … ဟေဟေ့
    ကျုပ် အရက်တောင် သီးတယ်
    မပြန်ခင် မိတ်ဆက်ပေးမယ်အေ ..
    ဘိုလိုပြော … ရီဂတ်ထ် ဆိုလား
    ဒညိ ဒညိ

  • kai

    July 28, 2013 at 5:13 am

    အခုထိတော့… ရွာထဲဝင်ချင်သလိုဝင်.. ထွက်ချင်သလိုထွက်ထားပါတယ်….
    ထိမ်းချုပ်မှုဆိုတာတွေကို မုန်းလို့ပါ…။

    ဆိုတော့…
    ကိုရင်အလင်းဆက်နှုတ်ဆက်တယ်ဆို… ပြန်စဉ်းစားရတော့မယ်..။
    နောက်ဆို.. အဝင်အထွက်ကန့်သတ်ရတော့မလားမသိ..။
    ဥပမာ..
    ထွက်ရင်.. ရထားတဲ့ပွိုင့်အရေအတွက်အတိုင်း ပြန်လျှော်ရမယ်ဆိုတာမျိုး… :kwi:

  • Ko chogyi

    July 28, 2013 at 8:25 am

    သွားစရာရှိသွားတာမဟုတ်ဘူး
    သွားမယ့်အရေး ပို့စ် ၃ ပုဒ်ရေးပြီးအရစ်ရှည်နေသေးတယ်
    မြန်မာရုပ်ရှင်ထဲက သေခါနီးလူမမာတွေလိုပဲ။
    သွားချင်ရာကိုသွားပါ ရွာထဲကထွက်မသွားရင်ပြီးတာပဲ။

    • surmi

      July 28, 2013 at 10:00 am

      ဟုတ်​တယ်​ ကိုချို 🙂
      ဘုရားဖူးသွားမယ်​လို့ သတင်​းရထားတယ်​

      ကဲ ကဲ လူကြီး​တွေကို မ​နောက်​စ်​ နဲ့ကွယ်​ 🙂
      ရွာထဲ​ရောက်​​ရောက်​ခြင်​း အလန်​့တကြားကွာ 🙂 🙂 🙂

  • ဗုံဗုံ

    July 28, 2013 at 9:29 am

    မဖွားမေနဲ့လား ချစ်သုဝေနဲ့လား ?
    သေချာတာကတော့ မဖွားမေနဲ့ထင်ပါရဲ့ :mrgreen:
    ရင်တုန်အောင်မလုပ်စမ်းပါနဲ့အေ.. အလိုလိုနေရင်းမှ
    ငိုချင်နေရတဲ့ကြားထဲ..

  • မင်းမင်း

    July 28, 2013 at 9:53 am

    အလင်းစက်ရေ။

    ထွက်မဲ့ အစား ခဏတဖြုတ် နားပါလားဗျ။

    ဘယ်နေရာမဆို အဆိုးတွေပဲရှိမနေသလို

    အကောင်းတွေချည်းပဲလဲစုမနေဘူးလေ။

    ဒါပေမဲ့ ကိုယ်လျောက်ရမဲ့လမ်းကိုတော့ ရဲရဲလျောက်။

    အားပေးနေပါ့မယ်။

  • Ma Ma

    July 28, 2013 at 2:57 pm

    (ကျွန်တော်နဲ့ အခန် ့မသင့်လို ့
    မပြေမလည် ဖြစ်ခဲ့ဖူးသူကိုလည်း

    အချိန်တိုတစ်ခု
    (အဲဒီ အခိုက်အတန့်) မှာပဲ
    လူငယ်ပီပီ မကျေနပ်နိုင်တာ ရှိခဲ့မယ် ။)
    ူလူသာငယ်တယ်။ သဘောထား မသေးသိမ်ဘူး။ ရင့်ကျက်တယ် ဆိုတာကို ပြလိုက်တဲ့ သက်သေပါပဲ။
    လူတိုင်းမှာ သူ့ဒီဂရီနဲ့သူ ကြရှိပါတယ်။
    သူသူ ကိုယ်ကိုယ် အကောင်းချည်းပဲ မဟုတ်သလို၊ အဆိုးချည်းပဲလည်း မဟုတ်ကြဘူး။
    အဲဒီ ဒီဂရီတွေကြားမှာ သင့်တင့်စွာနှလုံးသွင်းတတ်ဖို့ပဲ လိုပါတယ်။
    ကိုယ်ချစ်ခင်ရတဲ့ ပတ်ဝန်းကျင်လေးမှာ ကိုယ့်ကိုချစ်ခင်သူတွေနဲ့ (အသေအချာကို ရှိတာမို့) ပျော်ရွှင်နိုင်ပါစေ။ 🙂

  • kyeemite

    July 29, 2013 at 2:30 pm

    ထွက်ရင်.. ရထားတဲ့ပွိုင့်အရေအတွက်အတိုင်း ပြန်လျှော်ရမယ်ဆိုတာမျိုး… :kwi:
    အလက်ဆင်းရေ..သဂျီးပြောတာကြားတယ်နော်..ဟိ :harr:

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 9:44 pm

    ပုထုဇဉ် မှန်သမျှ … အရူးတွေချည်းပဲ …
    .. လို့ … ဘုရားက ဟောခဲ့တာ အဟုတ်ပဲကွ …။

    အခုပဲ ကြည့်လေ …
    ဒီအချိန်မှာ ဒီလိုတွေ ဖြစ်ခဲ့သမျှဟာ ….
    အခုများ အချိန်မှာ … ဟာသ အဖြစ်နဲ့ ပြန်ရီချင်စရာ မဟုတ်လား … (လှောင်ရီ မဟုတ်)
    ဒါကြောင့်လည်း အချို့ အချို့တွေက ပြောကြတာပေါ့ ….
    ဒီအချိန်မှာ ဖြစ်နေသမျှဟာ တစ်ချိန်ချိန်မှာ ဟာသလုပ်ပြီး ပြောဖို့ ဖြစ်လာမှာပါ … တဲ့ ….။

    နင့်ကိုသာ ပြောနေတာ …
    ခံစားလွယ်၊ ထိရှလွယ်လွန်းတဲ့ ငါ့ကိုယ်ငါလည်း ပြန်ပြင်ရဦးမယ် ….။
    “အောင့်ခံ ချမ်းသာကွ” ဆိုတဲ့ နည်းစနစ်ကို လက်တွေ့ကျကျ အသုံးချရဦးမယ် …။
    သာဒု .. သာဒု .. သာဒု .. ပါပဲကွယ် …။

    • အလင်းဆက်

      August 4, 2013 at 10:06 pm

      ဖြစ်မှ ဖြစ်ရလေ..အံစာ ရယ်..
      နီ အခုတလော..တရားသဘောတွေ..သိပ် ပြောတာပဲ…
      နာတော့…
      ဖြစ်ချင်ရာဖြစ် မောင်ဘချစ်..ရဲ ့ ထုံးပဲ.နှလုံးမူနေတော့တယ်..ကွယ်.. ။

      ဒုက္ခဆိုတာ..နောင်တချိန်မှာ ဖြစ်လာမယ့် ဟာသ ပါ..ဆိုတဲ ့ စကား..နာလည်းကြားဖူးတာပေါ့ ..။
      မှန်သင့်သလောက်မှန်ပါရဲ ့…။

      အခုတော့…
      ဖြစ်ချင်ရာဖြစ်…မောင်ဘချစ်…ခေါ် အလက်ဆင်း…
      တစ်သင် မငြင်းတော့..ပါဘူးကွယ်…
      လာစမ်း…ဟဲ ့..လောကဓံ…
      ဖင်လှန်ပြမယ်..။

      အဲ…
      ဘယ်တွေ ရောက်ကုန်ပါလိမ့် …

      • မဟာရာဇာ အံစာတုံး

        August 4, 2013 at 10:19 pm

        လောကဓံ ကို မပြခင် …
        ငါ့ ကို အရင် ပြပါလားဟယ် ….
        လဂါး ပြောဒါ ….
        ဝဲတွေနဲ့ဆို ရွံစရာဂျီး ဖစ်မှာ … ခွိခွိ ….
        :mrgreen:

        • အလင်းဆက်

          August 4, 2013 at 10:31 pm

          ဝဲက…နီ ပဲ..
          ပေါက်…
          နာ က သဲ..မပေါက်ပါဘူး ဟ
          မယုံ ရင်… ပြထားဦးမယ်..။
          🙂

        • မဟာရာဇာ အံစာတုံး

          August 4, 2013 at 10:36 pm

          နင် ပြထားဂျင်သပ ဆိုရင် …
          အင်းးးး
          သဂျား ကို ပြထားလိုက်ဟာ …
          ငါကတော့ ဝင်ဖဲ ဂျီးကို မကျိဂျင်ဘာဝူးးးးး

Leave a Reply