နှောက်နဲ့နော်

July 28, 20131min35636

My Sexual Orientation

နှောက်ပြီတော်။ သိန်းတရာမကတန်တဲ့ မိန်းမလျာဘဝမှာ ဒါမျိုးတွေကိုမကြောက်လို့ ရွာတကာလှည့်ပြီးတော့ လျှောက်နေတဲ့ မဟာမျိုးအခြောက်တွေဆိုပြီး ပြောသွားတဲ့ အရိုင်းတို့ မြင့်မြတ်တို့ရဲ့ အသံလေးတွေကို နားထောင်ရင်းနဲ့ ပြုံးနေမိပါရဲ့။

ဒီနေ့ ပျင်းပျင်းရှိတာနဲ့ မကြည့်တာကြာပြီဖြစ်တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားလေးတွေကို ဘားမိကလပ်စစ် အင်တာနက်ဝက်ဘ်ဆိုဒ်မှာ လိုက်မွှေကြည့်နေမိတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကနေအစ အခုနောက်ပိုင်း ကြည့်မိလိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်း တော်တော်များများက ဂေးတွေနဲ့ ပတ်သက်တဲ့ အချစ်ဇာတ်ကားပဲ ရှာဖွေကြည့်မိတာ အကျင့်တစ်ခုပဲ ပါလာလို့လားတော့ မသိဘူး။ အခုလည်း မျက်လုံးက ကန့်ကန့်သတ်သတ်နဲ့ ရှားရှားပါးပါး နှောက်ပြီ ဆိုတဲ့ ဇာတ်ကားလေးကို သွားတွေ့မိတယ်။

မြန်မာပြည်မှာက မိန်းမလျာ ယောက်ျားလျာ ဇာတ်လမ်းတွေဆိုရင် နောက်ဆုံးအဆုံးသတ်မှာ မိန်းမလျာက ယောက်ျား ပြန်ဖြစ်သွားပြီးတော့ မိန်းမယူလိုက်တာတွေ၊ ယောက်ျားလျာဆိုရင်လည်း မိန်းမတယောက်အနေနဲ့ ယောက်ျားနဲ့ ပြန်ပေါင်းဖက်တာတွေ၊ ဒါမှမဟုတ်ရင် ရှားရှားပါးပါး မိန်းမလျာနဲ့ ယောက်ျားလျာ ညားသွားကြတာတွေကိုပဲ တွေ့ရတာ များပါတယ်။

ဒီဇာတ်ကားလေးရော ဘယ်လိုအခြေအနေ ရှိမလဲ။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး ပြောင်းလဲမှုတွေ များစွာလုပ်ဆောင်နေတဲ့အချိန်မှာ ရုပ်ရှင်အစည်းအရုံးကလူတွေ ရိုက်ကူးရေးဒါရိုက်တာတွေ ဇာတ်ညွှန်းတွေအနေနဲ့ကရော ဒီ မိန်းမလျာ ယောက်ျားလျာ ဇာတ်ကောင်တွေကို ဘယ်လိုမျိုး ဖော်ညွှန်းပြီးတော့ လူထုထဲကို ချပြမလဲဆိုတာ ရုပ်ရှင်ကြည့်မှပဲ သိရမှာဆိုတော့ ကြည့်မယ်ပေါ့။

ဇာတ်လမ်းထဲမှာတော့ ရိုးရာမပျက် နတ်ကိုးကွယ်တဲ့ နတ်ကတော်နဲ့ ဆက်နွယ်ထားပေမယ့် အဓိက ပြောထားတာကတော့ မိန်းမလျာတယောက် မွေးထားတဲ့ ဖခင်တယောက်ကနေ သူ့ရဲ့ရင်သွေး မိန်းမလျာ ဖြစ်နေတာကို အတင်းအကျပ် ယောက်ျားတယောက်ဖြစ်အောင်ဆိုပြီးတော့ မိန်းကလေးနဲ့ အိမ်ထောင်ပြုပေးဖို့ ကြိုးပမ်းတာလေးကို ဖော်ကျူးထားတာပဲ ဖြစ်ပါတယ်။

ဟုတ်ပ။ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ နတ်ကတော်လောကဆိုတာကို လွှမ်းမိုးထားတာကလည်း မိန်းမလျာတွေက ထိပ်တန်းကမဟုတ်လား။ ဆိုတော့ နတ်အလုပ်ဆိုတာ မိန်းမလျာအလုပ်တစ်ခုလို့ လူတိုင်းက မြင်လာကြတာလည်း မဆန်းပေဘူးပေါ့။

အင်း နတ်နဲ့ မိန်းမလျာအကြောင်းက ပါလာပြန်တော့ တစ်ခါ မှတ်မိနေသေးတယ်။ နတ်ကတော် အမေကြီးတယောက်နဲ့ စကားလက်ဆုံကျဖူးတုန်းကလေ။ မေမေ ဘာလို့ မိန်းမလျာတွေက များသောအားဖြင့် နတ်ကတော်အလုပ်ကို လုပ်ကိုင်ကြတာလဲဆိုတော့ သူကပြောတယ်။ နတ်ကတော်အလုပ်ဆိုတာ နတ်ယုံကြည်ရတဲ့ သူတွေက ရှိခိုးတာကို ခံရတဲ့အလုပ်တဲ့။ ယောက်ျား မိန်းမတွေက ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ အလေးထားပြီးတော့ ကိုယ့်ဆီကို ချည်းကပ်တယ်၊ ပူဇော်ပသတယ်၊ ကိုယ့်ကို ယုံကြည်တယ်၊ နေရာပေးပြီးတော့ အလေးထားဆက်ဆံတာတွေကို ခံရတယ် မဟုတ်လားတဲ့။ မိန်းမလျာတွေကို ဒီအတိုင်းနေကြည့်ပါလား။ ဘယ်သူက အဲဒီလိုမျိုး ရှိခိုးမလဲ၊ နေရာထား ဆက်ဆံမလဲ၊ အလေးထား အရေးတယူ လုပ်မလဲတဲ့။ အဲဒါတွေလည်း ပါသလို လူတွေအတွက် မေတ္တာ ဘဝနာပွားများပေးရင်း သူတို့တွေရဲ့ စီးပွားချမ်းသာမှုအကြောင်းကို မျှော်ကိုးပြီး ကိုယ်လည်း စီးပွားဖြစ်တယ်လေတဲ့။ ပြီးတော့ လှလှပပ ကျော့ကျော့မော့မော့နဲ့ အချွေအရံ အသင်းအပင်းတွေနဲ့ နေရတာ နတ်ပြည်မှာတောင် အဲလိုနေရမလား မသိဘူးတဲ့လေ။ အင်း… သူပြောတာ ဟုတ်တော့လည်း ဟုတ်တာပါပဲ။

ကဲ… ဒါက နတ်နဲ့ပတ်သက်ပြီးတော့ မေးမြန်းမိတာလေးကို ကြုံတုန်းဖောက်သည်ချတာ။ ဒီမှာပြောချင်တာက ဒီအကြောင်းမဟုတ်ဘူး။ ဇာတ်လမ်းထဲမှာပါတဲ့ အဖေက ကိုယ့်ရဲ့သွေးသားကနေ ဖြစ်တည်လာတဲ့ မိန်းမလျာရင်သွေးကို ယောက်ျားစစ်စစ်ဧကန်ဖြစ်အောင် မိန်းမပေးစားတယ်ဆိုတာကိုပဲ။

စဉ်းစားကြည့်ပါ။ လူဆိုတာ မွေးလာကတည်းက ယောက်ျားလေးဖြစ်ချင်တယ် မိန်းကလေး ဖြစ်ချင်တယ်ဆိုတာကို ဘယ်သူက သူ့စိတ်တိုင်းကျ လုပ်ယူပြီးတော့ ရလာတဲ့သူ ရှိကြလဲ။ ပြီးတော့ ချစ်ခြင်း ကြိုက်ခြင်း ဆိုတာရော ကိုယ့်စိတ်တိုင်းကြ စိတ်ကြိုက် လုပ်ယူလို့ ရခဲ့ကြလို့လား။

ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ဒီလောက် များပြားလွန်းလှတဲ့ လူတွေထဲမှာ အဖြူကြိုက်တဲ့သူ၊ အမည်းကြိုက်တဲ့သူ၊ အစိမ်းကြိုက်တဲ့သူ စသဖြင့် ရှိနေမှာပဲဖြစ်သလို အဖြူနဲ့အနက်လေး ရောစပ်တာကိုမှ ကြိုက်တယ်ဆိုတဲ့ သူတွေလည်း ရှိနေမှာပဲလေ။

အဲဒီလိုမျိုးပဲ လိင်စိတ်ခံယူမှုဆိုတာဟာလည်း မိန်းကလေးက ယောက်ျားလေးကိုကြိုက်သလို ယောက်ျားလေးကလည်း မိန်းကလေးကို ကြိုက်တယ်။ အဲဒီထဲမှာ တချို့တလေကတော့ ယောက်ျားလေးအချင်းချင်း မိန်းကလေးအချင်းချင်းကိုမှ ချစ်ခင်နှစ်သက်ကြမယ်။ အဲဒီထဲမှာကိုမှ ရှားရှားပါးပါး မိန်းမလျာနဲ့ ယောက်ျားလျာ ချစ်ကြိုက်ကြတယ်ဆိုတာလည်း ရှိကြတာပဲလေ။

အမှန်တော့ မိန်းမလျာဖြစ်ခြင်း ယောက်ျားလျာဖြစ်ခြင်းဆိုတာ သူ့ရဲ့ စိတ်၊ အဲဒီစိတ်ကမှ လိင်စိတ်ခံယူမှုဆိုတဲ့ စိတ်နဲ့ သက်ဆိုင်တာပါ။ လိင်ဆက်ဆံခြင်းဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ ယောက်ျားအချင်းချင်း မိန်းကလေးအချင်းချင်း ဒါမှမဟုတ် ချစ်ခြင်း ကြိုက်ခြင်းဆိုတာ လိင်ဆက်ဆံမှုနဲ့ တွက်ချက်တာမဟုတ်သလို ယောက်ျားလေးကိုရော မိန်းကလေးကိုပါ ချစ်နိုင်တဲ့ သူတွေဆိုတာကိုလည်း လိင်ဆက်ဆံမှုနဲ့ တွက်ချက်လို့ မရဘူးဆိုတာပါပဲ။

လိင်ဆက်ဆံခြင်းဆိုတာမျိုးက လူတော်တော်များများ မိမိတို့ရဲ့ လိင်စိတ်ဆန္ဒပြင်းပြနေချိန်မှာ ဘယ်သူနဲ့မဆို ဘယ်လိုနည်းလမ်းမျိုးနဲ့ပဲဖြစ်ဖြစ် ထိန်းချုပ်နိုင်မှုမရှိရင် ဒီ လိင်စိတ်အာသာပေါ်မှာ တပ်မက်ပြီးတော့ ဖြစ်ပျက်သွားနိုင်တာမျိုးတွေပါ။

ယောက်ျားလေး တော်တော်များများဟာ လိင်တူဆက်ဆံမိလိုက်ပြီဆိုတာနဲ့ ငါများလိင်တူချစ်သူ ဖြစ်သွားပြီလားဆိုတာမျိုးတွေကို တွေးတတ်ကြတာကို တွေ့ရပါတယ်။ အမှန်တော့ လိင်စိတ်ခံယူမှုဆိုတာကို လိင်ဆက်ဆံမှုနဲ့ အပြည့်အဝ တိုင်းတာလို့ရတာမျိုး မဟုတ်ပါဘူး။ လိင်တူဆက်ဆံမိတာနဲ့ လိင်တူချစ်သူဖြစ်သွားပြီဆိုတာမျိုးကိုသာ တိုင်းတာလို့ရစတမ်းဆိုရင် လူမှုအသိုင်းအဝိုင်းမှာ လိင်တူချစ်သူ အရေအတွက်ဟာ လိင်ကွဲချစ်သူ အရေအတွက်ထက် ပိုများနေမယ်ဆိုတာ စဉ်းစားစရာပါ။

ဒီလိုမျိုးပဲ မိန်းမလျာတယောက်ကို ယောက်ျားတစ်ယောက်ဖြစ်လာအောင် အတင်းလုပ်ယူ သွတ်သွင်းမယ်ဆိုရင်လည်း အဲဒီလူတယောက်ရဲ့ ပြင်ပန်းပုံစံကိုပဲ ပြောင်းလဲလို့ရချင်ရမယ်။ အတွင်းစိတ်က ယောက်ျားတယောက်အပေါ်မှာ သာယာတတ်မက်နေတဲ့ စိတ်ဓါတ်ကိုတော့ ပြောင်းလဲလို့ မရကောင်းဘူးဆိုတာ မိန်းမလျာဖြစ်တဲ့လူတိုင်းနီးပါးနဲ့ ပြုပြင်ဖူးတဲ့ လူတိုင်းနီးပါး မငြင်းနိုင်တဲ့ အချက်ပဲ ဖြစ်မှာပါ။

ဆိုတော့ ဒီ နှောက်ပြီ ဆိုတဲ့ ဇာတ်ကားလေးကို ဇာတ်လမ်းဆုံးသွားတဲ့အချိန်မှာ သဘောကျမိတဲ့အချက်ကတော့ ဘယ်လိုပဲ မိန်းမလျာတယောက်ကို ယောက်ျားဖြစ်လာအောင်ဆိုပြီးတော့ မိန်းမတွေနဲ့ အတင်းနီးစပ်အောင်လုပ်ပေးခြင်း အိမ်ထောင်ပြုပေးခြင်းဟာ အဲဒီ မိန်းမလျာအပေါ် ဖိအားတွေ ပိုစေပြီးတော့ နောက်ဆုံး မိန်းမလျာဟာ မိန်းမလျာပဲ။ ဘယ်လိုမှ ယောက်ျားပဲ ယူချင်တဲ့စိတ်ကို ပြောင်းလဲလို့ မရဘူးဆိုတာ ပြသပေးလိုက်တဲ့အချက်ကို အရမ်းသဘောကျမိလို့ပါပဲ။

သိန်းတရာမကတန်တဲ့ မိန်းမလျာဘဝကို ရှင်တို့ ဘယ်လိုပဲ ပြောင်းပြောင်း ကျမကတော့ ယောက်ျားပဲယူမယ်။ ယောက်ျားကိုပဲ ချစ်နိုင်မယ်။ ရှင်တို့ လာမနှောက်ကြနဲ့ ဆိုတဲ့ ဇာတ်ကားထဲက မိန်းမလျာတယောက်အဖြစ် သရုပ်ဆောင်တဲ့ မြင့်မြတ်ရဲ့ စကားလေးကို သဘောကျမိရရင်းက လိင်တူချစ်သူတွေအရေး ရှေ့ကနေ မားမားမတ်မတ်နဲ့ ပညာပေးဆောင်းပါးတွေကို ရေးတတ်တဲ့ ဆရာအတ္တကျော်ရဲ့ အားလုံးတွေးဆဆင်ခြင်နိုင်ကြပါစေ ဆိုတဲ့ စကားကို ခဏယူသုံးရင်းကနေ ဒီလောက်ပါပဲလို့။

 

ဖြိုးသစ်လူ

36 comments

  • Mလုလင်

    July 28, 2013 at 5:04 pm

    ကို အောင်ဘု ရေ . . . ဒီမှာ ဗျို ့ ………………………..။

  • Foreign Resident

    July 28, 2013 at 5:14 pm

    အရင်ကလည်း ၊
    ဖြိုး ဆိုတဲ့ GLBT လေးတစ်ယောက် ၊ ဒီရွာထဲမှာ ရှိခဲ့ဘူးတယ် ။
    အခု Phyo Thit Luu ဆိုတာကတော့ သပ်သပ် အသစ်တစ်ယောက်ထင်တယ် ။
    ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ်ဗျာ ။
    Gay ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံရဲတဲ့ သတ္တိနှင့်ထင် လေးစားပါတယ် ။

  • Phyo Thit Luu

    July 28, 2013 at 6:01 pm

    သပ်သပ် တယောက် မဟုတ်ပါဘူးဗျာ။ အခြေအနေ တစ်စုံတစ်ခုကြောင့် ဒီရွာကလေးကို မရောက်ဖြစ်ခဲ့တော့တာပါ။ အဲဒါ အရင်ဝင်ခဲ့တဲ့ နာမည်လေးက ပြန်ဝင်လို့ မရတော့ဘူးဆိုတော့ အခု ကျနော့်နာမည် အပြည့်အစုံနဲ့ ပြန်ဝင်လာရတာပါဗျ။ ရွာထဲကို မဝင်ဖြစ်ခဲ့ပေမယ့် ကျနော့်ကို ဝိုင်းပြီးတော့ ကွန်းမန့်ကြတဲ့ ရွာသူ ရွာသားတွေနဲ့အတူ ဒီရွာလေးကို အမြဲတမ်း အမှတ်ရနေတာပါ။ ကျနော့်ကို ဟိုအရင်တုန်းက နှင်ထုတ်ခဲ့ကြဖူးပေမယ့် ကျနော်ကတော့ နှင်ထုတ်ခံရဖူးလို့လား မသိဘူး။ ပိုပြီးတော့ကို ရွာကို အမှတ်ရစေတယ် ဆိုပါတော့။ အခုတော့ ကျနော်လည်း ရွာထဲမှာ မတူကွဲပြားတဲ့သူတယောက်အဖြစ် နေထိုင်ဖို့အတွက် လာခဲ့တယ် ဆိုပါတော့ဗျာ။ ကြိုဆိုသူတွေကိုရော၊ မကြိုဆိုသူတွေကိုရော ဒီကြားထဲ ကြားနေသူတွေကိုပါ ခင်မင်ချင်ပါတယ်လို့… <3

    • Foreign Resident

      July 28, 2013 at 6:52 pm

      Phyo Thit Luu says:
      ” ကျနော့်ကို ဟိုအရင်တုန်းက နှင်ထုတ်ခဲ့ကြဖူးပေမယ့် ”

      အင်းးးး ။ ဖြိုးကို နှင်တဲ့အထဲမှာ အဘတော့ မပါတာ ၊ သေချာပါတယ် ။
      အဘ အတွက်ကတော့ ၊ ပုခုံး ၂ ဖက်ကြား ခေါင်းပေါက်ပြီး မတ်မတ်သွားရင် လူ ပဲ ။
      အဘ က ၊ လူ ကို လူမျိုး ဘာသာ အသားအရောင် ကျားမ နှင့် မခွဲခြားပါဘူး ။
      အဘ ကတော့ ၊ လူ ကို လူဆိုး လူကောင်းပဲ အဓိက ခွဲတတ်ပါတယ် ။

      အဘ မှတ်မိသလောက် အဲဒီတုန်းက ဖြိုး နှင့် ပြဿနာ ဖြစ်ကြတာ ၊
      GLBT ကိစ္စ ကို ဆွယ်တယ် ဆိုပြီး ဝိုင်း စွပ်စွဲကြတာ ထင်တယ် ။

      ကိုယ့် ခံစားချက် / အခွင့်အရေး တင်ပြယုံလောက်ဆိုရင် OK မှာပါ ။

      • GLBT ဆိုတာကို သူငယ်ချင်းတစ်ယောက် ဝင်နေတာတွေ့လို့ မြင်ဖူးပါတယ်… ဝင်တော့ မကြည့်ဖူးဘူး.. အဲ့ သူငယ်ချင်းက အစပြုလို့… သူတို့တွေအကြောင်းလေးတွေကို စိတ်ဝင်စားမိပါတယ်… ဗဟုသုတရမယ့် ပို့စ်လေးတွေ တင်ပေးပါလို့ ပြောချင်ပါတယ်…

      • Foreign Resident

        July 29, 2013 at 4:34 am

        လုံမလေးမွန်မွန် says:
        ” GLBT ဆိုတာကို သူငယ်ချင်းတစ်ယောက် ဝင်နေတာတွေ့လို့ မြင်ဖူးပါတယ် ”

        GLBT ဆိုတာ အဖွဲ့အစည်း / ကုမ္ပဏီ တစ်ခု မဟုတ်ပါဘူး ။
        GLBT ဆိုတာ ကျား / မ လိုပဲ လူအမျိုးအစား ( Gender ) တစ်မျိုးဖြစ်ပါတယ် ။

        GLBT = Gay မိန်းမလျှာ , Lesbian ယောက်ျားလျှာ ,
        Bisexual နှစ်ဘက်ချွန် , Transgender ခွဲစိတ် လိင်ပြောင်း ။

        • ဦးကျောက်ခဲ

          July 29, 2013 at 11:33 am

          အဘရေ…
          MLGBTS ဆိုတဲ့ ဝဘ်ဆိုက် ရှိတယ် ခင်ဗျ…
          ဝုတ်တယ်နော် ဖြိုးယေး… ဟီဟိ
          🙂

  • ကြာ ညောင်

    July 28, 2013 at 7:24 pm

    ကျုပ်တို့က စိုစို ခြောက်ခြောက် ပြဿနာမရှိပါဘူး…….wel come ပါ……..။

  • Ko chogyi

    July 28, 2013 at 8:39 pm

    သိမ်းထားတဲ့ တစ်ရာတန်ကတော့
    အရမ်းနွမ်းနေလို့ စပယ်ယာကိုကိုတွေတောင်မယူလို့
    သိမ်းထားရတာ။

    • အရီးခင်လတ်

      July 29, 2013 at 2:36 am

      ကိုချို
      ၁၀ဝတန် အဟောင်း၊ စပယ်ယာကိုကို နဲ့ ဒီ Post ကို ဆက်စပ် ကြည့်တာ အဖြေ မရလို့ လုပ်ပါဦးဗျို့။
      ဘာလဲ ဆိုတာ။ 😛

    • Foreign Resident

      July 29, 2013 at 4:39 am

      အရီးရေ ၊ Post ထဲမှာ ဒီလိုရေးထားတယ်လေ ။

      ” သိန်းတရာမကတန်တဲ့ မိန်းမလျာဘဝကို ရှင်တို့ ဘယ်လိုပဲ ပြောင်းပြောင်း ”
      😛

      • အရီးခင်လတ်

        July 29, 2013 at 1:06 pm

        ဂလိုကိုး။
        ကျေးကျေးပါ အဘဖော ရေ။
        😛

  • အရီးခင်လတ်

    July 29, 2013 at 2:19 am

    အိုးလားလား။
    ကိုယ့်အရင်ရွာထဲ က စာရေးကောင်းသူတစ်ယောက် ပြန်ဝင် လာလို့ ဝမ်းသာအားရဖြစ်မိတာလေး ကို နိဒါန်းပျိုး ပါရစေ။

    ဆက်ပြီး ထင်ရာ ရမ်းတီး ပြီး နိကာချဲ့ကြည့်ဦးမယ်။
    သဘောမတူ ရင် ဝင်ငြင်း ကြပေါ့။
    နော ….. ဖြိုး ရေ။ 😉

    ပြောရရင် ကျား က မ စိတ်ဖြစ်၊ မ က ကျား စိတ်ဖြစ်တာ ပုံစံ၂ မျိုး ဖြစ်နိုင်တယ် ထင်တာဘဲ။
    (၁) ပုံစံက ဗီဇမျိုးစေ့ မှာကို က တစ်ဘက်လိင်စိတ် ပါလာတာ။ ဆေးပညာရှင်တွေ လိုတော့ မသိပါဘူး။ အကြမ်းဖျင်း ကို မြင်ကြည့်မိရုံပါ။
    ဒါမျိုးကို ဘယ်လို အတင်းဓမ္မ ပုံစံ ပြောင်းလို့ ရနိုင်ပါ့မလဲ။
    ဘယ်သူကလဲ ဒီလို ပုံစံ ဖြစ်ချင်ပါ့မတုန်း။
    သူ့ ဓာတ်သဘော ကို က ဖောက်နေမှတော့ အလိုက်အထိုက် သာဘဲ လက်ခံ သင့်တော့ သပေါ့။
    သူတို့ ဟာ သူတို့မသိစိတ်က သိမ်ငယ်စိတ် ဝင်တတ်ကြတယ်။
    သူတို့ ကို ဆန့်ကျင်ဖက်လိင် နဲ့ အိမ်ထောင်အတင်းပြု ခိုင်းတာ ရှိရင်လဲ မခိုင် ပါဘူး။ ကွဲ တာပါဘဲ။
    ဒီလိုမျိုး လူတွေ ကို ဖိနှိပ် အနိုင်ကျင့် မဲ့ အစား စာနာစိတ် နဲ့ နားလည် ပေးသင့်တာ အမှန်ပါ။
    ပြသနာက ဘာသာရေး အရမ်း အယူသီးလွန်းတဲ့ နေရာ တွေမှာ ဒီလို လူတွေ ကို နားလည်မပေးနိုင်ကြ၊ မေတ္တာ မပေးနိုင်ကြဘူး။
    သူတို့ ဟာသူတို့ ထူးခြားတဲ့ ပုံစံ နဲ့ နေတာ အများ ကို မထိခိုက်သ၍ သူတို့ဘဝ ကို သူတို့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရသင့်ပါတယ်။

    (၂) ပုံစံက ပါတ်ဝန်းကျင်က အရောင်ပြောင်းပေးနေလို့။
    မိန်းကလေးတွေကြားမှာ ကြီးလာတဲ့ ကျားလေးက သူ့အစ်မ တွေ၊ ညီမ တွေ လို ရောရောင်ဝတ်စားရင်း နွဲ့ သွားတာ။
    မျောက်လို ကမြင်းတဲ့ ကျား တွေကြား မှာ ကြီးရတဲ့ မိန်းကလေး ကလဲ သူ့ survival အတွက်ခေါ်မလား။
    သူ လဲ ကျားတစ်ကောင် လို ကြမ်းမှ ရမ်းမှ ဒီ မျောက်တွေ နဲ့ ရော နိုင်မှာမို့ တစ်ဖြေးဖြေး နဲ့ ကျားစိတ် ဝင် ကျားပုံပေါက်သွားတာ။
    ဒါမျိုး ကတော့ ဖြိုးပြော တဲ့ ရုပ်ရှင်ထဲ ကလို ဆန့်ကျင်ဖက်လိင် နဲ့ နီးစပ်ချိန် ပုံစံ အလွယ် ပြောင်းသွားနိုင်ပါတယ်။

    အဲဒီ ၂မျိုး မဟုတ်တဲ့ နောက်တစ်မျိုး ကတော့ “လုပ်စား” တွေပေါ့။
    အသက်မွေးဝမ်းကျောင်း အတွက် လိုရင်လိုချိန် ပုံစံပြောင်း ကြသူတွေ ပေါ့။
    ဒီလို လူမျိုး တွေ တစ်ချို့ ကတော့ နဲနဲကြောက်ဖို့ ကောင်းမလားဘဲ။
    တစ်ချို့ လဲ သူတို့ ကို ပိုင်းလုံး တနည်း အမှန် စိတ်ပြောင်းနေသူဆီ က ငွေခြူစား သူတွေ ဖြစ်နေတတ်တယ်။
    ဒီလိုလူတွေ ကြောင့် လဲ Gay/Lesbian လောကမှာ နာမည်ပျက်/နာမယ်ဆိုးဖြစ် နေတာ လဲ ဖြစ်နိုင်တယ်။

    အရင်က ရွာထဲ မှာ ဘာဘဲဖြစ်ခဲ့၊ ဖြစ်ခဲ့
    အရီး ကတော့ ဖြိုး ဆီက ဘဝ အတွေ့အကြုံ လေးတွေ ကို လေ့လာ သင်ယူ ဖို့ နောက် ရေးမဲ့ Post တွေ ကို စောင့်နေပါတယ်။

    ဒါထက် Gay ဇာတ်လမ်း ကောင်းကောင်း တစ်ကား ကြည့်ဖူးတယ်။
    Brokeback Mountain တဲ့။
    http://en.wikipedia.org/wiki/Brokeback_Mountain
    သိရင်လဲ သိမှာပါ။
    သိုးကျောင်းပြီး သိုးတွေ ကို တစ်နေရာကနေ တစ်နေရာကို ပို့ ရင်း တစ်ယောက် ကို တစ်ယောက် မှန်း သိသွားပြီး လမ်းမှာ ဇာတ်လမ်းဖြစ်သွား တဲ့ လူနှစ်ယောက် တာဝန်ပြီးချိန် ကွဲ သွား။
    တစ်ယောက်က သူ့ရည်မှန်းချက်အတိုင်း မိန်းမ ယူ။ ကလေးတွေရ။
    တစ်ယောက်ကလဲ ဒီလိုဘဲ နောက်ပိုင်း မိန်းမ ယူ၊ ကလေး ရ။
    ဒါပေမဲ့ သူတို့ သွားခဲ့တဲ့ ခရီး နဲ့ ခရီးဖော်ကိုဘဲ တမ်းတ နေကြရင်း ပြန်ဆုံ ပြီး ဇာတ်လမ်းဆက် ကြပြန်တယ်။
    အဲဒါကို တစ်ယောက် ရဲ့ မိန်းမ သိပြီး အိမ်ထောင်ပြိုကွဲသွား နောက်တစ်ယောက် ကလဲ သူ့ကို ဂေး မှန်း တစ်ခြား လူတွေ သိပြီး သတ်ပစ် လိုက်ကြတယ်။
    Happy Ending တော့ မဟုတ်ပါဘူး။
    ဒါပေမဲ့ ဇာတ်လမ်း ထဲ မှာ တစ်စုံတစ်ခု စာနာ နိုင်ဖို့ ကို တွေ့ခဲ့တယ်။ ကြည့်လို့လဲ ကောင်းတယ်။
    အော်စကာ တော့ မရပေမဲ့ nominated တော့ဖြစ်တယ် ထင်တယ်။
    တစ်ခြား ရုပ်ရှင်ဆု တွေတော့ ရတယ်။
    မကြည့်ရသေးရင် ကြည့်ကြည့်။
    😛

  • lele kyi

    July 29, 2013 at 5:47 am

    ဘာရယ်မဟုတ်ပါဘူး။အရီးရဲ့စာလေးသဘောကျလို့။ (မျောက်လို ကမြင်းတဲ့ ကျား တွေကြား မှာ ကြီးရတဲ့ မိန်းကလေး ကလဲ သူ့ survival အတွက်ခေါ်မလား။
    သူ လဲ ကျားတစ်ကောင် လို ကြမ်းမှ ရမ်းမှ ဒီ မျောက်တွေ နဲ့ ရော နိုင်မှာမို ့)။ အကိုတွေ။မောင်တွေ ကြားမှာကြီးပြင်းခဲ့ရတဲ့ ကိုယ့်ငယ်ဘဝကိုသတိရသွားစေတယ်။ ဝမ်းကွဲတွေကလည်းယောက်ကျားလေးတွေများတယ်။ အဲဒီမျောက်တသိုက်နဲ့နွေရာသီကျောင်းပိတ်ရက်တွေမှာကဲကျတာပေါ့။ မြို့ပေါ်မှာနေတဲ့သူတို့အတွက်ကျေးလက်ကကျမတို့ရဲ့ခြံဝင်းကျယ်ကြီးရယ်။ကောက်ရိုးပုံတွေရယ်။ အိမ်ရှေ့က ချောင်းရယ်ကတော်တော်စွဲဆောင်မှုရှိတာ။ မေမေ့ရဲ့ ကောင်းမှု ့။တင်းကြပ့်တဲ့ ဥပဒေသတွေကြောင့် ကျမ ကိုယ့်ကိုကိုယ် မိန်းကလေး တစ်ယောက်အဖြစ်ကျေနပ်ပါတယ်။ ငယ်ငယ်ကတော့ ယောက်ကျားလေးဖြစ်ချင်ခဲ့မိပါတယ်။ 🙂

  • Min Zarni

    July 29, 2013 at 6:45 am

    တနေ့ သေကြရမည် .. မသေခင် လုပ်ချင်တာ လုပ်ကြ..

  • Ma Ma

    July 29, 2013 at 6:57 am

    သေပြီးကိုယ့်နောက် ဘာတွေပါမလဲ ဆိုတာကတော့……… 🙁

  • ဦးကြောင်ကြီး

    July 29, 2013 at 8:24 am

    ဟိတ်ယောင် ငဖြိုး.. ပြင်မရလို့ ဖြစ်ကြေးဆို မွေးဂထဲက တိရိစာ္ဆန်တွေနဲ့ ကာမစပ်ယှက်ချင်သူ၊ ခလေးသူငယ်တွေကိုမှ နှစ်သက်သူတွေကို လွှတ်ထားမလား.. အားယားနေရင် ပူစီဖောင်းမှုတ်၊ အားမရရင် ဒိုးပတ်ဝိုင်းရှာ ပုလွေမှုတ်၊ အဲဒါမှ မကျေနပ်သေးရင် မော်တော်ပီကယ်ထဲဝင် ဝီစီမှုတ် ..
    ဖြိုးချစ်သူ
    အိုးပစ်မူ
    ထိုးစစ်ကူ
    ဂျိုးညှစ်အူ..

    • အရီးခင်လတ်

      July 29, 2013 at 1:04 pm

      ဒါကြောင့်မို့ ပြောတာ –
      လိင်တူ အချင်းချင်းချစ်တာ ကို အပြစ် လို့ မြင်တဲ့ အဲဒီ ကွန်ဆာဗေးတစ်ကြီး တွေ ကို မီးမီး သိပ်မုန်းတာဘဲ ဖေဖေ နဲ့ မေမေ။
      😉
      😛

  • ဦး ကြိမ်

    July 29, 2013 at 9:13 am

    ဒုက္ခပဲ…
    ရွာဆူကုန်……ပြီ
    ပုဒ်မ.၁၄၄-များထုထ်လိုက်ရင်တော့ …..။

  • ခင် ခ

    July 29, 2013 at 1:05 pm

    အင်း အလှဖန်တီးရှင် အလုပ်အကိုင်များ လုပ်နေကြရင်း နိုင်ငံကျော်သွားတဲ့ သူတွေလည်း အများကြီး အများကြီး ရှိခဲ့ပါတယ်နော့၊ အဲဒီလုပ်ငန်းပိုင်းကြတော့ သူတို့တွေကမှ ပိုကျွမ်းကျင် မြင်တတ် ဆင်တတ် ဖော်ရွေတတ် သလားလို့တော့ ခဏခဏ တွေးမိပ။

  • မဟာရာဇာ အံစာတုံး

    July 29, 2013 at 5:00 pm

    မိန်းမလျာလို့ သူများတွေ ပြောလာတိုင်း …
    တွေးမိတာက ချောချောလှလှလေးတွေပဲ ဖြစ်မယ်ပေါ့နော် …
    ဒါပေမယ့် …
    တကယ်လည်း တွေ့မြင်လာရော …
    အရောင်စုံပါပဲလားလို့ သိလာတယ် …
    ကျုပ်တို့ အရင် နေခဲ့တဲ့ နေရာမှာဆို မိန်းမလျာကြီး တစ်ယောက်က ယောက်ကျား ယူထားတာ တွေ့ခဲ့ရသဗျာ ….
    အခု .. ဒီဇာတ်ကားတော့ မကြည့်ဖူးဘူး …

  • Phyo Thit Luu

    July 29, 2013 at 5:44 pm

    အင်တာနက်က အရမ်းနှေးတော့ ရွာထဲက အစ်ကို အစ်မတွေနဲ့ အမြင်ချင်းဖလှယ်ချင်လို့ ဖွင့်နေတာ တနေကုန်တယ်။ ဘယ်လိုမှ ဖွင့်မရဘူး။ အခုမှ ဘာစိတ်ကူးပေါက်လဲ မသိဘူး Comment ပေးတဲ့အကွက်လေး ပေါ်လာတယ်။ ဒီလောက်လေး ရေးရတာနဲ့တင် ကျေးဇူးတင်လို့ မဆုံးဘူး အင်တာနက်ကို 🙂

  • ကိုရင်စည်သူ

    July 29, 2013 at 6:37 pm

    ကြောင်ကြီးနဲ့ ကိုရင်တို့ရဲ့ ထိုက်ကျိအတွင်းအားမိပီး အတွင်းဒဏ်ရာရ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က
    နန်းတွင်းသိုင်းပြောင်းပြန် တွင်းအောင်း မိန်းမစိုးဂျီးမောင်ဖြိုးကိုးးး.. ငိငိ… 👿
    အခြောက်တွေကို ဝဋ်ခံနေရသူတွေလို့ဘဲမြင်တယ်.. ဟီးး နှစ်မျိုးခံစားတာလဲ
    ဘဝအရသာဆိုတော့ ပြောတတ်ဘူး.. ငိငိ…။ အေကိုက်ပီး မြန်မြန်တေမှာပဲ အဲ့လိုမသေလဲ တခြားသေခြင်းတော့
    ကောင်းမှာမဟုတ်ဘူး။
    ငါတို့ကိုတော့ ယောက်ျားကြီးက မိန်းမရှိပီး နောက်ဆုံးမှ ကောင်လေးနဲ့ ဆက်ဆံနေတုန်း
    သူ့မိန်းမက အခြောက်ဖြစ်နေတာသိလိုက်တဲ့
    ဇာတ်လမ်းတွေတော့ လာမဖိန့်နဲ့.. သတိပေးထားတာ.. (အဆွယ်ပို့စ်တွေမို့)..
    တွေ့လို့ကတော့ 144 ကော 59 ပါ ထုတ်ရအောင် မီးရှိူ့ပလိုက်မယ်.. ဘူးထွားးး ထွားးး 👿

  • Nyein Nyein

    July 29, 2013 at 6:55 pm

    ငြိမ်းတွေ့ဖူးတဲ့ ယောက်ျားလျာတွေရှိပါတယ်။ မိန်းမတွေ အသီးသီးနဲ့ပါ။ တရားဝင်လက်ထပ်ထားတာမျိုးမဟုတ်ပေမယ့် တကယ့်လင်မယားတွေလိုပါပဲ။ အတူနေ၊ အတူစား၊ အတူစီးပွားရှာ၊ စုဆောင်းပြီး နေနေကြတာကိုတွေ့ဖူးပါတယ်။

    အဲဒီ့ထဲက တစ်ယောက်ကိုဆိုရင် အိမ်ကမိန်းကလေးပုံစံဖြစ်အောင် အတင်းပြောင်းပေးပါသေးတယ်။ သီလရှင်ဝတ်ပေးတယ်။ လူပြန်ထွက်တော့ မိန်းကလေးလိုပဲနေခိုင်းတာပါ။ ဒါပေမယ့် မကြာပါဘူး။ ယောက်ျားလျာပြန်ဖြစ်တာပဲ။ ဘယ်လိုမှကို ပြောင်းပေးလို့မရတာပါ။ ဘယ်သူ့ကိုမှလည်း ထိခိုက်တာမဟုတ်တော့ သူ့အိမ်ကပဲ လက်လျှော့လိုက်ကြတယ်လေ။

    ပြောရမယ်ဆိုရင်တော့ ဒီလို ယောက်ျားလျာ၊ မိန်းမလျာတွေဆိုတာကလည်း ကိုယ်လုပ်ခဲ့ဖူးတဲ့ ကံတွေရဲ့အကျိုးပေးပဲမို့လို့ ကံမကုန်သရွေ့ကတော့ ဘယ်လိုမှပြောင်းလဲလို့ရမှာမဟုတ်နိုင်ဘူးလို့ထင်တယ်။

  • Conny Kim

    July 29, 2013 at 7:09 pm

    Oishi ကြော်ငြာလို ဘယ်လိုပြောရမလဲ ဘယ်လိုပြောရမလဲ ဆိုတော့ပေါ့နော် ဟဲဟဲ
    မပြောတတ်ပါဘူး ဒါကတော့ သူတို့မွေးကတည်းကပါလာတဲ့အတွင်းစိတ်လေးတွေကြောင့်လို့ထင်တာပဲလေ ကြားဘူးတာတော့ လူတိုင်းမှာ အဖိုဟိုမုန်းနဲ့ အမဟိုမုန်းနှစ်ခုလုံးရှိတယ်တဲ့
    မိန်းကလေးဖြစ်ရဲ့ ယောကျာ်းလျာဖြစ် တာက အဖိုဟိုမုန်းများနေလို့ဖြစ်ပြီး ယောကျာ်းလေးဖြစ်ရဲ့သားနဲ့ မိန်းမလျာဖြစ်သွားတာအမဟိုမုန်းများနေလို့ တဲ့

    • ကိုရင်စည်သူ

      July 29, 2013 at 7:45 pm

      တချို့လည်း အဲ့ဟော်မုန်းတွေ တစ်ဖက်စောင်း များသွားအောင် နေ့တိုင်း ဆေးသောက်ပီး
      ပြောင်းနေတာချိတယ်… :mrgreen: ဘယ်အရာမှ အတည့်မမှတ်နဲ့ ဘောင်လွတ်ကြည့်ဘာ…

  • koyinmaung

    July 29, 2013 at 7:53 pm

    မာမီအောင်ဘုတယောက်ဘယ်ရောက်နေပါလိပ်……
    သူ့ဘောဒါအလည်လာတာမသိသေးဘူးထင်တယ်….

    • Conny Kim

      July 31, 2013 at 6:34 pm

      ကိုရင်စည်သူ အဲဒီလိုတွေရှိတာတယ်မသိလို့ဘူးကော…..

    • Conny Kim

      July 31, 2013 at 6:35 pm

      ကိုရင်စည်သူ ရေ အဲဒီလိုတွေရှိတာတယ်မသိလို့ဘူးကော…..

  • GARFIELD

    July 30, 2013 at 5:22 pm

    ငါတို့ရွာတော့ ဂျန်ဒါတွေစုံလာပြီ…

    Guy တွေရှိတယ်…
    Girl တွေရှိတယ်…
    Gay လဲရှိတာပဲ…
    အဲဒီတော့… ဘယ်မလဲ… Lesbian…
    Lesbian လိုနေသေးတယ်နော်…
    ရွာအပျိုကြီး မမပြာတို့ ကေဇီတို့ ဝန်ခံစရာရှိရင် ဝန်ခံကြပါ…

    ဂါဂါး

    • KZ

      July 30, 2013 at 5:35 pm

      ဘာရယ်။ ဝန်ခံရင် ကလေးမ လှလှလေး အချစ်တော်ရှာပေးမားးးးး 😀

  • ဦး ဂျစ်

    July 31, 2013 at 7:00 pm

    ကိုအောင်ဘု တယောက် ဘယ်ကိုပျောက် …
    ဒာာ့ဒီမှာ တစ်ယောက် အားပေးလိုက်ပါဦးဗျို့ …။.

  • အလင်း ဆက်

    July 31, 2013 at 8:46 pm

    မိန်းမလျှာလောကသားတွေကို..
    သိုင်းလောက သားဖြစ်အောင်..
    ပြုပြင်ပေးရင် ကောင်းမလား…

Leave a Reply