မန္တလေးမှာ ကိုပေါက်စာအုပ်ရောင်းသည်

မန်းလေးကရွာသူားတွေကိုရောင်းဘို့အတွက်စာအုပ် (၃၅)အုပ် ဦးမာဃမှတစ်ဆင့်ရောက်လာပါတယ်။

မင်ဘာများကို ရောင်းဘို့လို့သိရပါတယ်။.

သတ်မှတ်ဈေးကတော့ ကျပ်နှစ်ထောင့်ငါးရာပါ။

လောလောဆယ်တော့

သုံးအုပ်တိတိရောင်းပြီးသွားပါပြီ။.

25-7-2013မှာအန်ကယ်ဂျီးက (၂)အုပ်

28-7-2013နေ့မှာ မင်းမင်းက တစ်အုပ် ပေါင်းသုံးအုပ်ပါ။

မပဒုမ္မာက ကိုပေါက် တစ်အုပ် လက်ဆောင်ယူပါလို့ ပြောထားပေမယ့် ကျနော်မယူတော့ပါဘူး။

ဘာလို့လဲဆိုတော့ ကိုခင်ခ က ရန်ကုန်အရောက်ကျနော်ကိုပေးဘိုု့ဆိုပြီး လက်ဆောင်တစ်အုပ်ထည့်ဝယ်လာခဲ့လို့ပါ.

ကိုခင်ခရေ ကျေးဇူး အကြီးကြီးတင်ပါတယ်ဗျို့။

09-6805396 သို့ ဆက်သွယ်၍ စာအုပ်များဝယ်နို်င်ပါသည်။

မန်းလေးမြို့မှာ မိုင်(20)အတွင်း အိမ်တို်င်ယာရောက်လိုုက်လံ၍ပို့ပေးပါမည်။

စာအုပ်မဝယ်ပါက ဇွတ်လိုက်၍ရောင်းချမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

 

 

 

(မှတ်ချက် ရွာထဲမှာ ဓါတ်သေဆရာ စာအုပ်ကတော့ ရောင်း၍မရပါ။

တစ်သက်လုံးအတွက် ဝယ်ယူထားသူရှိပါကြောင်း)

27 comments

  • Foreign Resident

    July 28, 2013 at 5:15 pm

    ” စာအုပ်မဝယ်ပါက ဇွတ်လိုက်၍ရောင်းချမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည် ”

    ကိုပေါက်ကြီးကတော့ ရွာ့အရေးဟဲ့ဆို အားကိုးရပြီးသား ။

  • မောင် ပေ

    July 28, 2013 at 6:36 pm

    လုပ်စရာရှိတာလေးတွေ လဲ အကြွေးကျန်တာတော်တော်များနေပြီနော
    လုပ်စရာရှိတာလုပ်ပြီးရင်တော့ ဝယ်ပါ့မယ်ဗျား

  • kyaw swar kaung

    July 28, 2013 at 7:36 pm

    ကိုပေါက်
    စာအုပ်ဝယ်ချင်ပေမယ့် ကျနော်က အဝေးကြီးမှာဗျာ…
    ကိုပေါက် ဖုန်းနံပါတ်တော့ ကျနော်သိမ်းထားတယ်.. နောက် ကျနော်ပြန်လာရင်..တွေ ့ဆုံဘို ့ပါ..။
    ကိုပေါက် VIBER မသုံးဘူးလား..။ သုံးတယ်ဆိုရင်တော့ ဖုန်းဆက်ရအောင်လို ့ပါ..။

    ကျော်စွာခေါင်

  • မင်းမင်း

    July 28, 2013 at 7:59 pm

    လေးပေါက်ရေ အားနာလိုက်တာ ခုထိပဲ။

    လူကြီးကို စာအုပ်ပို့ ခိုင်းသလိုဖြစ်သွားတာ။

    နောက်ဆို ကိစ္စရှိရင်ကျနော်ပဲလာပါ့မယ်။

    ယောက်ကထီး/ မ တွေက လေးပေါက်ကိုသိကြောင်း

    မှတ်မိကြောင်း။ ပြောပြပါတယ်။ မန်းသူကိုယူထားရတာ

    နေရာတကာ အမျိုးတွေ(ရပ်ဆွေ ရပ်မျိုး) မကင်းဘူးနော့် :mrgreen:

    (စာအုပ်ကိုဝေဖန်လို့ရမလားမသိ :mrgreen:)

  • Ma Ma

    July 28, 2013 at 8:55 pm

    ရွာ့အရေးဆို အင်တိုက်အားတိုက် လုပ်ပေးမယ့်သူတွေ ရှိတာ…
    သဂျီးကုသိုလ်ထူးတာပဲ။ 🙂

  • လေးပေါက်က စာအုပ်ကို ရောင်းချင်နေတာ
    အဲ့ကောင်က လေးပေါက်ကို ဥပေါက် ဖြစ်အောင်လုပ်သွားလို့
    စာအုပ်တော့ သိမယ်အေ့

  • ဗုံဗုံ

    July 29, 2013 at 9:11 am

    ဒီလိုရောင်းလို့ ကုန်မလား…
    လာ… ဈေးချိုနားမှာ မိုးကာခင်းပြီး သွားရောင်းမယ်..
    တမီးရောင်းမှ ကုန်မယ်.. ဖေပေါက်က ဖျာလိပ်ထဲဝင်နေ..
    ပြောသာပြောရတာပါလေ ကိုယ်ကလည်း အမေရိကားရောက်နေတော့ ……. :mrgreen:

  • မဟာရာဇာ အံစာတုံး

    July 29, 2013 at 5:05 pm

    ဖေပေါက်ဂျီး
    ကျော့်တွက်လည်း တစ်အုပ်လောက် …
    :mrgreen:

  • အာဂ

    July 29, 2013 at 5:57 pm

    လေးပေါက် Copy/Paste ကြီးဖြစ်နေပါလား …ဘယ်လိုဖြစ်တာတုန်းဂျ…

    • တမင်လုပ်ထားတာပါ ဒီပိုစ်က ရွာအတွက်တမင်ရေးတဲ့ပိုစ်မို့ပါ။
      ကော်ပီပေစ် ဆိုရင် အမှတ်မတွက်ဘူးလေ.
      ဒါကြောင့်

  • Mr. MarGa

    July 29, 2013 at 6:44 pm

    စာအုပ်တွေ ရမယ် စာအုပ်တွေ ရမယ်
    တစ်အုပ်မှ ၂၅၀ဝ ထဲနော့
    ဒိုးတိုဒိုး စနစ်နဲ့ အိမ်အရောက် ပို့ပေးမဗျ
    ဖုန်းတစ်ချက်သာ ဆက်လိုက်ပါ
    လေးပေါက်မအားရင် သိကြားမင်းကိုယ်တိုင် စီးတော်ယာဉ်နဲ့ ပို့ပေးမယ်
    :mrgreen:

  • uncle gyi

    July 30, 2013 at 12:12 am

    မိုင်၂ဝအတွင်းအရောက်တဲ့
    လေးပေါက်ရေအုန်းကျော ကတအုပ်
    အိုးဘိုကတအုပ်
    မင်းဂံဘုတ်ရွာကတအုပ်
    ပလိပ်ကတအုပ်
    စစ်ကိုင်းအလွန်ကောင်းမှုတော်နားက
    ဆွမ်းးချက်ကတအုပ်
    ရန်ကင်းတောင်အရှေ့ဘက်ကတအုပ်တဲ့
    အော်ဒါကောက်ထားတယ်

  • kai

    July 30, 2013 at 12:15 am

    စာအုပ်မှာ ကံစမ်းမဲပါအောင်လုပ်လိုက်ပါဗျို့…
    တတိယကွန်ဖရင်န့်မှာ.. မဲဖေါက်/ပေါက်မယ်လို့… :mrgreen:

  • Swal Taw Ywet

    July 30, 2013 at 10:07 am

    ကိုပေါက်ရေ၊
    မန်ဘာ တစ်သောင်းကျော်ရှိတယ်ဆိုတဲ့ ရွာ ကို သွေးတိုးစမ်းလိုက်တဲ့ပွဲခင်ဗျ။
    လေးရက်ပိတ်တာနဲ့ကြုံသွားလို့၊ မိုးတွင်းကြီးမို့လို့ ဆိုပြီး ၃၆ ယောက်ထဲတက်ခဲ့တဲ့ပွဲကို လက်သင့်ခံချင်သေးတယ်။
    အရီးလတ်တွက်ပြခဲ့တုံးက Active Member ၂၀ဝ ဆိုတာတောင် အခုပျောက်နေပြန်ပြီနော၊
    ကျနော့ကျောင်းသားတွေကို သင်ပေးထားခဲ့တဲ့ အလွယ်ဆုံးသောအဖြေလေးကိုဘဲ သတိရနေမိတယ်။
    Some thing wrong in M.G.
    Let’s try our best for our mother land, start from our village MG.
    With respect,
    Swal Taw Ywet.

    • Myo Thant

      July 30, 2013 at 10:39 am

      ကိုစွယ်တော်ရေ
      ကြာသာပတေးနေ့လောက် စာအုပ်လာဝယ်ဦးမယ် ၊
      ဟိုတစ်နေ့ကမှ ကိုစွယ်တော့်အိမ်ကို ရှာတွေ့တယ် ၊

  • ခင် ခ

    July 30, 2013 at 10:52 am

    ကိုစွယ်တော်ရွက်ရေ အရီးခင်လတ်တွက်ပြခဲ့တုံးက Active Member ၂၀ဝ ဆိုတာ ဖြစ်ချင်ဖြစ်နိုင် ပါလိမ့်မယ်။ ဒါပေမယ့် အင်တာနက်ဆိုဒ်တစ်ခုမှာ မန်ဘာဝင်တယ်ဆိုတာ အဲဒီအင်တာနက်ဆိုဒ် ထဲမှာ ရေးမယ် ဖတ်မယ် ငြင်းမယ် ဆော်မယ် ဒီလိုရည်ရွယ်ချက်က ပိုများတယ်လေ၊ အဲလိုအင်တာနက် ဆိုဒ်ထဲက မန်ဘာတွေအကုန်လုံး ရုပ်လုံးပြ(လူလုံးပြ) အပြင်မှာ တွေ့ဖို့ဆိုတာ ဘယ်ဆိုဒ်မှာ ဘဲဖြစ်ဖြစ် ၂၀~၃၀% ထက်မပိုနိုင်ဘူး၊ အများစုမန်ဘာတွေက အင်တာနက်ဆိုဒ်မှာ ဘဲ တွေ့ဆုံ ချင်လေ့ရှိတယ်ဆိုတဲ့ အချက်လေးကိုလည်း တွေ့ဆုံပွဲတိုင်းမှာ ထဲ့တွက်ထားရပါလိမ့်မယ်လို့ ထင်မိတာပါဘဲဗျ။

  • ဦးဦးပါလေရာ

    July 30, 2013 at 1:06 pm

    ကိုပေါက် စာအုပ်ရောင်းပေးမယ် ဆိုတဲ့အထိက ဘာမှသိပ်ပြောစရာမရှိပါဘူး…
    စာအုပ် လိုက်ပို့ပေးမယ် ဆိုတာကတော့ ….
    ကိုပေါက်ရဲ့ (လက်တွေ့ကျတဲ့) စေတနာနဲ့ ရွာ့အရေးတွေမှာ အားကြိုးမာန်တက်ရှိပုံကို
    လေးစားချီးကျူးမိပါတယ်။

    အပေါ်က ကိုစွယ်တော်ရွက်ပြောသွားတာလေးကို ဆွေးနွေးချင်သေးသဗျ….
    နောက်ဘဝဆိုတာများရှိခဲ့ရင် အဲသည်ဘဝနဲ့ ပြောချင်တာတွေ အကုန်ထုတ်ပြောပလိုက်မယ်…
    အခုတော့… နေနှင့်ဦးပေါ့လေ…..
    🙂

  • အန်ကယ်ဂျီးလိပ်စာပေးပါ
    လိုက်ပို့ပေးပါမည်
    မနက်စောစောအလုပ်မသွားခင်ပို့ပေးပါမယ်

Leave a Reply