မန်းဂဇက်ချစ်သူများ၏ အမှတ်တရ စုစည်းမူ့(၁)

မန်းကဇက်ချစ်သူများ၏ အမှတ်တရစုစည်းမူ (၁)

စာအုပ် လက်ထဲရောက်ရှိလို့လာပါပြီ။

စာအုပ်ရပြီဆိုတော့ ဖတ်ဖို့ မှတ်ဖို့ လေ့လာဖို့ သင်ယူဖို့

ခံစားဖို့ တာဝန်ရှိလာပြန်သည်။

အပြာရောင်နောက်ခံ အဝါရောင်စာလုံးများဖြင့်

သပ်သပ်ရပ်ရပ်စာအုပ်အသွင်အပြင်ရှိသည်။

စာအုပ်အဖုံတွင် ဖော်ပြချက် မှန်သမျှသည် စာအုပ်၏

မူလရည်ရွယ်ရင်းကို ကိုယ်စားပြုသည်ဟုလည်းခံစားမိပါသည်။

အပြာရောင် နောက်ခံ

အဝါရောင် စာလုံး

ဒေါင်းတံဆိပ်

Member Only

အစရှိသည်များသည် အဓိပါယ်မဲ့ မဟုတ်သည်ကသေချာသည်။

နောက်စာအုပ်၏ သမိုင်းမှတ်တမ်းကိုလည်းဒီလို သိခဲ့ရသည်။

ပထမအကြိမ်

အုပ်ရေ-၅၀၀

ထုတ်ဝေသည့်ကာလ- ဇူလိုင်လ ၂၀၁၃ ခုနှစ်

ဒါကလည်း ကဇက်စာပေ ပုံနှိပ်သမိုင်းပင်မဟုတ်ပါလား။

နောက်မာတိကာ။

၁ မှ ၁၆ ထိတွေ့ရသည်။

ဒီထိတော့ဖတ်ရပြီ။ နောက်ပိုင်းသိချင်ရင်ဆက်ဖတ်ကြပါ :mrgreen:

13 comments

  • ဗုံဗုံ

    July 29, 2013 at 11:03 am

    တော်ပါပြီ ဒီလောက်လေး သိရရင် တော်ပါပြီ.. :mrgreen:

    • မင်းမင်း

      July 29, 2013 at 1:04 pm

      နောက်ထပ်တော့ဆက်မဖတ်အား(ရဲ) သေးဘူး :mrgreen:

  • မဟာရာဇာ အံစာတုံး

    July 29, 2013 at 2:02 pm

    စာအုပ် မျက်နှာဖုံးမှာ
    ပွဲကို တက်ရောက်လာသူတွေကို
    အတင်း လက်မှတ် ထိုးခိုင်းထားတာတွေ ရှိတယ် …..။
    အိုက်ဒါတွေ ဝယ်ဂျင်ရင် …
    ပျံရောင်းမယ် …. အဟမ်းးး :mrgreen:

    • ကို ငြိမ်းမောင်

      July 29, 2013 at 3:52 pm

      တွေ့ဆုံပွဲရောက်လာသူ မန်ဘာဝင်အားလုံးရဲ့ လက်မှတ်အပြည့်အစုံပါတယ်ဆိုရင်တော့
      ဝယ်ချင်တယ်ဗျ။ ဘယ်လိုလဲ လက်မှတ်အပြည့်အစုံလား။ ဟုတ်တယ်ဆို စာအုပ်တန်ဖိုး၏ ၁ဝ ဆ မက ပေးမယ်ဗျာ။

    • မင်းမင်း

      July 29, 2013 at 4:11 pm

      လက်မှတ်ထိုး ကြောင်း

      နမူနာ ပြပါ :mrgreen:

      • မဟာရာဇာ အံစာတုံး

        July 29, 2013 at 4:33 pm

        အမငေးး
        လက်မှတ်က အပြည့်ပေါ့ …
        ပြည့်ဒါမှ ပြည့် ပြည့် ပြည့် နဲ့တောင်မှ မြည်နေသေး …
        ရောင်းမယ် ဆိုဒါ လဂါး စဒါ …
        အိုက်ဒါဒွေ စကင်ဖတ်ပီးရင် တင်ပေးမယ်နော် …
        အိုက်ဒီပုံလေးကို ဒါ့ပုံရိုက်၊ ပရင့်ထုတ်ပြီး စာအုပ်ရှေ့မှာ ကပ်ထားလိုက်ပေါ့ ….

        • koyinmaung

          July 29, 2013 at 7:41 pm

          လိုချင်ပါတယ် အံစာတုံးရေ…
          မြန်မြန်သာတင်လိုက်ဗျို့..
          ပွဲမတက်နိုင်တဲ့သူတွေအတွက်တော့..
          အမှတ်တရပါဘဲ..စောင့်မျော်နေပါကြောင်း…

  • KZ

    July 29, 2013 at 4:28 pm

    ဆက်ဖတ် ပြီး ပြန်ပြောပြ ပါ အန်လကယ် မင်းမင်းးးး 😀

    • မင်းမင်း

      July 30, 2013 at 9:19 am

      အဟီး

      စာအုပ်တွေ ဖတ်ပြီးပြောပါ့မယ်။

      ဒုတိယအကြိမ် တတိယအကြိမ်

      အုပ်ရေတိုးထုတ် ဖို့ ပြင်သာထားကြပေရော့ :mrgreen:

  • Ma Ma

    July 30, 2013 at 8:22 am

    ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အတင်းရော အဓမ္မရော စာအုပ်ရောင်းပြီးတဲ့အခါ …
    စာတွေကောင်းတယ်ဆိုတဲ့ Feedback ပြန်လာတော့ ဝမ်းသာသွားတယ်။
    အဲဒီသူတွေကို ရွာထဲကို မန်ဘာဝင်ဖို့ စာရေးဖို့ ပြောတော့ စိတ်ဝင်စားကြတယ်။
    🙂

  • kyeemite

    July 30, 2013 at 9:36 am

    တစ်ခုသတိရလို့ဗျာ…
    ကျုပ်ကစာအုပ် ၁ဝအုပ် အားပေးထားတယ်
    သူငယ်ချင်း မိတ်ဆွေတွေ အတင်းထိုးပေးဖို့ပေါ့
    တချို့စာအုပ်တွေမှာ စာ၃ နဲ့၄ တစ်ရွက်ပျောက်နေပါဂျောင်း.. :boss:

    • မင်းမင်း

      July 30, 2013 at 11:47 am

      မိတ္တူဆွဲ ပြန်ကပ်ပဲ လုပ်ရမယ်ထင်တယ်။

      သူကြီးအမှာစာနောက်ဆုံးပိုင်းဖြစ်နေတာကိုး။

      member မဟုတ်သေးသူအတွက် အမှာစာကလည်း

      အရေးကြီးတယ်လို့ထင်ပါတယ်ဗျာ။

  • Green Rose

    July 30, 2013 at 9:01 pm

    ဦးကြီးမိုက်ရေ….

    နီးစပ်ရာမှာ စာအုပ်လဲယူလိုက်ပါရှင့်.. တခြားအဲလို စာမျက်နှာမစုံသူများလည်း နီးစပ်ရာ စာအုပ်ရောင်းပေးနေသူများဆီမှာ လဲယူလိုက်ကြပါလို့…..

    လေးစားလျှက်

    (Green Rose)

Leave a Reply