ဆောင်းဦး မနက်ခင်း

ဆောင်းဦး မနက်ခင်း

ဆောင်းဦး မနက်ခင်းလို ့အမည်ပေးခဲ့ပါတယ်.. အမေရိကန်နဲ ့ဒုတိယအကြိမ် နော်ဝေ က ဝယ်ယူသွားတဲ့ ပန်းချီကားလေးပါ…

ထိုင်းနယ်စပ် တောင်ပေါ် တိုင်းရင်းသား ရွာလေးပါ…။ ဆင်းရဲ နွမ်းပါးပေမယ့် ငါ မဆိုင်စိတ်နဲ ့ မနေဘဲ ပါတ်ဝန်းကျင်နဲ ့လမ်းလေးလှပအောင်.. မနက်အစောကြီး လမ်းပေါ်က ဆောင်းရွက်ကြွေတွေကို သစ်ခက် တံပျက်စည်းနဲ ့လှည်းသိမ်းနေတဲ့ပုံလေးပါ…။

နံက်ခင်းနေရောင်ရယ်..ဖုန်ထတာလေးရယ် အရမ်းလှလို ့ဆွဲရတာ အရမ်းစိတ်ပါတဲ့ကားလေးပါ..။ အိမ်ခြံဝန်းထဲက ဇီးပင်လေး…ဇီးရွက်တွေပေါ်နှင်းရည်စိုနေချိန်မှာ နေထိုးလိုက်တော့ အစူးရှဆုံးအလင်းထိတွေ ့ခံရတဲ ့အပင်ပါ..။

အသိတရားဆိုတာလည်း…ရှေ ့မှာ လူလုံးကြီးပြ ထုထည်ကြီး ကြီးသူထက် တချို ့တလေ.. ဟို ချောင်ထဲက အရာသေးသေးလေးတွေမှာ အသိတရားက ပိုစူးရှတတ်ပါတယ်..။

ဒီပန်းချီကားလေးက   နေထိုးလို ့ဖြစ်လာတဲ့ အလှတရားထက်..

ကိုယ့်ပါတ်ဝန်းကျင်ကို လှပလာအောင် တာဝန်သိတဲ ့အသိတရားလေးကို အလှတရားအဖြစ် ကျနော် ခံစားရေးဆွဲပါတယ်..။

 

ကျော်စွာခေါင်

 

36 comments

  • kyaw hteik

    July 30, 2013 at 12:15 am

    ပန်​းချီပုံ​လေးကို ကူသွားပါ​ကြောင်​းအသိ​ပေးအပ်​ပါတယ်​ ခင်​ဗျာ။

    • kyaw swar kaung

      July 30, 2013 at 12:22 am

      ကိုကျော်ထိုက်
      ရပါတယ် ဗျာ… လိုအပ်လို ့အသုံးပြုမယ်ဆိုရင်လည်း ခွင့်ပြုပြိီးသားပါ..။

  • YUYA MON

    July 30, 2013 at 2:25 am

    Wonderful artists!!! Fabulous paints!!

  • အရီးခင်

    July 30, 2013 at 2:42 am

    ဖုံ တွေ ထနေတာ တကယ်ဘဲ အသက်ဝင်တယ်။
    ညီညီညာညာ တာဝန်ယူ နေတာ အားကျစရာပါဘဲ။
    ဒီလို ပုံလေး တွေကို ရွာထဲ မှာ ပိုင်ရတာ ဂုဏ်ယူစရာပါ။
    ပန်းချီဆရာ ကိုရောပေါ့။ 😛

    • kyaw swar kaung

      July 30, 2013 at 2:56 am

      ကျနော်ဟာ..ဒီရွာသားပါ…ကျနော်လေ ဂေဇက်သားပါ…ကြုံလာဆုံလာ..မန်းဂဇက် ဒို ့ရွာမှာ…..

      အရီးခင်.. စိုင်းဆိုင်မောဝ်.. သီချင်းလေးလိုပေါ့..။

  • kyaw swar kaung

    July 30, 2013 at 3:01 am

    မမ များ စိတ်မဆိုး စိတ်မကောက်ဘဲ ရောက်လာရင် ဖတ်ဘို ့ပါ..ခေါင်းလောင်းပို ့စ်မှာ မမ အတွက်ရေးထားတာလေးပါ..
    “မမ
    ဒီကော်မန် ့ကို အလုပ်မှာ ဖတ်လိုက်ရကတည်းက…အိမ်ကို မြန်မြန်ပြန်ချင်တာ…။
    စိတ်မကောင်းမဖြစ်ပါဘူး..မမ။
    ခုလို တကူးတက မမ ရေးတာကို မှ ကျနော်က ပြန်အားနာတာပါ..။ ခေါ်ပါ မမ။။ကြိုက်သလိုခေါ်ပါ.. ကျနော်ကသာ..ကိုယ့်ရုပ်နဲ ့ကိုယ့်ပုံ ဥရောပသားဆိုတဲ့ စကားကြီးနဲ ့တွဲပုံဖော်ပြီး…တမျိုးကြီး ဖြစ်တာကို ပြောတာပါ…။
    လူ၁ဝ ယောက်ရှိပေမယ့် ၁ဝ ယောက်လုံး စာဖတ်ဝါသနာပါတာ မဟုတ်ဘူး မမ.
    အဲဒီ စာဖတ်သူနည်းနည်းထဲကမှ စာရေးတာ ဝါသနာပါသူက ပိုတောင် နည်းသွားသေးတယ်လေ…။
    စာပေသံယောဇဉ်ဆိုတာ တော်တော် မလွယ်တာပါ..။
    စာပေရေးသားသူချင်းခင်မင်တဲ့ သံယောဇဉ်လေးတော့ ကျနော် အပေါ်ယံ ရှပ်ပြောလိုက်တဲ့ စကားလေးကြောင့်
    မပျက်ပါရစေနဲ ့မမ။ မမရယ်မှ မဟုတ်ပါဘူး..ရွာသူ ရွာသား မောင်နှမ အားလုံးကိုပါ..။
    ခေါ်ပါ ခေါ်ပါ.. မမ ကြိုက်သလိုခေါ်ပါ..။
    နောက် မခေါ်ရင်ဘဲ မမ စိတ်ခုသွားပါလားလို ့တွေးပြီး…ကျနော်ဘဲ အမြဲ စိတ်မကောင်း ဖြစ်ရမှာပါ..။
    မမ နားလည် နိုင်ပါစေ…
    ခင်မင်မှုများဖြင့်
    ကျော်စွာခေါင်..။
    ဟံမယ်လေး မောာာာာထှာ…
    စကားများတဲ့ အညာသားးးးးး . ခုသိပြီ.. အပြောအဆို ဆင်ခြင်တော့မယ်..။ ”

    ကျော်စွာခေါင်

    • Foreign Resident

      July 30, 2013 at 4:43 am

      kyaw swar kaung says:
      ” စကားများတဲ့ အညာသားးးးးး . ခုသိပြီ.. အပြောအဆို ဆင်ခြင်တော့မယ် ”

      ဟီ ဟိ ၊ အခုတော့ သူသိသွားပြီ ။ 😛
      စိတ်မပူပါနှင့် ၊ မမ က သဘောကောင်းသူပါ ။

      • Ma Ma

        July 30, 2013 at 2:00 pm

        င်္ထောက်ခံအားပေးသူ FR ကို ကျေးဇူးတင်ပါတယ်။ 🙂

        ဟိုဖက်ပိုစ့်မှာ မန့်ထားတာလေး ထပ်ပြောချင်ပါတယ်။

        ကျမစိတ်ရင်းက ပေ့ါပေါ့ပါးပါး ခင်ခင်မင်မင်ပဲ နေတတ်တယ်။
        စိတ်ထဲအလေးကြီး သယ်မထားတတ်ဘူး။
        နောက်တစ်ခုက သူများတကာကို နာမည်ပြောင်ပေးတတ်တယ်။ 😆

        ပန်းချီကားတွေ စိတ်ဝင်စားလို့ ဒို့ရွာသားဥရောပသားကြီးတင်တဲ့ပိုစ့်တိုင်းကို ဖတ်ဖြစ်ကြည့်ဖြစ်ပါတယ်။
        အမှန်က ခံစားမှုနဲ့ လက်ရာအရမ်းကောင်းတာကြောင့်လည်း ကြည့်ဖြစ်တယ်လို့ ပြောရမယ်။

        အားပေးပါတယ်။
        ရွာမှာအခြေချနေထိုင်လို့ ရွာ့ဆွေရွာ့မျိုးတွေအဖြစ် ခင်မင်ခွင့်ရတာလည်း ဝမ်းသာပါတယ်။ 🙂

        • Ma Ma

          July 30, 2013 at 2:19 pm

          အဲ- ပြောဖို့ကျန်ခဲ့လို့။
          http://myanmargazette.net/181009 ပိုစ့်မှာ ဇာတိမြို့က ရွာကလေးကို သွားရင်းနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေမှာတုန်းက ပြောထားတာလေး ကူးပေးလိုက်ပါတယ်။

          အရီးခင်လတ် says: (Edit)

          အောက်ဆုံးပုံလေးကဆို ပန်းချီကားလေးတောင် တူသေး။
          ရွာ့ ပန်းချီဆရာ ဥရောပသား ကိုတောင် သတိရလိုက်တယ်။
          😛

        • အရီးခင်

          July 30, 2013 at 8:35 pm

          ဝုတ်ပါ့။
          မမ ပုံလေး တွေ ကြည့်ပြီး ပန်းချီဆွဲကောင်းတဲ့ ဥညာသားကြီး (သို့) ညာရောပသားကြီး ပျောက်နေတာ မှတ်မိသွားတာ။ 😛

        • kyaw swar kaung

          July 30, 2013 at 9:54 pm

          မမ
          ကျေးဇူးပါဗျာ… နားလည်ပေးတာရော စိတ်ကို ပေါ့ပေါ့ပါးပါး ထားတတ်ပေးတာရော..
          ခုမှ နေသာသွားတယ်..။
          နာမည်ေဲပာင်လေးတွေ ခေါ်တာ ကျနော်လည်းဝါသနာပါတယ် မမ.
          ကျနော်တောင် ၂ယောက်ကို စခေါ်ထားတယ်..
          မွန်မလေးလုံလုံ…နောက်တယောက်က
          မဟာရာဂျာ အံစာမိုးဝင်းလို ့..( သူက ကျနော်တို ့မြို ့နာက ဆိုတော့ ပိုပြီး စ..ရမှာ.. ဗုံဗုံလဲ ရှိသေးတယ်..
          ရွှေဘိုက…)။
          မမတို ့မိသားစုနဲ ့ခရီးထွက်တာ ပျော်စရာဘဲ..
          ကျနော် အဲလို နေရာတွေ ရောက်ဘူးချင်တယ်ဗျ..
          မမပြောတဲ့…
          ရွာ့ဆွေ ရွာ့မျိုး ဆိုတဲ့ စကားက မြန်မာနိုင်ငံသားတွေ အတွက် အလှဆုံး နွေးထွေးဆုံးစကားပေါ့..။
          မောင်နှမတွေ တနေ ့ဆုံရဦးမှာပေါ့လေ…။

  • Min Zarni

    July 30, 2013 at 5:00 am

    Nothing but FoG.
    Bravo အူးလေး.

  • Crystalline

    July 30, 2013 at 8:11 am

    အပေါ်က ဦးလေးကြီးလိုပဲ Bravo ပါ.. ကျောက်မဲ နောင်ချို..နောင်ပိန်နဲ့…. ချင်းပြည်နယ်ပလက်ဝက ချင်းရွာလေးတွေရောက်ခဲ့ဖူးတယ်.. ကိုကျော်စွာခေါင်အတွက် ပန်းချီကားတွေအများကြီးရမှာသေချာ တယ်.. ရောက်ခဲ့ဖူးပြီး..ဆွဲဖူးပြီးလားတော့မသိဘူး…. တကယ့်ကိုဘယ်မှာမှမတွေ့နိုင်တဲ့သဘာဝရှုခင်းတွေနဲ့
    ရိုးသားလွန်းတဲ့ တောင်ပေါ်သူားတွေပေါ့..

    • ကိုရင်စည်သူ

      July 30, 2013 at 7:51 pm

      ပင်လယ်ထဲက ဘောဘောတွေပေါ်မှာလဲ.. အပြစ်ကင်းပီး ရိုးသားတဲ့
      မျက်နှာနဲ့ လုပ်နေကျတဲ့ အန်နဝါရှူ့ခင်းကြားမှာ တောက်ခွက်လေးတွေလည်းရှိပါတယ်အေ…
      အဟမ်း.. အမြင်တွေကို ဘောင်ခတ်မကြည့်ဘာနဲ့…
      ဘောင်ခတ်ကြည့်လို့ရဒါ.. မျက်မှန်နဲ့ ပန်ချီကားပဲရှိတယ်… ဒချိ..ဒချိ.. :mrgreen:

      • ကိုရင်စည်သူ

        July 30, 2013 at 7:53 pm

        ဆြာ့ကျော်ခေါင် လက်ရာနဲ့ အဲ့ဒါတွေကို ဆွဲထည့်လိုက်လို့ကတော့
        ကမ်ဘာကျော်သွားမယ်ထင်တယ်.. ဂန္ဓဝင်ဖြစ်ဒါပေါ့..။ 😉

        • kyaw swar kaung

          July 30, 2013 at 9:40 pm

          ပြောရမယ် ဆိုရင်တော့…
          ဘောဘောပေါ်က ကဘာေဂျာ်.. ပုံဒူကြီးပေါ့… ဟတ်လား… ဒချိ..ဒချိ….
          ( ရောမရောက်ရင် အီတလီ လို ကျင့်ရမယ်ဒဲ့… ဂု ကြော်…လဲ ဂေဇက် ဘန်းစကားတွေ စ” နေပါပြီ..
          ကိုရင်စည်.. ) အမှီလိုက်ရမှာပေါ့… ဒါမှ ပျော်စရာကောင်းမှာ…

    • kyaw swar kaung

      July 30, 2013 at 9:56 pm

      တောင်ကြီးဘက်တော့ ရောက်ဘူးတယ်ဗျ.. နေရာစုံတော့ မရောက်ဘူးပါဘူး… ချင်းပြည်နယ်လဲ လှတယ်..။
      တောင်ပေါ်သားတွေ ရိုးသားတာကတော့ တစ်ကယ်ပါဗျာ…။

  • ဗုံဗုံ

    July 30, 2013 at 9:20 am

    လိုင်းမကောင်းလို့ ပုံလေးကြည့်ဖို့ အကြာကြီး စောင့်ရတယ်..
    ဖုန်လေးတွေအသက်ဝင်လိုက်ပုံများ
    အညာက ဖုန်နံ့လေးကိုတောင် ရလိုက်သလိုဘဲ..

  • kyeemite

    July 30, 2013 at 9:31 am

    ပုံလေးထဲပါတဲ့ သစ်ခက် တံပျက်စည်းမျိုး
    အညာမှာနေတုန်းက ကျုပ်တို့လည်းသုံးဖူးသဗျ..
    အုန်းတံပျက်စည်းထက် ပိုလှဲရတာမြန်တယ်..

  • lele kyi

    July 30, 2013 at 5:36 pm

    ပန်းချီဆြာသာ ရှင်းလင်းချက်မထုတ်ရင် ကျမတော့ ဒီလူတွေလမ်းပေါ်တက်ပြီးမီလှုံနေတယ်လို့ပဲသတ်မှတ်နေတာ။ ဝေးပါတယ် အနုပညာမျက်လုံးနဲ့။ အရောင်တွေကိုနှစ်ချိုက်မိပါတယ်။

    • kyaw swar kaung

      July 30, 2013 at 9:44 pm

      မလဲ့ ကသာ..အနုပညာနဲ ့ဝေးတယ် ပြောနေတယ်..
      ကျနော်က မလဲ့ကို ကြောက်တောင် ကြောက် လာပြိီဗျ…။ တွေးမိတာက မလဲ့က..အကြားအမြင် ထုတ်ချင်းပေါက်..ဒိုးယိုပေါက် လား
      ဂေဇက်ရွာက နတ်ကတော် မမလဲ့ လားလို ့..
      ဘာလို ့လဲ ဆိုတော့ တံပျက်စည်း လှည်းပြီးရင် သစ်ရွက်တွေကို မီးရှို ့ပြီး သူတို ့မီး လှုံကြတော့မှာလေ…။
      တော်လိုက်တာ…မလဲ့ တယောက်။

      • lele kyi

        July 31, 2013 at 4:58 am

        အဲလာ-အိပ်စ်ပီးရီးယန့်ပါရှင့်။ ငယ်ငယ်တုန်းက လုပ်နေကျအကျင့်တွေပါ။ (ဝါးရွက်တွေနဲ့ မီးလှုံကြတာ)
        ကျမကနတ်ကတော်မဟုတ်ဘူးရှင်။ တော်ကြာနေ ဂဇက်မူပိုင် ကနားစီးမိရှီးးးးက မူပိုင်ခွင့် တရားလာဆွဲနေဦးမယ်။

        • Min Zarni

          July 31, 2013 at 7:24 am

          :'(

  • KZ

    July 30, 2013 at 5:52 pm

    မနက်ကတည်းက ကြည့်ပြီး
    ဘယ်ကိုလွမ်းမှန်းမသိဘူး ရင်ထဲ ဆို့နေတာ။

    ဒါကတော့ တောင်ပေါ်ရွာကပုံ ပေါ့။
    ဒါမဲ့ အညာကို လွမ်းသွားသလိုပဲ။
    သစ်ရွက်ကို နေရောင်ထိုးတာကအစ အသေးစိတ်နိုင်လို့ ချီးကျူးမဆုံးပါ။ 🙂

  • အလင်း ဆက်

    July 30, 2013 at 8:56 pm

    ကောင်းလိုက်တဲ ့ပန်းချီလေး..
    ရွာထဲမှာ..
    ပန်းချီ ပြခန်းလေး…လုပ်ချင်လာတယ် ။

    • kyaw swar kaung

      July 30, 2013 at 10:07 pm

      လုပ်ခဲ့ရင်လည်း…ကိုယ်တယောက်တည်းညီလေးရာ..သူများပြောစရာ ဖြစ်မှာပေါ့…
      ကိုယ်မှတ်မိတာလေး ပြောပြမယ်..ကိုယ် ရ တန်း ကျောင်းသားတုန်းက စစ်ကိုင်းတိုင်း ကျောင်းပြပွဲအတွက် ပုံတွေ ဆွဲရတယ်..
      ကျောင်းမှာကလည်း ကိုယ်ကလွဲလို ့ဘယ်သူမှ မရှိဘူးလေ.. မပြိုင်ရင်လဲ ပညာရေးမှုး ပြောခံထိမှာမို ့.. ကျောင်းအုပ်ဆရာကြီးရယ်
      ကျောင်းက ပန်းချီချိန်ပြပေးတဲ့ဆရာရယ် အကိုရယ်.. တိုင်ပင်ပြီး ဆော်ထည့်လိုက်တာ… ပန်းချီကား ၇၆ကား…။
      နာမည် အမျိုးမျိုးနဲ ့ဆွဲတာပေါ့..။ ဆုတွေ ကြေညာတော့ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ။ ၃ ဆု ချိတ်တာ..
      ဆုလည်းပေးရော ဘယ်နာမည် ကြေညာပြီ း ခေါ်ပြိး ဆုပေးပေး…ကိုယ်ဘဲ တက်ယူနေရတာ…
      ရခဲ့တဲ့ ဆုအများကြီးထဲမှာ… အဲလောက်မျက်နှာပူပြီး ရှက်ခဲ့တဲ့ဆု…တခါမှ မတခါဖူးဘူး…။
      ခုလဲ ..ကိုယ့်ကို မျက်နှာပူရအောင် မလုပ်ပါနဲ ့..ညီလေးရယ်..

      • lele kyi

        July 31, 2013 at 5:01 am

        ဟဟဟဟ။။ပျော်စရာကြီးးး အင်္ကျီအမျိုးမျိုးပြောင်းဝတ် ပြီးတတ်ယူသင့်တယ်။ ရုပ်ဖျက်ပြီးတော့။

  • ဖြစ်နိုင်ရင်ကျနော်ဓါတ်ပုံတွေကို ကိုကျော်စွာ ပန်းချီလက်ရာနဲ့ မြင်ချင်ပါသဗျိုး။

    • kyaw swar kaung

      July 30, 2013 at 10:22 pm

      ကြားရတာ ဝမ်းသာလိုက်တာ ကိုပေါက်ရေ… တကယ်နော်..။
      ကျနော် ၂ည ရှိပြီဗျ စိတ်ကူးမိတာ.. စကားပြောချင်လို ့လည်း viber သုံးလားမေးတာပါ..။ တနည်းနည်းနဲ ့ဆုံကြမယ် ကိုပေါက်..။
      ဒီမှာ နေရတော့ ကိုယ့်နိုင်ငံက ပုံတွေ ရဘို ့ခက်တယ် ကိုပေါက်.. ရတဲ့ပုံကျလဲ.. စိတ်တိုင်းမကျတော့လေ..။
      ကိုပေါက်နဲ ့ကျနော် ဆွေးနွေးပါဦးမယ်..။ ကျနော့်မှာ စိတ်ကူးတွေ ရှိတယ်ဗျ.. အတွင်းက ပုံဖော် ကူညီမယ့်သူ လိုနေတာ…
      နောက်တော့ ကိုပေါက်ကို ပြောပြမယ်လေ..။

      • Ma Ma

        July 31, 2013 at 6:49 am

        ကိုပေါက်ပုံတွေကို ပန်းချီလက်ရာနဲ့ မြင်ရတော့မှာပါလား။
        မနာလိုစရာကြီး။ 😀

  • padonmar

    July 31, 2013 at 11:00 pm

    ဗျို့ ဗဂျီဆြာနဲ့ ဒါ့ပုံဆြာဂျီးများ
    ကျမတို့ မန်းဂဇက်ရံပုံငွေ ပြက္ခဒိန်ထုတ်ဖို့ ဒါ့ပုံနဲ့ ဗဂျီချီးမြှင့်ပါလား။
    (နောက်ထပ် အိတ်စိုက်အင်တာပရိုက်စ် တစ်ဖွဲ့ ထပ်ဖွဲ့မလို့)

    • surmi

      July 31, 2013 at 11:51 pm

      ကို​ကျော်​စွာ​ရေ
      အစ်​ကို့လို ပန်​းချီပညာရှင်​တစ်​ဦး ဝင်​အားဖြည်​့​လိုက်​တာ ဂဇက်​ရွာအတွက်​
      အင်​းအားဖြစ်​​စေပါတယ်​ …
      ပန်​းချီ ကားလည်​း တင်​ ြပြီး​တော့ ပန်​းချီအ​ကြောင်​း ​ဆောင်​းပါး​လေး​တွေလည်​းဖတ်​ချင်​ပါ​သေးတယ်​ဗျို့
      ကျ​နော်​က ​ရေ​မျောကား​တွေသိပ်​သ​ဘောကျတာ

    • Min Zarni

      August 1, 2013 at 6:52 am

      ဟုတ်ပါတယ် နောက်နှစ်အတွက် ကလင်ဒါ ထုတ်ချင်ရင် ခု၂-၃လအတွင်း မလုပ်လို့မဖြစ်ပါ.. အားပေးပါတယ်..။
      ပေးစရာပုံကတော့ ကျော့်မှာ ….ငိငိ ..

  • padonmar

    August 1, 2013 at 7:58 am

    အဲတော့
    ဂယ်ကြီးထင်ကြပါနဲ့၊
    ဂျီးဂျီးလိုပဲပြောတော့မယ်။
    နောက်ပြီးတကယ်ပြောနေတာ တကယ်ပါလို့နောက်တာပါ။
    (ရွာ့စာအုပ်ရောင်းကုန်ရင်တော့ လုပ်အုံးမှာ)

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 12:41 pm

    ပန်းချီလေးက ကောင်းပါလေ့ဗျာ …
    ငှက်တွေရဲ့ အတောင်ပံ တစ်ချက် ခတ်လိုက်တဲ့ အခိုက်
    မြင်လိုက်ရတဲ့ အလှတရားထက် …
    အခု … တံမြက်စည်း တစ်ချက် ခတ်လိုက်တဲ့ အလှတရားက
    အပုံဂျီး သာစေတယ်လို့ ဆိုချင်တော့တာပါပဲဗျာ …
    အားပေးတွားဘာဒယ် … ဂွေးကုန်းဟိုဘက်က လူဂျီးရယ် … တူနှယ်နှယ် …

Leave a Reply