RIT စိတ်ဓာတ်ပြီးတော့ (……..)စိတ်ဓာတ်

johnnydeerJuly 30, 20131min1157

ကျုပ်တို့လား…ဟွင်း…ဘာမှတ်နေလဲ…တိုင်းပြည် ဂျောက်ထဲ ကျခါနီး ကယ်ထားခဲ့ရတဲ့ သူတွေ…

ဘာ…ပြည်သူတွေက အမြင်မကြည်ကြဘူး…ဟုတ်လား…တော်တော် စောက်သုံးမကျတဲ့ ပြည်သူတွေ…

ကျုပ်တို့ရှိနေလို့…ကျုပ်တို့သာ မရှိကြည့်ပါလား…တပါးကျွန် ဖြစ်နေကြပြီ…

ကျုပ် ဆယ်တန်းအောင်ပြီး သံသေတ္တာတစ်လုံးနဲ့ ဒီတက္ကသိုလ်ကို ရောက်လာတယ်…ကျုပ်ခေါင်းထဲ တစ်ခုပဲ သိတယ်…အထက်က ဘာပြောပြော ဘာအမိန့်ပေးပေး လုပ်ရမယ်ဆိုတာပဲ…

ပြန်ပြောဖို့ဆိုတာလား…အဝေးကြီး…တွေးတောင် မတွေးကြည့်မိခဲ့ဘူး…

ကျုပ် second year မှာ ကျုပ်တို့တပ်ခွဲက တစ်ယောက်က senior တစ်ယောက်ကို ပြန်အဓွန့်တက်မိလို့ ကျုပ်တို့တဖွဲ့လုံး တခါးပိတ်ခံရပြီး သူတို့တဖွဲ့လုံးက စိတ်တိုင်းကျ ဝင်ထိုးတာခံခဲ့ရတယ်…

တိုင်လို့မရဘူး…ပြန်ပြောလို့မရဘူး…အဲ့ဒီတော့ ကျုပ်ဘာလုပ်သလဲ…သိလား…

ကျုပ်နောက်ဆုံးနှစ်ရောက်တော့ ရေအိုးထဲ ရေမဖြည့်တာ အကြောင်းပြပြီး Junior တွေ အကုန် တန်းစီပြီး ပါးရိုက်ပစ်လိုက်တယ်…ကိုင်း..ဘာတတ်နိုင်သေးလဲ…

တစ်ခုပဲ သိတယ်…အထက်ကိုကြောက်ရမယ်…အောက်ကလူတွေကို ကိုယ့်ကို ကြောက်အောင် လုပ်ထားရမယ်…ဆိုတာကိုပဲ…ကျုပ်တို့ကို သင်ပေးထားတာလဲ ဒါပဲ…

ပေးတာယူ…

ခိုင်းတာလုပ်…ကျွေးတာစား…

ပြန်မပြောနဲ့…ဆိုတာပဲ…

ကျွန်တော်တို့ သိထားတာက ကျောင်းပြီးရင် officer ဖြစ်မယ်…ပြန်တမ်းဝင်အရာရှိ…ရေဗူးပေါက်တာ မလိုချင်ဘူး…ရေပါတာလိုချင်တယ် ဆိုတဲ့ စကားလက်ကိုင်ထားကျင့်သုံးရမယ်…

Mangement တတ်ရင် ဘယ်ဌာနရောက်ရောက် လုပ်လို့ရပြီ…

ဟို ဘိုမလား…တိုင်းပြည်ဖျက်နေတဲ့ မိန်းမပဲ…သူသာ အာဏာ ရသွားကြည့်ပါလား…အနောက်နိုင်ငံတွေ ချယ်လှယ်သမျှ ခံရပြီ…

ကျုပ်တို့ အဘတွေ အမျှော်အမြင်ကြီးပေလို့သာပေါ့…

အခုလဲ ဒီမိုကရေစီလမ်းကြောင်းချပေးခဲ့တာ ဘယ်သူလဲ သိလား…တပ်ချုပ်ကြီးချပေးခဲ့တာဗျ…ဘယ်လောက် အုံးပြေးလိုက်သလဲ…နို့မို့ဆို ဒီ တိုင်းဆူပြည်ဖျက်ကောင်တွေ နဲ့ အာရပ်လို တိုင်းပြည်ပျက်ပြီ…

တော်သေး…တပ်ချုပ်ကြီး အမြင်ကျယ်ပေလို့သာပေါ့…

ယိုးဒယားလား…ကျုပ်တို့ သိမ်းချင်ရင် တပတ်တောင် မကြာဘူး…အထက်အမိန့်မရလို့…ရလို့ကတော့ ယိုးဒယား တစစီဖြစ်သွားအောင် လုပ်ပစ်လိုက်မယ်…

တရုတ်ကြီးလား…သူ့ကျေးဇူးကလဲ ကြီးသဗျာ….၈၈၈၈ တုန်းက တတိုင်းပြည်လုံး  ငတ်တော့မလို့…သူကျွေးထားလို့သာပေါ့…

ကျုပ်တို့ ကတော့ ရှင်းတယ်…ဂွင်ကောင်းတဲ့နေရာ ရောက်ဖို့ပဲ…ရောက်လို့ကတော့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် အပွ ကြံရမှာပဲ…

NLD ကိုတော့ လုံးဝ ကြည့်မရဘူး…အခု နောက်ပိုင်း ကြံ့ဖွံ့လဲ မမိုက်ချင်တော့ဘူး…

ဒီအတိုင်းဆက်သွားလို့ကတော့ အခြေအနေ ဘယ်လိုမှသိပ်မကောင်းချင်တော့ဘူး…မြန်မြန် အာဏာ ပြန်သိမ်းပါမှ ကျုပ်တို့ အခြေအနေ ကောင်းလိမ့်မယ်…

7 comments

  • Ma Ma

    July 31, 2013 at 8:16 am

    ကောင်းလိုက်တဲ့ သုံးသပ်ချက် :mrgreen:

  • KZ

    July 31, 2013 at 8:18 am

    အဲလိုတွေ ပြောရင် မကြိုက်ချင်ဘူးနော်။
    :mrgreen:

  • ဦးကြောင်ကြီး

    July 31, 2013 at 8:36 am

    ဟေ့ယောင် ဂျော်နီသမင် အဲလိုမပေါနဲ့.. ငါဒို့ဂ ရှေ့တန်းမှာ ကုလားပဲဟင်းစား တိုက်နေတာကွ ဂွေ..ဂွေ… 😡

  • ဦးကျောက်ခဲ

    July 31, 2013 at 9:18 am

    အဘကြီးတို့ကို လေးစားလွန်းလို့ ဗိုလ်ပုံအလည်မှာ ဒူးထောက်ပြီး ဖိနပ်စီးပေးတာဗျ…
    သူရို့ခင်ဗျာ စားထားတာများလို့ ခါး မကုန်းနိုင်တော့ဘူး…
    ဟင်း… မသိပဲ လျှောက်မပြောနဲ့၊ နားပန်ကျင်း ပ လိုက်မယ်… (ဒေါ်စိန်အေး ကျောင်းထွက်)
    😀

  • kai

    July 31, 2013 at 4:30 pm

    ဖက်စစ်ဂျပန်ကနေသင်ထားတဲ့.. စစ်ပညာတွေလေ…
    ဆိုတော့…
    အခုယူအက်စ်က.. စစ်ပညာတွေပြန်သင်ပေးနေပါကြောင်း… :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 9:51 am

    ရေခွက် ကလေး ကမ်းလာတုန်း
    ဒီကလေးလေး တော်လိုက်တာ လို့ ချီးကျူးမယ်ကြံကာ ရှိသေး …
    ရေခွက်ထဲ တံတွေး တွေးထည့်လိုက်လို့ကတော့ ….

Leave a Reply