မန်ကဇက်ချစ်သူများ၏…………”ရွာသူကြီးရဲ့အမှာစာ” အကြောင်း

မင်္ဂလာပါ။ ဒီနေ့တော့မိုးအေးအေးနဲ့ သူကြီးအမှာစာဖတ်

ကြစို့။ အမှာစာရေးမည့်အချိန်နဲ့သူကြီးကားမောင်းခရီးရှည်နဲ့

တိုက်ဆိုင်ကြောင်းသိရသဖြင့် နဲနဲပြုံးမိသည်။ မျက်စေ့ထဲ

ကားမောင်းလိုက် ရှု့ခင်းဓါတ်ပုံရိုက်လိုက် အမှာစာရေးဖို့

စဉ်းစားလိုက် ။ အရေးထဲစဉ်းစားရင်းနွားခြံတွေနားရောက်တော့

မျက်နှာရှုံ့မဲ့သွားလိုက် မြင်ယောင်မိသည်။ အော်သူ့ခမျှာ အချိန်တွေ

လုနေရပါလား။

မန်းကဇက်စတင်ထူထောင်ခဲ့ပုံများ ကိုရေးသားဖော်ပြထားသည်။

မင်းတုန်းမင်းလက်ထက်မှစတင်ထူထောင်ခဲ့သော သတင်းစာအမည်

ကို us law နဲ့ ကင်းလွတ်ကြောင်း သိရသည်။

“ငါမကောင်းငါ့အကြောင်းရေးးး…………………”စသည့်စကားတော့

သူကြီးကရေးမထား။(ရေးစရာမှမလိုတာ:mrgreen:)

နောက်စတင်တည်ထောင်ရပုံများ တွေ့ကြုံရသောအခက်အခဲများ

ဒုက္ခများဖတ်ရသည်။ အတော်ဒုက္ခခံနိုင်သောသူဟုသာပြော

လိုက်ချင်ပါသည်။ နောက်အယ်ဒီတာ့ဘဝ တစေ့တစောင်း

သိခဲ့ရသည်။ ကြုံရဆုံရ ပြသနာများပြောအပြီး ရွာ့အသီးအပွင့်

အောင်မြင်မူ့များ အားပါးတရ သိရပြန်ပါသည်။ ကမ္ဘာ့အလယ်

ထည်ဝါခဲ့ပုံများ ရွာသူားများ၏ တွေ့ဆုံပွဲများ။အလှူဒါနများ အစရှိ

သည်များကိုပြောကြားသွားပြန်ပါသည်။

နောက်ဆုံးသူကြီးစကားကိုတော့ဒီအတိုင်းပြန်မျှပေးလိုက်ပါတယ်။

“ထိုသို့သော အရွယ်စုံ မတူလွှာအသီးသီးတို့၏ ပေါင်းစည်းမူ့ကို

ကာလရှည်ကြာထိန်းနိုင်ကြ သယ်ယူဆောင်သွားကြစေလိုကြောင်း

ပြောကြားရင်း အမှာစာကို နိဂုံးချုပ်အပ်ပါသတည်း။”

သူကြီးရေး

ဒီလိုတွေရွာ့အကြောင်း သိရပြန်တော့ သူကြီးကိုလေးစားမိပါတယ်။

ဆက်လက်ပြီးရွာမှမြို့။ မြို့ မှ မြို့ တော်ကြီးအထိ တိုးတတ်ပါစေ

ကြောင်းးးး ဂုဏ်ပြုအပ်ပါတယ်။ (အဲဒီအခါကြရင် သူကြီးကနေ

မြို့တော်ဝန် ပြောင်းခေါ်မယ်ဗျာ )

အမှာစာကို အဓိက ဖတ်ချင်လို့ လိုချင်မိတာကလည်းတပိုင်း

ပေါ့ဗျာ။

နောက်စာမျက်နှာတွေ တော့ နောက်မှ ဆက်ဖတ်မယ်ဗျာ။

35 comments

  • Min Zarni

    July 30, 2013 at 12:30 pm

    အမှာစာ မှာ စနစ်ကြောင့်မဟုတ်တာ နဲ့ စပြီး
    သခင်မျိုးဟေ့ ဒို့ ဘာမန် နဲ့ မဆုံးဘူးလားဟင်င်င်င်

    :hee:

    • မင်းမင်း

      July 30, 2013 at 1:14 pm

      အော်အရေးထဲ သူဂျီး လိုဂို ကို

      သတိရနေပြန်ပါဘီ ။ :mrgreen:

      • အရီးခင်

        July 30, 2013 at 2:26 pm

        ဒီ သူကြီး က တော့ ကိုယ်တိုင် ဗီလိန်နေရာ နေ ပြီး ကို လူ တွေ ကို ဆွပေးနေတာ။
        (အထင်) 😛

  • အလင်း ဆက်

    July 30, 2013 at 12:51 pm

    ကျွန်တော်တော့
    အဲဒီ စာအုပ်ထဲက ရှေ ့ဆုံးစာမျက်နှာက နေ
    အနောက်ဆုံးစာမျက်နှာထိ
    ဘယ်လောက် ပြန် ဖတ်ဖတ်
    ဖတ်မဝ

    တကယ့်အမှတ်တရ

    • မင်းမင်း

      July 30, 2013 at 1:28 pm

      စာမျက်နှာ ၁ရ ရောက်တော့မယ်နော် ဆရာရေ :mrgreen:

  • ဗုံဗုံ

    July 30, 2013 at 1:47 pm

    ဒီလူကြီး..တစ်ရွက်ကို တပုဒ်နှုန်းတင်နေတာ
    သာဂျီးမွဲပြီ..မှတ်ကရော
    လာထား…၁ဝ :mrgreen:

  • Ma Ma

    July 30, 2013 at 2:11 pm

    ချစ်ကြောက်ရိုသေ ဆိုတဲ့ စကားလုံးကို သဘောကျတယ်။
    ကိုယ်တိုင်ချစ်ကြောက်ရိုသေခဲ့ရတဲ့ မိဘဆရာသမားတွေ အများကြီးရှိခဲ့သလို…
    ကိုယ့်ကိုလည်း ချစ်ကြောက်ရိုသေတာမျိုးပဲ ကြိုက်တယ်။

    ဒီသဂျီးနဲ့ ဒီရွာသူားတွေကတော့ ချစ်မကြောက်ခင်မင် လို့ ပြောရမယ်။ 🙂

  • ခင် ခ

    July 30, 2013 at 2:12 pm

    ဟေ့ တစ်အုပ်လုံး ရေးတင်မလို့လား စာအုပ်ရောင်းနေတဲ့သူတွေ စာအုပ်ကျန်နေသေးလို့ ဝယ်ကြပါအော်နေတာလဲ သတိရပါအုံးဗျ။

  • အရီးခင်

    July 30, 2013 at 2:23 pm

    ကျုပ်တော့ မင်းမင်း ရဲ့ ရွာ့စာအုပ်လေး ကို review လုပ်နေတဲ့ idea လေး ကို သဘောကျမိတယ်။
    စာအုပ်ကိုပြီးတဲ့ အထိ review လုပ်ရမှာ နော။
    ဒါမှ ဖတ်ပြီးသားတွေ လဲ ကြုံရင် ပြန်ဆွေးနွေး ခွင့်ရမယ်။

    ကိုခ စိုးရိမ်နေတာလဲ မှန်ပါရဲ့။
    ဒါပေမဲ့ အားလုံး ကူးပြီး ပြန်ရေးထားတာ မဟုတ်ဘဲ အမြည်း လိုဖြစ်နေတော့ ပိုပြီး ရောင်းနိုင်ဖို့ ဆွဲဆောင် သလိုလဲ ဖြစ်နိုင် မလားဘဲ။
    (အထင်) 😛

    • ခင် ခ

      July 30, 2013 at 3:11 pm

      အရီးရေ အဲဒီစာအုပ်ထုတ်တဲ့ထဲမှာ ကျွန်တော်အရင်းစိုက်ရတာမရှိသလို စာအုပ်ရောင်းတဲ့တာဝန်ကလည်း ကျွန်တော်မဟုတ်ပါဘူးဗျ။ ဒါပေမယ် စာပေထုတ်ဝေတဲ့နေရာမှာ ဘယ်စာပေထုတ်ဝေမှုဘဲဖြစ်ဖြစ် ထုတ်ဝေဖြန့်ချီခွင့် အချိန်ကာလဆိုတာရှိပါတယ်၊ ဒါ စာပေသမား အချင်းချင်းဆို အဲလိုချိန် စည်းစောင့်သင့်တယ်ဆိုတာ အော်တိုသိတယ်၊ အဲဒါဘာလို့သတ်မှတ်တာလဲဆိုရင် အရင်းစိုက်မှု အရှုံးမပေါ်အောင်ပါ။ အခု ဂဇက်စာအုပ်ကိုအရင်းစိုက် အမှတ်တရထုတ်ကြသူ ရွာသူား ကြီးငယ် သူတို့စိုက်တဲ့ အရင်းပြန်ရချိန်လေးအထိတော့ လက်စွမ်းမပြဘဲ တိုးတိတ်နေခြင်းဖြင့် ကူညီရာရောက်အောင် သတိပေးတဲ့သဘောပြောတာပါ။
      ဆက်ရေးတော့ကောဘာဖြစ်လဲဆိုရင်တော့ ဘာမှမဖြစ်ပါဘူး ခင်ခ ကရွာလူကြီးလဲဟုတ်ဘူးလေ ဒါပေမယ့် ဖြစ်အောင်လုပ်ခဲ့တဲ့ ရွာသူားတွေအရင်းမဆုံးစေချင်တဲ့ ဆန္ဒဘဲရှိတာပါ။ ခင်ခ ဘေးထိုင်ဘုပြော လိုက်မိတာပေါ့ဗျာ။ sorry ပါဗျာ။

      • အရီးခင်

        July 30, 2013 at 3:26 pm

        ကိုခ ရယ်
        ဒီလူ နဲ့ ဒီလူ ဘေးထိုင်ဘုပြော လို့ ပြောစရာ လိုပါ့မလား။
        စာအုပ်ထဲ ပါတာတွေ က ဒီ ထဲမှာ လဲ ဖတ်လို့ ရနေသား မို့ ဒီ စာအုပ် ထုတ်တာက လဲ အမှတ်တရ အဖြစ်လို့ ရည်ရွယ်တာ ထင်ပါတယ်။
        စာတွေက လဲ ဖတ်ပြီး သားတွေ ဖြစ်နေကြမှာပါ။
        စာကို ဖတ်ဖို့ ထက် ရွာ ကို ချစ် လို့ အားပေးဖို့ ရယ်၊ စည်းလုံးခြင်း ကို ပြဖို့ ရယ် မို့ ကုန်အောင် အားပေးကြမှာ လို့ ထင်ပါတယ်။
        အစ ကထဲ ကအထင် လို့ ပြောတာနော်။ 😉
        ကိုခ စေတနာ ကို မြင်လဲမြင်ပါတယ်။
        လေးစားလဲလေးစားပါတယ်။
        ရှင်လဲ ရပ်ရွာ ရွာလူကြီး ထဲ က တစ်ယောက်ဖြစ်နေပြီး သားပါနော။ 😛

        • ခင် ခ

          July 30, 2013 at 4:37 pm

          အရီးပြောသလို စာအုပ်ထဲမှာ ပါတာတွေက ရွာထဲမှာဖတ်ရတာ မှန်ပါတယ်။ ဒါပေမယ့် ရွာသူကြီးရဲ့ အမှာစာတို့၊ ဆရာအောင်သင်းရဲ့ မှတ်ချက်လေးတွေတို့ကတော့ ရွာထဲမှ ခုထိတော့ ဖတ်လို့ရသေးဘူးလေ၊ review အလုပ်လွန်ပြီး အဲဒါတွေ ဖော်ပြမှတော့ဖြင့်…။
          ဒါက ကိုကြီးမိုက် ရွာစာအုပ်လေး အားပေးစေချင် ပိုစ့်မှာမန့်ခဲ့တာပါ –
          “ဒီစာအုပ်ဟာ..ဆရာကြီးဦးအောင်သင်းရဲ့ မှတ်ချက်လေးတွေကြောင့် ပိုအဖိုးတန်သွား ရတာဆိုရင်မှားမယ်မထင်..´´ ။
          လူလတ်ပိုင်းရွယ်တုန်းက ခင်ခ မှာ စာအုပ်ဝယ်ဖို့ပိုက်ဆံအလုံအလောက်မရှိတော့ ညနေ အကောက်ခွန်နဲ့ ဆိပ်ကမ်းအလုပ်ကပြန်ရင် ရန်ကုန် ၃ရ လမ်း စာအုပ်ဆိုင်တွေမှာ ရှေ့ လယ် ဆုံး အမြည်းစာလေးတွေထိုင်ဖတ်လိုက်ရင် တော်ရုံစာအုပ်ဆို ဝယ်စရာမလိုတော့ ဘူး၊ မှန်းဆကာ စပ်စပ်လို့ရပြီလေ။ အဲဒီအတွေးနဲ့ ရေးလိုက်တာပါ။

      • မင်းမင်း

        July 30, 2013 at 4:43 pm

        ဦးခ ရေ ဘေးဖြစ်စေလိုတဲ့ သဘောတော့မပါ ပါဘူးဗျာ။

        ဆေးဖြစ်စေလိုတဲ့ သဘောပါ။

        ဒါပေမဲ့ ထိခိုက်စေနိုင်သည်ဆိုရင်လဲ

        ဆက်မရေးတော့ပါဘူးဗျ။

        ဒီလို ဆက်မရေး ရတာလဲ ကျနော်ဘယ်လိုမှ

        မနေပါဘူး ။

        ပိုစ့် တွေ ကိုပြန်ဖျက်သင့် ရင်လဲ သူကြီးရေ ပြန်သာ ဖျက်ပေးပါ။

        ကျနော်ပြန်မဖျက်တတ်လို့ပါ။

        ဘာပဲပြောပြော ဒီပိုစ်တွေကနေ သင်ယူစရာ ဦးခဆီက ရလိုက်ပါတယ်။

        ကျေးဇူးပဲ ဦးခရေ ။

        ခုချိန်မှာ ကျနော့်ဘက်က ဖြေရှင်းချက်မှန်သမျှက ဦးခ အတွက်

        တုန့်ပြန်မူ့ လိုသဘောသက်ရောက်မှာမို့ နောက်မှ (စိတ်ပြေမှ)

        ပြောကြတာပေါ့ ဗျာ

        (စာအုပ်ရောင်းမကုန်ရင်အနော်ကိုပြောကြနဲ့ :mrgreen; )

        • ခင် ခ

          July 30, 2013 at 4:59 pm

          ကိုမင်းမင်းရေ တင်ပြီးသားပိုစ့်တွေ ဖျက်စရာမလိုပါဘူးဗျ။ စာရေးချင်စိတ်ရှိပြီး ရေးတင်နေ တာမို့လည်း ဝမ်းသာပါတယ်။ ဒါပေမယ့် စာရေးအရှိန်ရပြီး ဆက်တိုက်တွေ မတင်ဘဲ ထိန်းပြီးတင်စေချင်တဲ့ သဘောပါ။ ကိုမင်းမင်းက မန်း မှာနေသူမို့ အပြင်မှာလည်း အခွင့်သာရင်ဆုံချင်ပါတယ်။
          သဂျီးကတော့ ပိုစ့်ရေးတင်သူကို မသတ်ရဘူးမို့ သဂျီးကလည်း ပြန်ဖျက်ပေးမှာ မဟုတ်ပါဘူး၊ ဝင်ပြောတဲ့ ရေးသူဟန့်တဲ့ ကျွန်တော့တာ ထောင်းချင်နေမှာပါဗျ။

      • kai

        July 30, 2013 at 4:59 pm

        ကော်မန့်၂၆၀ဝကျော်ရေးထားပြီး..တင်ထားတဲ့ပို့စ်လည်းမနည်းပါတဲ့အတွက်.. ဦးကြီးခင်ခတော့ဖြစ်နေပါပြီနော..
        ရွာထဲ.. ကာလသားတွေကြက်ခိုးပြီး.. ကာလသားဟင်းချက်ရင်.. ဆေးဖြစ်ဝါးဖြစ်နည်းလမ်းတွေလည်း.. ညွှန်နေတတ်ပြီပဲ…

        ဆိုတော့…
        စာအုပ်ရဲ့အမှာစာနဲ့ပါတ်သက်ပြောရရင်.. အယ်ဒီတာ့သင်ပုန်းလောက် အားမစိုက်လိုက်ရပဲ.. မိုင်၁၅၀ဝခရီးသွားခါနီးမှာတင်… .. နာရီဝက်နဲ့အတင်းဖြတ်ခဲ့ရသမို့…
        ရွာထဲကအကြွေးတွေ.. အလှူငွေတွေအကြောင်းမရေးလိုက်ရဘူး…
        အလှူကြေးငွေဆိုတာကို.. ဖြစ်လာဖို့.. စတည်းပြောပေးရေးပေးသွားတဲ့.. ကိုရင်သစ်မင်းအကြောင်းမပြောလိုက်ရဘူး…
        အဲဒီကနေ.. ဒေါ်လာရာချီလှူကြတဲ့.. ဩစီ၊အင်္ဂလန်၊ယူအက်စ်၊ထိုင်ဝမ်က ရွာသူားတွေအကြောင်းမရေးလိုက်ရဖူး…။
        မန်းဂဇက်ရွာထဲ.. ပထမဦးဆုံးပွိုင့်ကငွေထုတ်သူတွေအကြောင်းမပြောလိုက်ရဖူး..

        အခုမင်န်ဘာ ၁သောင်းကျော်မှာ.. ပေးထားတဲ့ပွိုင့်တွေအကုန်ပေါင်း.. ကျပ်ငွေအဖြစ်နဲ့ထုတ်ပေးရမယ်ဆို.. စုစုပေါင်းဘယ်လောက်ဖြစ်နေလည်း မှန်းကြည့်မိဖူးသလား…

        သိန်းရာချီနေသဗျ…
        အဲဒီတော့..
        တခါတလေများ… ရွာသူကြီးရာထူးလိုချင်သူတွေကို.. အကြွေးနဲ့တကွ.. လွှဲပေးချင်စိတ်ပေါက်နေမိတာ…
        ဒန်တန်တန့်… :mrgreen:

        • ခင် ခ

          July 30, 2013 at 5:02 pm

          မည်သူမှ လွဲယူမယ်မထင် ဆက်သာ do ပေးတော့ သဂျီးက သဂျီးပါဘဲလေ။

        • အရီးခင်

          July 30, 2013 at 8:38 pm

          အင်္ဂလန် က ကျုပ် အဟုတ်ဘူးနော်။
          ရွာ့နောက် က ချောင်းနေတဲ့ စပွန်စာ တိတ်တိတ်လေး တွေ။ 😛

        • မင်းမင်း

          July 31, 2013 at 9:22 am

          သူဂျီးရေ

          မရေးဖြစ်တဲ့ အကြောင်းလေးတွေ

          ကြိုရေးထား။ ကျုပ်လဲအခွင့်ကြုံရင် စာအုပ်တအုပ်

          ကဇက်နဲ့ ပါတ်သတ်ပြီးထုတ်ချင်လို့။

          ဒါကြောင့် လိုအပ်တဲ့ငွေရေးကြေးရေး

          ကြိုတင်ရှာဖွေတဲ့အနေနဲ့ ကြိုးစားပမ်းစား

          ကြိတ်ပြီး မိန်းမ မသိအောင် တိတ်တိတ်လေး

          ထီထိုးထားပါကြောင်းးးး :mrgreen:

  • ရွာစားကျော် မင်းနန္ဓာ

    July 30, 2013 at 2:34 pm

    လောလောဆယ် စာအုပ် လက်ထဲ မရောက်သေးလို့
    စာမြည်းလေးတွေ စောင့် ဖတ်နေပါတယ်..

  • မင်းမင်း

    July 30, 2013 at 2:53 pm

    ဟုတ်ကဲ့ အမြည်းသဘောနဲ့

    ဒီလူ ရဲ့ စာအုပ်အပေါ်မြင်မိတဲ့ အမြင်ခံစားမူ့လေးပါ။

    ခုထိအမြင်ကကောင်းနေသေးတယ်နော့် :mrgreen:

    တအုပ်လုံး ပြီးတဲ့အထိ မြင်ကြည့်မှာမို့ ပို့စ်ပိုင်ရှင်များ

    စာအုပ် တာဝန်ခံများ မိမိတွင်ရောဂါအခံရှိပါက ကာကွယ်ဆေး

    ကြိုသောက်ပြီးမှ ဖတ်ကြပါ နော့် :mrgreen:

  • โทรศัพท์มือถือ

    July 30, 2013 at 5:28 pm

    အထက်က ကွန်မန်းမှာ.. သူကြီးက အကြွေးတွေနှင့်တကွ.. ရွာကြီးကို
    လွှဲပြောင်းလက်ခံလိုသူ ရှိရင် ပေးချင်တယ်ဆိုပါလားးးးးးးးးးး
    စိတ်ဝင်စားလှပါတယ်………
    ကျနော်သာ သူကြီးဖြစ်လာရင် ပထမဦးဆုံး ရပ်ရွာအကျိုးပြု လုပ်မယ့်အလုပ်က
    ရွာရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ပြင်မယ်…….
    မြန်မာနိုင်ငံရဲ့ တိုင်းဒေသအတော်များများ ကော်နက်ရှင်မကောင်းတဲ့နေ့ရွေးပြီး
    ဖွဲ့စည်းပုံ အတည်ပြုမယ်………..
    ပြောရမယ်ဆိုရင်တော့ဗျာ…. ပြောရင်းနဲ့ ရွာကိုတောင်အပိုင်စားရချင်လာပြီ….

  • Min Zarni

    July 31, 2013 at 9:42 am

    7Ps of Marketing နဲ့ ပြောပါမယ်

    Place
    ဘယ်မှာ ရောင်းတယ် ဆိုတာ သိပြီး ရှိပြီး ဖြစ်ကြမှာပါ

    Price
    လက်လှမ်းမမီနိုင်မယ့် ဈေးလို့ မမြင်ပါဘူး။ ကြေးအိုး တပွဲ ဒန်ပေါက်တပွဲလောက်တော့
    weekend တွေမှာ သွားစားနိုင်လောက်မယ့် လူတန်းစား လောက်ကို ပျမ်းမျှခြင်းယူပြီး ပြောတာပါလေ..။

    People
    MG နဲ့ ပါတ်သတ်ဆက်စပ်တဲ့ အဝန်းအဝိုင်း နဲ့ သူတို့နဲ့ ပါတ်သတ်ရာပတ်သတ်ကြောင်း ရယ်ပေါ့..

    Process
    ဒါက Service တခုမဟုတ်လို့ ဒီအကြောင်းရှင်းစရာမရှိပါ။ ခု ငွေချေခုစာအုပ်ယူ ခုထိုင်ဖတ် လို့တောင် ရသေး။

    Product
    စာအုပ်ကိုယ်တိုင်က ထုတ်ကုန်တခုဖြစ်ပါတယ်။ အဲ့သည့်ထုတ်ကုန်က ဘာ ဆိုတာ ညွှန်းဆိုချက်က

    Physical Evidence
    အချိန် ငွေကြေး ခွန်အား နဲ့ အသိပညာ စတာတွေ စိုက်ထုတ်ထားတဲ့ အရာတခုဖြစ်ပါတယ်။

    ဆိုတော့ နောက်ဆုံး P တလုံး လိုနေပါတယ်…အဲ့ဒါကတော့ ..

    Promotion
    ဟုတ်တယ်.. Promotion လိုနေပါတယ် .. ဘယ်သူပဲဖြစ်စေ promotion လုပ်သင့်ပါတယ် ..ခု စာလိုမျိုးပေါ့..။
    မန်းဒလေး က ထိုးမုန့် အမြည်းကျွေးတဲ့ ဝန်ဆောင်မှုလိုမျိုးပဲ ဒီစာက စာအုပ် ရောင်းအားကို ထိခိုက်မှု မရှိဘူးလို့ မြင်ပါတယ်။
    နောက်တခု FM တွေလိုပေါ့ … FM က သီချင်းတွေ လွှင့်လို့ အခွေရောင်းအား ထိခိုက်တယ် ဆိုတာမျိုး မရှိပါ။
    FM ကလွှင့်လို့ လူပိုသိ လူပိုစိတ်ဝင်စား ပြီး နာမည်ပိုကြီးလာ လို့ အရောင်းလိုက်လာတယ်
    (မရ-အရ ရှာဝယ်ယူရတယ်)ပဲ ရှိပါတယ်..။ FM က လာတာပဲ ဆိုပြီး အသံထွက်နေပြီးရော အလကားရ ပြီးရော
    ဆိုပြီး နားထောင်တတ်တဲ့ ပရိတ်သတ်မျိုးကတော့ (ဒီစာအုပ် အနေနဲ့ ဆိုစေကာမူ)target ပရိတ်သတ် မဟုတ်ဘူး ဆိုတာပါပဲ…။

    အချိန် ငွေကြေး လုံ့လ စသည် ရင်းနှီးမြှုပ်နှံထားတဲ့ ကြိုးပမ်းအားထုတ်ထားတဲ့ ဝိုင်းဝန်းပူးပေါင်းထားတဲ့ စုစည်းမှု တခုရဲ့ တန်ဖိုးကို သိသူတွေ များလာဖို့အတွက်
    Promote လုပ်ပေးတာ ကို (လုံးဝ) ကြိုဆိုထောက်ခံပါကြောင်းနဲ့ ဆက်ရေးဖို့လည်း တိုက်တွန်းလိုက်ပါရစေဗျာ..။

    • မင်းမင်း

      July 31, 2013 at 10:41 am

      ကိုင်းဂလို ဆိုတော့လဲ

      p ကိုအကောင်အထည်ပြန်ဖော်သင့်တယ်ဆိုပါတော့။

      ဦးခရဲ့ စိုးစိတ်ကိုလည်းလက်ခံနားလည်ပါတယ်။

      သူမပြောနဲ့ ကျတော်တောင်ကိုယ့်ကိုယ်ကို စာရေးတာယုံကြည်မူ့

      မရှိဘူး။ရှင်းလင်းတိကျပေါ်လွင်အောင်မရေးတတ်ဘူးဗျ။ စာရေးညံ့တယ်

      ဆိုပါတော့။

      ဒီပိုစ့်တွေကို ရေးမယ်လို့ စိတ်ကူးရခဲ့တာ စာအုပ်လက်ထဲမရောက်ခင်ထဲကပါ။

      နောက်ဘယ်အချိန်မှာရေးသင့်သလဲ ပြန်သုံးသပ်တော့ စာအုပ်ရောင်းမကုန်ခင်ချိန်ထိလို့

      ယူဆမိတယ်။သွေးပူတုန်ဆိုပါတော့။ နောက်ဘယ်လိုရေးမလဲဆိုတော့ အပိုင်းပိုင်း

      ခွဲရေးမယ်။ စာမှာပါတဲ့တကယ့် အနှစ်ပိုင်းကို ဖုံးထားမယ်။

      နောက်ဘာကိုအဓိက ပေးချင်တာလဲဆိုရင် စာဖတ်နည်း ကျနော်ဖတ်တဲ့စာဖတ်နည်း။

      ဒါကိုသိစေချင်တာပါ။ ငယ်ငယ်က စာဖတ်မယ်ဆိုရင် ပထမ လက်ထဲစာအုပ်ရောက်အောင်

      အရင်လုပ်တယ်(ဝယ်တယ်။ဌားတယ်။တခါတလေ လုတယ် ။ နည်းမျိုးစုံပေါ့)

      စာအုပ်လက်ထဲရောက်ရင် လှန်ပြီး တပုဒ်ပြီးတပုဒ်ဖတ်တော့တာပဲ။ စာမျက်နှာ ၃၀ဝ ၄၀၀

      လဲတထိုင်တည်းဖတ်နိုင်တယ်။ ဒါကြောင့်စာသာဖတ်ပြီးတယ်ခေါင်းထဲ ရင်ထဲ

      သိပ်မကျန်ဘူး။ နောက်မှစာဖတ်နည်းသိလာရတယ်။ ဖတ်စရာမရှိ (မကျန်မှ)ဖတ်ပြီးသား

      စာအုပ်ကို ပြန်ပြီးအပျင်းပြေပြန်ကိုင်တယ်။ခုနက မဖတ်ရသေး မကြည့်ရသေးတဲ့

      စာအုပ်ဖုံး ပုံနှိပ်မှတ်တမ်း မာတိကာ အမှာစာ ဒါတွေကို ဘာရယ်မဟုတ် ဖတ်ကြည့်မှ

      ခံစားမူ့ တမျိုးရလာတယ်။ အမှာစာ တွေကစာတအုပ်ရဲ့ ဆိုလိုရင်းမူလဇစ်မြစ် ပေးလိုတဲ့

      မက်ဆေ့ အတွေးတွေကို ကြောင်းပေးထာတာကိုး။ဒီအမှာစာတွေ ကိုဖတ်ပြီးမှ အဲ့စာအုပ်

      ကိုနောက်တခေါက်ပြန်ဖတ်ချင်စိတ်ပေါ်လာပြီးပြန်ဖတ်ရတယ်။ အဲ့စာအုပ်ပြန်ဖတ်တာ

      တလနဲ့မပြီးဘူး။နောက် ပြန်အပ်လိုက်ရတယ်(ရုံးစာကြည့်တိုက်ကဌားတဲ့စာအုပ်ပါ)

      နောက်ဒီပိုစ့်ရေးသားချက်မှာ လိုအပ်ချက် အားနည်းချက်လစ်ဟာချက်တွေကို စာဖတ်မိသူ

      စေတနာစိတ်ရှိသူများက မန့် ပေးခြင်းဖြင့် စာဖတ်ကာစ လူငယ်တွေ (မြန်မာမှာတော့ ကလေးတွေ

      လို့သုံးကြပါတယ်) သိစေချင်တာပါ။

      အများအားဖြင့်စေတနာကို အရင်းခံထားပေမဲ့ ဦးခရဲ့ ပြောပြချက်ကိုလည်း လက်ခံမိပါတယ်။

      ဒီတော့ ဒီနေ့ဆက်မတင်ပဲ မနက်ဖြန်မှ နှစ်ရက်တပိုစ့် ဦးခပြောသလို ရက်ခြားတင်ပါ့မယ်။

      ကျနော်ထက်အရေးကောင်းသူများရေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ ရပ်ထားလိုက်ပါမယ်။

      အဲဒီပိုစ့်မှာတော့ ပေးချင်တာကျန်ခဲ့ရင်ဝင်ဝင်မန့်မယ်။

      • ခင် ခ

        July 31, 2013 at 4:41 pm

        Promote သဘောမျိုးရေးမှာဆိုတော့ တစ်နေ့နှစ်ပုဒ်နှုန်းနဲ့ တင်ရေးဗျာ ဒါမှမြန်မြန်ပြီး မြန်မြန်သိ များများဝယ် မြန်မြန်ကုန်ပေါ့ဗျာ ကိုမင်းမင်းရေ။ သီအိုရီ ဆရာကြီးတွေပြောပြတော့ လည်းအဟုတ်ပါလားနော်။

        • မင်းမင်း

          August 1, 2013 at 11:11 am

          ဦးခ ရေ သတိထားပြီးရေးပါ့မယ်။

          ကျနော်ရေးတာ မှာ အဓိက တခုခု ရသွားပါစေ။

          ကျနော်လည်း တခုခုပြန်ရပါစေ ။ ရည် ရွယ်တော့။

          ရသင့်ရထိုက်တာတွေ ရသွားဖို့ ကတော့ ရွာ့ကဝိ တွေ ရဲ့

          မန့် ပေးတာတွေ တော့မျော်နေမိပါတယ်။

          ကျေးဇူးပါဦးခ ရေ။

          လောလောဆယ်တော့ ဦးခ နဲ့ ဦးမင်းရာဇာ တို့ ရဲ့

          လက်တွေ့ နဲ့ သီအိုရီ နှစ်ခု ပေါင်းစပ် ကြည့်ပါအုံးမယ်။

          အလင်းဆက်ရဲ့ မုန့်ဟင်းခါး ချက်နည်း ပေါ့ဗျာ။

          စားကောင်းအောင်တော့ ကြိုးစားပါ့မယ်။

        • အလင်း ဆက်

          August 1, 2013 at 4:18 pm

          ချက် ဗျာ
          ဝိုင်းဝန်းချက် ကြမယ်
          တစ်စားပွဲထဲ စားကြမယယ်
          🙂

        • kai

          August 1, 2013 at 4:21 pm

          တော်တော်ဝင်ရခက်ကြမလားမသိ…
          ကျုပ်မှာတော့.. .org နဲ့.. .com ပါတ်လည်ရိုက်နေလေရဲ့.. :mrgreen:

  • lele kyi

    July 31, 2013 at 10:51 am

    ဟုတ်ပ့။ အဲ့ မင်း နှစ် မင်း ရဲ့ (မင်းမင်း. မင်းဇာနည်) ပရိုမိုးရှင်းကြောင့် ဂေဇက်စာအုပ် ဝယ်မလို့စဉ်းစားနေတာ အခု။

  • lele kyi

    July 31, 2013 at 10:53 am

    စာအုပ်စာပေချစ်မြတ်နိုးသူတွေကဖတ်ပြီးသားအကြောင်းအရာတွေကိုတောင်မှစုဆောင်းသိမ်းဆည်းတတ်ပါတယ်။

  • မဟာရာဇာ အံစာတုံး

    July 31, 2013 at 4:29 pm

    ဆက်ဖတ် ..
    ဆက်ဖက် ….
    စပ်ဖတ် … ရင်းနဲ့ .. လျှာဒွေလည်း လိပ်ကုန်အုံးမယ် …
    ဒဒိနဲ့ စပ်ဖက် အုံး ခည .. :mrgreen:

  • မင်းမင်း

    July 31, 2013 at 4:43 pm

    ဟုတ်ကဲ့ မနက်ဖန် sat phat ပါမယ် :mrgreen:

  • ဦးကြောင်ကြီး

    August 1, 2013 at 9:35 am

    ဖြည်းဖြည်းသာရေးဗျာ… စာအုပ်လည်းဆုံး သာမီးဒေါ်ဂလေးလည်း အရွယ်ရောက် .. အလောတော်ဗဲ…. 😛

  • မင်းမင်း

    August 2, 2013 at 12:50 pm

    ဝင်ရတာရော

    မန့်ရတာရော

    ခက်ပါတယ်။

    လွယ်တာကပြန်ထွက်တာပါ :mrgreen:

Leave a Reply