မြစ်ကမ်းနံဘေး

ထိုင်ကာငေးလျှက်

ခြွေကာသက်ဆင်း

ရော်ရွှက်ငယ်သို့

တည်ငြိမ်ရေပြင်

သင့်အလျှင်ကြောင့်

ရိုက်ခက်လှုပ်ရှား

ပျက်သွားသည့်သွင်

ဘယ်အငြိုးကြောင့်

နှောင့်ယှက်သည်…………….

မေတ္တာမီးအိမ်

ထွန်းလင်းသည်သို့

မုသားမရော

ချစ်ခြင်းသဘောမှာ

သစ္စာအိမ်အလား

မာနကင်းဝေး

အမုန်းဆေးမရှိ

ခိုနားချင်သူ

ဘယ်သူတွေများ

ရှိလိမ့်မည်………….

တစ်ယောက်သောသူ

ချစ်သောသူနှုင့်

အတူတစ်ကွ

ပေါင်းဖက်ချင်သည့်

စိတ်ထားများသည်

ဖန်သည့်ကံတရား

ကောင်းသည်ဆိုးသည်

ဝေဖန်မပြု

အမုန်းမပွား ချစ်တရားများကို

ရင်မှာထားလျှက်

ရိုးမြေကျအောင်

ပေါင်းဖက်ချင်သူ

မည်သူရှိမည် ……………..

                  ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..

   Send article as PDF