ချစ်တက်ပါစေ ရင်သွေးငယ်သို့

ကာရံJuly 30, 20131min815

မေမေ့ဝမ်းဗိုက်ထဲ ထွေးပိုက်ရလို့

စိတ်ပျက်နေပြီလားဟင်

စားချင်တိုင်းမစားရလို့ ငြိုငြင်နေတာလားမေမေရယ်

ဒါမှမဟုတ် မသိလို့ဘဲ အပြစ်လုပ်မိသူက မှားတာလား

မရည်ရွှယ်ပါဘဲ အခြေတည်မိသွားသူက အပြစ်လားမေမေရယ်

မရက်စက်လိုက်ပါနဲ့နော် ရခဲလှတဲ့လူ့ဘဝအိမ်မက်လေး

အရောင်ပြယ်သွားမှာစိုးလို့ပါ

သံသရာတစ်ကျောမှာ အဖန်တစ်ရာမျောနေရတဲ့

လူ့လောကလမ်းခရီးမှာ အပန်းကြီးမှန်း သိပါတယ်မေမေရယ်

ဒါပေမယ့် မှားခဲ့တာကို အခြားတက်ဖက်မှာ မရက်စက်စေချင်ပါဘူးမေမေ

စကားလေးတစ်ခွန်းပြောခွင့်ရရင် မနောအစဉ်မှာ ရှစ်ခိုးလျှက်ပါမေမေရယ်

မျက်ရည်ဆိုတာ ပူလှောင်ခြင်းပါ မအေးမြသေးတဲ့ လောကအလည်မှာ

အရှက်သိက္ခာကျဆင်းခဲ့လေရော့သလားဆိုတဲ့ အတွေးက ရင်ထဲကိုဆိုးနင့်မိပါရဲ့

တောင်းပန်ပါတယ်လေ အခွင့်မရှိလာမိတဲ့ မေမေ့ဝမ်းဗိုက်လေးနာကျင်မှာကို

ကြိုတွေးမိရင်လေ ခွင့်ပန်လိုက်ချင်ပါတယ်မေမေရယ်

နာကျင်သူရော စွန့်ခွာခံရသူရော မည်သူမျှ အလွမ်းဆိုတဲ့စာသားအောက်

သက်ဆင်းကျရောက်ခြင်းမရှိပါစေနဲ့လို့ ရင်နင့်အောင် အစဉ်တွေးရင်း

မိခင်မေတ္တာတရားသို့သည် မိုးထိအောင်တိုးပွားရင်း ချစ်ခြင်းများနှင့်

ရင်ဆိုင်ကြပါစို့နော်……………..

                                           ပိတောက်မိုး

5 comments

  • မင်းမင်း

    July 31, 2013 at 9:45 am

    ခေတ်ကာလအခြေအနေ က အမျိုးသမီး/သား များကို

    ဖော်ညွှန်းနေတယ်လို့ ခံစားရပါတယ်။

    ဒီလိုကလေးငယ်တွေ (တချို့ ) မိဘမဲ့ ဘဝ တောင်ဖြစ်ခွင့်မရရှာကြဘူး။

    အနည်းဆုံး မိဘမဲ့ဘဝတော့ပေးသင့်ပါတယ်။

    ကဗျာလေးကို ဒီလိုတွေးမိသွာတယ်။

  • လူကလေး

    July 31, 2013 at 5:43 pm

    မေမေလည်း မေမေ့ကိုကြောက်တယ် ဆိုတာမျိုးလားမသိဘူး..

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 10:02 am

    ဒီကဗျာကို ဖတ်ပြီး …
    ဝမ်းရေစပ်တယ် ….
    ဆိုတဲ့ စကားကို သွားပြီး သတိရလိုက်မိတယ် ….။
    အားပေးသွားပါတယ်ဗျာ …။
    သာဒု ပါ …

  • padauk moe

    August 9, 2013 at 7:22 pm

    ကျေးဇူးတင်ပါတယ်ဗျာ

Leave a Reply