Sky Net ရေ….

ကျုပ်တို့ ဗမာတွေက နားလှည့်ပါးရိုက်တာ ခံနေရတာ နှစ်ပေါင်း 20 ကျော်ရှိနေပြီနော်…
အ…တယ်လို့တော့ မထင်စေချင်ဘူး…သည်းခံနေတာပါ…မနေ့က သတင်းစာမှာ ဖတ်ရကတည်းက ဘာသဘောလဲ ဆိုတာ သိပြီးသားပါ…ဒီနေ့လဲ သတင်းစာ ရှင်းလင်းပွဲ Up To Date ကနေ ကြည့်လိုက်ပါတယ်…မေးချင်လိုက်တာ…ပါးစပ်ကို ယားနေတာပဲ…တက်လာတဲ့ သတင်းထောက်တွေ မေးတာကလဲ ညံ့လိုက်တာဗျာ…စကိုင်းနက်တောင် ကြည့်တဲ့သူတွေ ဟုတ်ရဲ့လား ထင်မိပါတယ်…ဒီလို သတင်းစာ ရှင်းလင်းပွဲတက်မယ်ဆိုရင်လဲ ပြည်သူတွေ …ကြည့်ရှုတဲ့သူတွေ… ဘာလိုလားသလဲ…ဘာသိချင်တာလဲ…ဘာမေးစေချင်သလဲ ဆိုတာလေးလောက်တော့ အရင် ပြည်သူကြားထဲ ၀င်မေးကြည့်ကြပါဦး…အခုတော့ဗျာ…မေးတာတွေက ဘာမှ လားရာမရှိ…ဖြစ်ကတတ်ဆန်းမေးခွန်းတွေ မေးသွားကြတယ်….ကဲ ပြောတော့ပါဘူး..ဒီ သတင်းထောက်တွေတော့…တော်ကြာ လိုရင်းမရောက်ပဲ နေဦးမယ်…

ကျွန်တော်ကတော့ အခမ်းအနားလဲ မတက်ရတော့ စကိုင်းနက်ပရိတ်သတ် ပြည်သူတစ်ယောက်အနေနဲ့ မေးစရာ ရှိတာမေးရမှာပဲ….SN1…SN2…SN3 package သုံးမျိုးခွဲထားတယ်ဆိုတော့….SN1 လိုင်း 20တော့ ဘာမှ မမေးချင်ဘူး…MRTV…MITV…တိုင်းရင်းသား…ကျန်းမာရေး…ပညာရေး စသဖြင့် သိပ်မကြည့်တဲ့ လိုင်း 20 စုစည်းမှုပေါ့…ဘာ movie မပါ…ဘာ sport မပါနဲ့…100 မှာ 99 ယောက် မကြည့်တဲ့ package ပါ…3600 နဲ့ ပြပြ…အလကားပြပြ…ဘယ်လိုမှ စိတ်မ၀င်စားတဲ့ package ပါ…အဲ့ဒါကြောင့် ဒီ package ကိုတော့ ဘာမှမပြောလိုပါ…

ဒုတိယ SN2 package….ဒါကို အဓိကထားပြောချင်တာပါ…အခု ကျွန်တော်တို့ ကြည့်နေတဲ့ package ဟာ SN2 ပါလို့ လူကြီးမင်းတို့ ကိုယ်တိုင်လဲ ပြောဆိုထားပါတယ်…အခု ကျွန်တော်တို့ 10000 ၀န်းကျင်ခန့် သွင်းရတဲ့သူတွေဟာ ဒီ package ခွဲလိုက်တာနဲ့ 18000 ကျသွားပါတယ်…နှစ်ဆနီးနီးပါ…Discount ချပေးထားတယ် ဆိုပြီး မပြောပါနဲ့…(Discount ဆိုတာက အခုလက်ရှိ သွင်းငွေကိုလျှော့ချပေးတာကမှသာ Discount ပါ)…ဈေးတင်ပြီး တနှစ်စာသာ လျှော့ချပေးတာက Discount မဟုတ်ပါ…18000 ကို 33% Discount လျှော့ချပေးသောငွေက လက်ရှိသွင်းရတဲ့ငွေထက် ပိုများနေပါတယ်…နောက်နှစ်ဆို ကျွန်တော်တို့ ဘယ်လို လုပ်ကြရမလဲ…ငါ့စက်တွေတော့ ရောင်းပြီးသွားပြီ…ငါလုပ်ချင်သလို လုပ်လို့ရပြီ ဆိုတဲ့ ပုံစံမျိုးတော့ အခုခေတ် လုပ်လို့မရတော့တာတော့ အမှန်ပါ…

နောက်ဆုံး package …SN3…ဈေးက လက်ရှိထက် သုံးဆ၀န်းကျင်တက်သွားပါတယ်…သုံးဆတောင်တက်ရလောက်အောင် ဘာထူးထူးကဲကဲ လိုင်းတွေထပ်ထည့်ထားပါသလဲ…လိုင်း ၇၀ လက်ရှိဆို…လိုင်း၂၁၀ ၀န်းကျင်ထိ တက်နိုင်ရဲ့လား…sport လိုင်း ၅ လိုင်းပါရင် ၁၅ လိုင်းထည့်နိုင်ရဲ့လား…movie လိုင်း ၁၀ လိုင်းပါရင် လိုင်း ၃၀ ထပ်ထည့်နိုင်ရဲ့လား…နည်းနည်းပါးပါးထပ်ထည့်ပြီး ငွေကို သုံးဆတက်ရင်တော့ ဘယ်လိုမှ သဘာဝမကျပါခင်ဗျား…ပရီးမီးယားလိဂ် ဆယ်ပွဲလုံးကြည့်ရမယ်ဆိုတာနဲ့ ပြောပြန်ပါတယ်…အခုလဲ TATA ကနေ စနေ..အစောပွဲ…ပုံမှန်ချိန် ESPN…STAR SPORT 2 ပွဲ…နောက်ကျ တစ်ပွဲ…တနင်္ဂနွေ သုံးပွဲ…တနလာင်္ ၁ ပွဲ…အားလုံး ၈ ပွဲ ကြည့်ရပါတယ်…သိပ်မထူးလှဘူး ထင်ပါတယ်…နိုင်ငံတကာက လွှင့်နေတာတွေ အများကြီးပါ…ပြည်ပအားကိုး မဖြစ်ချင်လို့ ပြည်တွင်းက ရုပ်သံလိုင်းတွေ အားပေးနေတာပါ…တလအခမဲ့ ပေးကြည့်တယ်ဆိုပြီး ပြောဦးမှာပါလား…ရှေ့ကို ဇွတ်တိုးမယ့်ဆင် နောက်တလှမ်းဆုတ် ချွေးသိပ်တယ်လို့ပဲ မြင်ပါတယ်…ရေရှည်အတွက်ပြောနေတာပါ…ခဏတာ အလကားပေးကြည့်တာ…Discount ပေးတာတွေက ရေတိုကိစ္စတွေပါ…

ကဲ…အချုပ်…SN1…3600ကျပ်… လုံးဝ စိတ်ဝင်စားစရာမရှိတဲ့ လိုင်းတွေဆိုတာ ကိုယ့်ပရိတ်သတ်ကိုယ်သာမေးကြည့်ပါ…

ဒုတိယ…SN2…အခုလက်ရှိ ကြည့်လက်စအတိုင်းပါပဲ…ဒီအတိုင်းဆက်သွားရင်တောင် ပွဲတွေ အများကြီးကြည့်ရဦးမယ်…အခုက သုံးပွဲ သီးသန့်သာ ဆိုတော့ အရင်ကထက်လဲ စုတ်သွားသေးတယ်…ဈေးကလဲ နှစ်ဆ နီးနီး တက်သွားပါသေးတယ်…

နောက်ဆုံး…SN3…ဈေးသုံးဆ တက်ပါတယ်…တနှစ်စာ သွင်းရရင် 384000 ကျပ် ကျပါမယ်…တော်ယုံဝင်ငွေနဲ့တော့ ကြည့်နိုင်တော့မှာ မဟုတ်ပါ…မြန်မာပြည်က စီးပွားရေးအခြေအနေနဲ့တော့ မအပ်စပ်တော့ဘူးထင်ပါတယ်…

ကျွန်တော်တို့ကတော့ အစုံတပ်ထားပါတယ်…ဘယ်ကကြည့်ကြည့်လဲ ကြည့်လို့ရပါတယ်…အများအတွက် အမုန်းခံရေးလိုက်တာပါ…စဉ်းစားနိုင်ဖို့နဲ့ ဆင်ခြင်နိုင်ဖို့ပါ…ငါ့ စက်…ငါ့ သဘော…ငါလုပ်ချင်တာ လုပ်မယ်လို့များတွေးမိရင်တော့ ကိုယ့်ပရိတ်သတ်နဲ့ကိုယ် မကြာမီအချိန်အတွင်းမှာ အိုးစားကွဲရတော့မှာပါ…ကိုယ့်ပရိတ်သတ်ဘက်တော့ တချက်လောက်တော့ ငဲ့ကြည့်စဉ်းစားလိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...