သုံးပန်လှ တောင်သမန် အမှတ်(၂)

“အဆင့်ဆင့်ဖြတ်သန်းလွမ်းစရာတွေချန်ထားခဲ့တဲ့ တောင်သမန်”

 

 

1 ကျနော်ပထဆုံးရိုက်တဲ့ တောင်သမန်အင်းရဲ့ ပုံလေးပါ

1 ကျနော်ပထဆုံးရိုက်တဲ့ တောင်သမန်အင်းရဲ့ ပုံလေးပါ

 

ကျနော်ငယ်ငယ်က အိမ်နံဘေးနားက ဘကြီးအောင် ဆိုတဲ့ အဘိုးတစ်ယောက်ရှိပါတယ်။

သူ အမြဲတမ်းဆိုနေ ညီးနေလွန်းလို့အလွတ်ရနေတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်။

သူဆိုတဲ့သီချင်းက အစလဲမပါ အဆုံးလဲမပါဆိုတော့ ဘာသီချင်းမှန်း မသိပေမယ့်

သူဆိုတဲ့အသံနဲ့စာသားလေးက တော့လွမ်းစရာကောင်းလွန်းနေပါတယ်။

လွမ်းစရာကောင်းတဲ့ တောင်သမန်အင်းက ဦးပိန်တံတား

လွမ်းစရာကောင်းတဲ့ တောင်သမန်အင်းက ဦးပိန်တံတား

“ပုဆိုးကစို   မိုးကညိုသနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်

  ပုဆိုးကစိုစိုနဲ့   မိုးကလဲညိုညိုနဲ့ သစ်ပင်အောက်မှာဝင်ကာခို ဦးပိန်တံတားကိုလျောက်ခဲ့ပြန်”

သူဆိုတာက ဒီအပိုဒ်လေးကိုဘဲ ထပ်ခါထပ်ခါဆိုတာပါ။

အဲဒီကတဲက ဦးပိန်တံတားဆိုတာကြီးကိုလွမ်းနေခဲ့ရတာ။

ဦးပိန်တံတားပါမှတော့ သူ့ကို ရင်ခွင်ထဲ ထည့်သိမ်းထားတဲ့ တောင်သမန်အင်းက

အလိုလိုပါတော့တာပေါ့။

 

2 ရေမရှိတဲ့ တောင်သမန် အုမ်အုမ်လာတုန်းအမှတ်တရ

ရေမရှိတဲ့ တောင်သမန်
အုမ်အုမ်လာတုန်းအမှတ်တရ

မန်းလေးမြို့ မတည်ခင်က ကုန်းဘောင်ဆက်မင်းများနန်းစိုက်ခဲ့တဲ့ အမရပူရမြို့ကို

ကျနော်တို့မန်းလေးသားတွေကတော့ မန်းလေးမြို့ရဲ့တောင်ဘက်မှာရှိလို့

တောင်မြို့လို့ဘဲခေါ်ပါတယ်။

“အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်………..” ဆိုတဲ့ “တောင်သမန်”

သီချင်းထဲက စာသားလိုဘဲ အမရပူရနန်းတော်အနီးမှာတောင်သမန်အင်းကြီး

ရှိနေပြန်ပါတယ်။

တောင်သမန်အင်းဆိုတာ ဒီအင်းကြီးရဲ့အရှေ့ဖက်မှာရှိတဲ့တောင်သမန်ရွာကို

အမှီပြုလို့ခေါ်တာပါ။

အရှေ့ဖက်က တောင်သမန်ရွာ

အရှေ့ဖက်က တောင်သမန်ရွာ

မန်းလေးကိုအလည်လာသူတိုင်းတောင်မြို့ရဲ့အရှေ့ဘက်ခြမ်းမှာရှိနေတဲ့

တောင်သမန်အင်းကို မရောက်ခဲ့ဘူးဆိုရင် မန်းလေးရောက်တာမပြည့်စုံဘူး

လို့ဆိုနိုင်ပါတယ်။

၁၈ရာစုနှစ်ကတည်းက တည်ထားခဲတဲ့ ဦးပိန်တံတားကတော့ရှည်လျားတဲ့

သစ်သားတံတားကြီးပါဘဲ။

ဦးပိန်တံတားအကွေ့ရေမရှိချိန်မှာ မြင်ရတာပါ

ဦးပိန်တံတားအကွေ့ရေမရှိချိန်မှာ မြင်ရတာပါ

ရေတိုးချိန်မှာ ရေအားဒဏ်ကိုခံနိုင်အောင် တံတားကို အတည့်မတည်ဘဲ

အလည်လောက်မှာတဆစ်ချိုးပြီးခပ်စောင်းစောင်းလေးတည်ထားပါတယ်။

ဒီတံတားကတော့ အနောက်ဖက်ခြမ်းမှာရှိတဲ့ အမရပူရမြိုဲနဲ့ အရှေ့ဘက်မှာရှိတဲ့

တောင်သမန်ရွာကိုဆက်ပေးထားတဲ့တံတားပါဘဲ။

ဒီတံတားလေးဆုံးသွားရင် တောင်သမန်ရွာကိုရောက်မယ်လေ

ဒီတံတားလေးဆုံးသွားရင် တောင်သမန်ရွာကိုရောက်မယ်လေ

တကယ်လို့များ ကျနော်က ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့လို့ရှိရင် ဒီ

တောင်သမန်အင်းကို ဝေဟင်ထဲကနေပြီး အပေါ်စီးကကြည့်မယ်ဆိုရင်ဒီဦးပိန်တံတားကြီးကို

ကင်းခြေမျှားအရှည်ကြီးတစ်ကောင်လို

ဒါမှမဟုတ် ကွေ့ကောက်နေတဲ့ ချုပ်ရိုးကြောင်းကြီးတစ်ခုလိုမြင်ရမှာဘဲလို့

စိတ်ကူးနဲ့တွေးကြည့်မိပါတယ်။

ငယ်ငယ်ကတုံးက ရူးမိတဲ့အတွေးလေးပေါ့နော်။

 

3 တိမ်တွေဆီသွားတဲ့လမ်းအပေါ်က စီးကြည့်လိုက်ရင် ကင်းခြေများနဲ့တူမယ်ထင်ပါတယ်။

တိမ်တွေဆီသွားတဲ့လမ်းအပေါ်က စီးကြည့်လိုက်ရင် ကင်းခြေများနဲ့တူမယ်ထင်ပါတယ်။

ဟိုးငယ်ငယ်ကလေးဘ၀ ကျောင်းပိတ်ရက်တွေမှာ တောင်သမန်အင်းကိုလူကြီးတွေနဲ့အတူရောက်ပါတယ်။

ပူပြင်းတဲ့နွေအခါမှာ ဦးပိန်တံတားအနောက်ဖက်ခြမ်းကမယ်ဇယ်ပင်တန်းကြီးရဲ့

အေးမြတဲ့အရိပ်အောက်မှာ ဖျာတွေခင်း ထမင်းတွေစား။

လူကြီးတွေက တရေးတမောအိပ်နေရင် ကျနော်တို့ကလေးတွေက

ဦးပိန်တံတားပေါ်ခေါက်တုံ့ခေါက်ပြန်လျောက်ကြ လူကြီးတွေကတော့

ဆော့ရင်းပြုရင်းလိမ့်ကျမှာစိုးတော့ ကျနော်တို့ကိုထိန်းဘို့အဖော်ထည့်ပေးပါတယ်။

တံတားပေါ်လျောက်လို့ဝရင် မယ်ဇယ်ပင်ရိပ်အောက်မှာ ကစားနည်းပေါင်းစုံနဲ့ မမောမပန်းနိုင်ဆော့ကြ ကစားကြပေါ့။

တစ်ခါတစ်ခါ အင်းရေစပ်စပ်မှာ ဆင်းဆော့ရင်တော့ လူကြီးတွေက တဟဲ့ဟဲ့အော်

ကျနော်တို့ကတော့ပျော်လို့။

ကျနော်အကြိုက်ဆုံးထဲက တစ်ပုံ

ကျနော်အကြိုက်ဆုံးထဲက တစ်ပုံ

ကျနော်တို့အကိုတွေဦးလေးတွေကတော့ အင်းအစပ်မှာငါးသွားမျှား။

ရတာ မရတာ အပထား သူတို့လဲ ပျော်လို့ပါဘဲ။

မနက်ကတည်းက ရောက်ပြီး  ညနေမိုးစုပ်စုပ်ချုပ်မှုပြန်ကြတာပါ။

တောင်သမန်ရဲ့နေ၀င်ချိန်

တောင်သမန်ရဲ့နေ၀င်ချိန်

စည်ကားလှတဲ့ရတနဂူနတ်ပွဲကာလမှာတော့ အင်းရေကလည်းပြည့်လို့နေပါပြီ။

ရတနာဂူပွဲကအပြန်မှာ ကျောက်ပန်းခွေတွေကိုယ်စီဆောင်းလို့ တောင်သမန်

အင်းကိုဝင်ပြီး ငှက်စီးကြပါတယ်။

အင်းတစ်ပတ်လှည့်ပါတ်စီးကြရင်း ငှက်တစီးနဲ့တစ်စီးအဆုံမှာရေပက်ကြတာ

ပျော်စရာ။

4 ရေမရှိတဲ့ နွေဆိုရင် လယ်ကွင်းတွေဖြစ်လို့ပေါ့

ရေမရှိတဲ့ နွေဆိုရင် လယ်ကွင်းတွေဖြစ်လို့ပေါ့

ငှက်တိမ်းပြီးရေထဲ ပြုတ်ကျမှာတော့ စိုးရိမ်ရပါတယ်။

ဒါကလဲဖြစ်တောင့်ဖြစ်ခဲ။

ပြန်တွေးရင်တောင်လွမ်းစေတဲ့တောင်သမန်ပါဘဲ။

*******************************************

5 အရုဏ်တက် ၀မ်းစာအရှာထွက်တဲ့လှေကလေးတွေ

အရုဏ်တက် ၀မ်းစာအရှာထွက်တဲ့လှေကလေးတွေ

ဒီတောင်သမန်အင်းရဲ့အလှကို နွေ မိုး ဆောင်း သုံးပိုင်းခွဲလို့

“သုံးပန်လှတောင်သမန်”လို့ တင်စားခဲ့ကြပါတယ်။

နွေအခါမှာတော့ အင်းရေစပ်စပ်ကလေးထဲမှာ အလှတစ်မျိုး။

မိုးအခါရေတွေဗောင်းလံနေချိန်မှတော့ အလှတမျိုး။

ရေမရှိတဲ့ဆောင်းအခါမှာတော့အင်းရေပြင်ကကိုင်းခင်းယာခင်း တွေအသွင်ပြောင်းလို့

နှင်းငွေ့တွေဝေနေတဲ့အလှနဲ့၊

ဒီတောင်သမန်အလှကို ကဗျာများစွာ သီချင်းများစွာ အက်ဆေးများစွာနဲ့

ဖွဲ့လို့ မကုန်နိုင်အောင် လွမ်းခဲ့ကြပါတယ်။

လသာသာည ဆောင်းနှင်းမူန်မူန်မှာ ကဗျာချစ်သူများရဲ့ ကဗျာရွတ်သံ

တွေများ ကြားရရင် ပိုလွမ်းလာသလိုပါဘဲ။

 

6 ရေ၀င်စပြုနေတဲ့တောင်သမန်နံနက်ခင်းလေး

ရေ၀င်စပြုနေတဲ့တောင်သမန်နံနက်ခင်းလေး

အမရပူရ ဆိုတာ ရှေးခေတ်ကတည်းက ကဗျာစာပေရှင်များ

ပေါ်ထွန်းခဲ့ရာနယ်မြေဖြစ်ပါတယ်။

ဒီမြေဒီနေရာမှာဘဲ အနောက်နန်းမတော်မမြလေးရဲ့ ကဗျာရွတ်ဆိုသံတွေ

ပျံလွင့်ခဲ့မှာအသေအချာပါဘဲ။

ဒါကြောင့်လဲ ၀င်းဦး သီဆိုခဲ့တဲ့  “တောင်သမန်”သီချင်းထဲမှာတော့

“သန်းခေါင်ကျော်ရင် နတ်စည်မောင်းသံ ကြားတယ် ကြားတယ် ကြားရတယ်ဗျ အင်းကြီးတောင်သမန်” ပါတဲ့။

 

ငှားမယ့်သူကိုမျှော်နေတဲ့ ငှက်ကလေးတွေ

ငှားမယ့်သူကိုမျှော်နေတဲ့ ငှက်ကလေးတွေ

တက္ကလ်ကျောင်းသားဘ၀မှာတော့ ဒီတောင်သမန်ကို မကြာခဏရောက်လေ့ရှိပါတယ်။

အဖော်ကောင်းပြီဆိုတာနဲ့ စက်ဘီးကိုယ်စီနဲ့ သွားလေ့ရှိတဲ့နေရာဖြစ်ပါတယ်။

အရိပ်ကောင်းကောင်းမှာ ၀ိုင်းဖွဲ့လို့စားကြသောက်ကြ နဲ့ပျော်စရာကြီးပေါ့။

ုအုတ်ခုံခတ်ထားတဲ့ မယ်ဇယ်ပင်တန်း

ုအုတ်ခုံခတ်ထားတဲ့ မယ်ဇယ်ပင်တန်း

ကြီးမားလှတဲ့ မယ်ဇယ်ပင်ရဲ့ အမြစ်ဆုံတွေကလဲ ချစ်သူစုံတွဲများအတွက်အိနြေ္ဒရရ အနှောင့်အယှက်ကင်းကင်းနဲ့

စကားပြောလို့ကောင်းတဲ့နေရာလေးလဲဖြစ်ပါတယ်။

(အခုတော့မယ်ဇယ်ပင်ကြီးတွေအသက်ရင့်တော့ လဲကျမသွားအောင်အောက်ခြေမှာ အုတ်ခုံခတ်ထားပါတယ်။

ဒီလောက်တောင်သမန်ကိုရောက်ပါရဲ့နဲ့ အမြစ်ဆုံကြီးတွေသဘာဝအတိုင်းရှိနေတဲ့ပုံ ကျနော်မရိုက်မိတာကို နောင်တရမိပါတယ်)

ချစ်သူနဲ့ ခွဲခွာရသူများအတွက်လဲ ဒီတောင်သမန်အင်းစောင်းကတွေးချင်တိုင်းတွေး

ဆွေးချင်တိုင်းဆွေးလို့ရတဲ့ နေရာလေးတစ်ခုပါဘဲ။

 

လွမ်းစရာကောင်းတဲ့ တောင်သမန်

လွမ်းစရာကောင်းတဲ့ တောင်သမန်

နောက်ပိုင်းမှာတော့ ဒီမယ်ဇယ်ပင်တန်းကြားထဲမှာ စားသောက်ဆိုင်လေးတွေဖွင့်

ခွင့်ပြုလိုက်တဲ့အခါမှာတော့ အရင်လို လွတ်လပ်စွာနေလို့မရတော့ပါဘူး။

ကျောင်းသားဘ၀လွန်မြောက်ချိန်မှာတော့ အလုပ်ပိတ်တဲ့အချိန်တစ်ခါတစ်လေမှ

သာရောက်ဖြစ်ပါတော့တယ်။

ဝိုက်သွားတဲ့ ဦးပိန်

ဝိုက်သွားတဲ့ ဦးပိန်

အစစ်မရနိုင်တော့တဲ့ ဗမာ့ထန်းရည်နေရာမှာအစားထိုးလာတဲ့

မြန်မာဘီယာကို အင်းထဲက ဖမ်းလို့ရတဲ့ ငါးကြော်

လတ်လတ်ဆတ်ဆတ်နဲ့တွဲဖက်လို့ တောင်သမန်ညနေခင်းကို

ခံစားရင်း ကုန်လွန်ခဲ့တဲ့ညနေခင်းများကတော့ မရေမတွက်နိုင်အောင်ပါဘဲ။

နောက်ပိုင်းမှာတော့ နွေ မိုး ဆောင်း တမျိုးစီပြောင်းလဲတတ်တဲ့

တောင်သမန်ကို ဆယ့်နှစ်ရာသီပါတ်လုံး ရေ၀င်နေတဲ့ တောင်သမန်ကန်အဖြစ်ကို

ပြောင်းလဲချိန်နဲ့ သူရာညနေခင်းများကို စွန့်လွှတ်ချိန် ဆုံသွားတဲ့အခါမှာတော့

တောင်သမန်ရင်ခွင်နဲ့ နှစ်ပေါင်းများစွာဝေးကွာခဲ့ပါတယ်။

တစ်နှစ်မှ တစ်ကြီမ်နှစ်လောက်ဘဲရောက်ခဲ့ပါတော့တယ်။

ကောက်ကြောင်းများ (လုလင်နဲ့သွားတုန်းက)

ကောက်ကြောင်းများ
(လုလင်နဲ့သွားတုန်းက)

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

7 တိမ်မျှင်တန်းလေးကို ရွာသားကြီး ဘိုသော့နဲ့ အတူဖမ်းခဲ့ကြစဉ်က

တိမ်မျှင်တန်းလေးကို ရွာသားကြီး ဘိုသော့နဲ့ အတူဖမ်းခဲ့ကြစဉ်က

ကျနော်ငယ်ငယ်ကျောင်းမနေခင်အရွယ်ကတောင်မြို့မှာတစ်နှစ်ကျော်ကျော်လောက်နေခဲ့ဘူးပါတယ်။

ညနေဆိုရင် ပုထိုးတော်ကြီးဘုရားအရှေ့ထိပ် တောင်မန်အင်းစောင်းကနေပြီး ကျနော်အမေဘက်ကတော်တဲ့အဖွား ဈေးရောင်းပြီးပြန်အလာကိုစောင်ခဲ့ရတာ

ကိုလည်း စိတ်ထဲမှာ မှတ်မိနေပြန်ပါတယ်။

အဲတော့ တောင်သမန်အင်းကိုမြင်ရင် အဖွားကို လာလာကြိုတာ သတိရမိတာပေါ့။

 

ဓါတ်ပုံနဲ့ပန်းချီကိုဝါသနာကိုခံစားရတာကို နှစ်သက်တဲ့ ကျနော်အဖို့တောင်သမန်အင်း

ဓါတ်ပုံတွေ ပန်းချီကားတွေမြင်ရတဲ့အခါတိုင်းရင်ထဲမှာ လွမ်းသလိုလိုခံစားရစမြဲပါဘဲ။

ကျနော်တို့ငယ်ငယ်က ကင်မရာ တစ်လုံးကိုဝယ်ကိုင်နိုင်ဘို့ဆိုတာ ငွေအတော်အ

ကုန်ခံနိုင်မှ ဖြစ်တာကိုး။

စိမ်းလန်းသော တောင်သမန်

စိမ်းလန်းသော တောင်သမန်

ကင်မရာရှိတောင်မှာ ဖလင်ဘိုး ကူးခ ဆေးခ ကုန်ကျပြီးမှ ကိုယ်ရိုက်ထားတဲ့

ပုံလေးကိုမြင်ခွင့်ရှိတာကိုး။

အဲတော့ ငွေမရှိရင် ဓါတ်ပုံတစ်ပုံဖြစ်မလာနိုင်ပါဘူး။

အဲတော့လဲ တောင်သမန်ကိုရောက်တိုင်း ကျနော့်စိတ်ကူးထဲမှာ

ဓါတ်ပုံတွေကို အကြိမ်ပေါင်းများစွာ ပုံစံပေါင်းများစွာနဲ့ရိုက်ကူးခဲ့ပါတယ်။

၂၀၁၀ခုနှစ်မှာတော့ ကျနော်မှာ ဆမ်ဆောင်းဒစ်ဂျစ်တယ်ကင်မရာပေါက်စလေးရှိလာပါတယ်။

တောင်သမန်အင်းရဲ့မြောက်ဘက်က မြင်ရတဲ့ မြင်ကွင်းလေးပါ

တောင်သမန်အင်းရဲ့မြောက်ဘက်က မြင်ရတဲ့ မြင်ကွင်းလေးပါ(ကျနော်အတော်လေးနှစ်သက်ပါတယ် )

ဆောင်းနံနက်တစ်ရက်မှတော့ တောင်သမန်အင်းမြောက်ဘက်ခြမ်းကနေပြီး

ဓါတ်ပုံရိုက်ခဲ့ပါတယ်။

အိမ်ပြန်ရောက်တော့ ကွန်ပြူတာထဲမှာ ဓါတ်ပုံလေးထည့်ကြည့်တော့

ဘယ်သူလှလှ မလှလှ ကျနော်မြင်ကွင်းမှာတော့ လှလို့ပါဘဲ။

နောက်တော့လည်း အခါအခွင့်သင့်တိုင်းတောင်သမန်ကိုရောက်ခဲ့

လက်ဆော့ခဲ့ တော့တာပေါ့။

8 တံတားပေါ်ကို နေခြည်အခ

တံတားပေါ်ကို နေခြည်အခ

၂၀၁၂ခုနှစ်ရဲ့တပေါင်းလပြည့် နံနက်ခင်းမှာ တောင်သမန်အင်းကို

မနက်အစောကြီး ၂ရက်ဆိုက်တိုက်သွားပြီး အားရပါးရရိုက်ခဲ့ဘူးပါတယ်။

စိတ်တိုင်းကျအောင်လှတဲ့ပုံတွေလဲရခဲ့ပါရဲ့။

နောက်ရွာထဲက မိတ်ဆွေများနဲ့ အပြင်မှာရင်းနှီးခွင့်ရတဲ့အခါ သူတို့မန်းလေး

ရောက်တဲ့အခိုက် တောင်သမန်ကိုအလည် ပို့ခွင့်ကြုံပါတယ်။

လွမ်းစေသော ပန်းနုရောင်ညနေခင်း

လွမ်းစေသော ပန်းနုရောင်ညနေခင်း

ပထမဦးဆုံးဈေးဦးပေါက်သူကတော့ ရိုစ်မင်းနဲ့သူ့အဒေါ်တွေသင်္ကြန်အပြီး

မန်းလေးလာတဲ့အချိန်မှာသွားခဲ့တုးံကတော့ ရေနည်းလို့ကုန်းတွေပေါ်နေတဲ့

တောင်သမန်ကိုမြင်ခဲ့ရပါတယ်။

 

ရေမရှိတော့ ကုန်းတွေဖြစ်နေတာပေါ့

ရေမရှိတော့ ကုန်းတွေဖြစ်နေတာပေါ့ အုမ်အုမ် တို့ မိသားစုနဲ့ သွားတုန်းက

နောက်တစ်ခါ မနိုဗွီတို့မိသားစု စစ်ကိုင်းကိုအလှူလာချိန်မှာတော့

ကိုခင်ခ ဘဲဥ ငုံးဥ တို့နဲ့အတူ တောင်သမန်အင်းမှာ  ငှက်စီးပြီး

အင်းအလယ်မှာပေါ်နေတဲ့ကုန်းပေါ်မှ ငါးကြော်သွားစားခဲ့ကြပါတယ်။

ကိုခင်ခတို့နဲ့အကြော်သွားစားကြတဲ့ နေရာလေးကို အဝေးကလှမ်းမြင်ရတာ

ကိုခင်ခတို့နဲ့အကြော်သွားစားကြတဲ့ နေရာလေးကို အဝေးကလှမ်းမြင်ရတာ

အဲဒီလထဲမှာဘဲ မနီလာစိန်တို့ မိသားစုမန်းလေးကိုအလာမှာ

မနီလာတို့သားအမိရယ် ကျနော်နဲ့ မဒမ်ပေါက်ရယ် ငှက်စီးပြီး

တောင်သမန်ကလွမ်းစရာသစ်ပင်ကြီးဆီကိုသွားခဲ့ကြပါတယ်။

အဲဒီမှာ ကျနော်ပေးထားတဲ့ ကတိအတိုင်းမနီလာစိန်တို့သားအမိကို

ဦးပိန်တံတားနောက်ခံနဲ့ ဓါတ်ပုံတွေရိုက်ပေးခဲ့ရပါတယ်။

 

မနီလာစိန်တို့ကို ဓါတ်ပုံရိုက်ပေးခဲ့တဲ့နေရာ

မနီလာစိန်တို့ကို ဓါတ်ပုံရိုက်ပေးခဲ့တဲ့နေရာ

ရွာထဲက ဓါတ်ပုံဆရာတွေမှာ ရွှေမင်းသား ဘိုစိန်သော့ လုလင်တို့လေးယောက်ပေါင်းပြီး

တောင်သမန်အင်းကို လက်ဆော့ခဲ့ကြပါတယ်။

ရွာသူလေး အိတုန်ရောက်တော့ မင်းကွန်းစစ်ကိုင်း ကို ခရီးရှည်လိုက်ကြတာ တောင်သမန်ရောက်တော့ မှောင်မဲမဲ။

ဒါပေမယ့် လှပသောနေ၀င်ဆည်းဆာလေးကိုရခဲ့ပါတယ်။

အိတုန်နဲ့သွားတုန်းကရခဲ့တဲ့နေ၀င်ချိန်အလှ

အိတုန်နဲ့သွားတုန်းကရခဲ့တဲ့နေ၀င်ချိန်အလှ

နောက်တစ်ခါ မနက်လင်းအားကြိးမှာတစ်ခါ တောင်သမန်ရဲ့နေ၀င်ချိန်ကို

အရှေ့ဘက် ကမ်းကနေတစ်ခါ ကိုစိန်သော့နဲ့

လက်ဆော့ခဲ့ကြပါဘူးပါတယ်။

လုလင်နဲ့အတူရခဲ့တဲ့ နံနက်ခင်း

လုလင်နဲ့အတူရခဲ့တဲ့ နံနက်ခင်း

နောက်တော့ ရန်ကုန်ကနေ တကူးတကလာပြီး ဓါတ်ပုံရိုက်တဲ့ လုလင်ကို

တံခွန်တိုင်အ၀ိုင်းပါတ်မှာဆင်းခိုင်း ပြီး တောင်သမန်အင်းကိုလက်ဆော့ဘို့

မှောင်ကြီးမဲကြီးထဲသွားခဲ့ဘူးသလို မကြာသေးခင်ကမှရောက်လာခဲ့တဲ့

စာအုပ်ကိုလဲ မနက်အစောကြီးသွားကြိုပြီးတောင်သမန်အင်းကို

လက်ဆော့ခဲ့ဘူးပါတယ်။

 

စာအုမဟုတ်တဲ့ ရွာထဲက စာအုပ်နဲ့ ရခဲ့တဲ့အလွမ်းသစ်ပင်

စာအုမဟုတ်တဲ့ ရွာထဲက စာအုပ်နဲ့ ရခဲ့တဲ့အလွမ်းသစ်ပင်

ဘယ်အချိန်ရောက်ရောက်တောင်သမန်ကတော့ ကျနော်အတွက်

ဘယ်အချိန်ရောက်ရောက်လှပလို့ နေစမြဲပါဘဲ။

ရောက်တိုင်းလဲ လက်ဆော့မိစမြဲ။

တောင်သမန်ကို နောက်ထပ် ဘယ်အချိန်ဘယ်ကာလ

ဘယ်နှစ်နှစ်ထိ ကျနော်သွားခွင့်ကြုံမလဲဆိုတာတော့

……………………………………………………………………………..

………………………………………………………………………………

 

 

9 တိမ်တွေအောက်က ဦးပိန်နဲ့တောင်သမန်

တိမ်တွေအောက်က ဦးပိန်နဲ့တောင်သမန်

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

1-8-2013

ကျနော်စိတ်တွေကို နူးညံ့သွားအောင် ဖန်တီးခဲ့တဲ့တောင်သမန်က မြင်ကွင်းတစ်ခု

ကျနော်စိတ်တွေကို နူးညံ့သွားအောင် ဖန်တီးခဲ့တဲ့တောင်သမန်က မြင်ကွင်းတစ်ခု

6-8-2013 နေ့မှာ သုံးပန်လှတောင်သမန်အတွက် ရိုက်လာခဲ့တဲ့ အသစ်စက်စက် တောင်သမန်

6-8-2013 နေ့မှာ သုံးပန်လှတောင်သမန်အတွက် ရိုက်လာခဲ့တဲ့ အသစ်စက်စက် တောင်သမန်

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။