ဆရာ ဦးသိန်းအုပ်ကျော်မြင့် ရဲ့ Facebook က Share လာပါတယ်။

မူရင်းကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဒေါက်တာ ခိုင်စိုးဝင်းရေးထားတာပါ။

အကြိမ် (၆၀)မြောက် ဆရာဝန်ညီလာခံ ရက် အတိအကျ သတ်မှတ်လိုက်ပါပြီ။

ဖွင့်ပွဲ ရက်က ၂၀၁၄ ဇန်န၀ါရီလ ၁၁ ရက် ပါ ..

ဖွင့်ပွဲ အပြီးမှာ ပညာရေးအစီအစဉ် မဆက်သေးပါ ..

နေ့လည်ပိုင်းမှာ နှစ်ပတ်လည် အစည်းအဝေး နဲ့ ညပိုင်းမှာ ဂုဏ်ပြုညစာစားပွဲ ကျင်းပပါမယ်

ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ပညာရေးရာအစီအစဉ် စ ပါမယ် ..

၁၇ ရက်နေ့အထိ ပိတ်ရက် မရှိပါ

ဂေါက်ရိုက်ပြိုင်ပွဲကို အဲဒီနေ့မှာပဲ လုပ်ဖြစ်ပါမယ် ..

အခြား အားကစားများကို ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ လုပ်ဖြစ်ပါမယ်

ပညာရေးရာအစီအစဉ်တွေမှာ Symposium ၃၃ ခု ပါပါမယ်

Mini-symposium အနည်းဆုံး (၈)ခု ပါပါမယ်

စာတမ်း ဖိတ်ခေါ်စာတွေ စ ပို့နေပါပြီ ..

အကယ်၍ မရသေးလို့ လိုအပ်လျှင် myanmarmedicalconference@gmail.com သို့မဟုတ်

mmacorg@gmail.com သို့မဟုတ်

drkhinesoewin@gmail.com ကို တောင်းဆိုနိုင်ပါတယ်။

တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေတဲ့ မြန်မာဆရာဝန်တွေ (သွားဆရာဝန်အပါအ၀င်) ပြန်လည်တွေ့ဆုံပွဲ ကို ဇန်န၀ါရီလ (၁၀) ရက်နေ့မှာ လုပ်ဖြစ်ပါမယ် .

. နေရာကိုတော့ ရှာနေတုန်းပဲ .. MCC ဖြစ်ဖို့ များပါတယ် ..

သတင်းကြားရတာတောင် ပျော်စရာဖြစ်နေပါပြီ၊

(ရွာထဲက သဂျီးခေါင်းဆောင်တဲ့ အင်ဂျင်နီယာတွေ အင်ဂျင်ပြာယာတွေ အင်ဂျင်ဝါယာတွေက အားကောင်းနေတော့

သူတို့ကျောင်း Reunion ကိုကြွားကြထှာ တစ်နှစ်ပြည့်တဲ့ထိ ကြွားကောင်းတုံး၊

ဘာရမလဲ ။ဒို့လည်း အင်အားပြရသေးတာပေါ့၊

ရွာထဲက ဆြာဝန်တွေညီစေနော်)

MMA နဲ့ နီးစပ်သူတွေ ရှိရင်လည်း သတင်း update လေးတွေ ပေးကြပါနော်။

ကျမလည်း သူများဝေါပေါ်တွေ့ရင် “မ” လာပါမယ်။

သူကြီးနဲ့ အရေးပိုင်မင်းကိုလည်း နောက်ထုတ်မယ့် ပုံနှိပ်သတင်းစာတွေထဲ သတင်းထည့်ပေးစေချင်ပါတယ်။

အဲဒီရက်အမီ ပြန်လာချင်သူများ ကြိုတင်စီစဉ်နိုင်ကြစေဖို့ တတ်နိုင်သ၍ စောစောလေး သတင်းရစေချင်ပါတယ်။

အဝေးရောက် ဆရာဝန်၊သွားဆရာဝန်များ အမိမြေမှာ မောင်နှမတွေ ပြန်လည်ဆုံစည်းနိုင်ကြဖို့ပါ။

ဆယ်လမွန်ငါးလေးတွေရဲ့ အိမ်အပြန်ကို မျှော်လင့်ရင်ခုန်နေကြပါတယ်။

ကံမကုန်သေးသူတွေမို့ ပြန်ဆုံကြမယ်။

အနေဝေးပေမယ့်လည်း ကြားလေမသွေးတယ်။

ရန်ဖြစ်ထားလည်း ပြန်ချစ်သွားမယ်။

မင်း တသက်သက်လွမ်းနေရတဲ့ အမိမြေကို ဆက်ဆက်ပြန်လာကွယ်။

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)