တစ်ကမာ္ဘလုံးမှ မြန်မာဆရာဝန်များ စုံညီတွေ့ဆုံပွဲ ကျင်းပတော့မယ်

padonmarAugust 1, 20131min18910

ဆရာ ဦးသိန်းအုပ်ကျော်မြင့် ရဲ့ Facebook က Share လာပါတယ်။

မူရင်းကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဒေါက်တာ ခိုင်စိုးဝင်းရေးထားတာပါ။

အကြိမ် (၆၀)မြောက် ဆရာဝန်ညီလာခံ ရက် အတိအကျ သတ်မှတ်လိုက်ပါပြီ။

ဖွင့်ပွဲ ရက်က ၂၀၁၄ ဇန်နဝါရီလ ၁၁ ရက် ပါ ..

ဖွင့်ပွဲ အပြီးမှာ ပညာရေးအစီအစဉ် မဆက်သေးပါ ..

နေ့လည်ပိုင်းမှာ နှစ်ပတ်လည် အစည်းအဝေး နဲ့ ညပိုင်းမှာ ဂုဏ်ပြုညစာစားပွဲ ကျင်းပပါမယ်

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပညာရေးရာအစီအစဉ် စ ပါမယ် ..

၁ရ ရက်နေ့အထိ ပိတ်ရက် မရှိပါ

ဂေါက်ရိုက်ပြိုင်ပွဲကို အဲဒီနေ့မှာပဲ လုပ်ဖြစ်ပါမယ် ..

အခြား အားကစားများကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ လုပ်ဖြစ်ပါမယ်

ပညာရေးရာအစီအစဉ်တွေမှာ Symposium ၃၃ ခု ပါပါမယ်

Mini-symposium အနည်းဆုံး (၈)ခု ပါပါမယ်

စာတမ်း ဖိတ်ခေါ်စာတွေ စ ပို့နေပါပြီ ..

အကယ်၍ မရသေးလို့ လိုအပ်လျှင် myanmarmedicalconference@gmail.com သို့မဟုတ်

mmacorg@gmail.com သို့မဟုတ်

drkhinesoewin@gmail.com ကို တောင်းဆိုနိုင်ပါတယ်။

တစ်ကမာ္ဘလုံးမှာ ပြန့်နှံ့နေတဲ့ မြန်မာဆရာဝန်တွေ (သွားဆရာဝန်အပါအဝင်) ပြန်လည်တွေ့ဆုံပွဲ ကို ဇန်နဝါရီလ (၁၀) ရက်နေ့မှာ လုပ်ဖြစ်ပါမယ် .

. နေရာကိုတော့ ရှာနေတုန်းပဲ .. MCC ဖြစ်ဖို့ များပါတယ် ..

သတင်းကြားရတာတောင် ပျော်စရာဖြစ်နေပါပြီ၊

(ရွာထဲက သဂျီးခေါင်းဆောင်တဲ့ အင်ဂျင်နီယာတွေ အင်ဂျင်ပြာယာတွေ အင်ဂျင်ဝါယာတွေက အားကောင်းနေတော့

သူတို့ကျောင်း Reunion ကိုကြွားကြထှာ တစ်နှစ်ပြည့်တဲ့ထိ ကြွားကောင်းတုံး၊

ဘာရမလဲ ။ဒို့လည်း အင်အားပြရသေးတာပေါ့၊

ရွာထဲက ဆြာဝန်တွေညီစေနော်)

MMA နဲ့ နီးစပ်သူတွေ ရှိရင်လည်း သတင်း update လေးတွေ ပေးကြပါနော်။

ကျမလည်း သူများဝေါပေါ်တွေ့ရင် “မ” လာပါမယ်။

သူကြီးနဲ့ အရေးပိုင်မင်းကိုလည်း နောက်ထုတ်မယ့် ပုံနှိပ်သတင်းစာတွေထဲ သတင်းထည့်ပေးစေချင်ပါတယ်။

အဲဒီရက်အမီ ပြန်လာချင်သူများ ကြိုတင်စီစဉ်နိုင်ကြစေဖို့ တတ်နိုင်သ၍ စောစောလေး သတင်းရစေချင်ပါတယ်။

အဝေးရောက် ဆရာဝန်၊သွားဆရာဝန်များ အမိမြေမှာ မောင်နှမတွေ ပြန်လည်ဆုံစည်းနိုင်ကြဖို့ပါ။

ဆယ်လမွန်ငါးလေးတွေရဲ့ အိမ်အပြန်ကို မျှော်လင့်ရင်ခုန်နေကြပါတယ်။

ကံမကုန်သေးသူတွေမို့ ပြန်ဆုံကြမယ်။

အနေဝေးပေမယ့်လည်း ကြားလေမသွေးတယ်။

ရန်ဖြစ်ထားလည်း ပြန်ချစ်သွားမယ်။

မင်း တသက်သက်လွမ်းနေရတဲ့ အမိမြေကို ဆက်ဆက်ပြန်လာကွယ်။

10 comments

  • Ma Ma

    August 1, 2013 at 6:34 am

    အင်ဂျင်ရောင်စုံယာတွေ တွေ့တာကို အားကျပြီး ချာဝန်ကြီးတွေ တွေ့တော့မယ်ပေ့ါ။ :loll:

    ဆရာဝန်တွေက သူ့Batchနဲ့သူ တွေ့ဆုံပွဲတွေတော့ လုပ်နေကြတာပဲ။
    နှစ်ပေါင်းစုံ နိုင်ငံပေါင်းစုံရောက်နေတဲ့လူတွေ ဆုံကြဖို့ အသိအမြင်ချင်းဖလှယ်ကြဖို့ လုပ်ကြတဲ့ ကြီးကျယ်ခမ်းနားတဲ့ပွဲကြီးမို့ ဝမ်းသာအားရကြိုဆိုပါတယ်။
    အခုလိုကြိုဆိုပေးတဲ့အတွက် ဆေးများမနာမကျင်အောင် ထိုးပေးနော်။ :loll:

  • ခင် ခ

    August 1, 2013 at 9:26 am

    အမ မမ ရေ ဆေးများမနာမကျင်အောင် ထိုးတဲ့နည်းတစ်ခုတော့ ပြောလို့ရတယ်ဗျ။
    “သောက်ဆေးစားဆေးကိုဘဲ မှီဝဲပါ၊ မလိုအပ်ဘဲ ဆေးမထိုးပါနှင့်´´ တဲ့ ။

  • ဦးကြောင်ကြီး

    August 1, 2013 at 9:31 am

    ဆရာဝံတွေနဲ့အပြိုင် ကမာ္ဘတလွှား ဝက်ဝံဗောင်းစုံ ညီလာခံလည်း ကျင်းပမို့ဒဲ့… နေရာရွေးနေဒယ်။ ပြသနာဂ ရေခဲပြင်မဟုတ်ရင် ဝင်ရိုးစွန်းက ပိုလာဝက်ဝံတွေ မလာနိုင်ဘူး။ သူတို့ဆီဂိုလည်း အပူပိုင်းဒေသက ဝက်ဝံညိုတွေ မသွားနိုင်… ဘို..လုပ်ကြမဒုံး..။

  • KZ

    August 1, 2013 at 2:07 pm

    ဟယ်။
    အာ့ဆို ပြန်လာလို့ရတဲ့ ဆရာဝန် တွေ နဲ့ နိုင်ငံတွင်း ဆရာဝန်တွေ ပြန်ဆုံကြမဲ့ ပွဲပေါ့။
    တွေးကြည့်ရတာနဲ့တင်ပျော်စရာ။
    ပင်စင်စားတွေရော ပါလား ဟင်??
    🙂

  • padonmar

    August 1, 2013 at 9:37 pm

    ကေဇီလေး ဖေဖေကိုလည်း သတင်းပို့လိုက်ပါ။

  • kai

    August 2, 2013 at 3:04 pm

    BAMAusa.org ကိုလည်းသတင်းပို့ပေးလိုက်ပါ့မယ်..။

  • ဦးကြောင်ကြီး

    August 3, 2013 at 7:51 am

    အနော်မိန်းမယူရင် ဆရာဝံမ ရှာယူမယ်.. ညောင်းရင် နှိပ်ခိုင်းမို့… 😛

  • Mr. MarGa

    August 3, 2013 at 4:05 pm

    ကောင်းလေစွ
    ကောင်းလေစွ
    ကောင်းလေစွ

  • မဟာရာဇာ အံစာတုံး

    August 3, 2013 at 11:45 pm

    ကျုပ် စရာဝံ တစ်ယောက်ဘာ ….။
    နံမယ်ချင်း ခပ်ဆင်ဆင်ဘာဘဲ …
    တက်လို့ရမား သိဝူးးး ဟီးးးဟီးးး

    နောက်ဒါနော် .. တီတီ …
    စုံညီတွေ့ဆုံပွဲကျရင် ဒါ့ပုံဒွေ ရိုက်လာပီး တင်အုံးနော် …

Leave a Reply