အပြုံးချိုချို နဲ ့ဆေးတံတို

အပြုံးချိုချိုနဲ ့ဆေးတံတို

 

ဆေးတံကိုစွဲမြဲစွာသောက်တတ်တဲ့ ချင်း အဘွားအိုပါ..။

တောင်ယာအလုပ်တွေ လုပ်ကိုင်ပေမယ့် မောပန်းနေတဲ့ကြားက ပြုံးရယ်နေလိုက်ပုံက ချစ်စရာကောင်းလွန်းလှပါတယ်..။

သူတို ့ရဲ  ့ ဘဝမှာ.. ဆေးတံက ကြီးဖော် ကြီးဘက်လို ့တောင် တင်စားရပါမယ်..။

အပျိုအရွယ် မတိုင်ခင်ကတည်းက ဆေးငုံကြတယ်.. ဆေးတံသောက်ကြတယ်..။

ကျနော့်အမျိုးတွေရှိတဲ့ တောင်ငူ က ရှမ်းဝတီးရွာကို သွားလည်တော့ ညီမဝမ်းကွဲ ရှမ်းမလေးတွေ ဆေးတွေ ငုံလို ့.. ကွမ်းဝါးတာတောင် သီးနေတဲ ့ကျနော့်ကို ဝိုင်းရယ်လိုက်ကြတာ..။

ညီမ တယောက်ကို ဆေးတံ သောက်လို ့ ရောဂါ ဖြစ်မယ်နော်လို ့ ကျနော်ကပြောတော့.. သူကလည်း အလာကြီးဘဲ..

“ ညီ… ဆေးလိပ်သောက်ခြင်းက စောစောသေမယ်..

ဆေးတံသောက်တော့..ပိုက်ဆံကုန်သက်သာတယ်” တဲ့..။

 

ချစ်ညီမ ပူတူးသို ့ အမှတ်တယ

ကျော်စွာခေါင်

29 comments

  • lele kyi

    August 1, 2013 at 5:00 am

    စဉ်းစားနေတာ။သူကြီး ဆာဗာဒေါင်းသွားလို့ ပန်းချီဆြာလည်းပြေးသွားပြန်ပြီလို့။ အလင်းရောင်ကျပုံကိုရေးထားတာ အရမ်းသဘောကျမိ ပါတယ်။ ဆေးတံသောက်တာမြင်ဘူးပေမဲ့အဲ့လိုအရွက်အုပ်ထားတာမမြင်ဘူး ဘူးရယ်။ ကချင်သူချောချောလေးတွေရဲ့ ပုံရောဆွဲလားဟင်။

    • kyaw swar kaung

      August 2, 2013 at 4:51 am

      ပုံလေးက တိုင်းရင်းသားပင်ကိုယ်အလှနဲ ့ရိုးရာ အလှလေး ပေါ်လွင်မယ် ဆိုရင်.. ဆွဲချင်ပါတယ်..။
      ငယ်တုန်းက ကျနော်နေတာကလည်း ကချင်ပြည်နယ်နဲ ့နီးပါတယ်..ကသာမှာ ၆လလောက် နေဘူးတယ်..။
      ကချင်လူမျိုးလဲ ရိုးသားပါတယ်.. သူငယ်ချင်းတချို ့ရှိတယ်.. မတွေ ့ရတာ နှစ်တွေ ကြာလှပါပြီ..။
      ပြောရမယ် ဆိုရင်တော့ ကချင်လူမျိုးရဲ ့ကျေးဇူးတရား ကျနော့် အပေါ်မှာ ရှိပါတယ်..။ ကချင်ပုံလေးတွေ ဆွဲပြီး တတ်တဲ့ပညာနဲ ့
      ကျေးဇူးပြန်ဆပ်ချင်ပါတယ်..။

  • Ma Ma

    August 1, 2013 at 6:08 am

    အဲဒီပန်းချီဆရာ မီးခိုးကို တော်တော်ပိုင်တယ်။ 🙂

    • kyaw swar kaung

      August 2, 2013 at 4:53 am

      မမ
      ကျနော်ဝယ်ထားတာ..မီးခိုးကို..။

  • KZ

    August 1, 2013 at 9:04 am

    ခေါင်းပေါင်းနောက်က ထွက်နေတဲ့ ဆံပင်ဖြူလေးတွေ အထိ အသေးစိတ်သကိုးးး 😀

    • kyaw swar kaung

      August 2, 2013 at 4:55 am

      မခိုင် ဆံပင်တွေ ဖြူတဲ့အခါကျ အသေးစိတ်ပုံတူ ဆွဲပေးဦးမှာ…..။

  • ဗုံဗုံ

    August 1, 2013 at 9:11 am

    အဘွားက သွားကျိုးနေတာနော်….
    တော်လိုက်တာ အူးလေးက
    တူလေးကလည်း တော်မှာပေါ့နော်… :mrgreen:

    • kyaw swar kaung

      August 2, 2013 at 5:08 am

      တူလေးက တော် တယ်ဆိုရင်..
      ဗုံဗုံ ဘာလုပ်မလို ့လဲဟင်…။
      ………..
      ………..
      ဒီကလေးမ….. တတူတူနဲ ့..။

      • ဗုံဗုံ

        August 2, 2013 at 10:31 am

        ဂျစ် လို့ပါလေ… မေ ..ဂျစ်လို့ပါလေ….
        အူးလေးကလည်း…. မသိချင်ယောင် ဆောင်ပြန်ဘီ.. :mrgreen:

  • ခင် ခ

    August 1, 2013 at 9:16 am

    ပန်းချီတော့ ကြိုက်သွားပြီဗျာ။ အတော်အသေးစိတ် ပီပြင်အောင်ဆွဲနိုင်ပါပေတယ်။
    ဆေးလိပ် ဆေးတံဆေး ကွမ်းနပ်ဆေး အဲဒါတွေအားလုံးမှာ ဆေးရွက်ကြီး သို့မဟုတ် ဆေးရိုး ပါတာမို့ ကျန်းမာရေးကတော့ အနည်းနဲ့ အများထိခိုက်တာပါဘဲ။ မျိုချတာ ရှုရှိုက်တာ နဲ့ မှုတ်ထုတ် ထွေးပစ်တာ အဲဒီမှာ ခန္ဓာကိုယ်ထဲရောက်မှု အနည်းအများ ကွာသွားတာပါဘဲလေ။

    • kyaw swar kaung

      August 2, 2013 at 5:01 am

      အားပေးချီးမွမ်းတာ ကျေးဇူးပါ ကိုခ။
      ဟုတ်ပါတယ် ဆေးလိပ်..ဆေးရွက်..ဘာမှ မကောင်းပါဘူး..ညီမက ကျနော့်ကို ရယ်စရာ ပြန်ပြောတာလေး သတိယလို ့ထည့်ရေးတာပါ..။ ခု ချိန်တော့ တိုးတက်နေမှာပါ.. အဲဒိတုန်းကဆို တောကွမ်းတော့ ..ရှိပေမယ့် ကွမ်းယာ အချိုတွေ ဘာတွေ စားချင်ရင် တောင်ငူတက်ဝယ်မှ စားရတာ.. ရွာမှာ ဘာမုန် ့မှ မရှိဘူး.. လဘက်ရည် သောက်ချင်ရင် တောင်ငူထိ ၄မိုင် ခရီး ကို စက်ဘီးနဲ ့သွားသောက်ရတာ ကျနော့်မှာ..စက်ဘီးနင်းပြီးပြန်လာရင် ဗိုက်ထဲမှာ ဘာမှ မရှိတော့ဘူး…။
      သူတို ့အတွက်က မုန် ့ပဲသွားရည်စာ လဲ ဘာမှ မရှိ မလို..ဆေးဘဲ ငုံကြတာ..။

  • ဦးကျောက်ခဲ

    August 1, 2013 at 9:58 am

    ဆြာခေါင်ရဲ့ ပန်းချီလက်ရာက အတော် အနုစိတ်တာပဲ…
    ဆေးတံဆိုလို့ ငယ်ငယ်က အဖိုးလေးရဲ့ဆေးတံကို လျှာရှည်ပြီး ဂျီးဆေးပေးလိုက်တာ…
    စိတ်ဆိုးသွားတာ အကြီးအကျယ်…
    သူ့ခမျာ ဆေးဂျိုးတက်အောင် နှစ်ရှည်လများ မွေးထားရတာတဲ့…
    🙂

    • kyaw swar kaung

      August 2, 2013 at 5:03 am

      ကြားဘူးတယ်.. ဦးကျောက်..။
      ရာဇဝင် မသိရင် ဆေးတံ မထိနဲ ့တဲ့…။

  • kyeemite

    August 1, 2013 at 10:34 am

    ကောင်းလိုက်တဲ့လက်ရာဗျာ…
    မမပြောတဲ့ မီးခိုးတင်ဘယ်ကမလဲ…အလင်းအမှောင်ကိုလည်းအပီပါဗျာ.. 🙂

  • kai

    August 2, 2013 at 3:37 am

    ကိုုရင်ကျော်စွာရေ.. ပုံပြန်တင်လိုက်ပါဦးနော..
    .ORG မှာကနေဒီဖက်အပြောင်းကျန်ခဲ့လို့..။

    ဆိုတော့.. ရာထူးလည်းတိုးထားလိုက်ပါကြောင်း….

    • kyaw swar kaung

      August 2, 2013 at 5:05 am

      ဟုတ်..ကိုခိုင် ..
      ကျနော် ပြန်တင် လိုက်ပါပြိ.. ကျနော် ထင်တာက ကျနော့်ကွန်ပြူတာမှာဘဲ မပေါ်ဘူး ထင်နေတာ…။ ဒါကြောင့်ကိုးးးး။

  • KZ

    August 2, 2013 at 6:23 am

    တကယ်နော်။
    ကျနော့် အရင် ဦးတာနော်။
    ဆံပင်ကို ဟိုင်းလိုက် အဖြူရောင်ဖောက်ပလိုက်မယ်တော့။
    ငိငိငိ
    အကြံကြီးတယ် ဘာမှတ်တုန်းးးးး
    :mrgreen:
    khaingzw@gmail.com

    • Ma Ma

      August 2, 2013 at 7:51 am

      အော်ရဂျင်နယ်ဆံပင်ဖြူနေရင်ကော……… :mrgreen:

      • KZ

        August 2, 2013 at 8:13 am

        ပန်းချီ ဆရာကြီးကို ပူဆာကြစို့ မမ။
        မီး ပုံတူ ဆွဲပေးပါ။
        မီး ပုံတူ ဆွဲပေးပြီးရင် သရဲခြောက်ခံရရင်ကို ကြောက်တတ်တော့မှာဟုတ်ဘူးလို့ အာမခံပါတယ်။
        ခွိခွိခွိ
        နော်။ နော်။

        :mrgreen:

        • Ma Ma

          August 3, 2013 at 8:42 am

          ပန်းချီဆရာက ပုံတူအောင် လှအောင် မဆွဲပေးနိုင်လို့တဲ့ အသံတောင် မထွက်နိုင်ရှာဘူး။ :loll:

    • lele kyi

      August 3, 2013 at 8:21 am

      ခိုင်ဇာ့ နောက်ကလိုက်ခြင်း…….ကျမ လည်းပုံတူအပ်ချင်တယ်။

  • ဦးကျောက်ခဲ

    August 2, 2013 at 9:19 am

    ဆရာခေါင် က စွယ်စုံရ အနုပညာပါရမီရှင်…
    စာရေး၊ ကဗျာရေးလည်း အရမ်းကောင်း၊ သဘင်အကြောင်းလဲ တဖက်ကမ်းခတ်…
    ရွာထဲက ခလေးတွေ၊ ကဗျာပြခန်းအတွက် ဆရာခေါင်ဆီက တောင်းကြပါဦး…
    အကိုကြီး… ရွာထဲရောက်လာတာ အရမ်းဝမ်းသာဂုဏ်ယူ မိပါတယ် ခင်ဗျ…
    မောင်ကျောက်
    😀

  • မဟာရာဇာ အံစာတုံး

    August 2, 2013 at 10:13 am

    ပြောင်းဖူး ဆေးလိပ်ဂျီးဒေါ့ သောက်ဖူးဒယ် …
    အိုက်လို ဆေးတံဂျီး သောက်ဖူးသေးဘူးးး
    သောက်ကျိအုံးမှ …

  • Crystalline

    August 2, 2013 at 10:43 am

    နေဝင်ချိန်ရှုခင်းတွေလည်းကြည့်ချင်ပါသေးတယ်..

  • လူကလေး

    August 2, 2013 at 11:18 am

    ပန်းချီဆွဲပြီးရင် အိုက်ပုံတွေကို ပြခန်းပို့ပါသလား ခေါင်..

    ခုမှ မြင်ဖူးတယ်ဆိုပေမယ့် အင်မတန် ကောင်းမွန်တဲ့လက်ရာ တစ်ခုလို့ ခံစားရပါတယ် ခေါင်..

    ခေါင့်အနေနဲ့ ပုံတူ ပန်းချီတွေ ရှုခင်းပန်းချီတွေကိုရော ဆွဲလေ့ရှိပါသလား ခေါင်..

    ရွာထဲက ပန်းချီပညာရှင် ခေါင် နဲ့ ဆုံရလို့ ဝမ်းသာပါတယ် ခေါင်..

    အဟဲ. .ကန်တော့ . . နောက်တာ .. ငယ်ငယ်ကတော့ ရူးဖူးတယ် .. စာသင်ချိန်မှာသူငယ်ချင်းပုံတွေကို သူတို့ မသိအောင် ဆွဲထား .. ပြီးမှ ဒါဘယ်သူလဲ သိလား ဆိုပြီးတော့ မေးကြည့် .. မှန်သွားရင် အလွန်ပျော်၏။ . အခုတော့ အဲဒါတွေက လျှောသွားပါပြီဗျာ

    • ကျော်စွာခေါင်

      August 5, 2013 at 2:18 am

      “ ဒါနဆန် မေတ္တာ ရပ်ခံအပ်ပါတယ်..ခေါင် ”

      ပုံ
      ထန်းရည် ချတဲ့ ဆရာလေး. ( ဘွဲ ့… လူကလေးမ )

  • အရီးခင်

    August 2, 2013 at 3:05 pm

    တွန့်နေတဲ့ အသားအရေ တွေ နဲ့ အဖွားအို ရဲ့ ပြုံးနေတဲ့ ရိုးစင်းလှတဲ့ မျက်နှာ လေး အပြင် လွင့်နေတဲ့ ဆေးတံအငွေ့ တွေက တကဲ့ အသက်ဝင်လွန်း တဲ့ ဓာတ်ပုံ တစ်ပုံပါဘဲ။
    ဒါပေမဲ့ အဲဒါက ပန်းချီကားတစ်ချပ်ဖြစ်နေတယ်။ 😛

  • uncle gyi

    August 2, 2013 at 11:37 pm

    ဓါတ်ပုုံကောင်းရင်ပန်ချီ
    ပန်ချီကောင်းရင်ဓါတ်ပုံဆိုတာ
    ဒါမျိုး

Leave a Reply