“မနာတတ်ဘူးပေါ့´´

 

“အား….. နာ လိုက်တာ သေပါပြီဗျ´´

“မင်းကလည်း ခြေမပေါ် ဒီ တုတ်လေးကျမိတာများ သေတော့မယ့်အတိုင်းဘဲ အော် နေလိုက်တာ´´

“မင်း ခြေမပေါ် ချကြည့်ပါလား ဘယ်လောက်နာလဲ သိရအောင် အမလေး နာလိုက်တာ´´

“ချကြည့်လည်း မင်းလောက်တော့ မသဲဘူး ဟေ့ကောင်´´

“အေးအေး မင်းက အလှည့်ကျသိလိမ့်မယ် ခုတော့ မင်းမထိတော့ မနာတတ်ဘူးပေါ့´´

 

အဲလိုနဲ့ နေလာလိုက်တာ တစ်နေ့သောအခါတွင်

“အား…….. အမလေး….. သေပါပြီ …..သူငယ်ချင်း ငါ့တွဲပါအုံး လမ်းတောင်ဆက်လျှောက်နိုင်ပါမလားသိဘူး.. အမလေး´´

“ဘယ်နားနာသွားလို့လဲ ပြစမ်း……….. အော် ဟုတ်ပါရဲ့ သွေးခြေတောင်ဥသွားတယ် နေအုံးသူငယ်ချင်း ငါပရုတ်ဆီလေး ဟိုနားကဆိုင်မှာ သွားပြေးဝယ်လိုက်အုံးမယ် ခဏလေးပါကွာ´´

ပရုတ်ဆီ အပြေးလေးဝယ်ပြီး ပြန်လာကာ သူငယ်ချင်းခြေထောက် ဒါဏ်ရာကို လိမ်းပေးတော့

“သူငယ်ချင်း မင်းခြေမကို တုတ်ကျလို့ မင်းနာတုန်းက ငါက ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတယ် မင်း ကျတော့ ဘာလို့ ငါ ကိုမပြောဘဲ ဆေးတောင်ပြေးဝယ်ပြီး လိမ်းပေးတာလဲ မင်းမှာ အမှတ်သဲခြေမရှိဘူးလား´´

“လူ အတော်များများက သူများနာနေရင် ဂရုစိုက်ရကောင်းမှန်း ကိုယ်ချင်းစာရကောင်းမှန်း မသိကြဘူးလေ၊ အဲ ကိုယ့်အသားထိပြီ ကိုယ့် အကျိုးထိပြီဆိုရင်တော့ နာရကောင်းမှန်သိကြ တတ်တာပေါ့ကွာ´´

“ဟုတ်ပါပြီ သူငယ်ချင်းရေ နောက်ဆို သူများနာသာတွေ့ရင် ကိုယ်ချင်းစာစိတ်လေး ထားတတ်အောင် နေကြည့်မယ်ကွာ´´

“ကဲ မင်းလျှောက်နိုင်လား ဖြေးဖြေးလျှောက်ကွာ ငါကိုလည်း တွဲထား´´

 

 

ခင်ခ။

(ကိုယ့်အတွေးနဲ့ကိုယ် ရေးပုံက………………..)

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..