“မနာတတ်ဘူးပေါ့´´

ခင္ခAugust 1, 20131min18412

“မနာတတ်ဘူးပေါ့´´

 

“အား….. နာ လိုက်တာ သေပါပြီဗျ´´

“မင်းကလည်း ခြေမပေါ် ဒီ တုတ်လေးကျမိတာများ သေတော့မယ့်အတိုင်းဘဲ အော် နေလိုက်တာ´´

“မင်း ခြေမပေါ် ချကြည့်ပါလား ဘယ်လောက်နာလဲ သိရအောင် အမလေး နာလိုက်တာ´´

“ချကြည့်လည်း မင်းလောက်တော့ မသဲဘူး ဟေ့ကောင်´´

“အေးအေး မင်းက အလှည့်ကျသိလိမ့်မယ် ခုတော့ မင်းမထိတော့ မနာတတ်ဘူးပေ့ါ´´

 

အဲလိုနဲ့ နေလာလိုက်တာ တစ်နေ့သောအခါတွင်

“အား…….. အမလေး….. သေပါပြီ …..သူငယ်ချင်း ငါ့တွဲပါအုံး လမ်းတောင်ဆက်လျှောက်နိုင်ပါမလားသိဘူး.. အမလေး´´

“ဘယ်နားနာသွားလို့လဲ ပြစမ်း……….. အော် ဟုတ်ပါရဲ့ သွေးခြေတောင်ဥသွားတယ် နေအုံးသူငယ်ချင်း ငါပရုတ်ဆီလေး ဟိုနားကဆိုင်မှာ သွားပြေးဝယ်လိုက်အုံးမယ် ခဏလေးပါကွာ´´

ပရုတ်ဆီ အပြေးလေးဝယ်ပြီး ပြန်လာကာ သူငယ်ချင်းခြေထောက် ဒါဏ်ရာကို လိမ်းပေးတော့

“သူငယ်ချင်း မင်းခြေမကို တုတ်ကျလို့ မင်းနာတုန်းက ငါက ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတယ် မင်း ကျတော့ ဘာလို့ ငါ ကိုမပြောဘဲ ဆေးတောင်ပြေးဝယ်ပြီး လိမ်းပေးတာလဲ မင်းမှာ အမှတ်သဲခြေမရှိဘူးလား´´

“လူ အတော်များများက သူများနာနေရင် ဂရုစိုက်ရကောင်းမှန်း ကိုယ်ချင်းစာရကောင်းမှန်း မသိကြဘူးလေ၊ အဲ ကိုယ့်အသားထိပြီ ကိုယ့် အကျိုးထိပြီဆိုရင်တော့ နာရကောင်းမှန်သိကြ တတ်တာပေါ့ကွာ´´

“ဟုတ်ပါပြီ သူငယ်ချင်းရေ နောက်ဆို သူများနာသာတွေ့ရင် ကိုယ်ချင်းစာစိတ်လေး ထားတတ်အောင် နေကြည့်မယ်ကွာ´´

“ကဲ မင်းလျှောက်နိုင်လား ဖြေးဖြေးလျှောက်ကွာ ငါကိုလည်း တွဲထား´´

 

 

ခင်ခ။

(ကိုယ့်အတွေးနဲ့ကိုယ် ရေးပုံက………………..)

 

12 comments

  • Ma Ma

    August 1, 2013 at 9:18 am

    ကိုယ်ထိမှ ကိုယ်သိဆိုသလို ကိုယ်ဖြစ်ဖူးတော့ နာတာကိုသိသလို
    အခြားသူကိုလည်း ကိုယ်ချင်းစာပေးတတ်တဲ့ စိတ်အခြေခံရှိလို့ ဖြစ်ပါလိမ့်မယ်။
    ဒါ့ထက် ထိမိခိုက်မိရင် ပရုပ်ဆီလိမ်းမယ့်အစား ရေခဲကပ်ပေးရင်လည်း ကောင်းတယ်။
    ရေခဲကပ်တာက အားကစားသမားတွေသုံးတဲ့နည်းပါ။

    • ခင် ခ

      August 1, 2013 at 9:31 am

      အမ မမ ရေ ရေခဲကပ်တဲ့နည်းလေး မျှဝေပေးသမို့ ကျေးဇူးပါ။

  • KZ

    August 1, 2013 at 9:33 am

    ကိုယ်ချင်းစာတတ်မှ နာပေးတတ်တာကိုးးး ကိုကြီးခရယ်။

    များသောအားဖြင့် ကိုယ့်ဒုက္ခမှ တကဲ့ ဒုက္ခလို့ ထင်တတ်ကြတဲ့ အမျိုးမို့။ 🙂

  • ဦးကျောက်ခဲ

    August 1, 2013 at 9:48 am

    ဆြာခရေ…
    သူတပါးကို သဲရန်ကောလို့ ငြူစူမိတတ်ပေမည့်၊ ကိုယ်ခံစားရမှ ဝေဒနာကိုသိတာ…
    ကိုယ်ချင်းစာတတ်တဲ့ စိတ်ဓာတ်ကလေး၊ များများမွေးဖို့ လိုအပ်နေပြီဗျို့…
    🙂

  • ဦးကြောင်ကြီး

    August 1, 2013 at 10:29 am

    အကျိုးထိ
    ပလို့ဂျိ
    အဘိုးသိ
    သူခိုးမိ
    တံပိုးအိ
    နွားသိုးဖိ
    လဟိုးကွိ
    မရိုးချိ…

    • kyaw swar kaung

      August 2, 2013 at 1:04 am

      ဦးကြောင်ရဲ ့ နဘေ ကာရံတွေကတော့ ဩချရလောက်အောင် မြောက်တယ်..
      ဘယ်ပို ့စ်မှာ ကြည့်ကြည့်.. ကော်မန် ့တွေက မိုက်နေတာဘဲ..။
      သင်ရဦးမယ်…နောက်မှ…။

  • kyaw swar kaung

    August 2, 2013 at 1:14 am

    ကိုခ
    အဲဒီစိတ်က တော်တော် နက်နဲတယ်..။
    ကိုယ့်ကို သူများက ကိုယ်ချင်းစာပေးလိုက်ရင် ကျေနပ် ကြည်နူးပေမယ့်..
    ကိုယ့်အလှည့်ကျရင် သူများအပေါ်မှာ ကိုယ်ချင်းစာဘို ့ကို အသိစိတ်မှာ ငုတ်နေတတ်တယ်..။
    လူတိုင်းမှာ ဒီစိတ်အခြေခံက ရှိပြီးသားဘဲ.. ထုတ်မသုံးဘူး…
    ဓါးတစ်ချောင်းလိုဘဲ အမြဲသွေးနေတဲ့ ဓါးက ထက်သလို ဒီကိုယ်ချင်းစာစိတ်ဆိုတာ အမြဲသုံးရင် စိတ်ခံစားမှုမှာ..
    တွဲပါပြီး..ထက်နေတဲ့ သဘောဗျ.. ။
    ကိုယ်ချင်းစာစိတ် မသုံးတာများတော့ ချောင်ထိုးထားတဲ့ ဓါးလို တန်ဘိုး လျှော့သွားရော..တန်ဘိုးပါ မဲ့သွားတာ..။
    နှမြောစရာ ကောင်းတာက လူမှာ ပင်ကိုယ် ပါပြီးသား အင်မတန်ကောင်းတဲ့ စိတ် ပိုက်ဆံ မကုန်တဲ့ စိတ်ကို..
    လူတိုင်းက မသုံးကြဘူး…
    ဓါး တချောင်း တုံး သွားလို ့ ပစ်လိုက်ရတာ..ဘာမှ မနစ်နာပေမယ့်..
    ကိုယ့်မှာရှိတဲ ့ကိုယ်ချင်းစာစိတ် တုံးသွားရင်…………………………………………………….
    လူ ့တနဘိုးပါ တန်းလျော့သွားတာ…။

    ကျနော်မြင်တဲ့ ခံယူစိတ်လေးပါ ကိုခရေ…
    ခင်တဲ့
    ကျော်စွာခေါင်

    • ခင် ခ

      August 2, 2013 at 10:02 am

      ကိုကျော်စွာခိုင် ရဲ့ သုံးသပ်ဆွေးနွေးရေးချက်လေးကို သဘောကျကြိုက်တယ်ဗျာ။
      ပိုစ့်အကြောင်းအရာကိုလည်း ထင်ဟပ်ပေါ်လွင်စေတယ်ပေါ့။ ကွန်မန့်လေးအတွက် ကျေးဇူးပါဗျ။
      အခြား ကွန်မန့်ပေး ဝင်ရောက်အားပေးကြသော ရွာသူားတွေကိုလည်းကျေးဇူးပါ တစ်ဦးချင်း စီ ပြန်မရေးနိုင်တာက အခုတလော ရွာတံခါးက ဖွင့်တစ်ခါ ပိတ်တလှည့်ဖြစ်နေလို့ပါနော် ခွင့်လွှတ်ဗျို့.

  • မဟာရာဇာ အံစာတုံး

    August 2, 2013 at 10:50 am

    ဦးခင်ခ ။ ။ အမလေး .. သေဘာဘီ …။
    ဒက်ဒီပေါက် ။ ။ ဘာဖစ်ဒါဒုံးဟ …။
    ဦးခင်ခ ။ ။ သချင်းဆိုဖို့ နမူနာ အော်ကျိဒါ …။
    ဒက်ဒီပေါက် ။ ။ ဟာကွာ .. လဖက်ရည် တိုက် ….။
    ဦးခင်ခ ။ ။ တိန် .. ဘာမွှလည်း ဆိုင်ဝူး …။

    :mrgreen:

  • အရီးခင်

    August 2, 2013 at 3:33 pm

    ကိုခ ရေ
    ကိုခ ရဲ့ စာနာစိတ်ပြန့်ပွါးရေး သတိပေး စာစုလေး ကို အားဖြည့်ပေးတဲ့ ပန်းချီဆရာ ရဲ့ စာလေး ကို သဘောကျ လို့ ထပ်ဝင် ကွန့်ပါရစေ။
    {
    နှမြောစရာ ကောင်းတာက လူမှာ ပင်ကိုယ် ပါပြီးသား အင်မတန်ကောင်းတဲ့ စိတ် ပိုက်ဆံ မကုန်တဲ့ စိတ်ကို..
    လူတိုင်းက မသုံးကြဘူး…
    ဓါး တချောင်း တုံး သွားလို ့ ပစ်လိုက်ရတာ..ဘာမှ မနစ်နာပေမယ့်..
    ကိုယ့်မှာရှိတဲ ့ကိုယ်ချင်းစာစိတ် တုံးသွားရင်…………………………………………………….
    လူ ့တနဘိုးပါ တန်းလျော့သွားတာ…။
    }
    အဲဒီ တန်ဖိုးဖြတ် မရ တဲ့ ပိုက်ဆံ ကုန် ခံစရာမလို တဲ့ အဲဒီ စိတ်လေး ကို တန်ဖိုးဖြတ် လို့ ရတဲ့ မမြဲတဲ့ ပိုက်ဆံ တွေ၊ ဂုဏ်တွေ က ဝယ်သွားတာ ခံနေကြရတာ။
    🙄

  • စဖတ်စ က မန်းမလို့လုပ်တော့ ကော်နက်ရှင်ကြောင့်ထင်ပါတယ် ကော်မင်းပိတ်နေတယ်။
    ပြောမှသိ
    ထိမှနာ
    သာမှနေ
    သေမှခင်
    ရှောင်ကျဉ်သင့်ပါသတဲ့။
    သူများအိမ်နံရံမှာချိတ်ထားတာလေးပါ။

  • အလင်း ဆက်

    August 2, 2013 at 9:34 pm

    ကိုယ့် ထိမှ….သိတဲ ့…စိတ်…

    ကိုယ်ချင်းစာတရား…နည်းပါးသူတွေမှာ..ရှ်ိပါလား…

Leave a Reply