သင်ဘာအရုပ်ထုမလဲ

အာဂAugust 1, 20131min20919


အတိတ်ဆိုတာ
ပဲ့ကြွေသွားတဲ့…သစ်သားစ…

ပစ္စပ္ပုန် က…
လက်တစ်စုံ…

အနာဂတ်…ဟာ..
ထွက်ပေါ်လာမည့် ပန်းပုရုပ်…

ဘီလူးရုပ်ထုမလား
နတ်ရုပ်ထုမလား ..
သင်…စဉ်းစာ…..
သင်ဆိုတာ သင့် ဘဝအတွက်..ပန်းပုထုသမား…။

19 comments

  • အလင်း ဆက်

    August 1, 2013 at 5:54 pm

    လောလောဆယ်
    ကျွန်တော်က တော့
    ချစ်သုဝေ ရဲ ့ပုံတူ ရုပ်တုလေး ထုချင်နေတယ်

    အဟိ

    ==========
    ကဗျာ လေး က ပေးထားတဲ့
    ရသ ကို ခံစားပြီး
    ပြောထားတဲ့ စကားလေးကို
    နားထောင် သွားပြီဗျု ိ့

    • အာဂ

      August 1, 2013 at 6:02 pm

      ချစ်သုဝေ ပုံထုရင်တော့ လင်းလင်းနဲ့ အရင်ရှင်းရမယ် အလင်းစက်ရေ..။ ပထမဆုံး ကွန့်မန့် အတွက် ရှဲရှဲနိ

  • Mr. MarGa

    August 1, 2013 at 7:37 pm

    အလို
    သင်သည်သာ သင့်ဘွရဲ့ ပပုဆြာ ဖြစ်ပေတော့သကိုး….

  • Ma Ma

    August 2, 2013 at 8:06 am

    (သင်ဆိုတာ သင့် ဘဝအတွက်..ပန်းပုထုသမား…။)
    ထောက်ခံပါတယ်။ 🙂 🙂 🙂

  • မဟာရာဇာ အံစာတုံး

    August 2, 2013 at 10:18 am

    အူးလေးဂဂရေ ..
    နတ်ရုပ်လည်း ထုဂျင်ဝူးး
    ဘီလုရုပ်လည်း ထုဂျင်ဝူးးး
    တော်ဘာဘီ …
    လူရုပ်လေးဘဲ ထုဒါ ကောင်းဒယ် …

    • လူကလေး

      August 2, 2013 at 11:06 am

      ဦးဦး အံစာ.. လူရုပ်လေးဆိုတာ “တီမီး”.. ကိုပြောတာလားဟင်.. .. အဟိ..

      • မဟာရာဇာ အံစာတုံး

        August 2, 2013 at 1:00 pm

        အွမ် ….
        အင်းး .. အဲ .. ဟုတ်ဒယ် .. ဟုတ်ဒယ် …
        တီမီး ကို ပေါဒါ .. ဟွန်းးး

  • လူကလေး

    August 2, 2013 at 11:09 am

    ခုလောလောဆယ်ထိတော့ ကိုယ်ထုနေနဲ့ ကိုယ့်ပုံကိုက ဘာပုံမှန်းကို မသိသေးဘူးဖြစ်နေတယ် . ဂဂ .. ဟွင်း .. စိတ်လေတယ်..

  • KZ

    August 2, 2013 at 12:07 pm

    တာမီးကတော့ လွယ်တဲ့ပုံ ကို
    အပျင်းတကြီး ထုလိုက်တာမှာ
    ဘာပုံ ပေါက်သွားမှန်းမသိတော့ပါဘူးရှင့်။
    ခွိခွိခွိ 😀

    • မဟာရာဇာ အံစာတုံး

      August 2, 2013 at 1:02 pm

      အင်းးး
      ဘာရုပ်ပေါက်တွားဒုံးဆိုဒေါ့ဂါ ..
      ဟမ်းးးး ပေါဒေါ့ဘာဝူးးးလေ …
      မမဂျီးဒွေ ပျံပေါရင် ငရဲကြီးနေမှာ စိုးညို့ …

      • KZ

        August 2, 2013 at 1:19 pm

        ပြောရဲ ပြောကြည့်ပေါ့။
        နာလည်း ပြန်ပြောမှာပေါ့။
        ဟွန့်။ သိပ်ကြည်တာမဟုတ်ဘူးနော်။ ဘာမှ လာမပြောနဲ့။ 🙁

  • Yin Nyine Nway

    August 2, 2013 at 2:36 pm

    ဘွဆိုတာ လိုချင်သလို ပုံဖော်လို့မှ မရဘဲတဲ့ …(လေးပေါက်ပြောတာ ) :O

  • kai

    August 2, 2013 at 3:01 pm

    တကယ်တော့.. မိဘဆိုတာ.. အတော်ဆုံးပန်းပုသမားဗျ…
    သားသမီးကြည့်ပါလား..
    သူထုတဲ့အတိုင်း… ထွက်တာ… :mrgreen:

  • အရီးခင်

    August 2, 2013 at 3:12 pm

    ပုံပြင်တစ်ခု မှာတော့
    ယမင်းရုပ် ထုရင်း ကနေ တဖြေးဖြေး ပြောင်းသွားရင်း သွားကြားထိုးတံ နဲ့ အဆုံးသတ်သွားသတဲ့။
    😉

  • GARFIELD

    August 2, 2013 at 4:24 pm

    ရွာထဲက တစ်ယောက်ကတော့ လူရုပ်ထုမလို့အားခဲထားသတဲ့…
    ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းအတိအကျရထားပါတယ်…

    ခင်မင်လျက်-
    ဂါဂါး

  • ကြာ ညောင်

    August 2, 2013 at 4:59 pm

    အေးဗျာ….မျက်စိကမှုန်…..ခါးကကိုင်း……သတိတွေကလည်းမကောင်း
    ဒီအချိန်ကျမှ ထု လို့ ပုံဖြစ်ပါ့အုံးမလား……..။

  • Nyein Nyein

    August 2, 2013 at 8:30 pm

    အခုတလောတော့ ထုချင်တဲ့အရုပ်ကတစ်မျိုး၊ ထွက်လာတဲ့အရုပ်ကတစ်မျိုး ဖြစ်နေတယ်။

  • ဦးကြောင်ကြီး

    August 3, 2013 at 7:59 am

    ထုစဉ်မှာ
    ဥရွှင်လာ
    ဖုအင်ညှာ
    ငုကြင်လျာ
    ဆုသဉ္စာ
    ညုဖင်စွာ
    ခုဝင်နွှာ
    ကုတင်ခါ..။

  • kyeemite

    August 6, 2013 at 3:45 pm

    ကိုယ်ထုဆစ်တဲ့အရုပ်
    ဘာပုံထွက်လည်း
    ပြန်မကြည့်ရဲသူ
    မဖြစ်ပါစေနဲ့…
    ပုံ/ ပန်းပုဆြာဂျီး
    ဦးမိုက်ကြီး
    :mrgreen:

Leave a Reply