အရင့်ရောင်မှတ်တမ်း ဩဂတ်စ် ၂၀၁၃

kaiAugust 2, 20136min70667

ငါးကြီးဆီစားရင်.. ဆီးကျိတ်ကင်တာဖြစ်နိုင်ခြေများတယ်တဲ့.. ၇ဝရာခိုင်နှုန်းတောင်…။
ကိုလက်စရောတက်လို့စားသူများ.. သတိ..သတိ…။

7/24/2013 @ 8:00AM |15,824 views

Does Fish Oil Increase One’s Risk Of Getting Prostate Cancer?

Fish oil capsFish oil caps (Photo credit: Stephen Cummings)

For the past week, the phone has been ringing ceaselessly at the office of Dr. David Samadi, chief of urology at Lenox Hill Hospital, and a top prostate cancer expert. Ever since a new study came out showing a surprising link between long touted omega-3 fatty acids and prostate cancer, emails have been pouring in from patients who want to know if they should be taking these supplements? Should they even be eating fish?
..
Indeed, they pointed to an increased risk of advanced prostate cancer of over 70 percent in men who had high levels of long-chain omega-3 fatty acids in their blood.

[author] [author_image timthumb=’on’][/author_image] [author_info]http://www.forbes.com/sites/marcsiegel/2013/07/24/does-fish-oil-increase-ones-risk-of-getting-prostate-cancer/[/author_info] [/author]

=============

မြေပဲဆံနဲ့လုပ်ထားတဲ့မုန့်စားလိုက်တာ.. အလဂျီနဲ့ ၁၃နှစ်ကလေးသေတယ်တဲ့..။
အဲဒီဘိုမလေးက စားပြီးသိသိချင်းအံထုတ်တာမရလို့ .. အဖေဆရာဝန်ကအသက်ကယ်ဆေးထိုးတာလည်း မရတော့ပဲ ဆေးရုံပို့တာ လမ်းမှာတင်သေတာပါတဲ့..။

Girl with peanut allergy dies after eating peanut butter-laced dessert at summer camp

Natalie Giorgi, 13, was staying with her family at the campsite when she accidentally bit into a Rice Krispies treat iced with peanut butter frosting.

By / NEW YORK DAILY NEWS

A family vacation took a tragic turn when a teenage girl with a severe peanut allergy died after accidentally eating a peanut butter-laden dessert.

Thirteen-year-old Natalie Giorgi, from the Sacramento area, was staying at Camp Sacramento in El Dorado County, Calif., with family members and other campers.

===========================

ဆေးချလို့ အချုပ်ထဲထည့်တာ.. အချုပ်မှာရဲတွေ ၄ရက်မေ့ထားမိတဲ့အတွက် ကောလိပ်ကျောင်းသားကိုနစ်နာကြေး ၄.၁သန်းဒေါ်လာ အစိုးရကလျှော်ပေးတယ်တဲ့..

Student abandoned in prison cell gets $4.1m payout

Daniel Chong faced no charges but was seemingly forgotten and endured four days locked up in isolation without food or water

Daniel Chong drank his own urine as he endured four days alone in a police cell

Daniel Chong drank his own urine as he endured four days alone in a police cell without food, water or anyone seeming to know he was there. Photograph: KC Alfred/AP

A 25-year-old college student has reached a US$4.1m settlement with the US government after he was abandoned in a windowless cell for more than four days without food or water.

Daniel Chong told how he drank his own urine to stay alive, hallucinated that agents were trying to poison him with gases through the vents and tried to carve a farewell message to his mother in his arm.

It remained unclear how the situation occurred and no one had been disciplined, said Eugene Iredale, an attorney for Chong. The justice department’s inspector general is investigating.

“It sounded like it was an accident – a really, really bad, horrible accident,” Chong said.

http://www.theguardian.com/world/2013/jul/31/prisoner-abandoned-cell-payout-millions

=======================

 

67 comments

  • KZ

    August 2, 2013 at 11:57 am

    မြေပဲ အလာဂျီကတော့ ကြားဖူးတယ်။
    ငါးကြီးဆီ ကတော့ တန်ဆေး လွန်ဘေးပေါ့။

    တတိယသီတင်းတော့မပြောတတ်။

    • kai

      August 2, 2013 at 2:36 pm

      မြေပဲအလာဂျီမြန်မာပြည်မှာ တော်တော်ရှားမယ်ထင်တယ်..။
      ရှိချင်လည်းရှိမှာ.. မသိတာလည်းဖြစ်ချင်ဖြစ်မယ်…

      ငါးကြီးဆီကတော့.. အမျိုးသားများသတိပြုစရာပါ..။
      ယူအက်စ်မှာတော့. ငါးကြီးဆီထုတ်တဲ့ သူတွေငိုနေရပြီ..
      ဘီလီယံဘစ်ဇနက်ဈေးကွက်ပျက်ချင်ပျက်မယ့်ပုံ…

  • မင်းမင်း

    August 2, 2013 at 12:31 pm

    ဒီမှာတော့ အချုပ်ထဲကျနေတဲ့

    သူတွေကို မမေ့ ဘယ်တော့မှမမေ့

    သိတယ်မလားးး :mrgreen:

  • ခင် ခ

    August 2, 2013 at 12:49 pm

    “ကောလိပ်ကျောင်းသားကိုနစ်နာကြေး ၄.၁သန်းဒေါ်လာ အစိုးရကလျှော်ပေးတယ်တဲ့..´´ သူတို့ဆီမှာမို့ပါ ဒီမှာတရားသွားဆွဲရင် ရုံးတော်ကိုမထီမဲ့မြင်ပြုမှု ပုဒ်မထပ်တိုးခံရမယ်သာမှတ် သဂျီးရေ။

  • မဟာရာဇာ အံစာတုံး

    August 2, 2013 at 1:07 pm

    အမယ် …
    အောက်ကကောင်ရဲ့ ရုပ်က …
    ဒီရွာထဲက သဂျားရုပ်နဲ့ ခပ်ဆင်ဆင်ရယ် ….

    • ဗုံဗုံ

      August 2, 2013 at 2:34 pm

      အမှုချင်းလည်း ခပ်ဆင်ဆင်ရယ် :mrgreen:

  • Ma Ma

    August 2, 2013 at 2:33 pm

    သတင်းပြူးဆိုလို့ ဘာများပါလိမ့်လို့ ဝင်ဖတ်ကြည့်တာ….
    ဟုတ်ပါရဲ့ မျက်စေ့ပြူးလောက်တဲ့ သတင်းတွေချည်းပဲ။ 🙂

    • kai

      August 2, 2013 at 3:19 pm

      ခေါင်းစဉ်ပြန်ပြောင်းလိုက်တယ်…
      ဩဂတ်စ်လရောကြ်ပီမို့.. ထုံးစံပြောင်းပြန်… အရောင်ရင့်ကနေ.. အရင့်ရောင်မှတ်တမ်းရယ်လို့… :mrgreen:

      • GARFIELD

        August 2, 2013 at 4:55 pm

        သူကြီးက ရွာသားဖြစ်ဖူးသူ အရင့်ရောင်ကို လွမ်းနေတာများလားလို့…

  • KZ

    August 2, 2013 at 2:58 pm

    တစ်ခုပြောမို့။
    ပြီးမှ အကျယ် ရှာပြီး တင်ပေးပါ့မယ်။
    G6PD deficiency ဖြစ်တဲ့ ကလေးတွေမှာ အိမ်သုံးဆေးတော်တော်များများနဲ့ မတည့်ဘူးးး၊ ပဲကြားနဲ့မတည့်ဘူးးးး၊ ဘောက်သီးနဲ့ မတည့်ဘူးးးး၊ ပရုတ်လုံးနဲ့ ဓာတ်မတည့်ဘူး ဆိုတာမျိုးရှိတယ်လေ။
    အဲဒါ အသက်ကြီးတဲ့ထိ ရာသက်ပန်သဘောမျိုးရှောင်ရတာရယ်။

    မြေပဲကတော့ ရှားတောင့်ရှားပါးပဲ။
    တစ်ယောက်ပဲ တွေ့ဖူးတယ်။ အလာဂျီ ဖြစ်တာလောက်ပဲရှိတာ။

  • kai

    August 2, 2013 at 3:16 pm

    အီးမေးလ်ကရတာလေးပါ…။
    မနက်ဖြန် ဘာကလေး(မြောက်ပိုင်းကယ်လီဖိုးနီးယား)မှာ ကျောင်းသားအလံလွှင့်မယ်တဲ့…။
    အဲဒီသတင်း…

    Dear BADA members,

    Just sending out a friendly reminder to join BADA tomorrow morning at 8am at Berkeley’s Civic Center Park for our annual Burma Day flag raising ceremony. Not only will we be commemorating the 25th anniversary of 8/8/88, and hear speeches from local and international activists – but we will also take action. Come out and show your support for a peaceful and prosperous Burma by signing onto our open letter to Capital Group Companies, urging more responsible and transparent investment in Burma’s natural resources.

    Please help spread the word by sharing the flyer below, and inviting your friends to the facebook event.

    And please check out our blog post and official press release!

    In Solidarity,
    Jared Naimark
    BADA Summer Intern

  • โทรศัพท์มือถือ

    August 2, 2013 at 10:36 pm

    သူကြီးရဲ့ သတင်းတွေကလည်းထူးဆန်းပါပေတယ်
    ကျနော်လည်း မြဝတီမှာရေကြီးပြီး အခြေအနေမလှလို့
    အညာဒေသပြန်ပြီး မြေပဲဆံခိုး အိတ်စပို့ လုပ်ဖို့ကြံ မြေပဲဆံနဲ့လုပ်တဲ့မုန့်စားရင် ဒီလိုဖြစ်တတ်တယ်ဆိုဒေါ့
    ဈေးကောင်းရဖို့မလွယ် အခြားဒေသထွက် တစ်ခုခုကို ခိုးဖို့ ကြံမှပဲ

  • uncle gyi

    August 2, 2013 at 11:44 pm

    ဆိုးလိုက်တဲ့မြေပဲဆန်
    ငါးကြီးဆီကတော့လွန်အောင်စားတဲ့သူတွေဖြစ်တာထင်ပါရဲ့ သူကြီးရယ်
    အဲလောက်အလျော်ရလို့ကတော့၁ဝနှစ် ၁ဝနှစ်

  • kai

    August 3, 2013 at 3:45 pm

    ယူအက်စ်မှာလုပ်မယ့်.. မြန်မာ့ရုပ်ရှင်ပွဲတော်သတင်းပါ..။
    အယ်လ်အေနဲ့..ဆန်ဖရန်မှာလုပ်ဖြစ်မယ်လို့.. သတင်းရပါကြောင်း..။
    မင်းသမီးနဝရတ်နဲ့..Bungkus ဒေါကျုမန့်ထရီကားကဒါရိုက်တာလေးသီတာတို့… ယူအက်စ်ကိုလာပြီး ရုပ်ရှင်ပွဲတော်တက်မှာဖြစ်ပါကြောင်း..။

  • Mr. MarGa

    August 3, 2013 at 4:14 pm

    အလွန့် အလွန် နာမည်ကြီးသွားတဲ့ TU Thanlyin ရဲ့ ဗီဒီယို
    အဲဒါကိုမှ အငမ်းမရ သတင်းဖြစ်အောင် ဖွတဲ့ သံတော်ဆင့်
    ပြန်ရှင်းရင်းက ပိုရှုပ်သွားတဲ့ ဒီကိစ္စ
    နောက်ဆုံး ထွက်လာတဲ့ ညွှန်ကြားချက်က
    သပန အောက်က ကျောင်းများ extra activities ကို ကျောင်းဖွင့်ရက်မှာ လုပ်ခွင့်မပြု တဲ့
    သေရောဟ
    (သပန ကျောင်းသားထုအတွင်း လောလောဆယ် ခံစားချက်များ များပြားနေပါကြောင်း )

  • kai

    August 4, 2013 at 6:41 am

    ၈လေးလုံး ၂၅နှစ်ငွေရတုကိုဂုဏ်ပြုပြီး.. Illustrate လုပ်တာပါ..။

  • kai

    August 4, 2013 at 4:33 pm

    မှတ်တမ်းကျန်ရစ်ရန်ဖေ့စ်ဘုတ်မှကူးယူပါသည်။

    ” ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. ”
    ” ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. ”
    ” ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. ”
    ” သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. ”
    ” ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. ”
    ” ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂိ္ဂုလ် …အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. ” ..
    ( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို ့ .. ။

    ” ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား … ဘယ်နေရာ သွားထားပါသလဲ ဘုရား .. ”
    ” ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. ”
    ” အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. ”
    ” ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. ”
    ” ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. ”
    ” မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ ”

    ( တောင်တွင်းကြီးမြို ့ နတ်မှီတောရ ဆရာတော်ဘုရားကြီး )

    ” ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် ”
    ” ဘာတုန်းဟ ကပိ္ပယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ … ”
    ” ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား … ”
    ” ကပိ္ပယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ … အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. ”

    ( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

    တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရရဧ။် ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေရှင် ..

    ( မထေရ်မြတ်တို့ဧ။် စကားဝိုင်းမှ )

  • အရီးခင်

    August 4, 2013 at 11:03 pm

    စိတ်မှန်တဲ့တရား ခေါင်းမှာထည့်ပြီး တွေးပါ။ သူအမြဲပြောပါတယ်။
    မေတ္တာလေ နဲ့ အသက်ရှူပြီး သွားပါ။ သူအမြဲပြောပါတယ်။
    သစ္စာရေသောက် ဘဝ တည်စောက်ပြီး လျှောက်ပါ။ သူအမြဲပြောပါတယ်။
    ခေါင်းမဖော်နိုင်တဲ့ စိတ်ဒါဏ်ရာနဲ့ အတိတ်မှာ မနေနဲ့ ပြောပါတယ်။
    မလဲပြိုနိုင်တဲ့ သိက္ခာတွေ နဲ့ ရှေ့ကိုကြည့်စမ်း ပြောပါတယ်။
    သမိုင်းဆိုတာက တို့တွေအကုန်လုံး သင်ယူဖို့ ပြောပါတယ်။




    မင်းမွေးတဲ့မြို့မလိုဘူး။ မင်းရိုးသားဖို့ လိုတယ်။
    မင်းကိုင်းရှိုင်း တဲ့ ဘုရားမဆိုင်ဘူး။ မင်းရိုးသားဖို့ လိုတယ်။
    မင်းရတဲ့ ဘွဲ့ မလိုဘူး။ မင်းရိုးသားဖို့ လိုတယ်။
    မင်းရဲ့ အသိုင်းအဝိုင်းမဆိုင်ဘူး။ မင်းရိုးသားဖို့ လိုတယ်။

    တေးရေး လင်းလင်း – သံမဏိလိပ်ပြာ

  • အရီးခင်

    August 4, 2013 at 11:04 pm

    ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေ့စဉ် အတွေးစကား တွေ ကို အမြဲ Follow လုပ်ချင်တယ်။
    သူ နဲ့ နီးစပ်သူ တွေ များ ရှိခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် အတွက် Twitter Account လေးများ ဖွင့်ပေးကြပါလား။
    ဒါဆို သူနောက်မှာ ကမ္ဘာ နဲ့ချီပြီး Follow လုပ်ကြမှာ။

  • kai

    August 6, 2013 at 12:29 am

    ‘Avatar’: James Cameron Announces Third Sequel And Release Dates

    After years of wondering when we’d see a sequel to “Avatar,” James Cameron’s 2009 megahit that went on to become the biggest movie of all time, we finally got an answer for when moviegoers will return to the exotic planet of Pandora.

    Actually, we got three answers.

    That’s because Cameron’s plan to make two sequels to “Avatar” is now a plan to film three movies simultaneously. The director and 20th Century Fox announced plans today to bring on three teams of writers to collaborate with Cameron separately on “Avatar 2,” “Avatar 3,” and “Avatar 4,” due in theaters December 2016, December 2017, and the third at some point the following year. The current plan is to get the scripts in good enough shape to film all three at the same time.

    http://www.mtv.com/news/articles/1711656/james-cameron-avatar-sequels.jhtml

  • kai

    August 7, 2013 at 2:49 pm

    Wednesday, August 7, 2013
    တပ်မတော် အစိုးရလက်ထက် အမှား ဝန်ခံရန် သမ္မတကို ဦးမြင့် ပြောပေးမည်ဟုဆို

    ရန်ကုန်၊ ဩဂုတ် ၆

    ရှစ်လေးလုံး အရေးတော်ပုံ အပါအဝင် တပ်မတော် အစိုးရ လက်ထက်က ကျူးလွန်ခဲ့သော အမှားများ ဝန်ခံရန် သမ္မတ ဦးသိန်းစိန်ကို ပြောဆိုပေးမည် ဟု သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့် က ပြောကြားသည်။

    ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ဆွေးနွေးပွဲ တွင် ခေါင်းစဉ် လေးခုဖြင့် သီးခြား ဆွေးနွေး ရာတွင် ‘တိုင်းပြည် ပြန်လည် တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ’ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ၌ ပရိသတ် တစ်ဦး၏ မေးမြန်းချက် ကို ဒေါက်တာဦးမြင့်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ် သည်။

    တစ်ပါတီ အာဏာရှင် ပြုတ်ကျရေး တစ်နိုင်ငံလုံး တက်ကြွစွာ ပါဝင်ခဲ့သည့် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးတွင် ဆန္ဒပြ ပြည်သူလူထုကို နှိမ်နင်း ခဲ့သော တပ်မတော် အစိုးရကို တစ်စုံတစ်ရာ နောက်ကြောင်းပြန် အရေး မယူလိုသော်လည်း အစိုးရ တစ်ရပ်အနေနှင့် မိမိ လုပ်ဆောင်ခဲ့သည့် အမှားကို အနည်းဆုံး ဝန်ခံရန် လိုကြောင်း Generation Wave အဖွဲ့ ခေါင်းဆောင် ဦးမိုးဃ်သွေးက ယင်းအခမ်းအနားတွင် မေးမြန်း ပြောဆို ခဲ့ခြင်း ဖြစ်သည်။

    တစ်ပါတီ အာဏာရှင် စနစ်ကို ဖြုတ်ချခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီခရီး အစပျိုးနိုင်ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံတွင် အသက် ပေးခဲ့ရသူများကို အစိုးရက တစ်နည်းနည်းဖြင့် အသိအမှတ်ပြုရန် လိုကြောင်း နိုင်ငံရေး ဆောင်းပါးများ သုံးသပ် ရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်းက ယင်းအခမ်းအနား တွင် ပြောဆိုသည်။

    ရှစ်လေးလုံး အရေးတော်ပုံတွင် အရပ်သား ၄၁ ဦး၊ ဆန္ဒပြ တပ်မတော်သား ၂၄ ဦး သေဆုံးခဲ့ကြောင်း ဘာတေး လစ်တနာ၏ ဒေါမာန်ဟုန် စာအုပ် တွင် ရေးသားထားသည်။

    ဆန္ဒပြမှုများ၊ အရေးအခင်းများ ဆက်တိုက် ဖြစ်ပွားခဲ့သော ၁၉၈၈ တစ်နှစ်လုံး တွင် စုစုပေါင်း သေဆုံးသူ ထောင်ချီနိုင်ကြောင်း ခန့်မှန်းမှုများလည်း ရှိသည်။

    ယင်းအချိန်က အသက် ပေးလိုက်ရသူများအတွက် ကျဆုံးစာရင်း ပြုစုနိုင်ရန် ၈၈ မျိုးဆက် ကျောင်းသား ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အခမ်းအနား ဖွင့်ပွဲတွင် တိုက်တွန်းပြောဆိုခဲ့ သည်။

    လက်ရှိ သမ္မတအဖြစ် တာဝန်ယူနေသော ဦးသိန်းစိန်သည် ယင်းအချိန်က ဗိုလ်မှူး အဆင့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ခ.လ.ရ (၈၉) တွင် တပ်ရင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

    ရန်ကုန်မြို့တော် မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ဩဂုတ်လ ၆ ရက်နေ့မှ စတင် ကျင်းပနေသည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားတွင် ပြည်တွင်း ပြည်ပမှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ တိုင်းရင်းသား အဖွဲ့အစည်းများစွာ တက်ရောက်ခဲ့ပြီး စုစုပေါင်း တက်ရောက်သူ ဦးရေ ၂၅၀ဝ ကျော် ရှိမည် ခန့်မှန်းကြောင်း အခမ်းအနား ကျင်းပရေး ကော်မတီဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။

    The Voice Weekly

  • အရီးခင်

    August 7, 2013 at 3:13 pm

    (From Khin Ma Ma Myo Facebook Page)
    ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ
    (ဩဂုတ်လ ၆ ရက်၊ ၂၀၁၃ ခုနှစ်)

    စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်

    ဦးဆောင်ဆွေးနွေးသော ပုဂ္ဂိုလ်များမှာ- ဦးအေးသာအောင်၊ ဦးကိုကိုကြီး၊ ဦးသံခဲ၊ ဦးဌေးသိန်း (စာရေးဆရာ နောင်ကျော်)၊ ဒေါ်ခင်မမမျိုး

    ကျွန်မဆွေးနွေးပွဲခဲ့သော အကြောင်းအရာများထဲမှ ကောက်နှုတ်ချက်တခု-

    “………ဖိနှိပ်သူတွေနဲ့ ဖိနှိပ်ခံရသူတွေအကြားမှာ စစ်မှန်တဲ့ နားလည်ခွင့်လွှတ်မှု
    ဖြစ်ပေါ်လာရေးမှာ အဆင့် သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ အသိပေးခြင်းအဆင့် (acknowledgment) ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဖိနှိပ်ခဲ့တဲ့ အာဏာရှင်တွေဟာ သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာကိုအများပြည်သူကို အသိပေးမှုတွေ ပြုလုပ်ရပါတယ်။
    အမှန် တရားကို ဖော်ထုတ်ပြောကြားပြီး၊ နောင်အချိန်မှာ ဒီလို မဖြစ်စေရဘူးဆိုတဲ့ အသိကို လူအများယုံကြည်လာအောင် အသိပေးရပါတယ်။ နောက်တချက် ကတော့ contrition အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဖိနှိပ်ချုပ်ချယ်သူ အာဏာရှင်တွေဟာ
    အတိတ်ကဖြစ်ရပ်တွေအတွက် တာဝန်ယူတာ၊ နောင်တရမှုကို ထုတ်ဖော် ပြောကြားတာနဲ့ ခွင့်လွှတ်ဖို့ တိုက်ရိုက်တောင်းပန်မှုတွေ ပြုလုပ်ရပါတယ်။ ဒီအဆင့်မှာ ရိုးသားမှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ တတိယအဆင့်ကတော့ ခွင့်လွတ်ခြင်းအဆင့် (forgiveness) ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ဖိနှိပ်ခံခဲ့ရသူများက အတိတ်က
    နာကျည်းချက်များကို သင်ပုန်းချေပြီး နားလည်ခွင့်လွှတ် ပေးတာဖြစ်ပါတယ်။
    ဒီအတွက် အချိန်အတိုင်းအတာတခု ကြာမြင့်တတ်ပါတယ်။ ပထမအဆင့်နှစ်ဆင့်မှာ
    ဖိနှိပ်သူတွေဘက်က ဘယ်လောက်အတိုင်းအတာအထိ ရိုးသားစွာပြင်ဆင် ခဲ့လဲ ဆိုတာပေါ်မှာ အဓိက မူတည်ပါတယ်။ ဒါကြောင့်လဲ မှန်ကန်တဲ့ နားလည်ခွင့်လွှတ်လက်ခံမှု
    တွေ ဖြစ်လာဖို့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ လိုအပ်လာတာ ဖြစ်ပါတယ်။ ဒါမှလဲ အနာဂတ်တိုင်းပြည် တည်ဆောက်မှုကို အရှိန်အဟုန်နဲ့ တိုးတက်အောင် လက်တွဲ
    တည်ဆောက်နိုင်မှာဖြစ်ပါတယ်။………..”

    • kai

      August 7, 2013 at 3:49 pm

      ဗုဒ္ဓဘုရားက.. အတိအကျကိုညွှန်ပြထားတာရှိပါတယ်..

      နှစ်၂၆၀ဝ သာသနာခရီးထဲ.. လူဆိုးတွေသိပ်ဝင်မရှုပ်လို့.. မူရင်းအတိုင်းတော်တော်များများ… ဘုရားဟောအတိုင်းကျန်မယ်ထင်ရတဲ့.. ဝိနည်း(ပိဋကတ်သုံးပုံထဲကတပုံ)ထဲမှာပါ..
      အပြစ်လုပ်မိတဲ့.. ရဟန်းတွေအာပတ်ဖြေပုံဖြေနည်းကိုကြည့်ပါပေါ့..။

      ဒီအလေ့အကျင့်တွေဟာ .. ရိုးရာဓလေ့အဖြစ်.. မြန်မာတိုင်းရှိသင့်ထားသင့်တာပါ…
      အပြစ်လုပ်မိတဲ့သူက.. ဖွင့်ချဝန်ခံတောင်းပန်ရမယ်..။
      ကျေအေးခွင့်လွှတ်ရမယ်..
      “တောင်းပန်ကျေအေးဓလေ့”လို့ဆိုပါစို့..
      မြန်မာတိုင်း.. ဗမာတိုင်းမှာ ကျန်ရစ်စေသတည်း….။ :mrgreen:
      =================
      သံဃာချင်း ဒေသနာကြား (အာပတ်ဖြေ) ပုံ

      ရဟန်းငယ်က ရဟန်းကြီးထံ ဒေသနာကြားပုံ
      ((အာပတ်)) အပြစ်သို့ရောက်ခြင်း

      အငယ်။ ။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
      အရှင်ဘုရား တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။

      အကြီး။ ။ သာဓု သာဓု သာဓု။
      ကောင်းပြီ ကောင်းပြီ ကောင်းပြီ။

      အငယ်။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပတိဒေသေမိ။
      တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အာပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို အရှင်ဘုရားထံ၌ ပြောကြားပါ၏။

      အကြီး။ ။ ပဿသိ အာဝုသော တာ အာပတ္တိယော။
      ငါ့ရှင် ထိုအာပတ်အားလုံးကို အပြစ်ဟုုရှုပါ၏လော။

      အငယ်။ ။ အာမ ဘန္တေ ပဿာမိ။
      မှန်ပါ အပြစ်ဟုရှုပါသည်အရှင်ဘုရား။

      အကြီး။ ။ အာယတိံ အာဝုသော သံဝရေယျာသိ။
      ငါ့ရှင်နောင်ကို စောင့်ထိန်းပါလော့။

      အငယ်။ ။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
      ကောင်းပါပြီအရှင်ဘုရား နောင်ကိုစောင့်ထိန်းပါမည်။

      အကြီး။ ။ သာဓု သာဓု သာဓု။
      ကောင်းပြီ ကောင်းပြီ ကောင်းပြီ။

      ———————————————-

      ရဟန်းကြီးက ရဟန်းငယ်ထံ ဒေသနာကြားပုံ
      ((အာပတ်)) အပြစ်သို့ရောက်ခြင်း

      အကြီး။ ။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
      ငါ့ရှင် တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။

      အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
      ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

      အကြီး။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုယှမူလေ ပတိဒေသေမိ။
      တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အားပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို ငါ့ရှင်ထံ၌ ပြောကြားပါ၏။

      အငယ်။ ။ ပဿထ ဘန္တေ တာ အာပတ္တိယော။
      အရှင်ဘုရား ထိုအာပတ်အားလုံးကို အပြစ်ဟုုရှုပါ၏လော။

      အကြီး။ ။ အာမ အာဝုသော ပဿာမိ။
      မှန်ပါ၏ငါ့ရှင် အပြစ်ဟုရှုပါသည်။

      အငယ်။ ။ အာယတိံ ဘန္တေ သံဝရေယျာထ။
      အရှင်ဘုရား နောင်ကို စောင့်ထိန်းပါဘုရား။

      အကြီး။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
      ကောင်းပါပြီငါ့ရှင် နောင်ကိုစောင့်ထိန်းပါမည်။

      အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
      ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

  • kyeemite

    August 7, 2013 at 4:06 pm

    အတိတ်ကာလက ပြည်သူများ မည်သို့ပေးဆပ်၊ ရုန်းကန်ခဲ့ရသည်ကို သိရှိမှသာ အနာဂတ်ကို တန်ဖိုးထား ဖော်ဆောင်နိုင်မည် ဖြစ်သောကြောင့် မိမိတို့သည် ပစ္စုပ္ပန်၌ ရပ်တည်လျက် အတိတ်ကာလမှ ပြည်သူများ မည်သို့ပေးဆပ်ခဲ့ရသည်ကို သိရှိစေရန်အတွက် ဖော်ထုတ်ရမည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။

    “ရှစ်လေးလုံး ဖြစ်ရပ်ကို ဝိုးတဝါးဖြစ်ရတဲ့၊ အကျအန မသိရသေးတဲ့ နောင်မျိုးဆက်တွေ နားထောင်ပါ။ ပုံတွေကိုကြည့်ပါ။ အဲဒီမှာ ပါဝင်ပတ်သက်ခဲ့တဲ့၊ ဆုံးရှုံးခဲ့တဲ့ မိသားစုတွေ၊ ကိုယ်တိုင်နာကျင် ခံစားခဲ့ရတဲ့သူတွေရဲ့ ပုံရိပ်တွေကို မြင်နိုင်ပါလိမ့်မယ်။ ဒီသမိုင်း၊ ဒီအရေးတော်ပုံကြီးဟာ ပြီးခဲ့တဲ့ ၂၅ နှစ်က အားလုံးသိတဲ့ အတိုင်းပါပဲ။ စစ်အစိုးရရဲ့ သတင်းစာတွေထဲမှာ မင်းမဲ့စရိုက်ဖြစ်ခြင်း၊ လုယက်ဆူပူခြင်း၊ အရေးအခင်း၊ အကြမ်းဖက်မှုကြီးမျိုးစုံ နာမ်နှိမ်ခံခဲ့ရပါတယ်။ ပြောရရင်တော့ ပုံဖျက်ခံရတာပါ။ ကျွန်တော်တို့ ဒီကနေ့ အခမ်းအနား ကျင်းပဖို့ကို ကျွန်တော်တို့ ဒီအရေးတော်ပုံဆိုတဲ့ စကားလုံးကို ဘယ်လိုနည်းနဲ့မှ မလျှော့ပေးနိုင်ဘူး။ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ ကျွန်တော်တို့ဘက်ကလည်း အရေးတော်ပုံကနေ တစ်ပြားမှ မလျှော့နိုင်ဘူး။ အကြိမ်ကြိမ် အခါခါ ပြောပါတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂၄ နှစ်ကို ဖုန်းမော်တစ်နှစ်ပတ်လည် ကတည်းကပါ။ တကယ်မြင့်မြတ်တဲ့ အရေးတော်ပုံ တစ်ခုကို တခြားစကားလုံးတွေနဲ့ အစားထိုးပြီး သေးသိမ်သွားအောင် ယုတ်ညံ့သွားအောင် အပြုမခံနိုင်ပါဘူး” ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

    ယခုပြုလုပ်သောပွဲသည် မိမိတို့ထက် အရေးတော်ပုံတွင် ကျဆုံးခဲ့သော အညတရ သူရဲကောင်းများကို အထူးတလည် ဂုဏ်ပြုသည့်ပွဲလည်း ဖြစ်သောကြောင့် မိမိတို့ ကြုံဆုံခဲ့ရသော ဖြစ်ရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ရေးသားပေးရန်လည်း တိုက်တွန်းပြောဆိုသည်။
    http://www.news-eleven.com/local/21935-%E1%80%9B%E1%80%BD%E1%80%85%E1%80%B9%E1%80%B1%E1%80%9C%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%95%E1%80%AF%E1%80%B6-%E1%80%B1%E1%80%84%E1%80%BC%E1%80%9B%E1%80%90%E1%80%AF-%E1%80%A1%E1%80%81%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%81%8A-%E1%80%99%E1%82%8F%E1%81%B2%E1%80%B1%E1%80%9C%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%94%E1%80%9A%E1%80%B9%E1%80%A1%E1%80%9B%E1%80%95%E1%80%B9%E1%80%9B%E1%80%95%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%85%E1%80%90%E1%80%84%E1%80%B9%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%95

  • padonmar

    August 7, 2013 at 10:20 pm

    မရွှေဖီးကွက် ရေးထားတာပါ။
    Sorry Day
    August 7, 2013 at 5:48pm

    ဒီနေ့ မနက် Sydney လေဆိပ်မှာ သမီးလာကြိုပြီး အပြန်လမ်းမှာ အရုပ်ဆိုးဆိုး ခလေးလေးတစ်ယောက်ပြုံးနေတဲ့ပုံ ဆိုင်းဘုတ်ကြီးတစ်ခုတွေ့လိုက်လို့ ကျမကသမီးကို ခေတ်ကလည်းပြောင်းသွားလိုက်တာ ရုပ်ဆိုးတဲ့ပုံနဲ့ကြော်ငြာရိုက်ကြတယ်နော်လို့ ပြောတော့ သမီးက ဒီပုံက Australia နိုင်ငံရဲ့ မူရင်းနိုင်ငံသားတွေဖြစ်တဲ့ Aborigines လူမျိုး ခလေးပုံ၊ အခုဒီမှာ အဲဒီလူမျိုးတွေကို လက်ရှိအစိုးရက အကြီးအကျယ် တောင်းပန်နေကြတယ်လေ တဲ့။

    အနောက်ဥရောပတိုက်သားတွေ Australia တိုက်ကို နယ်မြေချဲ့လာပြီးတဲ့နောက် ၁၈၈ဝ ပတ်ဝန်းကျင်မှာ Aborigines လူမျိုးတွေအပေါ် မတရားအနိုင်ကျင့်ဗိုလ်ကျခဲ့တာတွေ၊ ၄နှစ်အရွယ်ရောက်လာတဲ့ Aborigines ခလေးတွေကို မိခင်တွေထံက အဓမ္မ ခွဲထုတ်ခေါ်ဆောင်သွားပြီး အနောက်တိုင်းအသိုင်းအဝိုင်းနဲ့ ဝင်ဆန့်မဲ့၊ အနောက်တိုင်းအသိုင်းအဝိုင်းအတွက် အသုံးဝင်မဲ့ လူတွေဖြစ်လာအောင် ဇွတ်ပုံသွင်းပြောင်းလဲမိခဲ့ကြဖူးတဲ့ ကိစ္စတွေကို အခုနှစ်ပေါင်းတစ်ရာကျော်ကြာလာပြီး ဒီမိုကရေစီရဲ့ အနှစ်သာရ တရားမျှတတဲ့ လူ့အခွင့်အရေးတွေကို အလေးထားလိုက်နာလာဖို့ကြိုးစားလာချိန်မှာ တစ်ချိန်က ကိုယ့်လူမျိုးတွေက မတရားလုပ်ခဲ့ဖူးတဲ့ အမှားကို ကိုယ်လုပ်ခဲ့တာမဟုတ်လို့ ကိုယ်နဲ့မဆိုင်ဘူးလို့ခေါင်းမရှောင်ဘဲ မှတ်မှတ်ရရနဲ့ အလေးအနက်တောင်းပန်နေကြတဲ့ ခေါင်းဆောင်မျိုးတွေကိုတော့ ကျမလေးစားမိပါတယ်။

    ၁၉၉၈ခုနှစ် မေလ ၂၈ရက်နေ့မှာ ပထမဆုံးသော National Sorry Day အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပခဲ့ရာမှာ ၂၀၀၅ခုနှစ်ကစပြီး National day of healing ဆိုပြီး Australian နိုင်ငံသားအားလုံးအကျုံးဝင်လာအောင်ပြောင်းလဲ အမည်ပေးခဲ့ကြရင်း တောင်းပန်တဲ့ အရှိန်ကို ပိုမိုမြှင့်တင်လာခဲ့ကြတာ အခုဆို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ခေတ်စားနေပါတယ်။ ကျမတို့နိုင်ငံမှာလဲ ဘယ်တော့များမှ Sorry Day လေးများကျင်းပနိုင်မလဲမသိဘူးနော်။ ဝမ်းနဲခဲ့ရတဲ့ နေ့တွေကလည်းများခဲ့ပြီ။

    • Foreign Resident

      August 8, 2013 at 4:49 am

      ” ဒီပုံက Australia နိုင်ငံရဲ့ မူရင်းနိုင်ငံသားတွေဖြစ်တဲ့ Aborigines လူမျိုး ခလေးပုံ၊
      အခုဒီမှာ အဲဒီလူမျိုးတွေကို လက်ရှိအစိုးရက အကြီးအကျယ် တောင်းပန်နေကြတယ်လေ တဲ့ ”

      ” ဒီမိုကရေစီရဲ့ အနှစ်သာရ တရားမျှတတဲ့ လူ့အခွင့်အရေးတွေကို
      အလေးထားလိုက်နာလာဖို့ကြိုးစားလာချိန်မှာ
      တစ်ချိန်က ကိုယ့်လူမျိုးတွေက မတရားလုပ်ခဲ့ဖူးတဲ့ အမှားကို
      ကိုယ်လုပ်ခဲ့တာမဟုတ်လို့ ကိုယ်နဲ့မဆိုင်ဘူးလို့ခေါင်းမရှောင်ဘဲ
      မှတ်မှတ်ရရနဲ့ အလေးအနက်တောင်းပန်နေကြတဲ့ ခေါင်းဆောင်မျိုးတွေကိုတော့
      ကျမလေးစားမိပါတယ် ”

      မ ပဒုမ္မာ ရေ ။

      ဟိုးရှေးကတည်းက ကျနော် တောက်လျောက်ပြောလာတာလည်း ၊
      အဲဒီ အမှားအတွက် တောင်းပန်တတ်တဲ့ ယဉ်ကျေးမှု ပါပဲ ။

      တစ်နေ့နေ့တော့ ဖြစ်လာမှာပေါ့ဗျာ ။
      တိုင်းသူပြည်သားတွေရဲ့ ၊ ပညာတတ်မှု ၊ ရင့်ကျက်မှု ၊
      ကိုယ်ချင်း စာနာတတ်မှု နှင့် ယဉ်ကျေးမှု ရေချိန်တွေ ၊
      တဖြေးဖြေးခြင်း မြင့်တက်လာနေတာကို တွေ့နေရပါတယ် ။

      အခုဆို ဖက်ဒရယ် ဆိုတဲ့စကားကိုတောင် ၊
      တော်တော်လေး လက်ခံ / နားယဉ် လာကြပြီပဲ ။

      နိုင်ငံတကာ အဆင့်မှီ ပညာတတ်ပြီး ၊ စိတ်ရင်းကောင်းတဲ့ ၊
      အမေစု လို ခေါင်းဆောင်မျိုး ရှိနေသရွေ့တော့ ၊
      တစ်နေ့နေ့မှာ အမေစု က ကိုယ်စား တောင်းပန်ပါလိမ့်မယ် ။

    • ဦးကြောင်ကြီး

      August 8, 2013 at 9:29 am

      အဲ့လို ဆိတ်အစောဂျနဲ့လေ… ဩဇီ အဘိုဂျင်းနီးစ်တွေလို မျိုးမှ မဖြုတ်ရသေးတာ… ရောက်တဲ့တနေ့ ဖြစ်လာမှာပူနဲ့… 🙄

  • kyeemite

    August 8, 2013 at 9:13 am

    အခုမှသတိထားမိတာလေးတစ်ခု….
    အခုမှသတိထားမိတယ်..အားလုံးလူရွှင်တော်ပြန်ဖြစ်ကုန်ပီနော်…
    “ကြယ်တစ်လုံး” လေ 🙂
    တစ်ကပြန်စတာလားမသိ…
    သဂျီးကိုယ်တိုင်တောင် လူရွှင်တော်ကြယ်တစ်လုံးဖြစ်နေပြီ…ေွိခွိ

  • kai

    August 8, 2013 at 4:31 pm


    ဒီပုံကို ကြည့်ရင် မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ကျက်သရေရှိမှုနဲ့
    စိတ်ဓာတ်တက်ကြွနေတဲ့ မျက်နှာလေးကို မြင်ကြရမှာပါ။
    ပုံစာမှာ ထိုးထားတဲ့အတိုင်း သူဟာ တစ်ခေတ်တစ်ခါက နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ခိုင်ခင်ဦးပါပဲ။

    ၈၈အရေးတော်ပုံမှာ သူလည်း ပြည်သူတစ်ယောက်အနေနဲ့ တတပ်တအား ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ခဲ့တဲ့အတွက် အာဏာရူးတွေက အကြံအစည်ရှိရှိ ယုတ်မာခဲ့တယ်။ နာမည်ကျော်လည်း ဖြစ်၊ မိန်းမသားလည်း ဖြစ်နေတော့ ထောင်ထဲဆွဲသွင်းလို့ မကောင်းတာကြောင့် ပိုပြီး ထိရောက်တဲ့နည်းနဲ့ တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်။

    စတိတ်ရှိုးတစ်ခုမှာ ခိုင်ခင်ဦး သီချင်းဆိုနေတဲ့အချိန်မှာ သူတို့အကြံအစည်အတွက် ဂွင်ဝင်ခဲ့ပါတယ်။

    အဲဒီတုန်းက ခိုင်ခင်ဦးဟာ တီရှပ်ခပ်ပွပွကို ဝပ်ဆင် သီဆိုခဲ့တယ်။ စတိတ်ရှိုးဆိုတော့ ပြေးပြေးလွှားလွှား လှုပ်လှုပ်ရှားရှားဆိုရတာပေါ့။ ဒါကို အသင့်ချောင်းနေတဲ့ အာဏာရှင်ရဲ့ လက်ပါးစေတွေက စတိတ်ရှိုးစင်အောက်ကနေ ပင့်ပြီး ဗီဒီယိုရိုက်ယူတယ်။

    တီရှပ်ပွပွအောက်ကနေ ရင်ဝတ်ဘရာဇီယာ တစ်စွန်းတစ်စ အဲဒီဗီဒီယိုမှာ ပါဝင်သွားခဲ့ပါတယ်။ ဒီဗီဒီယိုကို အများပြည်သူကြားထဲ ဖြန့်လိုက်တယ်။ ပြီးတော့ ဗိုလ်ချုပ်မျိုးညွှန် ့ (အဲဒီတုန်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှုး) က မြန်မာ့ယဉ်ကျေးမှုနဲ ့ မကိုက်ညီတဲ့ ဝတ်စားဆင်ယဉ်မှုပြုတယ်ဆိုပြီး ရုပ်ရှင်ရိုက်ခွင့် ပိတ်လိုက်ပါတယ်။

    အောက်က မပေါ်ပေါ်အောင် ပင့်ရိုက်မှတော့ ဂွင်ထဲဝင်ပြီပေါ့။ တကယ်တမ်းအဲဒီတုန်းက ခိုင်ခင်ဦးဝတ်ထားတာ ဘာမှ မဆိုးရွားပါ။ ခပ်ပွပွ တီရှပ်သာလျှင်ဖြစ်ပါတယ်။

    မိန်းကလေးတစ်ယောက်ကို အရှက်တကွဲအကျိုးနည်းဖြစ်အောင် လုပ်လိုက်တာပါ။ ခိုင်ခင်ဦးဟာ အဲဒီကတည်းက အနုပညာလောကထဲက ထွက်သွားရတာပါပဲ။ ယနေ့ သုဝဏ္ဏ၊ ကမာကြည်တံတားအဆင်းနားက ခြံမှာ နေထိုင်နေဆဲဖြစ်တဲ့ (ဒေါ်) ခိုင်ခင်ဦးဟာ မိသားစုနဲ့ အေးချမ်းစွာ ဘဝကိုဖြတ်သန်းနေပြီး ပကာသနမဖက်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာ အနီးဝန်းကျင်ကလူတွေ အားလုံးသိကြပါတယ်။

    Myanmar Video News

  • kai

    August 10, 2013 at 2:26 pm

    ဝိပဿနာမူရင်းက.. အိနိ္ဒယကဖြစ်ပြီး.. မြန်မာပြည်ကို တိဘက်ဘုန်းတော်ကြီးတပါးဆီကရတယ်လို့.. ဖတ်ခဲ့ဖူးတယ်..။
    အခုတော့.. မြန်မာပြည်ကနေလား.. အိန္ဒယတိုက်ရိုက်လားမသိ… .. အစ္စလမ်ဘာသာကပါ တန်းစီပြီး.. ဆွဲလုပုံပေါ်ပါတယ်..
    အောက်တွင်ကြည့်ပါ… :mrgreen:

    • ဦးကျောက်ခဲ

      August 10, 2013 at 3:26 pm

      မြန်မာမှူ ပြုချက်ကတော့ လန်ထွက်နေတာပဲ…
      ဘာ ကမ္မဋ္ဌာန်းတွေများ ပေးမယ်မသိ… ဟီ ဟိ

    • ဦးကြောင်ကြီး

      August 10, 2013 at 9:49 pm

      သူရို့ဒွေ ဘုရားမရှိခိုးခင် နမက်ဇ်ဖတ်တာ တွေ့ဖူးကြမှာပေါ့… လက်ဝါးနှစ်ဖက်ဖြန့် ဘုရားစာရွတ် မျက်နှာကိုလက်နဲ့သပ်တယ်… အဲဒီမှာ အမြဲဂျင်းသဘောကို ရှုရတယ်… သို့သော် သူတို့အနိစ္စက အလ္လာရှင်မြတ်သာမြဲ ကျန်တာအားလုံးမမြဲ လုပ်တာဗျ…. ဗုဒ္ဓဘာသာမှာလို အရာခပ်သိမ်း မမြဲဟုတ်ဖူး… ဘာပဲဖြစ်ဖြစ် ဖြစ်ပျက်ရှုလို့ အဲဒါကိုပဲ ဝိပဿနာ တပ်ပုံရတယ်… ဒါနဲ့ စကားအတင်းစပ် အီရန်ရှေးဟောင်းစာပေ ကဗျာတွေမှာ ဗုဒ္ဓဆိုတဲ့ ဝေါဟာရပါတယ်.. အဲဒီမှာ ဗုဒ္ဓဘာသာ တချိန်က ထွန်းကားခဲ့ဖူးတယ်… အိန္ဒိယနဲ့ စပ်နေတာကိုး…. အာဖဂန် ကနေများသွားသလားလည်း မသိဘူး…။ နောက်မှ သာသနာကွယ်တာ…။ ဆိုတော့…. ဖန်ဆင်းရှင်အယူ လွှမ်းမိုးသွားတော့ အဲဒီဖြစ်ပျက်ကို စုတုပြုလုပ်တာ ဖြစ်နိုင်ပါတယ်….

  • kai

    August 11, 2013 at 4:38 pm

    မောင်ဝံသ ကွယ်လွန်

    သတင်းစာဆရာ၊ စာရေးဆရာ၊ ဘာသာပြန်သူနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယဥက္ကဌ မောင်ဝံသခေါ် ဦးစိုးသိန်း ဟာ ဩဂုတ်လ ၁၁ ရက် မနက်က ရန်ကုန် မြို့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

    မောင်ဝံသဟာ ၁၉၆၂ ရန်ကုန် တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့ပြီး လုပ်သား၊ မြန်မာ့အလင်း စတဲ့ သတင်းစာ တွေမှာ ထမ်းဆောင်ခဲ့ကာ ၁၉၈၈ သပိတ်မှာ ပါခဲ့လို့ ဗိုလ်တထောင် အယ်ဒီတာ အဖြစ်က ရပ်စဲ ခံခဲ့ရ ပါတယ်။

    အမိုျးသား ဒီမိုကရေစီ အဖွဲ့ခုျပ် တတ်သိ ပညာရှင်များ အဖွဲ့မှာ ပါဝင်ခဲ့ကာ ပဲခူးတိုင်း စည်းရုံးရေး ကော်မတီဝင်၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် တာဝန်ယူ ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ ဝေါက အရွေးခံ ခဲ့ရပါတယ်။

    ဂန္ဒီ ခန်းမ ဆုံးဖြတ်ချက် အတိုင်း လွှတ်တော် ခေါ်မပေးရင် ဆောင်ရွက်ဖို့ လိုတဲ့ နည်းလမ်း သုံးသွယ် စာတမ်း ပြုစုရာမှာ ပါဝင် ခဲ့မှုနဲ့ NLD ဗဟို အလုပ်အမှုဆောင်ဝင် ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးခင်မောင်ဆွေ၊ ဗိသုကာ ဦးကျော်မင်း၊ ဦးစိန်လှဦး (မောင်နွယ်ဦး) တို့နဲ့ အတူ အရေးပေါ် စီမံမှု အက်ဥပဒေ နဲ့ ၁၉၉ဝ က ထောင်ချ ခံရပါတယ်။

    ၁၉၉၆ မှာလည်း ထပ်မံ ဖမ်းဆီး ခံရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ် ခံရပါတယ်။

    ၁၉၇၃ က ကစ်ဆင်းဂျား အတ္ထုပတ္တိနဲ့ ဘာသာပြန် လောကမှာ ထင်ရှားလာ ခဲ့ပြီး မိုရှေဒါယန်၊ အာယန်ဒေး၊ အီဂျစ် သမ္မတ ဆဒတ်၊ နစ်ဆင်၊ မာရှယ် တီးတိုး၊ ခရုရှက်၊ မောင့်ဘက်တန် နိုင်ငံရေး အတ္ထုပတ္တိ တွေ၊ ရှေ့နေကြီး ပယ်ရီမေဆင် ဝတ္တုတွေကို ဘာသာ ပြန်ခဲ့ပါတယ်။

    ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ လက စပြီး အတွေးအမြင် စာစဉ်ကို ထုတ်ဝေခဲ့ပြီး ပြည်သူ့ခေတ် ဂျာနယ်ကိုလည်း ထုတ်ဝေသူ အယ်ဒီတာ အဖြစ် ကွယ်လွန်တဲ့ အထိ ဆောင်ရွက်ခဲ့ပါတယ်။

    ဂျပန်နဲ့ အမေရိကန် နိုင်ငံများကို သတင်းစာ ပညာ သွားရောက် လေ့လာခဲ့ သလို မြန်မာ နိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်နဲ့ စာနယ်ဇင်း ပညာ ထွန်းကားရေး အတွက် စာအုပ် စာတမ်းများ ရေးသား ပြုစုခဲ့ပြီး သင်တန်း များလည်း ပို့ချ ခဲ့ပါတယ်။

    ၂၆ နှစ်တာ အတွက် ၂၆ ရက်တာ လက်စားချေခြင်း ဆောင်းပါးကို ပြည်သူ့ခေတ် ဂျာနယ် အတွက် နောက်ဆုံး ရေးသား ခဲ့ပါတယ်။

    ဘီဘီစီ (မြန်မာပိုင်း)

  • အရီးခင်

    August 13, 2013 at 3:07 am

    ဒီနှစ် မှာ ဒီည (12 August 2013) က ကြယ်ကြွေမိုး ရွာ တာ ကို အကောင်းဆုံး မြင်ရတဲ့ ည ပါတဲ့ ဗျို့။
    ကြယ်ကြွေည မှာ ဆုတောင်းချင်သူများ အတွက် ……..
    သတင်းပေးတာ နောက်တောင်ကျသွားတယ်။
    ==========================================
    http://www.bbc.co.uk/news/science-environment-23673948

    Perseid meteors: Skywatchers prepare for shower peak

    The shower, which reaches its peak on Monday, occurs when the Earth passes through a stream of dusty debris from Comet Swift-Tuttle.
    As this cometary “grit” strikes the atmosphere, it burns up, creating spectacular streaks of light across the night sky.
    The meteors appear to come from a point called a “radiant” in the Constellation Perseus – hence the name Perseid.
    The tiny fragments of ice and dust – they range in size from a grain of sand to around as big as a pea – hit the Earth’s atmosphere at some 60km/s (134,000 mph). As many as 60-100 streaks an hour may be visible at the height of the display.
    Skywatchers are advised to lie on a blanket or a reclining chair to get the best view.
    Comet Swift-Tuttle came relatively close to Earth in 1992, which made for an especially dramatic show. Since then, the display has calmed down.
    The comet is not due to come so close to the Earth again until the middle of the next decade.

    • Mr. MarGa

      August 20, 2013 at 1:28 pm

      ဒီလမှာ ရွာတဲ့ ကြယ်ကြွေမိုး ကို ရပ်စေချင်နေပြီ…..

  • အရီးခင်

    August 15, 2013 at 1:36 am

    ရင်ကွဲ စရာ သတင်း
    စာရေးဆရာ မင်းလူ ကွယ်လွန် သွားကြောင်း သိ ရသဖြင့် ဆရာ့ မိသားစု နဲ့ ထပ်တူ ဝမ်းနည်းပါသည်။

    သတင်းမှား ဖြစ်ပါစေ ဆုတောင်းရင်း (ဦး)မင်းလူ ကောင်းရာသုဂတိ လားပါစေ။
    နောင်ဘဝ တွေ မှာ လဲ ချစ်စရာ ကောင်း အောင်ဖွဲ့ ပေးခဲ့ ဆရာ့ဝတ္တုဇာတ်ကောင် တွေ လိုဘဲ မျက်နှာမြင်ချစ်ခင် ဆိုတဲ့ ဆု နဲ့ ပြည့်ပါစေ ဆရာ ရေ။
    😥

  • kai

    August 16, 2013 at 3:46 am

    ဟံသာဝတီဦးဝင်းတင်ပြန်ပြောတဲ့.. “ရန်ကုန်ရှစ်လေးလုံးပွဲ”ရဲ့ကြေငြာစာတမ်းး….

    ==
    တိုတိုပြောကြပါစို့ရဲ့။

    ကျုပ် ဒီဆောင်းပါးရေးချိန်မှာ မန္တလေးရှစ်လေးလုံးပွဲ့ရဲ့ ကြေညာချက်၊ ဆုံးဖြတ်ချက်တို့ကို မဖတ်ရသေးဘူး။ ဘာတွေပြောလဲ မသိရသေးဘူး။ ရန်ကုန်ရှစ်လေးလုံးပွဲရဲ့ ကြေညာစာတမ်းကတော့ အားရစရာပဲဗျာ။ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများရဲ့ ထုတ်ပြန်ကြေညာစာတမ်းဗျ။

    ကြေညာစာတမ်းက-

    (၁) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ထူထောင်ရန် လိုအပ်တယ်လို့ ခံယူတယ်။

    (၂) ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသားအင်အားစုများ အားလုံးပါဝင်တဲ့ ညီလာခံကြီးတစ်ရပ်ကျင်းပရန် လိုအပ်တယ်လို့ ခံယူတယ်။

    ဒီခံယူချက်များနဲ့အညီ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့ တာဝန်များကို ဆက်လက်ထမ်းရွက်သွားမယ်လို့ ကြေညာ လိုက် တယ်ဗျ။

    ကောင်းလှပါပေ့ဗျာ။ ထောက်ခံပါတယ်။ ဝန်းရံပံ့ပိုးပါမယ်လို့ ပြောလိုပါတယ်။

    အဲဒီကြေညာချက်နဲ့အတူ ငွေရတု ရှစ်လေးလုံးဆွေးနွေးပွဲရဲ့ အကြံပြုချက်တွေကိုလည်း တစ်ထမ်းတစ်ပိုးကြီး ကြေညာလိုက်သဗျ။

    အကြံပြုချက်တွေ တစ်ပုံတစ်ပင်ကြီးထဲက ကျုပ်သဘောကျဆုံး၊ သဘောတူဆုံးအချက်တချို့တွေက ဒီလိုဗျ။

    ကန့်သတ်ချုပ်ချယ်မှုကင်းတဲ့၊ နှောင်းကြိုးမဲ့တဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံးကြေညာပါဆိုတဲ့ အချက်ဗျာ။

    စစ်မှန်တဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ စစ်မှန်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြင်ဆင်ရေးဆွဲရန်။

    အခြေခံဥပဒေကို ပြန်လည် ဆန်းသစ်ဖို့ လူထုဆန္ဒခံယူပွဲပြုလုပ်ရန်။

    တိုင်းပြည်ပြဿနာများကို တွေ့ဆုံဆွေးနွေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းရန်။

    ယခင်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရားမျှတမှု ဖော်ထုတ်ရန်၊ နစ်နာဆုံးရှုံးမှုများအတွက် ပြန်လည်ကုစားပေးရန်။

    တစ်တိုင်းပြည်လုံး၊ တစ်ကမာ္ဘလုံး ချစ်ခင်ကြည်ညိုလေးစားတဲ့ လူထုခေါင်းဆောင်သမ္မတ ဖြစ်လာရန်ဆိုတဲ့ အချက်တွေပါပဲဗျာ။

    နောက်ဆုံးအချက်ကတော့ ကျုပ်တို့ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းပဲဗျ။

    အစိုးရကို ဆန့်ကျင်သွားကြမလား။

    လုပ်စေချင်တာ အစိုးရကို ခိုင်းသွားကြမလား။

    အစိုးရနဲ့ တွဲလုပ်သွားကြမလား။

    ဒီနည်းလမ်းသုံးခုကို သူ့နေရာနဲ့သူ ပေါင်းလုပ်ကြမလားဆိုတာတွေပါပဲ။

    ကိုင်း နိုင်ငံရေးအင်အားစုတွေ ဘာလုပ်ကြမလဲ။ အားလုံး စုပေါင်းလုပ်ကြမှာလား။

    ဒါမှမဟုတ် ဘယ်နည်းဘယ်ပုံလဲ။ ။
    ဟံသာဝတီဦးဝင်းတင်
    ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၃၁)။
    – See more at: http://moemaka.com/archives/37344#sthash.loIT5cD1.dpuf

  • nozomi

    August 19, 2013 at 4:56 pm

    ဩဂုတ် ၁၉ ၁၃း၁၅ တွင် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဆရာမောင်စိမ်းနီထံမှ သိရပါသည်။ လို့ ဦးရဲထွဋ် ဖွဘုတ်မှာ တွေ့မိလို့ပါ

    ဒီ တစ်လကတော့ ဘယ်လို ဖြစ်နေသည်မသိ
    ဆရာမောင်ဝံသ
    ဆရာမင်းလူ
    အခု ဆရာကြီး ဒဂုန်တာရာ

    သူကြီးမင်းတို့အရီးတို့ ဘကြီးကျောက်တို့ ရွာထဲက ရွာသူ/သား အားလုံး ကျန်းမာရေး ဂရုစိုက်ကြပါဦး
    လူတိုင်း သေကြရမှာ ဆိုပေမဲ့ ၊ ကိုယ်ချစ်ရတဲ့သူ တွေ အချိန်မတိုင်မီ သေတာမျိုးတော့ မမြင်ချင် မကြားချင် မတွေ့ချင်ဘူး

    • Min Zarni

      August 19, 2013 at 5:05 pm

      စာဖတ်သူရှည် အိ စာရေးသူ သေအိ.

      ရင်ထဲမကောင်း.

      မေ လည်း အနုပညာကို ထုဆစ်လို့ ဝတ်လစ်စလစ် လမ်းမကြီးပေါ်ပြန်ထွက်သွားပြီပေါ့ဗျာ.

    • ဦးကျောက်ခဲ

      August 19, 2013 at 5:56 pm

      မလုပ်ပါနဲ့ ကိုရင်နိုရယ်…
      ကျောက်စ်မှာ မောင်ရင်လောင်းလို ဥ နေရတာ… ဟီး

      ဩဂတ်စ်ဆိုတာ ကြယ်တွေကြွေတဲ့လ…
      ကောင်းကင်ဘုံမှာ ပညာသည်နတ်သားတွေ ရှားပါးလာလို့…
      လူ့ပြည်က ထိတ်ထိတ်ကျဲတွေကို ရွေးခေါ်တယ်ထင်ရဲ့…
      အဲ… ယမမင်းကြီးကတော့၊ အထူးရှယ် ငရဲခန်းတွေ မပြီးသေးလို့…
      ဟို စာဖတ်နေသူကြီးနဲ့ တသိုက်ကို စောင့်ခိုင်းထားတာတဲ့…

    • အရီးခင်

      August 20, 2013 at 5:41 am

      သတိပေးစကားလေးအတွက် ကျေးဇူးပါ ကိုနို ရေ။
      သူ့အချိန်ရောက်ရင်တော့ ဘာနဲ့မှတားလို့ မရ သွားရမှာပါဘဲ မဟုတ်လား။
      အဲဒီအချိန်အတွက် ကြိုပြင်ချိန်ရနေသေး တယ် ဆိုတာ သိရင်ဘဲ သိပ်မဆိုးလှသေးပါဘူး ထင်ရဲ့။
      အဲဒီ အသိ ကို တကယ်ဘဲ အမှန်သိတာဆိုရင် နေ့စဉ်ဘဝထဲမှာ အတ္တတွေ ကို ဖယ်ထုတ်နိုင်မယ် လားမသိ။

      တစ်နေ့က အသိအမျိုးသမီးကြီး တစ်ယောက် ဆုံး လို့ အသုဘ သွားပို့ တယ်။
      ရုတ်တရက် ဆုံးတာပါ။
      ခရစ်ယာန်တွေ ရဲ့ အယူ ကတော့ ကျန်သူကို ပူဆွေးမနေစေဘူး။
      သေသူက ကောင်းကင်ဘုံ ရောက်သွားပြီ ပေါ့။
      ကျန်သူ တွေကလဲ သွားနှင့်သူ တွေ နဲ့ ကောင်းကင်ဘုံ မှာ ပြန်တွေ့မယ်ပေါ့။
      ဟုတ်မဟုတ် ဘယ်လို ငြင်းလို့ ရပါ့မလဲ။
      ဟုတ်ကြောင်း ဖြစ်ဖြစ်၊ မဟုတ်ကြောင်း ဖြစ်ဖြစ် ဘယ်သူက သက်သေပြနိုင်တာ မှမဟုတ်တာ။
      ဘာဘဲဖြစ်ဖြစ် သူ့ဘာသာရေး ကို သူ အတိအကျ လိုက်နာ နေရင် စိတ်အေးတာဘဲ။
      သူတို့ ထဲက တကဲ့ ဘာသာရေးကိုင်းရှိုင်း သူတွေ က မေတ္တာစိတ် ရှေ့တန်းထား ပြီး အများအကျိုး အတွက်လုပ်နေတာ အမှန်ပါ။
      အဲဒီ အမျိုးသမီးကြီး ဆို မချမ်းသာပါဘူး။ စိတ်ရောဂါ ဆေးရုံမှာ သူနာပြု လုပ်တယ်။ ပရဟိတ အရမ်းလုပ်တယ်။ ဘာသာရေး အရမ်းကိုင်းရှိုင်းတယ်။
      အကျဉ်းထောင် မှာ တရားဟောပေးတယ်။
      အိုးအိမ်မဲ့ တွေ ကို ကူတဲ့ နေရာ တွေ ကူတယ်။
      သူ့ အသုဘ မှာ လူ ၆၀ဝ လောက် ဆန့်တဲ့ Church မှာ နေရာ မလောက်ခဲ့ဘူး။
      သူ့ ကိုချစ်လို့ ကို လာပို့ တာ။ သူ့မှာ ဘာ ဂုဏ်ဒြပ်မှ မရှိပါဘူး၊ ဘာ ငွေကြေး မှ မချမ်းသာပါဘူး။
      အားလုံးက စိတ်ထဲကကို နှမြောဝမ်းနည်းကြ တာပါ။

  • အရီးခင်

    August 20, 2013 at 5:25 am

    စာရေးဆရာကြီး ဒဂုံတာရာ ကွယ်လွန်ခြင်း ကိုလဲ နှမြောမိပါတယ်။
    ဆရာကြီးကောင်းရာသုဂတိလားပါစေ။

  • Min Zarni

    August 20, 2013 at 7:12 am

    မော်လဒိုက်တို့ ပိုလာဘာလီတို့ ကြိုက်တာပြောဂျ.. ရင်မခုန်ဘု
    အကောင်းဆုံးကမ်းခြေဆိုတဲ့ ဂုဏ်သတ္တိထဲမှာ အနောက်အရပ်ကို မျက်နှာမူထားရတယ် တဲ့ …
    အရှေ့တောင်အာရှမယ် ..ငဒို့တိုင်းပြည်လောက် အနောက်ဘက် မျက်နှာမူ ထားတဲ့ ကမ်းခြေပေါတဲ့
    တိုင်းပြည် ရှိဦးမလား…

    http://travel.cnn.com/myanmars-best-beaches-035511

    ပုံ
    အရှေ့အာရှမှ ဇာတိမာန် ငယ်ထိပ်တက်အဆောင့်ဆုံး ယောက်ျားတယောက်

  • kai

    August 20, 2013 at 8:04 am

    Someone once asked the Dalai Lama what surprises him most. This was his response:

    “Man, because he sacrifices his health in order to make money. Then he sacrifices money to recuperate his health. And then he is so anxious about the future that he does not enjoy the present; the result being that he does not live in the present or the future; he lives as if he is never going to die, and then he dies having never really lived.”

    ==
    တိဗက်ဘုန်တော်ကြီး ဒလိုင်းလားမားကို လူတစ်ဦးက မေးမြန်းခဲ့ပါတယ်…
    “အရှင်ဘုရားကို အင်မတန်မှ အံ့အားသင့်စေတဲ့အရာကို ပြောပြပါဘုရား”
    အဲဒီအခါမှာ ဘုန်းတော်ကြီးဟာ အခုလို ပြန်ဖြေတော်မူခဲ့ပါတဲ့…..

    “လူ …. သူဟာ ကျန်းမာရေးကို အဆုံးရှုံးခံပြီးတော့ ငွေရရှိဖို့ ကြိုးစားရှာတယ်။ အဲဒီနောက်တော့ ပြန်ပြီးတော့ ကျန်းမာလာစေဖို့အတွက် ငွေတွေကို အဆုံးရှုံး ခံရပြန်တယ်။ အဲဒီနောက်တော့ သူဟာ အနာဂတ်အတွက် အင်မတန် ရတက်မအေး စိုးရိမ်နေရတဲ့အတွက် မျက်မှောက် ပစ္စုပ္ပန်မှာ မပျော်ရွှင်နိုင် ရှာဘူး။ ရလဒ်ကတော့ သူဟာ ပစ္စုပ္ပန်မှာကော၊ အနာဂတ်မှာပါ ရှင်သန်မှု ရှိမနေတာပါပဲ။ ဘယ်တော့မှ မသေမဲ့ သူတစ်ဦးလို နေထိုင်ပြန်တယ်။ အဲဒီနောက်တော့ ဘယ်တုန်းကမှ ရှင်သန်နေထိုင်ခဲ့သူ မဟုတ်တဲ့ ဘဝနဲ့ပဲ သေဆုံးရတယ်။ ”

    http://www.maukkha.org

  • kai

    August 20, 2013 at 11:54 am

    သီရိလင်္ကာက (တကယ်ကျောင်းတက်ပြီး) ဗုဒ္ဓဘာသာနဲ့ဒေါက်တာဘွဲ့ရတဲ့. ဆရာတော်နဲ့ တွေ့ဆုံခြင်း ဗီဒီယိုပါ…။
    အသက်အငယ်ဆုံးဒေါက်တာဘွဲ့ရ ရခိုင်ဆရာတော်ဖြစ်ပါကြောင်း…။

  • kai

    August 20, 2013 at 12:05 pm

    မြန်မာ”The Burmese Python” နိုင်ပြန်ပဟေ့…

    CFFC 26 Results
    Saturday August 17 2013

    Aung La N Sang vs Shedrick Goodridge
    N Sang wins via rear naked choke at 1:44 of round 2.

  • kai

    August 25, 2013 at 2:58 am

    ကင်ဆာ
    =====
    ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁ဝ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောရရင်တော့ –

    *ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်..

    အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ဝယ်ဝယ် ၊ လက်ဖက်ရည်၊ ကော်ဖီ ၊ အသုပ်စုံတွေ ၊ ထုံချိုင်းတွေ ၊ အကြော်စုံတွေ ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်စတစ်တွေ ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း ( Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနို်မာ ( Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ် ။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။

    ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း ( Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့ ။

    *အချဉ်ရည်နဲ့ ကင်ဆာရောဂါ

    အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ် ၊ အစာအိမ် အူလမ်းကြောင်း ၊ ကင်ဆာ ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း ( H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ ။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

    *နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ

    ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃ရ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။

    *အချိုရည်နှင့် ဂျယ်ရီများ

    အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀ဝ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။

    *မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

    ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။

    *တရုတ်နို့မှုန့်နှင့် ၎င်းနှင့် ပြုလုပ်သော မုန့်များ

    တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၎င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

    *ကော်ဖီမစ်များ ( Coffeemix)

    ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ ၎င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
    ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ဝယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

    *အရောင်ချွတ်ထားသော အစားအသောက်များ

    နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ဝါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါစို့။

    *ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ

    တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အဝါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။

    *သတိထားသင့်သော အသီးအနှံများ

    ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။
    ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေဩဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။
    အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။
    ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ်ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။

    *ပဲဆီ၊နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား

    အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂ရ လမ်း ၂၈ လမ်းက ဝယ်ထားတဲ့ ၂၅ဝကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။
    ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈၀% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း

    *အချိုမှုန့်နှင့် ကြက်သားမှုန့်များ

    အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။
    ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။

    စားသုံးသူ ကာကွယ်ရေး အသင်းသို့ ဝင်ရောက်လိုသူများ….
    ဆက်သွယ်အကူအညီတောင်းခံလိုသူများနှင့်…
    လှူဒါန်းလိုသူများ…
    အသင်းရုံး ၁
    စာရေးဆရာ ဗအုပ်ခိုင်( သဘာဝ သမားတော် အသည်းအထူးကု)
    မင်းစေတီလမ်း၊ မင်းစေတီ စာကြည့်တိုက်ရှေ့၊ အင်းစိန်မြို့နယ်။ ဖုန်း 01-644090/ 09-421121890
    အသင်းရုံး ၂
    ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး ၊ မရမ်းကုန်းမြို့နယ်။ ဖုန်း – 01-661732

    *ဇီဝိတ ဒါနဆေးကုခန်းတွင် သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို အခမဲ့ ကုသပေးပါသည်။
    *တည်နေရာ
    ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း 01-661732

    *မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်ကို ကုသိုလ်ဖြစ် ပြန်လည် ရိုက်ကူး တင်ပြပါသည်။

    Stop Cancer
    Consumer Protection Association ( Myanmar )
    မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း

    • kai

      August 25, 2013 at 3:03 am

      Naked mole rat’s secret to staying cancer free – Science Daily
      http://www.sciencedaily.com/releases/2013/07/130731093255.htm‎
      Jul 31, 2013 – Scientists have discovered the naked mole rat’s unique mechanism to staying cancer free — a super sugar called high-molecular-mass …
      =
      ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ
      ( In News Myanmar )

      ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

      Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ ့ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ ့ ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ ့ ဦးနှောက်နဲ ့အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

      ၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉ဝ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃ဝ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

      ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။
      .
      Ref: nature.com
      Aung Kham (International news for myanmar)

      http://www.innewsmyanmar.com/2013/08/blog-post_24.html

  • pazflor

    August 27, 2013 at 7:19 pm

    မူရင်း http://cammlek.blogspot.com/2013/08/blog-post_5330.html

    **နေရာအမှန် ပြန်ရောက်သည့် ဘာသာရေး**

    ဘာသာရေးနှင့် နိုင်ငံရေးကို ကြည့်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များအတွက် ဘုရားမပွင့်မီနှင့် ဘုရားရှင်လက်ထက်ကာလကိုပါ အနည်းငယ် စောင်းငဲ ့ကြည့်နိုင်သည်။ ဘုရားမပွင့်မီကာလမှာ နိုင်ငံရေးသည် ဘာသာရေးဩဇာ လွှမ်းမိုးမှုအောက်မှာ ကျပ်ကျပ်တည်းတည်း ရှိခဲ့သည်။ ခတ္တိယတို့က အာဏာ ရှိသော်လည်း ဗြဟ္မဏတို့ကို လွန်ဆန်ရန် အလွန်ခက်ခဲသည်။
    ဘုရားရှင်လက်ထက် ဗုဒ္ဓဘာသာဝင် ဘုရင်များဖြစ်လာကြသည့် ဗိမ္ဗိသာရ မင်း တို့လက်ထက်မှာ ဗြဟ္မဏတို့လွှမ်းမိုးမှု အတန်ငယ်ရှိခဲ့သော်လည်း ရိုး စင်း သည့် ဗုဒ္ဓဘာသာဓလေ့ထုံးစံများကို ပို၍ လိုက်နာခဲ့ကြသည်။ များပြားလှသည့် ပိဋကတ်တော်အားလုံးကို နှိုင်းစာကြည့်လျှင် ရှင်ဘုရင်တို့ကို တိုက်ရိုုက်ဟေကြားသည့် နိုင်ငံရေးတရားက အတော်ရှားပါးသည်ဟု ဆိုနိုင်ပါ သည်။ သုတ်ထဲမှာ ရာဇောဝါဒ သုတ်ကို တစ်လုံးတစ်ခဲလိုက်တွေ့ရသော် လည်း ရာဇောဝါဒ သုတ်ကိုယ်တိုင်ကပင် နိုင်ငံရေးစစ်စစ်ဟု ပြောရန် ခက်နေ ဆဲပင်ဖြစ်သည်။ အကျဉ်းအားဖြင့် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှက် တင် မရှိဟု ဆိုရပေမည်။

    ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှက်တင်ရှိလာသည့်ကာလက အသော ကခေတ်ဟု ဆိုရမည်။ သဘောထား မတိုက်ဆိုင်သူများ ယောနိသော မနသိ ကာရဖြင့် ဖတ်ရှုကြရန် မေတ္တာရပ်ခံလိုသည်။ အသောက အကြောင်းကျွန်ုပ် တို့သိထားသမျှက အလွန်နည်းပါးလှသည်၊ တစ်ဖက်အမြင်မျှသာ ဖြစ်သည် ဟု ဆိုခဲ့ဖူးပါသည်။ မှန်သည်ဟုလည်း ယုံကြည်ဆဲဖြစ်သည်။ ကျွန်ုပ်တို့ သိ ထား၊ ဖတ်ထားရသမျှတွေကလည်း ရှာဖွေရင်း တွေ့တွေ့လာသောအထောက် အထားများ အရ မခိုင်မပိုင် ဖြစ်ဖြစ်လာလေသည်။ ဗုဒ္ဓဘာသာဝင်တိုင်းက အသောကမင်းကြီးနှင့် ပတ်သက်ပြီး ပထမဆုံး သာသနာပြုမင်း၊ မစ်ရှင်နရီ စနစ်ကို ပထမဆုံးကျင့်သုံးသောမင်းဟု ဂုဏ်ယူတတ်ကြသည်။ မှန်ပါသည်၊ အငြင်းပွားဖွယ်မရှိပါ။
    သို့သော် ထို မစ်ရှင်နရီက နောင်နှစ်ပေါင်း ၂၀၀ဝ နီးပါးတွင် ဥရောပတိုက်က ကျင့်သုံးလာသည့် သာသနာပြုခရီးစဉ်များနှင့် တူညီသော အချက်များရှိပါ သည်။ ဘာသာရေးကို ရှေ့ကလာစေပြီး တဖြည်းဖြည်း နိုင်ငံရေး သဘော တ ရားများ ပါလာသည်။ မယုံကြည်လျှင် အသောက ကျောက်စာများကိုကြည့်ပါ၊ ဗုဒ္ဓဘာသာ အငွေ့အသက်များပါဝင်သော်လည်း ဘုရားဟောများကို ရေး ထိုးခြင်း ထက် ဘုရားဟောများနှင့် ဆက်နွယ်နေသည့် သူပိုင် နို်င်ငံရေး အ ယူအဆများ ပိုများနေသည်ကို တွေ့ကြရပါမည်။ ဤသို့ဆိုသဖြင့် အသောက မင်းကြီးကို ဝေဖန်နေသည်ဟု အထင်လွဲစရာရှိ၏။
    မဟုတ်ပါ။ လူ့သမိုင်း ခေတ်ဦးမှာ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရှက် တင် ရှိနေသည် ဆိုသည့် အချက်ကို ဆိုလိုခြင်းသာ ဖြစ်ပါ၏။

    ထို့အပြင် ရှေးခေတ်၊ အလယ်ခေတ် ဥရောပသမိုင်းကိုလည်း ကြည့်နိုင်ပါ သည်။ အိန္ဒိယနှင့် ဆင်ဆင်တူသည်။ ခရစ်ယန် ဘာသာရေးခေါင်းဆောင် များက နိုယ်ငံရေးမှာ အကြီးအကျယ် လွမ်းမိုးမှုရှိခဲ့သည်။ ကိုလိုနီခေတ်အထိ သူတို့ဩဇာ ငြောင်းခဲ့သည့်။ သို့သော် တဖြည်းဖြည်းနဲ့ နိုင်ငံရေးအပေါ်မှာ ဘာသာရေးဩဇာ သက်ရောက်မှု လျော့ပါးလာခဲ့သည်။ ယနေ့ ဥရောပနှင့် အမေရိကကို ကြည့်လျှင် ခရစ်ယန်ဩဇာ ရှိနေသေးသည်မှန်သော်လည်း ပုံစံတစ်မျိုးဖြင့်သာ ရှိနေတော့သည်။
    ဆိုလိုသည်မှာ ပရိုတက်စတင့် ဘုန်းတော်ကြီးက အစိုရ၏ ဥပဒေနဲ့ပတ် သက် ပြီး အိမ်ဖြူတော်အရောက်သွားပြီး ဩဝါဒပေးလို့မရ၊ ပေးလို့ရသည်ဆိုစေ အိုဘားမားက လိုက်နာချင်မှ လိုက်နာမည်။ သီးသန့် ကွဲထွက်လာသည်။ လူ့ ကိုယ်ကျင့်နှင့် ပတ်သက်၍ကား ဘာသာရေးက ပြောမြဲ ပြောနေမည်သာဖြစ် သည်။
    ဥရောပမှာလည်း ယနေ့ ပုတ်ရဟန်းမင်းကြီးသည် အလယ်ခေတ် ဥရောပ ပုတ်ရဟန်းမင်းလောက် နိုင်ငံရေးထဲ ဝင်စွက်ခွင့် မရှိတော့ပါ။ ခေတ်မီသော လူ့အဖွဲ့အစည်းများက အစိုးရများ အရွယ်ရောက်လာသည်။ ဘာသာရေး ကြိုးကိုင်မှုက လွတ်လာသည်။

    အာရှမှာလည်း ဂျပန်၊ ကိုရီးယားစသော နိုင်ငံများမှာ ဤ လက္ခဏာများ တွေ့ ရသည်။ ခရစ်ယန်နိုင်ငံ အများစုက ဘာသာရေးနှင့် နိုင်ငံရေး ကွဲပြားလာနေ သည်။
    မကွဲသေးသည်က မွတ်စလင်နို်င်ငံအများစုနှင့် ဗုဒ္ဓဘာသာ နိုင်ငံအချို့ သာဖြစ်သည်။ ခေတ်သစ်ယုံကြည်မှု လူ့သမိုင်းအရ တဖြည်းဖြည်းနဲ့တော့ ဒီလမ်းကို သွားနေသည်ဟု ယူဆရန်ရှိသည်။ ဤကိစ္စက အချိန်ယူရသည် ထင်ပါသည်။ လူထုရော အစိုးရ ဤ၌ အကြုံးဝင်ကြ၏။

    အခြားဘာသာများကိုတော့ မဆိုလို၊ ဗုဒ္ဓဘာသာအရကတော့ ဘာသာရေးနှ င့် နိုင်ငံရေး သီးသီးခြားခြာရှိနေခြင်းသည် ဗုဒ္ဓဘာသာ၏ နေရာ အမှန် ကို ပြန်ရောက်တာဖြစ်ပြီး ဘုရားလက်ထက်တော်က အတိုင်း ပြန်ဖြစ်သွား သည်ဟု ဆိုနိုင်ပါသည်။
    ရောဟိနီမြစ်ပဋိပက္ခကို နိုင်ငံရေးဟု အချို့ကဆိုချင်ကြသော်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မသတ်ကြဖို့ပေးသော ဩဝါဒမျှ သာ ဖြစ်ကြောင်းသတိမူသင့်၏

  • Inz@ghi

    August 28, 2013 at 2:59 pm

    အန က အေးရှန်းဝင်းဂ် ကို ၄၉% ဝယ်မည်
    http://online.wsj.com/article/SB10001424127887324906304579038490761802468.html

    သခင်မျိုးဟေ့ ဒို့ဘာမန်

    အဘတို့ မကယ်ခင်က ရန်ကုန်လေဆိပ်က တိုကီယိုပီးရင် အာရှမှာ အကြီးဆုံးတဲ့ ..

    :byae:

    • kai

      August 28, 2013 at 3:59 pm

      ကြားရတဲ့သတင်းအရတော့.. မြန်မာပြည်ထဲရင်းနှီးမြုတ်နှံတဲ့.. ဂျပန်ကုမ္ပဏီတွေကို.. ဂျပန်အစိုးရက..အတိုးနည်းနည်းနဲ့..ငွေချေးမယ်ဆိုပါတယ်..
      ဂျပန်တွေဟာ.. သူတို့အတွက်အန္တရာယ်ရှိတဲ့.. စိနပြည်ထဲရင်းနှီးမြုတ်နှံတာတွေ.. စွန့်ထွက်ဖို့.. ဆုံးဖြတ်ထားပုံရပါတယ်..။

      ဟုတ်ပါသလား.. ဂီဂီရေ…။

      • Inz@ghi

        August 28, 2013 at 5:06 pm

        ဟုတ်ကဲ့ ဂငယ်တွေ အာရှကိုဖွင့်မယ့်သော့ လိုက်ရှာနေကြပါတယ်
        စိန ကစားရိတ်တက်လာ တာကြောင့်ရော တင်းမာမှုတွေကြောင့်ပါ
        ခွာချင်ကြတာပါ. အမျိုးသားရေးအသွင်နဲ့ကို လုပ်နေကြတာပါ.
        အစိုးရက ပေါ်လစီလောက်ပါ. တကယ်ငွေထုတ်တာက မစ်ဆူဘီရှီ တို့ လို
        ယူအက်ဖ်ဂျေ တို့ လို ကင်းယူးခေါ်တဲ့ ဖိုင်နန်ရှည်အင်စတီကျူးရှင်းတွနောက်ကရပ်ပါတယ်

        သူရို့ညစ်တဲ့အချက်က. အာနာရှင်များရဲ့ ကြောင်စီကွေးပေါ်လစီ နဲ့ လိုကယ်က
        ငွေရှင်တွေရဲ့ မြေကြီးတွေဆော့တာကိုပါ.

        ဒီမိုးဒီရေဒီလှေဒီလူတွေနဲ့ကတော့.
        ဗြဲ.

Leave a Reply