မန်းကဇက် စာအုပ် ပဟေဋိ ဖြေပြီး လက်ဆောင် ရယူပါ

မင်္ဂလာပါ။

ကျနော် မန်းကဇက်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ်

နဲ့ပါတ်သတ်ပြီး ဖတ်မိသလို နားလည်သလို ပိုစ့်

လေးတွေ ရေးတင်နေရာကနေ ခုဆက်ရေးဖို့ က

ကဗျာ နဲ့ ဆောင်းပါး (ပိုစ့်)တွေပဲကျန်ပါတယ်။

ဒီကြားထဲ အတွေးတမျိုးရလို့ လုပ်မယ်ဆိုပြီး စီစဉ်ကြည့်တာပါ။

ကဗျာ နဲ့ပါတ်သတ်ပြီး နဲနဲရွတ်ဖတ်ကြည့်မယ်။

ပြီးရင် (ရက်နဲနဲကြာပါမယ်) ဆောင်းပါးစာမူ တွေနဲ့ပါတ်သတ်ပြီး

ပဟေဋိ ဆန်ဆန်မေးခွန်းလေးတွေ တင်ပါမယ်။

အမှတ်ပေးစနစ်နဲ့ သွားမယ်။

တတိယအကြိမ်ဆိုတော့ ဒီဇင်ဘာ ဇန်နဝါရီ လောက်ဖြစ်မယ်

ထင်ပါတယ်။ အဲဒီတွေ့ဆုံပွဲ မှာ ဆုရရှိသူကို ကျနော်လက်ဆောင်

ချီးမြှင့်ပေးမယ်။ တန်ဖိုးမများ မကြီးပေမဲ့ အမှတ်တရ သဘောမျိုး

တော့ဖြစ်မှာပါ။

စည်းကမ်းကတော့ –

၁။ မေးခွန်းအားလုံးဖြေရမည်။
၂။ မည်သူမဆိုဖြေဆိုနိုင်သည်။
၃။ အမှတ်အများဆုံးတူညီနေပါက
တွေ့ဆုံပွဲ တတ်ရောက်နိုင်ပါမည်ဟု
အကြမ်းဖျင်း ကတိထားနိုင်သူကို
ဦးစားပေးမည်။(မှတ်ချက်ပေးဖြေပေါ့ဗျာ)
၄။ ဆုနှင့်ပါတ်သတ်၍ ကျနော်၏အဆုံးအဖြတ်သည်
အတည်ဖြစ်သည်။ :mrgreen:
၅။ ဖြေဆိုရမည့်ကာလမှာ ပိုစ့်တင်ပြီးနောက် ၄၅ ရက်အတွင်း
ဖြေဆိုသောအဖြေများကိုသာရွေးချယ်မည်။

ကျနော်ကသာဒီလိုလုပ်ချင်နေတာ။စာအုပ်ထုတ်ဝေရေးကခွင့်ပြုချက်
သူဂျီးနဲ့ ရွာ့ကောင်စီ လူကြီးတွေရဲ့ သဘောထား။ ရွာသားတွေရဲ့
ဆန္ဒ သဘောထား။ သဘောတူရင် အပျင်းပြေ လုပ်ချင်တယ်ဗျာ။
လိုအပ်တဲ့ အကြံဥဏ်တွေ ပေးချင်ရင်ပေးကြပါ။
စပွန်ဆာလုပ်ချင်သူတွေရှိရင်လဲ လက်ဆောင် အရေအတွက်တိုး
တာပေါ့ဗျာ။ (ပထမဆု ဒုတိယဆု တတိယဆု ဆိုတာမျိုးပေါ့)

စပ်စပ် စပ်စပ်နဲ့ မင်းခန့်ကျော်ကတော့ကွာ :mrgreen:

24 comments

  • KZ

    August 2, 2013 at 3:38 pm

    ကြာသလားလို့။ :mrgreen:

    • မင်းမင်း

      August 2, 2013 at 3:46 pm

      အလွတ်များကျက်ထားသလားပဲ :mrgreen:

  • အရီးခင်

    August 2, 2013 at 3:45 pm

    မေးလဲ မြန်မြန်မေးပါ ကိုယ်တော် ရယ်။
    သိပ်စိတ်ရှည်လှတာ မဟုတ်ဘူး နော်။
    ဂူးဂဲလ် ဖို့ (မှားလို့) 😉 ဖြေဖို့ စောင့်နေပြီ။ 😛

  • ဗုံဗုံ

    August 2, 2013 at 3:46 pm

    စိန်လိုက်လေ..ဟွင်း ဟွင်း :mrgreen:

  • မင်းမင်း

    August 2, 2013 at 3:56 pm

    မေးခွန်းလေးတော့ စဉ်ချိန်ပေးကြပါအုံး

    အရီး နဲ့ ဗုံဗုံ ရေ ။

    လွယ်လွယ်လေးပဲမေးမှာပါ ။

  • မဟာရာဇာ အံစာတုံး

    August 2, 2013 at 4:01 pm

    မေးဂွန်း မေးဒဲ့ထဲမှာ …
    တစ်နေ့ အီးဘယ်နှစ်ခါ ပေါက်သလဲ ဆိုဒဲ့ မေးခွန်း မပါရင် …
    ဖြေဖို့ စဉ်းစားဘာ့မယ် …. ငှင်းငှင်းး

    • မင်းမင်း

      August 2, 2013 at 4:20 pm

      မေးသူနဲ့ ဖြေ ဆိုမည့်သူ

      နှစ်ဘက်လုံးမျှတမူ့ ရှိစေရမည်။

      ကမ္ဘာ့အဆင့်မီ မေးခွန်းဖြစ်လိမ့်မည် :mrgreen:

  • Ko chogyi

    August 2, 2013 at 7:04 pm

    အမေးနွားကျောင်း၊ အဖြေဘုရားလောင်း

  • ခင် ခ

    August 2, 2013 at 8:44 pm

    အဲတော့ ဘယ်လိုတွေဖြစ်ပြန်တာလဲ
    ဒါဆိုရွာထဲမှာ မူလလက်ဟောင်း ဖတ်ရွေးအဖွဲ့ ။ ပြီးတော့ ကဗျာလူငယ်များ ဗုတ်အဖွဲ့ ။ အခုတစ်ခါ ကိုမင်းမင်းက တစ်သီးပုဂ္ဂလ မေးရွေးပေါ့။
    ဒါကြောင့် မဆလဘိုတော်ကြီးမောင်နေဝင်းက တစ်ပါတီကြိုက်လား နှစ်ပါတီကြိုက်လား ပါတီစုံကြိုက်လား မေးသွားရှာတာကိုး။
    အဲဒီတော့ ဘာပြောရမလဲ “ကောင်းတယ်´´……………

    • မင်းမင်း

      August 3, 2013 at 10:38 am

      ဦးခ ရေ

      တခါတရံမှာတော့

      တချို့ကိစ္စတွေကို

      တသီးပုဂ္ဂလ

      လုပ်ချင်တာ

      “ကောင်းတယ်”

  • padonmar

    August 2, 2013 at 9:26 pm

    အို
    ဆုပေးမယ့်သူကတောင် ပေးနိုင်မှတော့
    ဘာသဘောမတူစရာရှိမလဲ။
    မေးသာမေး။
    အဲဒါထက် ဖတ်ရွေးတွေကော ဖြေခွင့်ရှိလား။
    ဒီစာတွေ အကုန်ဖတ်ဖူးပြီးသားမို့လေ။
    ….
    သတ်ပုံအဖွဲ့ကြီးကိုယ်စား ပဟေဠိဟု ပြင်ပါရစေ။

    • မင်းမင်း

      August 3, 2013 at 9:51 am

      အကုန်ဖြေခွင့်ရှိပါတယ်။ သူဂျီးလဲ

      ဆန္ဒရှိရင်ဖြေနိုင်ပါတယ်။

      ကျုပ်ပိုစ့်တွေမှာတော့သတ်ပုံအမှားပြင်မယ်ဆို

      ပြင်ခ တလုံး တစ်ကျပ်ဆိုရင်တောင် ရှိတဲ့ ပွိုင့်လောက်မယ်မထင် :mrgreen:

      အမှန်က စာမရေးဘူးတော့ ခုထိသတ်ပုံ မကျေနိုင်သေးဘူး။

      တခါတလေ အနားကလူတွေမေးစမ်းရိုက်ရတာ။

      ” ပဟေဠိ” “ပဟေဠိ” “ပဟေဠိ”

      မိမိကိုယ်မိမိဒဏ်ပေးလိုက်ပြီမို့ :mrgreen:

  • အလင်း ဆက်

    August 2, 2013 at 9:27 pm

    ကဗျာရွတ်ပြမှာလား..

    ကျွန်တော်တော့..
    မကြောက်ပါနဲ ့..ဆိုတဲ ့ ကဗျာကို..
    လူအများရှေ့မို ့ကြောက်ဒူးတုန်ပြီး.ရွတ်ပြခဲ့ပြီးပြီ ။
    :kwi:

    ဘာတွေ များ.မေးမှာပါလိမ့်…

  • ဦးကြောင်ကြီး

    August 3, 2013 at 8:21 am

    မင်းခန့်ကျော်
    ရှင်းသန့်ပေါ်
    ဟင်းနံ့ညှော်
    တင်းဆန့်မျှော်
    ဂွင်းဖြန့်ဆော်
    ဗွင်းလန့်အော်
    ဒင်းမန့်ခေါ်
    ငြင်းအံ့နော်…။

    • Ma Ma

      August 3, 2013 at 8:28 am

      ပါဠိကို မြန်မာပြန်ပေးလိုက်မှထင်တယ်။
      ကြောင်ကြီးကလည်း ဖြေပါမယ်တဲ့။ :loll:
      ကိုယ်တိုင်တော့ ပဟေဠိမဖြေခိုင်းပဲ ကံစမ်းမဲနှိုက်ပေးတဲ့ မနိုဗီကိုပဲ အားကိုးတော့မယ်။

      • Ma Ma

        August 3, 2013 at 1:58 pm

        ဘယ့်ကလောက်နိုးကြားတက်ကြွတယ်ဆိုတာကို ပြောတာပါ။ :mrgreen:

  • Novy

    August 3, 2013 at 10:30 am

    ဘာတွေမေးပြီးဘာလက်ဆောင်တွေများရမလဲလို့
    ဝင်ပြီစပ်စုသွားတယ်

    ကံစမ်းမဲနှိုက်ပေးတဲ့ မနိုဗီကိုပဲ အားကိုးတော့မယ်
    အစ်မ-မမရေးးးးးးကြိုးစားလျက်ရှိပါကြောင်းးးးး

    • မင်းမင်း

      August 3, 2013 at 10:44 am

      ဘာမေးမလဲ ကတော့ မကြာမှီ

      လာမည် မျော် ပေါ့ ခင်ဗျာ။

      လက်ဆောင်ကတော့

      လောလောဆယ်မနေ့ ညနေက

      ကားအရောင်းပြခန်းဘက်တော့လှည့်ပြီး

      ဈေးနုံးစုံစမ်းတုန်းမို့ :mrgreen:

      • koyinmaung

        August 3, 2013 at 11:20 am

        ဟိုက်……….
        ကားမောင်းသင်ထားအုံးမှ………..

        • Ma Ma

          August 3, 2013 at 2:00 pm

          ကားမောင်းသင်တန်းတွေတောင် ဈေးတက်ကုန်ပြီလား မသိ 😀

        • အလင်း ဆက်

          August 3, 2013 at 2:02 pm

          2012 တုန်းက
          ကျွန်တော် တက်တုန်းက
          သင်တန်းကြေး ၆၀၀၀၀

        • မင်းမင်း

          August 3, 2013 at 3:21 pm

          အမလေးဆရာရယ်ကားမောင်းတာများ

          ကျုပ်သားအငယ်ကောင်တောင်မသင်ဘဲ

          မောင်းတတ်သေး။ ခလုတ်လေးနှစ်ခုကို

          ဘယ်ဘက်ခလုပ်နှိပ်ရင်ဘယ်ဘက် ညာဘက်ခလုပ်နှိပ်

          ရင်ညာဘက် တည့်တည့်သွားစေချင်ရင်ဘာမှမနှိပ်ဘူး။

          ဒီလိုဘဲ မောင်းနေတာပဲကို :mrgreen:

  • Mr. MarGa

    August 3, 2013 at 3:01 pm

    စာအုပ်ကို ဒုတိယအကြိမ် ပြန်ဖတ်ပြီးတဲ့ အခါမတော့
    လာထား….
    ဘယ်ဘက်ကပဲ စမ်းမလား
    ညာဘက်ပဲ စမ်းမလား
    ငါဟဲ့ သိကြား….

Leave a Reply