အခု ဒီအောင်မြင်မှု ရရှိလာတဲ့ အသီးအပွင့်တွေကို မကြီးစန်းမိသားစုတွေအတွက် ဘယ်လိုအသုံးပြုပေး ဆပ်ပါသလဲ။
အင်းဒါကလည်း အခုလိုအောင်မြင်မှ မဟုတ်ပါဘူး။ မကြီးစန်း မအောင်မြင်ခင်ကတည်းက ခုနကပြောသလို တစ်နေ့ (၅)ကျပ်နဲ့ တစ်လ (၁၅၀) ကျပ်ရတဲ့အချိန်ကတည်းက အဘွားရယ် ၊ မိဘနှစ်ပါးရယ်ကို မကြီးစန်း တတ်နိုင်သလောက် ကူညီထောက်ပံ့ခဲ့ပါတယ်။ တဖြည်းဖြည်းရလာတာနဲ့အမျှ မိဘအပြင် ညီအစ်ကို မောင်နှမ ဆွေမျိုးတွေကိုလည်း တတ်နိုင်သလောက် ကူညီပံ့ပိုးခဲ့တာပါပဲ။ မိသားစုတင်မကပါဘူး မကြီးစန်း သူငယ်ချင်း၊ အပေါင်းအသင်းတွေက အစပေါ့။ နာမကျန်းတဲ့ လူတွေအတွက်လည်း လစဉ်တိုင်း လှူဒါန်းနေပါတယ်။ နောက်သံဃာ တော်တွေ ၊ သီလရှင်တွေ ၊ နောက်အသက်ကြီးရွယ်အို ကျောင်းဆရာအို ၊ ဆရာမအိုတွေစသဖြင့် အဆင်မပြေတဲ့ လူတွေကို မကြီးစန်းတတ်နိုင်သလောက် အမြဲတမ်းလှူဒါန်းနေပါတယ်။ မကြီးစန်းအနေနဲ့ အများကြီး အကြီးကြီး မလှူနိုင်ပေမဲ့လည်း ကိုယ့်ရဲ့ နေ့စဉ်ဝင်ငွေထဲက နည်းနည်းခြင်းလှူသွားတာပါပဲ။ ဒီလိုလှူလိုက်လို့ ဘယ်မဂ္ဂဇင်းမှာ ပါတာမျိုး ၊ ဘယ်ဂျာနယ်မှာ ပါတာမျိုးလည်း မဖြစ်ချင်ဘူး။ ဒီလိုနာမည်ကြီးတာမျိုးလည်း မဖြစ်ချင်ဘူး။ နောက် မကြီးစန်းမွေးနေ့ဆိုရင် ဆေးရုံသွားပြီးတော့ အမြဲတမ်း သွေးလှူဖြစ်ပါတယ်။ မနှစ်ကဆိုရင် မိဘမဲ့တို့ ၊ ချို့တဲ့တဲ့ ကလေးတွေကို ရှင်သာမဏေ အပါးတစ်ရာ့ရှစ်ပါးကို ရှင်ပြုပေးခဲ့တယ်။ မရှိဆင်းရဲသားတွေအတွက် စတုဒီသာ အဖြစ် ဒန်ပေါက်ကျွေးဖြစ်တယ်။

နောက်ပိုင်း ဒီဇိုင်နာလုပ်ငန်းကို လုပ်ဖြစ်သွားတော့ ဘယ်သူတွေဆီက သင်ယူခဲ့ရသေးလဲ။
အဓိကတော့ မကြီးစန်းက ဒီဖက်ရှင်လုပ်ငန်းလေးတွေကို ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ စိတ်ဝင် စားတယ်ပေါ့နော်။ တကယ်တော့ အခုလက်ရှိအခြေအနေမှာ မကြီးစန်ကိုယ်တိုင် အစအဆုံးလုပ်တာ တစ်ခုမှ မရှိပါဘူး။ ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ မကြီးစန်းရဲ့ အိုင်ဒီယာကို ပုံဖော်တာပေါ့။ အခုနောက်ပိုင်း ကိုပြည့်စိုးအောင် ဘန်ကောက်မှာ ကျောင်းသွားတက်ပြီး သူပြန်လာတော့မှ မကြီးစန်းရဲ့ သတို့သီးဝတ်စုံတွေအားလုံးကို သူကချုပ်တဲ့ ဘက်မှာ တာဝန်ယူတယ်ပေါ့။ ဒီဇိုင်းပိုင်းကျတော့ မကြီးစန်းကိုယ်တိုင် စဉ်းစားတယ်။ ကိုယ်တိုင်ဖန်တီးတယ်ပေါ့။ ဖန်တီးတဲ့နေရာမှာလည်း ပညာရှင်ကို ဒီဇိုင်းအကြမ်းပေးပြီး ပုံဖော်ခိုင်းတယ်။ အဲဒီမှာမှ ပုံကြမ်းထွက်လာတဲ့ ဒီဇိုင်း တစ်ခုကို ဘယ်နေရာမှာ ဘယ် ဗ််ခန််သမငန် သံုးမလဲ၊ ဘယ်နေရာမှာ ဘာကျောက်ကိုသုံးမလဲ ၊ ဘယ်ပုတီးစေ့ကို သုံးမလဲဆိုတာကို မကြီးစန်းရွဲ့ကငိနူငညန နဲ့ အဲဒွှီနခ့ညငခငညေ ကလုပ်ပေးပြီးတော့မှ ထွက်လာတဲ့ ဒီဇိုင်းကိုမှ မင်းသမီးတွေနဲ့ဝတ်ပြီးတော့ မကြီးစန်းက ကြော်ငြာတယ်ပေါ့။ ဒီလုပ်ငန်းကတော့ မကြီးစန်းတစ်ယောက်တည်း လုပ်တာတော့မဟုတ်ပါဘူး။ မကြီးနွဲ့မသကစ ပေါ့။

ကိုပြည့်စိုးအောင်နဲ့ ဒီဇိုင်းလုပ်ငန်းတွေ လက်တွဲပြီးလုပ်ဖြစ်သွားပုံလေးကရော .. .။
တကယ်တော့ သူက တက္ကသိုလ်တက်ပြီးလို့ ကျောင်းပြီးတဲ့အချိန်မှာ သူသင်္ဘောလိုက်ရင် ကောင်းမလား ဆိုပြီး ၊ အဲဒါမျိုး သူစဉ်းစားနေတဲ့အချိန်မှာ မကြီးစန်းရဲ့ ဖက်ရှင်လုပ်ငန်းက တဖြည်းဖြည်းနဲ့ ဒီဘက်မှာ နာမည် ရနေတာဆိုတော့ မိတ်ကပ်လိမ်းတာကလည်း တစ်ဖက် ၊ ရှုတင်လိုက်တာကလည်း တစ်ဖက်ဆိုတော့ ချုပ်တတ်တဲ့ လူကလည်း ငှားထားရတယ်။ ခုနကပြောသလိုပေါ့။ မကြီးစန်းက အလုပ်ကများပြီး ၊ လူတစ်ယောက်တည်း ဖြစ်နေတော့ ကြာလာတော့ ကိုယ်တိုင်မလုပ်နိုင်တဲ့အခါတွေမှာ အလုပ်မှာ မျက်နှာပျက်ရတာတွေ ၊ အဆင်မပြေ တာတွေ အများကြီးဖြစ်လာတဲ့အခါကျတော့ ကိုပြည့်စိုးအောင်ကို မကြီးစန်းက အကြံပေးတယ်။ ကဲ နင် အခြား အလုပ်တော့ လုပ်မနေပါနဲ့ ဒါလေးတော့ လုပ်လိုက်ပါလားဆိုပြီးတော့ သူ့ကို ဘန်ကောက်မှာ ကျောင်းသွား တက်ခိုင်းလိုက်တယ်။ သူကျောင်းသုံးနှစ်တက်ပြီးတော့ ပြန်လာတဲ့အခါမှာ ဒီမကြီးစန်းရဲ့ လုပ်ငန်းတွေထဲဝင်ပြီးတော့ သူဖက်ရှင်ပိုင်းကို ဦးစီးလိုက်တယ်။

အခြောက်ဆိုရင် အထင်သေးပြီး နှိမ့်ချကြတော့ .. . . ဘ၀ပေးကုသိုလ်အရ မိန်းမလျာဖြစ်နေသူတွေကိုရော ဘယ်လိုစိတ်ထားမျိုး ထားသင့်တယ်လို့ ထင်ပါသလဲ။
မကြီးစန်းတို့ ငယ်ငယ်တုန်းကတော့ အခြောက်ဆိုလို့ရှိရင် ရယ်စရာ ၊ စစရာ ၊ နောက်စရာ သတ္တ၀ါတစ်ခု လိုပဲ ၊ ရယ်စရာ လူတစ်ယောက်ပဲလို့ အားလုံးက အဲဒီလိုမြင်ကြတယ်။ နောက်တစ်ခုက များသောအားဖြင့် ယောင်္ကျားလေးတွေက အခြောက်တွေဆိုရင် မင်းတို့က ဆန်ကုန်မြေလေးတွေဆိုပြီး ပြောကြတဲ့စကားတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ယောင်္ကျားအစစ်လို မြင့်မြတ်တဲ့ဘ၀ရောက်ရဲ့သားနဲ့ မိန်းမစိတ်ပေါက်ရသလားကွာ တို့ ဘာတို့ပေါ့။ အဲဒီလိုပြောတဲ့လူတွေကရော သူတို့ရဲ့ မြင့်မြတ်တဲ့ ယောင်္ကျားလေး ဘ၀ရပါလျက်နဲ့ သူတို့ ကိုယ်တိုင်ရော မြင့်မြတ်အောင် နေကြသလားဆိုတာ မကြီးစန်းမေးချင်တယ်။ အိမ်တစ်အိမ်မှာ သားသမီးမွေးလိုက် လို့ ယောင်္ကျားလေးတွေပါရင်လည်း အဲဒီယောင်္ကျားလေးအားလုံးက ကိုယ့်မိဘတွေကို ပြန်ပြီးသိတတ်တဲ့ ယောင်္ကျားလေးတွေပါလား ၊ တိုင်းပြည်အတွက်စံထားပြီး ၊ ဂုဏ်ပြုရလောက်တဲ့ ယောင်္ကျားလေးတွေပါလား။ ကိုယ့်ရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွက် စံထားရတဲ့ ပုဂ္ဂိုလ်တွေရော ဖြစ်ခဲ့ပါသလားလို့ မေးချင်တယ်။ အဲဒီတော့ ယောင်္ကျားဖြစ်ခြင်း ၊ မိန်းမဖြစ်ခြင်း ၊ အခြောက်ဖြစ်ခြင်း ၊ ဒါက အဓိကမဟုတ်ဘူး ၊ အဓိကက တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ အားကိုးရတဲ့ လူတစ်ယောက်ပေါ့။ တိုင်းပြည်တစ်ပြည်လုံးနဲ့ ခြုံပြောရရင်များပါတယ်။ ကိုယ့်မိသားစုအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်သူ ၊ ပံ့ပိုးပေးနိုင်သူ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် သူရဲ့ဘ၀အခြေအနေဘာပဲဖြစ်ဖြစ် ၊ မကြီးစန်းတို့က တန်ဖိုးရှိတဲ့ လူတစ်ယောက်လို့ သတ်မှတ် ရမယ်။ ဒါကလည်း ကိုယ်ကိုယ်တိုင် ဒီလိုမျိုးဖြစ်နေလို့ ကိုယ့်ကိုယ့်ကိုယ် ဃသလနမ လုပ်ပြီး ပြောနေတာလည်း မဟုတ်ပါဘူး။ အဓိကက မြင့်မြတ်တဲ့ယောင်္ကျားတစ်ယောက်ဖြစ်နေရဲ့သားနဲ့ အရက်တွေသောက် ၊ ဖဲတွေရိုက် ၊ ဆေးတွေချနေတဲ့လူကရော မြင့်မြတ်တဲ့ယောင်္ကျားတစ်ယောက်ဖြစ်နိုင်မလား။ မကြီးစန်းတို့လိုလူမျိုး ဟုတ်ပါတယ်။ ဆန်ကုန်မြေလေးဖြစ်ပါတယ်။ ယောင်္ကျားမပီသပါဘူး။ မြင့်မြတ်တဲ့ဘ၀ကို မပိုင်ဆိုင်ဘူး။ ဒါပေမဲ့ ခုချိန်မှာ ကိုယ့်လုပ်အားနဲ့ရတဲ့ ပိုက်ဆံတွေကို ဘာသာရေး ၊ ကျန်းမာရေး ၊ လူမှုရေး စတဲ့ကိစ္စတွေမှာ အစစအရာရာ မကြီးစန်းပံ့ပိုးပေးနိုင်တယ်။ မကြီးစန်းရဲ့ တပည့်တွေအားလုံးကိုလည်း အမြဲတမ်း ဆုံးမတာ တစ်ခုရှိတယ်။ လူတစ်ယောက်က အချီးကျူးမခံရရင်တောင် အကဲ့ရဲ့မခံရစေနဲ့လို့လေ။ နောက် လူရယ်စရာဖြစ်အောင် မနေနဲ့လို့လေ။ အခြောက်ဆိုရင် လူတွေကအထင်သေးပြီးသား ၊ ရယ်စရာသတ်မှတ်ပြီးသားဆိုတာလေ။ အထူးသဖြင့် သူပေါ့လေ (ဘေးနားတွင်ထိုင်နေသော တပည့်တစ်ယောက်ကို လက်ညှိုးထိုးပြရင်း) လမ်းလျှောက်ရင် အဆင်မပြေဘူး ၊ မဲ့ကာရွဲ့ ကာနဲ့လေ ၊ အဲဒီလို မလုပ်ရဘူး။ လူတွေက အခြောက်တွေကို အမြင်ကတ်တယ်ဆိုတာ အဲဒီလိုပုံစံမျိုးတွေကို အမြင်ကတ်တာ။ အကဲ့ရဲ့မခံရရင်တောင်မှ မျက်စိမနောက်စေချင်ဘူး။ အဓိကက တန်ဖိုးမရှိရင်နေပစေ တန်ဖိုးမဲ့ တဲ့လူ မဖြစ်စေချင်ဘူး။ အဲဒီတော့ ဘယ်လိုလူတွေက ဘယ်လိုပဲပြောပါစေ ၊ တစ်ချိန်ကျရင် လူတစ်ယောက်ရဲ့ လုပ်ရပ်က ကောင်းတာလုပ်ရင် ကောင်းတဲ့လုပ်ရပ်က ထင်ပေါ်ကျော်ကြားလာမယ် ၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ လုပ်ရပ်က ထင်ပေါ်ကျော်ကြားလာမယ်လေ။ ခုနက မကြီးစန်းပြောသလို ယောင်္ကျားအစစ်တွေဖြစ်တဲ့ လူတွေကရော မြင့်မြတ်တဲ့လူတွေဖြစ်ကြလို့လား။ အဲဒီလိုမျိုးပေါ့ ၊ မေးခွန်းပြမေးမယ်ဆိုရင် မေးလို့ရပါတယ်။

ယနေ့ခေတ် မိန်းမလျာတွေ ၊ အခြောက်တွေပေါ့ သူတို့ကိုရော ဘယ်လိုအချက်တွေက လုပ်သင့်တယ် ၊ ဘာတွေကမလုပ်သင့်ဘူးစသဖြင့်ပေါ့။ မကြီးစန်းအနေနဲ့ ဆုံးမချင်တဲ့စကားလေးကရော . . . .
လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ ခံယူချက်ခြင်း ၊ တွေးတောပုံခြင်း ၊ မတူပါဘူး။ မကြီးစန်းတို့က အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက မိဘတွေက သိပ်အဆင်မပြေခဲ့တဲ့အတွက် ကိုယ့်ဘ၀တစ်ခုကို ခိုင်မာတဲ့ ဘ၀လေးတစ်ခုဖြစ်အောင် တည်ဆောက်ချင်ခဲ့တဲ့အတွက် ခိုင်ခိုင်မာမာဖြစ်အောင် ဘာတွေလုပ်ရမလဲ ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုအပိုင်းတွေကလည်း အများကြီးပေါ့နော် ၊ နောက်တစ်ခုက ငယ်ငယ်တုန်းက မပြည့်စုံတဲ့အတွက် ပြည့်စုံတဲ့ဘ၀တစ်ခုကို ပိုင်ချင်တယ်။ ပြည့်စုံတဲ့ဘ၀ဆိုတာ ချမ်းသာချင်တာမဟုတ်ဘူး ။ ကျော်ကြားချင်တာမဟုတ် ဘူး ၊ ကိုယ်ရဲ့နေစရာ ၊ အိပ်စရာ နေရာလေးတစ်ခု ခိုင်ခိုင်မာမာလေးရှိစေချင်တယ်၊ နေ့စဉ်ပုံမှန်စားသောက်ဖို့အတွက် လုပ်ငန်းလေးတစ်ခု ခိုင်ခိုင်မာမာလေး ရှိစေချင်တယ်။ နောက်ကိုယ်က မြန်မာလူမျိုးဖြစ်တဲ့အတွက် ပိုလျှံလာတဲ့အခါ လှူမယ် ၊ တန်းမယ်ဆိုတဲ့ စိတ်ကလေးလည်းရှိတယ်။ မကြီးစန်းပြောချင်တာက ဒီသဘောလေးပါပဲ။ များသော အားဖြင့် အခုခေတ်ကလေးတွေက အပျော်ကို အရမ်းမက်တယ်။ အနှစ်သိပ်မရှိဘူးပေါ့နော်။ မကြီးစန်းတို့ ငယ်ငယ် တုန်းကဆိုရင် ဒီလောကထဲကို မျက်စိလည်လမ်းမှားပြီး ရောက်လာတာမဟုတ်ဘူး။ ခိုင်မာတဲ့ စိတ်ဓာတ်ချပြီး သေချာလုပ်ခဲ့တာ ၊ အမေက ငယ်ငယ်တုန်းကပြောတယ်။ ဟဲ့နင်စာတော်ရဲ့သားနဲ့ နင်ဘွဲ့လေးတစ်ခုတော့ ရအောင် ယူဦးမှပေါ့။ ပြီးတော့ နင်လုပ်ချင်တာလုပ် ၊ အဲဒီအခါကျမှ ငါခွင့်ပြုမယ်} တဲ့ ၊ ကိုယ်ကလည်း အမေမလုပ်ဘူး။ မယူဘူး။ ဒီဘွဲ့ယူတော့လည်း ဒီဘွဲ့နဲ့ လုပ်စားမှာမှမဟုတ်တာ သားက မိတ်ကပ်လိမ်းစားမှာပဲဟာကိုဆိုပြီး } ခေါင်းမာမာနဲ့ ဒီလုပ်ငန်းထဲကို ဇွတ်ဝင်ခဲ့တာပေါ့။ အခုခေတ်ကလေးတွေကျတော့ အဲဒီလိုမျိုးမဟုတ်ဘူး ၊ ဘာလုပ်ရင် ကောင်းမလဲဆိုပြီး ၊ ဝေေ၀၀ါးဝါးဖြစ်နေရာကနေ မျက်စိလည် လမ်းမှားပြီး ဒီလောကထဲ ရောက်လာကြတာများတယ်။ တစ်ကယ်ဝါသနာပါမှန်းလည်းမသိဘူး။ တစ်ကယ်နက်နက်နဲနဲ လုပ်ချင်တဲ့စိတ်ရှိရဲ့လားဆိုတာလည်းကိုယ့်ကိုယ်ကိုယ် မသိဘဲနဲ့ ဒီလောကထဲ ၀င်လာကြတဲ့လာတွေကလည်း အများကြီးရှိတယ်။ မကြီးစန်းတို့ ခေတ်တုန်းက သူတို့ကို ဆုံးမတာက ] ဟေ့ငါတို့ အခြောက်ဆိုတာ မိန်းမစိတ်ပေါက်တာ ၊ မိန်းမစိတ်ပေါက်တယ်ဆိုတာ မိန်းမတစ်ယောက် လို ဣနြေ္ဒရတာမျိုး ၊ မိန်းမတစ်ယောက်လိုမျိုး ၊ စည်းနဲ့ကမ်းနဲ့နေတာမျိုး ၊ အိမ်ထောင်မှု ထိမ်းသိမ်းချင်တာမျိုးကိုမှ မိန်းမစိတ်ပေါက်တယ်လို့ပြောတာ။ အခြောက်စိတ်ပေါက်တယ်ဆိုတာ နန့်တယ် ၊ ကဲတယ် ၊ လူအမြင်ကတ်အောင် နေတယ် ၊ မျက်စိနောက်အောင်နေတယ် ၊ အဲဒါက အခြောက်စိတ်ပေါက်တာပေါ့နော် ၊ အခြောက်နဲ့ မိန်းမလျှာနဲ့ မတူဘူး ၊ ဒီတော့ လူအမြင်ကတ်အောင်မနေနဲ့ ၊ မိန်းမစိတ်ပေါက်ကြစမ်းပါလို့ ဆုံးမတာမျိုးတော့ရှိတယ်။

မကြီးစန်းရဲ့ တစ်နေ့တာ ဘာသာရေးဆောင်ရွက်ချက်လေးတွေကရော
ဘာသာရေးကတော့ အခုတလော ပိုလုပ်ဖြစ်နေပါတယ်။ ပုံမှန်ကတော့ ဘုရားရှိခိုးတယ် ၊ ပရိတ်ရွတ်တယ်၊ မေတ္တာသုတ်တို့ ၊ ဘာတို့ ၊ နောက် ဓာရဏပရိတ်တို့ဘာတို့ ရွတ်တယ်။ အချိန်ရရင် မနက်ရောညပါ ဘုရားရှိခိုးဖြစ် တယ်။ အချိန်မရလို့ မအားတဲ့ နေ့ကျရင်တော့ ညပိုင်းဖြစ်ဖြစ် ၊ မနက်ပိုင်းဖြစ်ဖြစ် ပုံမှန်တော့လုပ်ဖြစ်ပါတယ်။ ဘာသာရေးကိုလည်း မကြီးစန်း ယုံကြည်ပါတယ်။

မကြီးစန်းအနေနဲ့ အလှူုအတန်း ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါ ဘုရားမှာ ဘယ်လိုဆုမျိုး တောင်းတတ်ပါသလဲ။
ဘယ်လိုဆုမျိုးလည်းဆိုတော့ မကြီးစန်းက အမြဲတန်းသစ္စာဆိုတယ်။ ဘုရားတပည့်တော်သည် လူမှန်းသိတတ်စကတည်းက မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဖူးပါဘူး။ ဘုရားတပည့် တော်သည် လူမှန်းသိတတ်စကတည်းက မည်သူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကိုမှ ပျက်စီးအောင် မလုပ်ခဲ့ဖူးပါဘူး။ ဘုရားတပည့်တော် လှူဒါန်းတဲ့ အလှူဒါနများအားလုံးသည် ဘုရားတပည့်တော် ကြိုးစားပမ်းစား ရှာဖွေထားသော ချွေးနည်းစာစစ်စစ်များသာဖြစ်ပါတယ်။ ဤကဲ့သို့ပြုရသောအကျိုးအားကြောင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံရပါစေ။ အနန္တောအနန္တငါးပါးကိုလည်း အလုပ်အကျွေးပြုစုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါစေ၊ ဘာသာ သာသနာကို အလုပ်အကျွေးပြုစုနိုင်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဖြစ်ပါစေ} အဲဒီလို ဆုတောင်းပါတယ်။ ချမ်းသာပါစေလိုတော့ တစ်ခုမှ မဆုတောင်းဖူးဘူး။
မကြီးစန်းလက်ကိုင်ထားတဲ့ တောင်ပုဒ်လေးကရော . . . .
မကြီးစန်း အဓိက လက်ကိုင်ထားတာက ရိုးသားဖြောင့်မတ်မှုပါပဲ။ စကားပြောတဲ့နေရာမှာပဲဖြစ်ဖြစ် ၊ အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် ၊ ကြံစည်တဲ့အကြံအစည် ၊ အတွေးအတောပဲဖြစ်ဖြစ် ၊ ရိုးသားစေချင်တယ်။ မကြီးစန်း ဒီနေရာရခဲ့တယ်ဆိုတာကလည်း အတတ်ပညာပိုင်း တော်တာက တစ်စိတ်တစ်ပိုင်းပေါ့။ မကြီးစန်းရဲ့ ရိုးသားမှုကြောင့် ရလာခဲ့တဲ့ နေရာလေးတစ်ခုပေါ့။ ဘာပဲဖြစ်ဖြစ် အောင်မြင်မှုဆိုတာ ရိုးသားမှုနဲ့ ရယူထားတဲ့ အောင်မြင်မှုက ပိုခိုင်မြဲ ပါတယ်။ မရိုးမသားနဲ့ လုပ်ယူထားတဲ့ အောင်မြင်မှုကြတော့ တစ်ချိန်အဖြစ်မှန်ပေါ်သွားရင် အရမ်းရှက်စရာ ကောင်းပါတယ်။ အထင်ကြီးလေးစားမှုလည်း မရှိနိုင်တော့ပါဘူး။ အဓိက လူတွေအထင်ကြီးလေးစားဖို့ဆိုရင် ကိုယ်ကိုယ်တိုင် ရိုးသားဖို့လိုတယ်။

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011