ဘ၀မှာမေ့လို့မရတဲ့ အကြောင်းတွေထဲ……တခုအပါအ၀င်ပေါ့…….အဲဒါငယ်ချစ်ဦးပါ….သူနဲ့စတွေ့တာက(၃)တန်း

….သူငယ်ချင်းတွေအများကြီးထဲကမှသူနဲ့ ပိုပြီးခင်မင်ရင်းနှီး ခွင့်ရခဲ့တယ်..မူလတန်း အလယ်တန်းအချိန်တော်တော်များများမှာ စားရင်လည်းအတူ ကစားရင်လည်းအတူ

စာကျက်တော့လည်း တူတူ ……အရောင်တွေ မရောနှောတဲ့ အဖြူသက်သက် သံယောဇဉ်တွေနဲ့ တစ်ဦးကိုတစ်ဦးချဉ်နှောင်မိကြတယ်……..ဒီလိုနဲ့ ၈တန်းထိအောင်ပါပဲ…..စာညံ့တဲ့ကျွန်တော် အစိုးရစစ်

၈တန်းမှာစာမေးပွဲကျပါလေရော…သူနဲ့ကျွန်တော် ဝေးဖို့ဖန်လာပြီလို့တွေးမိပါတော့တယ်….ဒါကကျွန်တော့အတွေးပါ….တကယ်တော့ ကျွန်တော်တို့ နှစ်ယောက်အတွက် ခုထက်ပိုပြီး

နှလုံးသွေးတွေခုန်နိုင်အောင် ….ရင်းနှီးတဲ့အချိန် ကာလများစွာက တိုက်တွန်းပေးပါတော့တယ်… အဲ့ဒီအချိန်ထိ ချစ်တယ်လို့ ပြောမှမပြောဖူးသေးတာ….တုံရီလှိုက်မောစွာ နဲ့ အဖြူရောင်

အဆီးအတားကိုချိုးဖျက်ပြီး သူ့ ကိုချစ်မိတဲ့ အကြောင်း လမ်းမှာစကားလိုက်ပြောပါတော့တယ်…………။ရလာတဲ့အဖြေက မုန်းတယ်တဲ့……နေဆယ်စင်း ရဲ့ အပူကျွန်တော်မခံစားဖူးပါဘူး

အဲ့ဒီ အချိန်ကျွန်တော့ရင်ထဲကအပူက နေဆယ်စင်းထက်မလျော့မှာ အမှန်……..ဇတ်ထဲက…နောက်ပိုင်းမင်းသားတွေရှုံးလောက်အောင် မျက်ရည်မိုးတွေဖြိုင်ဖြီုင် ရွာခဲ့ရတာပေါ့…….

ခုချိန်ပြန်တွေးရင်ရုးတယ်ပေါ့ဗျာ……ဒါပေမဲ့ရိုးသားတဲ့ ငယ်ဘ၀လေးကိုတော့လွမ်းမိပါတယ်…….နောက်(၃)ရက်ကြာမှသူငယ်ချင်းတစ်ယောက်နဲ့စာပေးလိုက်ပါတယ်

သူတကယ်မမုန်းနိုင်ပါဘူးတဲ့……..အဲ့ဒီနေ့ ကသူ့အဒေါ်မြင်မှာစိုးလို့ မွှန်ထွန်ပြီးပြောမိပြောရာ ပြောလိုက်တာတဲ့……..အဲ့ဒီနေ့ ကျွန်တော့နားဝမှာ ပျားအုံလာဖွဲ့ မှာစိုးမိသလို……

၂ကျပ်ဖိုးနဲ့ထီတစ်သိန်းဆုပေါက်တဲ့သူ……ကျွန်တော့လောက်ပျော်နိုင်မှာမဟုတ်တော့ပါဘူး……သူဆယ်တန်းကို၂ နှစ်ဖြေမှ စီးပွားရေးတက္ကသိုလ်ကို တက်ခွင့်ရခဲ့ပါတယ်….သူနဲ့ကျွန်တော်ကြား

၈ တန်းနဲ့ ကျောင်းပြီးသွားတဲ့ကျွန်တော့်ကို သူ့ဆွေမျိုး အသိုင်းအ၀ိုင်းတွေကဘယ်လိုမှနှစ်မျို့ ခြင်း မရှိပါတော့ပါဘူး……..စည်းကမ်းတင်းကြပ်စွာနဲ့ ပဲရန်ကုန်မှာကျောင်းတက်ခွင့် (သူ )ရလိုက်ပါတယ်

သူပထမနှစ်နဲ့ဒုတိယနှစ်တက်တဲ့ ကာလအတွင်းသူ့ဆီကိုတစ်ခေါက်ပဲရောက်ခဲ့တယ်….သူအတန်းမတက်ပဲ ကျွန်တော်နဲ့ ရွေမန်းရုပ်ရှင်ရုံမှာ(ချစ်သူငယ်ချင်း)ဇတ်ကားကိုတူတူကြည်ခဲ့ကြတယ်…ရည်းစားဘဝ

ပထမဦးဆုံးကြည့်ဖူးခြင်းဖြစ်သလို နောက်ဆုံးလည်းဖြစ်ခဲ့ပါတယ်….မိန်းထဲဝင်ပြီးလူရှင်းတဲ့ ကော်ရစ်တာနဲ့ အင်းယားကန်ဘောင်မှာနေကြာစေ့စားရင်းစကားတွေပြောကြတယ်…..နောက်နေ့ကျွန်တော်

ရန်ကုန်ကနေနယ်ကိုပြန်လာခဲ့တယ်……မစားဖြစ်တဲ့သူ့ထမင်းဘူးကဆီစွန်းတဲ့ ကျွန်တော့လွယ်အိတ်လေးရယ်နေကြာစေ့ခွံလေးတွေရယ်ရုပ်ရှင်လက်မှတ်နဲ့ ရတားလက်မှတ်တွေကသူနဲ့ပတ်သက်သမျှ

အမှတ်တရများစွာထဲကသိမ်းဆည်းစရာတစ်ချို့ ဖြစ်ခဲ့ပါတယ်……။လူကြုံရှိတိုင်းလည်း…………

 

 

 

သူစားဖို့ ၀က်သားလေးတွေအမွှာအမွှာလုပ်ြ့ပီးကြော်…၀က်အူချောင်း……အနာကပ်ပလာစတာ….ဒန်းဂျင်း…..ပါတာစီတမော့……အနာဂျက်စင်နဲ့ဆောင်းတွင်းအေးရင်ဝတ်ဖို့ သိုးမွှေးဆွယ်တာလေး

နယ်ကကျောင်းပြန်တက်တဲ့ သူငယ်ချင်းတွေနဲ့ပေး လိုက်နိုင်တယ်….စာတိုက်ကနေတော့စာအဆက်အသွယ်တော့အမြဲ ရှိပါတယ်…….မိဘရဲ့ချစ်ခြင်းမေတ္တာတွေကနေ ဖဲ့ထွက်လာတဲ့အပိုင်းအစလိုပါပဲ

တစိမ်းတယောက်ဖြစ်တဲ့ သူ့အပေါ်မှာကျွန်တော့ရဲ့  ချစ် ခင်မှုတွေကိုမြတ်မြတ် နိုးနိုး လွှမ်းခြုံပေးမိလိုက်ပါတယ်……..တတိယနှစ်ရောက်တော့ မာလာဆောင်ကိုပြောင်းသွားခဲ့တယ်

အတန်းကြီးလာသလို…အသိအမြင်တွေလည်းကျယ်လာတယ်ထင်ပါတယ်…….သူငယ်ချင်းတွေကတဆင့် သူ့သတင်းတွေ ကြားလာရတယ်လေ…..ဘဲ တစ်ပွေနဲ့တွဲနေတယ်တဲ့…………ကျွန်တော်

ဘာတတ်နိုင်မှာလည်း….ကြီးကျယ်ခန်းနားတဲ့ အလွှာပေါင်းစုံ ကြားထဲ မှာ ငယ်ချစ် ဆိုတဲ့ ဂုဏ်ပုဒ်ကအရောင်မတောက်ပခဲ့ပါဘူး.. ဒါပေမဲ့ အခွင့်အရေးမြူမှုန်မျှ မယူခဲ့ဖူးတဲ့ ငယ်ချစ်ဦးကို

စိုးရိမ်ခြင်းများစွာနဲ့ကျွန်တော် မျှော်လင့်နေမိပါတယ်………။( အရေးမတတ်လို့ အားပေးရင်ဆက်ရေးပါအုံးမည်။)

 

 

 

 

 

About စူးရဲ

စူး ရဲ has written 4 post in this Website..

ခြောက်ပြစ်မကင်းတာ၊သဲလဲမစင်တာလေးကြောင့်ပဲ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက်ပေါင်းလို့သင်းလို့ရနေတာပါ။